+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, July 30, 2010

ပေါင်းလုပ်တယ်ဆိုတာ အပိုင်း(၂)


ပေါင်းလုပ်တယ်ဆိုတာ အပိုင်း (၂)
(မင်းစိုးစံ)
(ယခင်အဆက်)

“ဟို ခင်ဗျားအခုပြောတဲ့ ဗိုလ်စိန်လွင်ဆိုတာ မြန်မာပြည်ရှစ်ဆယ့်ရှစ်အရေးအခင်းတုန်းက သမ္မတလုပ်သွားတဲ့ လူကြီးမဟုတ်လား ကလေးတွေက သူ့ကို စိန်လွင်ခြောက်တန်း တစောက်ကန်း ဆိုပြီး ကောင်းချီးပေးတဲ့လူ လေဗျာ၊ အဲဒါကို ဆရာမင်းသိင်္ခက ကလေးတွေမှားတယ်ဆိုပဲ စိန်လွင်ဟာ ခြောက်တန်းမဟုတ်ပါဘူးတဲ့ လေးတန်းပဲရှိတယ်ဆိုတာ ပြောသွားခဲ့တာလေး အခုထိ မှတ်မိနေတယ် သူ့သမ္မတသက်တမ်းက အံ့လောက် တယ် ၁၃ရက်တဲ့ဗျား”
“ကဲ အဲဒါတွေအသာထားလိုက်ပါ ကရင်အမျိုးသားအာဇာနည်နေ့အတွက် ဘာတွေစီစဉ်ထားတာရှိသလဲ” စကားပြန်လုပ်တဲ့ပုဂ္ဂိုလ်က ဆက်ပြီးမေးလိုက်ပါတယ်။

“ကျနော်ကတော့ ဘာမျှမသိတာအမှန်ပဲ နောက်တခုက ဒီလိုအမျိုးသားရေးနဲ့ပတ်သက်တဲ့အခန်းအနားတွေကို ကော်မတီတခုဖွဲ့ထားပြီး အဲဒီကော်မတီက ဦးဆောင်လုပ်သွားမယ်ဆိုတာတော့ ကြားလိုက်တယ်၊ ကျနော်က လူ သစ်ဆိုတော့ ဝင်မပြောတာပဲကောင်းပါတယ်”
“ရော ခက်ပါကောလားမောင်ရင်ရယ် မင်းတို့လိုလူတွေများများရှိလာလေ အာဏာရှင်တွေဆက်ပြီးအာဏာရှိနေ မှာပဲ၊ ဟိုဟာဆိုလည်း ဝင်မပြော၊ ဒီဟာဆိုလည်း ဝင်မလုပ် လုပ်တဲ့လူတွေကလည်း ကိုယ့်သဘောအတိုင်းလုပ် ချင်တိုင်းလုပ်နေကြတာ ဆိုတော့….. နေပါဦး မောင်ရင်က ဘာတွေပြောစရာရှိနေလို့လဲ ကိုယ့်အမျိုးသားအရေး ဆိုလျင်တော့ ဘေးထိုင်မနေနဲ့နော…”
ရှစ်ဆယ့်ရှစ်ကျောင်းသားဟာ အကြံပေးသလိုလို ပြောလိုက်ရင်း ခုံပေါ်က အချိုရည်ဗူးခွံတွေကို ကောက်သိမ်းပြီး အနီးနားက အမှိုက်ပုံးထဲ ထည့်နေပါတယ်၊ ဒီတော့ လူသစ်ဆိုတဲ့ကိုယ်တော်က

“ပြောစရာမရှိပဲနေမလားဗျာ၊ ကရင့်အမျိုးသားအာဇာနည်နေ့နဲ့ ကရင့်ရိုးရာခြည်ဖြူဖွဲ့တဲ့နေ့ကို တရက်ထဲပေါင်းပြီး လုပ်မလို့ဆိုလား အဲဒါမဖြစ်သင့်ဘူးထင်တာပဲ ကျနော့ထက် အစောကြီးရောက်နေသူတွေတောင် ဘာမျှမပြော တာ ကျနော်ကလူသစ် ၀င်ပြောလို့မဖြစ်ပါဘူး ”
“နေပါဦးကွ ကရင်အာဇာနည်နေ့နဲ့ကရင်ရိုးရာခြည်ဖြူဖွဲ့တဲ့နေ့က တနေ့ထဲကျနေလို့ အခုလိုလုပ်တာနေမှာပေါ့” စကားပြန်လုပ်တဲ့အမေရိကန်နိုင်ငံသားကမေးသလိုလို ဖြေသလိုလို ထင်ကြေးပေးလိုက်ပါတယ်။
“ဘယ်ကလာဗျာ ဒီနှစ်က ဝါထပ်တဲ့နှစ်လေဗျာ အများကြီးကွာတယ်၊ August 25 ရက်နေ့က ဝါခေါင်လပြည့်နေ့ အာဇာနည်နေ့က August 12 ရက်နေ့ ကြားထဲမှာ ၁၃ရက်ကွာတယ်”

ဒီအခိုက်မှာပဲ ရှစ်ဆယ့်ရှစ်ကျောင်းသားက အခုလိုပြောလိုက်ပါတော့တယ်
“ဘာကွာလိုက်တာမှတ်လို့ဗျာ ဒီဆယ့်လေးငါးရက်လေးကို ရေးကြီးခွင်ကျယ်လုပ်လို့၊ ဒီလိုတွက်နေလို့မဖြစ်ဘူး လေ ကာလဒေသနဲ့အခြေအနေကလည်းရှိသေးတယ်၊ လူတွေက အချိန်ရှိကြတာမဟုတ်ဘူး၊ နောက်ပြီးတော့ စနေလိုမျိုး တနင်္ဂနွေလိုနေ့မျိုး ရွေးလုပ်ကြရတာဆိုတော့ ကျနော်တို့အရပ်ဒေသလို ရက်အတိကျလုပ်ဖြစ်ဘို့ဆို
တာကလည်း အခက်သားဗျာ၊ ခင်ဗျားက ရောက်ခါစ,ဆိုတော့ ဒီလိုတိုးတက်နေတဲ့နိုင်ငံမှာ အချိန်ဆိုတာအင်မ တန်ရှားတယ်လို့ပြောလျင် ယုံမှာမဟုတ်သေးဘူး”
“လာပြန်ပြီတယောက် ဒါဆိုလျင် ဒီလိုလုပ်ဗျာ အချိန်တွေကလည်းရှား လူတွေကလည်းမအား ငွေကုန်ကြေးကျ လည်းမများရအောင် ဟိုဒင်း ရှစ်လေးလုံးနေ့နဲ့ ကရင်အာဇာနည်နေ့ပေါင်းလုပ်ကြရ,လျင် မကောင်းဘူးလား ရက် ကလည်း လေးရက်ပဲကွာတယ်လေ”
ဒုက္ခသည်စခန်းကရောက်လာတဲ့ ရွှေကရင်က လေသံခပ်တိုတိုခပ်ပြတ်ပြတ်နဲ့ တည့်ထိုးမေးချလိုက်ပါတယ်။

“ဟိုးဆရာ ဟိုး ဟိုးထားဟိုးထား၊ ခင်ဗျားကတော်တော် အပြောသန်တာပဲ၊ သူတို့ဖြစ်ပေါ်လာပုံခြင်းက မတူဘူး လေ၊ ပြီးတော့ အချိန်ကာလ,ကလည်း ကွာတယ်ဗျ၊ ကျနော်က အချိန်အားလေးရှာပြီးလုပ်ကြလျင် အားလုံးအ ဆင်ပြေမယ်ထင်လို့ပြောလိုက်မိတာပါဗျာ”
“ကျနော်ပြောပြမယ် ကျနော်တို့ ဘိုးဘွားတွေ နောင်တော့်နောင်တော်တွေဟာ ဒီလိုအခါကြီးရက်ကြီးနေ့မျိုး နေ့ ထူးနေ့မြတ်ရက်မျိုးတွေကို သူတို့အချိန်ရှိလို့ အချိန်အားနေလို့ လုပ်တယ်များထင်နေလား မေးကြည့်ဘာမျှမကြာ သေးတဲ့ ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ်ကိုပဲကြည့်လိုက် ခင်ဗျားရှစ်ဆယ့်ရှစ်ကျောင်းသားမှဟုတ်ရဲ့လား ခင်ဗျား ပြော သလိုလိုက်ပြောရလျင် ခင်ဗျားတို့ဆန္ဒပြတောင်းဆိုခဲ့တာ ဘာအလုပ်အကိုင်မှမရှိလို့ ထအော်ကြတာလား”
ဒုက္ခသည်စခန်းက မကြာခင်ကမှ ရောက်လာတဲ့လူက အေးဆေးတဲ့အသံနဲ့ပြောနေပေမယ့် အသံကနည်းနည်း တုံနေမှန်း အားလုံးသတိထားမိကြပါတယ်၊ ရှစ်ဆယ့်ရှစ်ကျောင်းသားဟာ တရှူးရှူးတရှဲရှဲဖြစ်သွားပြီး

“ဒီမှာ ခင်ဗျားကျနော့်ကို ကြိုက်သလိုပြော ကျနော်ခံမယ်၊ ရှစ်ဆယ့်ရှစ်ကိုတော့ မစော်ကားနဲ့၊ ရှစ်ဆယ့်ရှစ်ဟာ တဦးကောင်းတယောက်ကောင်း တဖွဲ့ထဲကောင်းစားဘို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဖြစ်လာတာမဟုတ်ဘူး၊ တတိုင်း ပြည်လုံး စစ်ကျွန်ဘဝကလွတ်အောင် မြင့်မြတ်တဲ့ရည်ရွယ်ချက်တွေနဲ့ ပြည်သူတွေကြားကပေါက်ဖွါးလာတာ”
“ကျနော်အဲဒါကိုသိလို့ ပြောတာပေါ့၊ အဲဒါကြောင့် အသက်သွေးချွေးတွေပေးဆပ်ခဲ့ ကြသူတွေကို ကျနော်တို့တ ခုတ်တရအသိအမှတ်ပြုလေးစားတန်ဘိုးထားတယ်ဆိုလျင်တော့ အားမှလုပ်မယ်ဆိုတာနဲ့ပေါင်းလုပ်မယ်ဆိုတာ ကို လက်တွေ့အကောင်အထည်မဖေါ်မိဘို့လိုတယ်”
တချိန်လုံးဘာတခွန်းမျှဝင်မပြောပဲ နားထောင်နေတဲ့ စကားပြန်လည်းဖြစ် မြန်မာပြည်ဘွားအမေရိကန်နိုင်ငံသား ဖြစ်နေတဲ့ပုဂ္ဂိုလ်က အခုလိုပြောလိုက်ပါတယ်။

“မင်းတို့တတွေကတော့ ဘီယာလေးနည်းနည်းဝင်တာနဲ့ လေကရွှင်နေတာပဲ၊ အဲဒါတွေက အစည်းအဝေးတွေမှာ ပြောရမယ့်စကားကွ၊ အပြင်မှာကတော့ ဟောင်ဗွာဟောင်ဗွာနဲ့ တကယ့်အစည်းအဝေးကျတော့ ခွေးအ,ကြီးကို လှည်းနင်းထားတာကျနေတာပဲ ဘာသံမျှထွက်တာမဟုတ်ဘူး၊ ကဲ ပြန်ကြမယ် ကားပေါ်တက်”
အားလုံးကားပေါ်ကို တက်လိုက်ကြပါတော့တယ်၊ လမ်းတလျှောက်လုံး ကိုယ့်အတွေးနဲ့ကိုယ်ကြောင့် စကားတ လုံးမှမထွက်တာပဲလား ဘီယာအရှိန်ကြောင့် စကားပြောဘို့မေ့နေကြသလားတော့မသိပါဘူး၊ ကားက အိမ်ရှေ့ ထိုးရပ်လိုက်မှပဲ ရှစ်ဆယ့်ရှစ်ကျောင်းသားနဲ့ ဒုက္ခသည်စခန်းက ကိုယ်တော်ချောတို့နှစ်ယောက် မျက်လုံးပွင့်သွား ပါတော့တယ်။
“ဟေ့ ငါတို့နေတဲ့ တန်းလျားရောက်ပြီ၊ ဆင်းကြစို့”

ရှစ်လေးလုံးကျောင်းသားက ပြောပြောဆိုဆို ကားတံခါးဖွင့်ရင်းဆင်းလိုက်ပါတယ်၊ ဒုက္ခသည်စခန်းကလူသစ်က တော့ ကားမောင်းပို့ပေးတဲ့ အမေရိကန်နိုင်ငံသားစကားပြန်နဲ့ တစုံတခုပြောပြီး ရယ်ကျဲကျဲနဲ့ဆင်းလာပါတော့ တယ်။ ဒါကိုမြင်လိုက်တဲ့ ရှစ်ဆယ့်ရှစ်ကျောင်းသားက
“ဟေ့လူ ခင်ဗျား ဘာတွေဖြစ်လို့ စပ်ဖြဲဖြဲလုပ်နေတာတုန်း”
“အော် ဘာမျှမဟုတ်ပါဘူးကွာ နောက်အပတ်ကျလျင် အခုလိုပြုစုပါဦးဆိုပြီး အဘိုးကြီးကို ပြောလိုက်တာ အဘိုး ကြီးက အခြေအနေအရပေါ့တဲ့ ငါ့ကိုဖျားသွားပြီကွသိလား”
“မင်းကိုကြောက်တာတော့ ဟုတ်မယ်မထင်ဘူး၊ အမြင်ကတ်သွားတာဖြစ်မယ်”
“အေး မင်းပြောတာဖြစ်နိုင်တယ်”
နှစ်ယောက်သား လည်ပင်းဖက်ပြီး အိမ်တံခါးဝ,ထဲ ဝင်သွားကြပါတော့တယ်။


နားပါဦးမယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အမျိုးသမီး နဲ့ သိပံ္ပနည်းပညာ


အမျိုးသမီး နဲ့ သိပံ္ပနည်းပညာ

By ဒေါ်လှလှသန်း သောကြာ, 30 ဇူလိုင် 2010

အမေရိကန်နိုင်ငံမှာ ပထမဦးဆုံး အမျိုးသမီး အာကာသယာဉ်မှုးဖြစ်လာခဲ့တဲ့ Sally Ride က သိပ္ပံပညာမှာ မိန်းခလေးတွေ ပါဝင်လာစေဖို့ ကြိုးစားလှုပ်ရှားမှုတခု ပြုလုပ်နေပါတယ်။ သူ့အနေနဲ့ သိပ္ပံပညာကို ဘယ်လို လိုက်စားပြီး ဘယ်လို အာကာသယာဉ်မှုး ဖြစ်လာတယ်ဆိုတာတွေနဲ့အတူ မြန်မာအမျိုးသမီးတွေရော သိပံ္ပပညာရပ်မှာ စိတ်ဝင်စားမှုရှိလာအောင် ဘယ်လို လုပ်ဆောင်သင့်သလဲဆိုတာတွေကို ဒီသတင်းပတ်ရဲ့  အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ဆက်ပေးထားပါတယ်။



ဒီကဏ္ဍကတော့ www.voanews.com/burmese ကနေ တိုက်ရိုက်ကူးယူဖေါ်ပြထားတာဖြစ်ပါတယ်။
မြန်မာအမျိုးသမီးတွေလည်း အတုယူနိုင်ပါစေ။
အမျိုးသမီးငယ်လေးတွေ ကြိုးစားလိုစိတ် တိုးတက်မြင့်မားနိုင်ပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကာယံမခိုင်သောကဗျာ

Photo by www.googleimages.com
ကာယံမခိုင်သောကဗျာ

(မင်းစိုးစံ)

ဆည်းဆာကခပ်ရင့်ရင့်
မိုးပွင့်ကခပ်သည်းသည်း
လျှပ်စီးက,တဝင်းဝင်း
လေပြင်းကခပ်ထန်ထန်
မဟန်နိုင်တဲ့သစ်ပင်
ရေအလျဉ်ထဲထိုးကျ
အမြစ်ကစ အကုန်ပါ
ကမ်းပါးပါ ကျပြို ။ ။

သစ်ပင်ကကမ်းပါးကိုချစ်သလို
ကမ်းပါးကလည်းမြစ်ကိုချစ်ရှာတယ်။ ။

သစ်ပင်ရဲ့သံယောဇဉ်ပိုပုံက
ကမ်းပါးမပြိုကျစေချင်သလို
မြစ်တစင်းလှနေတာကို
ကမ်းပါးကမြင်လိုရှာတယ်။ ။

မြစ်ပြင်ရဲ့သဘာဝ
ခမျာမှာမာယာမပိုလောက်ပေမယ့်
ကွေ့ကောက်မှလှတာဆိုတော့
ကမ်းပါးကိုချစ်ပေမယ့်
မဖြိုမဖြစ်
သစ်ပင်ကိုပါတိုက်စားပစ်ရ,ရှာတယ်။ ။

မြစ်ပြင်နဲ့ကမ်းပါး
သစ်ပင်တို့ရဲ့ကြား
အလှတရားကိုခံစားနေတဲ့
ပန်းချီဆရာရဲ့ရင်ထဲမှာ
သဘာဝတရားတွေစစ်ဖြစ်နေတာ
သိမှသိပါလေစ။ ။

စာလုံးတွေရေးတဲ့ငါကတော့
သဘာဝတရားကိုလည်းမတားနိုင်
ပန်းချီသမားလိုလည်းမခံစားနိုင်
ကလောင်ကိုင်ရင်းငိုင်နေရင်း
ကာယံတွေယိုင်နဲ့နေပြီ။ ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, July 29, 2010

ပေါင်းလုပ်တယ်ဆိုတာ အပိုင်း(၁)


ပေါင်းလုပ်တယ်ဆိုတာ အပိုင်း(၁)

(မင်းစိုးစံ)

ရေကန်ဘေးမှာ လူသွားလမ်းလေးရယ် စက်ဘီးနင်းဘို့လမ်းလေးရယ် လမ်းဘေးတဘက်တချက်မှာက မြက်ခင်း စိမ်းစိမ်းလေးတွေ၊ မြက်ခင်းစိမ်းစိမ်းတွေကြားထဲမှာက သစ်ပင်ခပ်အုပ်အုပ်လေး၊ သစ်ပင်ခြေရင်းတ၀ိုက်မှာက ပန်းပင်လေးတွေ နွေရာသီဆိုတော့ ပန်းတွေက ရောင်စုံပွင့်နေကြပါတယ်။

ရေကန်ပေါင်း ၁၀၀၀၀(တစ်သောင်း)ကျော်ရှိတဲ့ မင်ဏီဆိုးတားပြည်နယ်က ရေကန်တခုရဲ့ကန်ပတ်လမ်းမှာရှိတဲ့ လူသွားလမ်းပေါ်မှာ လမ်းလျှောက်ကြသူတွေ သစ်ပင်အောက်မှာလေညှင်းခံသူတွေ စက်ဘီးစီးသူတွေနဲ့ စည် ကားနေပါတယ်။ ရေကန်ကိုဖြတ်ပြီး တိုက်ခတ်လာတဲ့လေပြည်လေညှင်းတွေကတော့ သစ်ပင်အုပ်အုပ်ကလေး တွေရဲ့ အရွက်စိမ်းစိမ်းလေးတွေကို တဖြတ်ဖြတ်လှုပ်ခါနေစေပါတယ်။

ရေကန်ရဲ့ပတ်ဝန်းကျင်တနေရာက ခုံတန်းလျားလေးတခုပေါ်မှာတော့ လူသုံးယောက်ဟာ စကားလက်ဆုံကျနေ ပါတယ်။ သူတို့တတွေကတော့ အမေရိကန်နိုင်ငံကိုကိုယ့်နည်းကိုယ့်ဟန်နဲ့ ရောက်လာကြတဲ့လူတွေဖြစ်ပါတယ် ရောက်လာကြတဲ့လမ်းကြောင်းခြင်းမတူကြသလို ရောက်လာတဲ့နှစ်တွေခြင်းလည်းကွာခြားကြပါတယ်။

အသက်ခပ်ကြီးကြီးပုဂ္ဂိုလ်ကတော့ အမေရိကန်နိုင်ငံကို မြန်မာနိုင်ငံတော်အစိုးရရဲ့နိုင်ငံတော်ဘဏ္ဍာငွေနဲ့ ပညာ တော်သင်အဖြစ် ရောက်လာပြီးမှ အမေရိကန်နိုင်ငံက နေထိုင်ခွင့်ကံစမ်းမဲပေါက်ပြီး အမေရိကန်နိုင်ငံသားအဖြစ် ခံ ယူထားသူဖြစ်ပေမယ့် ကျန်တဲ့နှစ်ယောက်ထဲက တယောက်ဟာ ရှစ်လေးလုံးအရေးအခင်းကို အကြောင်းပြု လို့ အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့် ရ,ထားသူဖြစ်ပြီး ကျန်တယောက်ကတော့ နယ်စပ်ဒုက္ခသည်စခန်းကနေအ မေရိကန်နိုင်ငံကို ဒုက္ခသည်အဖြစ် ရောက်ရှိအခြေချ နေထိုင်သူဖြစ်ပါတယ်။

အသက်ခပ်ကြီးကြီး လူက,စကားပြန်အလုပ်လုပ်ရာကနေ သူတို့နှစ်ယောက်အတွက် စကားပြန်လုပ်ပေးရင်း ခင် မင်သွားကြတာဖြစ်ပါတယ်။ ကျန်းမာရေးကိစ္စ၊ အလုပ်ကိစ္စ၊ အခြားလူမှုရေးကိစ္စတွေကို ဘာသာပြန်ကူညီပေး ရာကနေ နိုင်ငံရေး၊ အမျိုးသားရေး၊ ဘာသာရေးတွေမှာတွဲလုပ်ဖြစ်သွားကြပြီး တယောက်နဲ့တယောက်ပြောမနာ ဆိုမနာ ခင်မင်ရင်းနှီးနေကြသူတွေဖြစ်ပါတယ်။

သူတို့ထိုင်နေကြသလို လက်ထဲမှာတော့ အချိုရည်ဗူးကိုယ်စီကိုင်ထားကြပါတယ်၊ အချိုရည်ဗူးထဲမှာကတော့ အရည်ခါးလေးတွေပါ။ လူအများနားနေရာမှာ အရည်ခါးတွေကို သောက်ခွင့်မပြုပါဘူး။ တိတိကျကျကြတ်မတ် ထားတာမို့ နိုင်ငံသားဖြစ်နေတဲ့ လူကြီးရဲ့ အစီအစဉ်နဲ့အခုလို အခါးရည်ကို လေညှင်းခံရင်း သောက်နေကြတာ ဖြစ်ပါတယ်။
“အော် ဟေ့ကောင်တွေ ဘာလိုလိုလိုနဲ့ ရှစ်လေးလုံးနေ့ ရောက်တော့မယ်ကွ၊ အဲဒါ ဘယ်လိုစီစဉ်ဘို့ စဉ်းစားထား ကြသလဲ”
“ဟုတ်သားပဲ ဘာလိုလိုနဲ့ ၂၂နှစ်မြောက် ရှစ်လေးလုံးနေ့ရောက်တော့မှာပါလား လောလောဆယ်ကတော့ ဘာမျှ မစီစဉ်ရ,သေးပါဘူး၊ ဒါပေမယ့် တခုခုတော့လုပ်ဖြစ်မယ်ထင်တာပဲ”
အသက်ခပ်ကြီးကြီးပုဂ္ဂိုလ်ရဲ့ စကားကို ရှစ်လေးလုံးသမားက ပြန်ဖြေလိုက်တာဖြစ်ပါတယ်။

“အချိန်က သိပ်ရှိတာမဟုတ်ဘူးနော်၊ အော် ဟိုကောင် မင်းတို့မှာကော ဒီလမှာ ဘာပွဲရှိသတုန်း”
အဲဒီအခါမှာ ဒုက္ခသည်စခန်းက မကြာခင်ကာလလေးကမှ ရောက်လာတဲ့လူက
“ဟိုဒင်းဗျာ ကရင်အာဇာနည်နေ့ရှိတယ်၊ သြဂုတ်လ ၁၂ရက်နေ့မှာ ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီး နဲ့အတူကျဆုံးသွားကြတဲ့ ကရင့်သူရဲကောင်းတွေအတွက် နေ့ထူးနေ့မြတ်ပေါ့”
“အေးကွာ ရှစ်လေးလုံးကတော့ အားလုံးသိကြပါတယ် ၁၉၈၈ သြဂုတ်လ ၈ရက်နေ့ဆိုတော့ သိပ်မကြာသေးဘူး မဟုတ်လား ဒါပေမယ့် မင်းတို့ကရင်အမျိုးသားအာဇာနည်နေ့ကျတော့ အတော်ကြာခဲ့ပြီဆိုတော့ သမိုင်းကြောင်း လေးဘာလေးပြောပြလို့ရ,မလား၊ အကျဉ်းချုပ်လေး”

အသက်ခပ်ကြီးကြီးပုဂ္ဂိုလ်က မေးလိုက်တာပါ၊ အမေရိကန်ကို အားလုံးထက်နောက်ကျပြီးရောက်လာသူဟာ အ ခါးရည်လက်ကျန်ကို အပြီးသပ်မော့ချလိုက်ပြီး
“ဆရာသမားကသာ ကြာပြီပြောနေတာ ကျနော်ကတော့ မနေ့တနေ့ကလိုပဲ ခံစားနေရတယ်ဗျ၊ ခင်ဗျားတို့မဟာ ဗမာတွေကြောင့် ကျုပ်တို့ကရင်တွေ…….”
“တော်တော် မဟာဗမာဆိုတာကြီးကို မသုံးစမ်းပါနဲ့ကွာ၊ ငါကတော့ မဟာဆိုတဲ့ ဝေါဟာရကိုကြိုက်တယ်၊ သို့ပေ မယ့် ဘယ်လိုနေရာမှာမဟာဆန်နေတာလဲဆိုတာ ကြည့်ရ,သေးတယ်၊ ဆိုလိုတာကကွာ အခုမင်းပြောလိုက်တဲ့ မဟာဆိုတာ ဘာကိုဆိုလိုသလဲဆိုတာ ငါသိနေတယ်၊ ဒါကြောင့် မသုံးခိုင်းတာ မင်းရဲ့အာဇာနည်နေ့ကို ဆက်ပါ ဦး”

စကားပြန်အလုပ်လုပ်တဲ့လူက တားလိုက်တာဖြစ်ပါတယ်။ အဲဒီအခါမှာ အချိုရည်ဗူးခွံကို ဆောင့်ကြီးအောင့်ကြီး နဲ့ခုံပေါ်ကို ဆောင့်ချလိုက်ရင်း အမေရိကန်နိုင်ငံကိုနောက်ဆုံးရောက်လာတဲ့လူက
“ဘာလဲ ခင်ဗျားကြီးက ဗမာကိုထိလို့နာတာပေါ့ ဟုတ်လား”
“ခက်တော့နေပါပြီကွာ၊ မင်းကတော့လေ တောထဲကအကောင်လို့မပြောရ,ဘူး ပြောရဆိုရတာတော်တော်လက် ပေါက်ကပ်တာပဲ၊ ဘာလဲ မင်းမူးနေလား မူးလျင်ငါတို့ပြန်ကြမယ်၊ တော်ကြာပုလိပ်လှည့်လာလို့ အားလုံးစတီး လ် လက်ကောက်ဝတ်နေရဦးမယ်”
စကားပြန်လုပ်တဲ့မြန်မာပြည်ပေါက် အမေရိကန်နိုင်ငံသားကြီး အတော်စိုးရိမ်သွားပုံနဲ့ပြောလိုက်တာဖြစ်ပါတယ်။

“ဒါလောက်လေးများဗျာ ကျနော်မမူးပါဘူး၊ တခုတော့ပြောချင်ပါတယ်၊ တောထဲတောင်ထဲနေတဲ့လူဆိုပြီးတော့ အထင်သေးအမြင်သေးပြောတာမျိုးကတော့ လူကြီးလူကောင်းအလုပ်မဟုတ်ပါဘူး၊ ကျနော်ရဲ့ပြုမူပြောဆိုပုံ အ တွက် တောင်းပန်ပါတယ်”
“အိုး ဟိုး တော်တော်လာတဲ့ကရင်လေးပဲကွ အစ,ကမင်းဒီလောက် စကားတတ်မယ်မထင်ဘူး၊ မင်းတောင်းပန်မှ တော့ ငါလည်းမင်းကိုတောင်းပန်ပါတယ်၊ ဗမာကိုထိလို့နာတာကိုတောင်းပန်တာမဟုတ်ဘူးနော် မင်းကိုတောထဲ ကဆိုတဲ့အသုံးအနှုံးကြောင့်တောင်းပန်လိုက်တာ၊ ပြီးတော့ ဗမာရယ်မျှမဟုတ်ဘူး လူမှန်လျင် ကောင်းတဲ့လူရှိသ လို ဆိုးတဲ့လူလည်းရှိတာပဲ ကရင်ဖြစ်ဖြစ်၊ တရုတ်ဖြစ်ဖြစ်၊ လူမည်းဖြစ်ဖြစ်၊ လူဖြူဖြစ်ဖြစ် ကမ္ဘာပေါ်ကလူတွေမှန် သမျှပေါ့ကွာ၊ မင်းတို့ငါတို့ အခုရောက်နေတဲ့နိုင်ငံက နိုင်ငံပေါင်းစုံက လူမျိုးပေါင်းစုံနေတဲ့နိုင်ငံဆိုတော့ ငါတို့တ တွေအားလုံး လူသားအမြင်မျိုးရှိဘို့လိုတာပေါ့”
“တယောက်နဲ့တယောက်တောင်းပန်တာလည်း တောင်းပန်ပေါ့ဗျာ၊ စောစောပိုင်းက အာဇာနည်နေ့အကျဉ်းလေး ပြောဘို့ လုပ်ပါဦး”
ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ်က ကြားကနေဝင်ပြောလိုက်တာဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲနယ်စပ်ဒုက္ခသည်စခန်း ကနေရောက်လာတဲ့လူက

“ဆရာသမားကိုမေးပါရစေ ကျနော်တို့အခုလိုနိုင်ငံရပ်ခြားကိုရောက်နေပြီဖြစ်တဲ့အတွက် အတိတ်ကာလ,က ဖြစ် ပျက်ထားခဲ့သမျှအရာအားလုံးကို လူသားအမြင်ဝါဒနဲ့ အားလုံးမေ့ပစ်လိုက်စေချင်တာလား”
“ဟာကွာ မင်းကလည်း ငါက အဲဒီသဘောမျိုးနဲ့ပြောတာမဟုတ်ပါဘူး၊ မေ့ပစ်လို့မဖြစ်ဘူးလေ၊ အားလုံးကိုမှတ်မိ နေအောင်ကို မှတ်သားထားရမယ်၊ ဒါပေမယ့် ကလဲ့စားခြေဘို့မဟုတ်ဘူးနော်၊ နောင်မဖြစ်အောင်ဘယ်လိုတားရ မလဲဆိုတာကို သိအောင်လုပ်ဘို့အသေအခြာကို မှတ်မိနေမှဖြစ်မှာပေါ့”

စကားပြန်လုပ်တဲ့လူနဲ့ ကရင်ဒုက္ခသည်စခန်းကနေ ရောက်လာကြတဲ့သူတွေအခြေအတင်ပြောဆိုနေကြတာကို နားထောင်နေတဲ့ ရှစ်ဆယ့်ရှစ်က စိတ်မရှည်နိုင်တော့ပဲ
“ကဲ ပြောမလား မပြောဘူးလား မပြောဘူးဆိုလျင်လည်း မပြောကြနဲ့၊ ကျနော်ဒိုးတော့မယ်”

“နေစမ်းပါဦးဗျာ ပြောမှာပေါ့ဗျ၊ ကျနော်တို့ကရင့်အမျိုးသားတော်လှန်ရေးခေါင်းဆောင်ကို ထော့ကိုကိုးရွာ အရှေ့ ဒေါနတောင်ကြားမှာ ဗိုလ်စိန်လွင်ဦးစီးတဲ့ ဗမာ့တပ်မတော်က ဝိုင်းပြီးပစ်သတ်လိုက်ကြတာဗျ၊ အဲဒီနေရာလေး ဟာ မြယာပင်တွေအလေ့ကျပေါက်နေတဲ့ နေရာလေးပေါ့ တောင်တွေဝိုင်းပတ်နေပြီး စခန်းရဲ့တောင်ဘက်မှာက စမ်းရေစီးနေတာ၊ အဲဒီနေ့ဟာ ၁၉၅၀၊ သြဂုတ်လ ၁၂ရက်နေ့ပေါ့ဗျာ၊ အဲဒီနေရာလေးကို မြယာစခန်းလို့ခေါ်ကြ သလို စောဘဦးစခန်းလို့လည်း ခေါ်ကြတယ်”

နားထောင်နေတဲ့ ရှစ်ဆယ့်ရှစ်ကျောင်းသားက အခုလိုမေးလိုက်ပါတယ်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မြန်မာ့ ရေ အရင်းအမြစ်


မြန်မာ့ ရေ အရင်းအမြစ်

By Khin Myo Thet
ဗုဒ္ဓဟူး, 28 ဇူလိုင် 2010

မြန်မာနိုင်ငံဟာ သစ်တောတွေ တောင်တန်းတွေ ကုန်းမြင့်တွေအပြင် ချိုင့်ဝှမ်းမြေပြန့်တွေနဲ့ ရေမြေဒေသ သာယာလှပတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဧရာဝတီ၊ ချင်းတွင်း သံလွင် စစ်တောင်းမြစ်မကြီးတွေသာမက ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ မြစ်ချောင်းအင်းအိုင်တွေနဲ့ မြေပေါ်ရေအရင်းမြစ် ကောင်းတွေရှိနေသလို မြေအောက်ရေ အရင်းမြစ်ကောင်းတွေပေးနိုင်တဲ့ Basin လို့ခေါ်တဲ့ ချိုင့်ဝှမ်းကြီးတွေလည်း ရှိနေပါတယ်။

ဒါပေမယ့် သောက်သုံးရေသန့် ရရှိမှုနဲ့ ကျန်းမာသန့်ရှင်းရေးအတွက် သုံးရေကိုတော့ မြန်မာနိုင်ငံသားအများစုအတွက် လုံလုံလောက်လောက် မရရှိပဲ နိုင်ငံတကာစံနှုံးနဲ့ ကြည့်ရင် သိပ်ကိုနိမ့်ကျနေတာတွေ့ရတယ်လို့ WEPA အာရှဒေသ ရေအရင်းမြစ်ဆိုင်ရာအဖွဲ့က ဆိုပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ၁၇၈၀နှစ်တွေအတွင်း မြန်မာနိုင်ငံတ၀ှမ်းရေရရှိရေးဆောင်ရွက်ချိန်က ကိုယ်တိုင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကနေဒါတက္ကသိုလ်က ဒေါက်တာဗိုလ်မြင့်ဝင်းကို မြန်မာနိုင်ငံတွင်း မြိုနယ်၊ ကျေးရွာနဲ့ စိုက်ကွင်းတွေကို ရေပေးဝေတာနဲ့ မြန်မာ့ မြေအောက်ရေသိုက်ကြီးတွေဖြစ်တဲ့ Basin ချိုင့်ဝှမ်းတွေ တည်ရှိရာနေရာတွေကို မေးမြန်းတင်ပြထားပါတယ်



မြန်မာနိုင်ငံရဲ့ ရေအရင်းအမြစ်ဘယ်လောက်အထိ ရှိတယ်ဆိုတာ ဆက်ကြည့်ချင်တယ်ဆိုလျင်



Information on Myanmar, Central Burma Basin
Region: Far East
Country: Myanmar
Basin Title: Central Burma
Iris21 ID: 514300
Latest Publication Date: 1 March 2004

Information on Myanmar, Moattama Basin
Region: Far East
Country: Myanmar
Basin Title: Moattama
Iris21 ID: 100000001356
Latest Publication Date: 1 November 2004

Information on Myanmar, Central Burma Basin
Region: Far East
Country: Myanmar
Basin Title: Central Burma
Iris21 ID: 514300
Latest Publication Date: 1 March 2004

အသံဖိုင်နဲ့သတင်းကတော့ www.voanews.com/burmese ရဲ့မူပိုင်ဖြစ်ပါတယ်
ဓါတ်ပုံနဲ့ ဓါတ်ပုံပါစာအညွှန်းတွေကတော့ www.google.com/images ကဖြစ်ပါတယ်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, July 28, 2010

ဖိုရမ် Online စကားဝိုင်း


ဖိုရမ် Online စကားဝိုင်း

“အဖွဲ့ဝင်လိုက်ပြီဆိုရင် စကားဝိုင်းတွေမှာဝင်ပြီး ဆွေးနွေးနိုင်တယ်၊ မှတ်ချက်ပေးချင်ပေးလို့ရတယ်” (Blogger ကိုဖိုးမောင်)သိချင်တဲ့အကြောင်းအရာတွေကို Online ပေါ်မှာ စကားဝိုင်းဖွဲ့ ဆွေးနွေးကြတဲ့ Forum တွေရဲ့ အသုံးဝင်မှုအကြောင်းကို မစုမြတ်မွန်က ဒီတပါတ် Blogger တွေပြောသမျှစီအစဉ်မှာ ကိုသားညွန့်ဦးနဲ့အတူ ပြောပြပါလိမ့်မယ်၊




အ်ုဖင့်ခေါဟ် ဆ်ုလူၟဆ်ုခႜါင်လ်ုစံင်း ဏ်ုသီးဟှိုင့်္ဘးမ်ုဟှံင်ဝေ့ ဆေ၀်ၟလှ်။
အ်ုခေါဟ်စံင် ပ်ုဖႜုံဖေါဟ် ဆိုဒ်ဆိုဝ်သင့်တႜာပညာ့ဆါၟသီးလ်ုဖး မွဲါမ်ုဆံင့်မံင်း္ဘေ့သှေ်သိုဝ်လဲ။
ပ်ုလိက်လဲါ ပ်ုဆုဃှီ့ဆ်ုလာ ပုထူၟရူ့မုင်ၟ္ဘျာ ပ်ုအေလ၀်ထါင်ယှံင်ဆု စါ်္ဘိုဝ် မွဲါမ်ုဟှေဝ်ဆေ၀်ၟဟှ။
မွဲါယ်ုဏှ် ယ်ုလ၀်အင်းအဲုးမေ၀်တာၟလှ် ယ်ုမါဆ်ုသှေ်အှ်ဏင်ၟမိင်အေး။
လာၟဏင့်္ဘိုဝ်သီး ယ်ုအဲယ်ုဆိုဒ် ထီ့ဆာမာၟလှ်။
ဆ်ုလုဍူဏှ် ယ်ုလ၀်အင်းအဲုးမေ၀်မွဲါအေး။ လ၀်တ်ုယါယှာၟလှ်။


ဖူ့တာမိက်

ဒီအစီစဉ်ကတော့ www. voanews.com/burmese ကနေတိုက်ရိုက် ကူးယူဖေါ်ပြထားတာဖြစ်ကြောင်းပါ ခင်ဗျား။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, July 26, 2010

အပိုင်းအစ,များ စုစည်းမိခြင်း


အပိုင်းအစ,များ စုစည်းမိခြင်း
(မင်းစိုးစံ)

ကျုပ်ဗျာ ဘာတွေလုပ်လျင်ကောင်းမလဲ ဆိုပြီးစဉ်းစားနေလိုက်တာ ပိုးကရင်စာနဲ့ဆိုင်တဲ့ အသံဖိုင်လေး လုပ်ရ ကောင်းမလားပေါ့လေ ခက်တာက အသံဖိုင်တင်တဲ့နည်းမေ့သွားတယ်။ အဲဒါနဲ့ ဘလော့တွေဆီလိုက်လည်တော့ မှတ်သားစရာလေးတွေတွေ့တာနဲ့ ဘာမျှမရေးနိုင်မတင်နိုင်တဲ့အချိန်မို့ သူများရေးထားတာလေးတွေ ကူးချရ, လျင်ကောင်းမှာပဲ လို့စဉ်းစားမိတာနဲ့ ကူးချလိုက်တယ်ပေါ့ဗျာ။

ပိုင်ရှင်တွေကိုတော့ သတိမပေးမိဘူး။ အဲဒါ ဘလော့ပိုင်ရှင်တွေ ကျုပ်ကို နားလည်ခွင့်လွှတ်ပေးဘို့ တောင်းပန် ရင်း ကျုပ်ကူးချ ထားတာတွေကို အောက်မှာဖေါ်ပြရေးသားလိုက်ပါတယ်။
ပြုံးပျော်ရွှင်လန်းကြပါစေ။

ဒါက ဆရာမန်းကိုကို ဘလော့ထဲကပေါ့ဗျာ။

ဇူလိုင်လ ၂၆ ရက်နေ့၊
၁၉၄၄ ခုနှစ် ဒီကနေ့မှာ ဂျာမန်တွေရဲ့ ပထမဦးဆုံးသော V-2 ဒုံးကျည် (ကလဲ့စား လက်နက် အမှတ် ၂) ဟာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော် ကို ကျရောက်ထိမှန်ခဲ့ပါတယ်။

ဒုတိယကမ္ဘာ စစ်နှောင်းပိုင်းအတွင်း V-2 ပေါင်း ၃၀၀၀ ကျော် မဟာမိတ်များထံ ပစ်ခတ်ခဲ့ရာမှာ အရပ်ဖက်နဲ့ စစ်ဖက်လူ စုစုပေါင်း ၇၂၅၀ ဝန်းကျင်သေဆုံးစေခဲ့ပါတယ်။

ကရင်နဲ့ဗမာ အဓိကရုဏ်းဖြစ်တဲ့နေ့နဲ့ သေဆုံးသူအရည်အတွက်ကို သိရလျင်သိပ်ကောင်းမှာပဲလို့ တွေးလိုက်မိ ပါတယ်။

ဒါကတော့ အဲခေါင်သောင့် ဘလော့ထဲက ဖြစ်ပါတယ်
၁။ ဗိုလ်ချစ်သူ (ပညာနည်းပြီး မိုက်ရူးရဲသူ)
၂။ ဗိုလ်ထိန်မောင် (ရိုးလွန်းပြီး တုံးအသွားသူ)
၃။ ဒေါက်တာ စိုင်မွန်သာ (ပညာအရမ်း တတ်လွန်းပြီး အတတ်ကျူး အရူးဖြစ်နေသူ)
တို့ပဲ ဖြစ်ပါတယ်။



ကရင်လူမျိုးကို ဖျက်ဆီးတဲ့လူတန်းစားသုံးမျိုးသုံးစားလို့ ခေါင်းစည်းတတ်ထားပါတယ်။
ကရင်လူမျိုးကို ကောင်းကျိုးပြုတဲ့လူတန်းစားဆိုတာ ရှိမယ်ထင်တာပဲ ဘာကြောင့်လဲဆိုတော့ ပျက်ဆီးအောင် လုပ်တဲ့လူတန်းစားရှိနေတာကိုး။
သိချင်လိုက်တာ။

ဒါကတော့ မန်းဧရာ ဘလော့ထဲကပါ။

မန်းဘခိုင် (၄၃) နှစ်
ဟင်္သာတမှ ကရင်လူမျိုးတဦးဖြစ်ပြီး ဂျပန်သိမ်းပိုက်ထားစဉ်က ပြန်လည်ခုခံတော်လှန်ရာ၌ ပါဝင်ခဲ့သည်။ စက်မှုလက်မှုဌာနနှင့် အလုပ်သမားဌာနဝန်ကြီး၊ ကျည်ဆန် (၁၅) ချက်ထိမှန်ခဲ့သည်။
နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်။

သြော် အာဇာနည်ဆိုပေမယ့် ကရင်အမျိုးသားတွေ အသိအမှတ်ပြုခြင်းမခံရတဲ့ အာဇာနည်တယောက်ဖြစ်နေရ တာဘာကြောင့်လဲဆိုတာ သိရ,လျင် သိပ်ကောင်းမှာပဲ။

ဒါကတော့ သောသီခို ဘလော့ထဲကပါ။
စာဖတ်ပရိဿတ်သတ်များခင်ဗျား….

အောက်ပါပုံသည် KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၄)မှ တာဝန်ထမ်း ဆောင်နေကြသော ဗမာအမျိုးသားများထဲမှ တစ်ဦးဖြစ်သူ ယခုလက်ရှိရာထူး တပ်ခွဲမှူးအဖြစ် တာဝန် ယူ ထမ်းဆောင်နေသော ဗိုလ်ကြီး အောင်ကျော်နိုင် ဖြစ်ပါသည်။ သူသည် ယခုလက်ရှိအချိန်အထိ ကရင့်တော်လှန်ရေးနှင့်အတူ(၂၁)နှစ် တာဝန်ထမ်းဆောင်နေပြီးဖြစ်ပါသည်။


အဲဒါသာကြည့်ပေတော့ ကရင်တွေက သူတို့နဲ့အတူလက်တွဲတဲ့လူကို အသိအမှတ်ပြုတဲ့အနေနဲ့လူမျိုး ဘာသာမခွဲခြားပဲ ရေးသားမှတ်တမ်းတင်ကြတယ်။ စစ်အစိုးရနဲ့ ပူးပေါင်းလုပ်ဆောင်ပြီး ခိုင်းသမျှမလစ် လပ်ရအောင် လုပ်ပေးကြတဲ့ ဗမာစစ်အစိုးရအတွက် သစ္စာရှိကရင်တွေကျတော့ ဘယ်ဗမာအဖွဲ့အစည်း ကမျှ အထူးတလည်မပြောနဲ့ ဝတ်ကျေတန်းကျေလေးတောင် အသိအမှတ်ပြုရေးသားတာမျိုးမတွေ့ရ တာ ဘာကြောင့်လဲဆိုတာ စဉ်းစားနေမိပြန်တယ်။

ဒါကတော့ ရခိုင်ပြည်အမျိုးသားလွတ်မြောက်ရေးပါတီ က ထုတ်ခဲ့တဲ့ သခင်ကိုယ်တော်မှိုင်းရဲ့ သေတမ်း စာထဲက ကရင်နဲ့ပတ်သက်လို့ရေးထားတဲ့ အပိုဒ်ကလေးပါ။

ကရင်ဆိုတာလည်း တို့တတွေရဲ့စိတ်မချနိုင်တဲ့ စကားပြောလျင်ပြောသလိုလုပ်တဲ့ ဝါဒ,ရှိတယ် ဒါဟာ ရန်သူတမျိုးပဲ ဘဝကိုမြေတောင်မမြှောက်ပေးနဲ့။ ခြေမြန်လက်မြန်ဝါဒ,ရှိတယ်၊သတိလစ်လျင်လစ်သ လို ဗမာတွေသက်ရှုကျပ်လိမ့်မယ်။

ဒါကြောင့်မို့လည်း ခေတ်အဆက်ဆက် ဗမာစစ်အစိုးရနဲ့ ပေါင်းမိတဲ့ကရင်တွေခမျာ အစ,ပိုင်းမှာတော့ မြှောက်စားသလိုလိုမျိုးခံရ,ပြီး နောက်ပိုင်းကျတော့ သခင်ကိုယ်တော်မှိုင်း သေတမ်းစာအတိုင်း ဘဝ ပျက်ကုန်ကြ အသတ်ခံကြရ,တာဖြစ်မယ်ထင်ပါရဲ့။

ဒါကတော့ သခင်ကိုယ်တော်မှိုင်းဦးဆောင်တဲ့ ဗမာအဖွဲ့အစည်းဝင် ဗန်းမော်တင်အောင်ရေးထားတဲ့ ဆောင်းပါးထဲက နောက်ဆုံးစာကြောင်းလေးပါ။ အိုကေအာရ်အက်စ်အိုစာစောင်ထဲက,ကူးထားတာပါ။

ကရင်အမျိုးသားများအပေါ်၌ ၁၃နှစ်ကျော်မျှကျင့်သုံး၍ အောင်မြင်ခြင်းလည်းမရသော လက်နက်အားကိုးဝါဒ ကို အမြန်ဆုံးရပ်စဲကာ ကရင်အမျိုးသားများ၏ပြဿနာကို မှန်မှန်ကန်ကန်ဖြေရှင်းခြင်းပြုနိုင်ရန်အတွက် ကရင်အမျိုး သား အကြီးအကဲများ၊ ခေါင်းဆောင်များနှင့် စားပွဲဝိုင်းတွင်ထိုင်ကာ ပွင့်ပွင့်လင်းလင်းနှင့်ရင်းရင်း နှီးနှီးဖြေရှင်း သင့်လှသည် ထင်ပေသတည်း။

ဗန်းမော်တင်အောင်
၁၉၆၂ခု ဖေဖေါ်ဝါရီလထုတ် ကရင့်ရှေ့ဆောင်ဂျာနယ်


လွန်ခဲ့တဲ့ ၄၈နှစ်တုန်းက ရေးခဲ့တဲ့သဘောထားလေးပါ၊ ဒီကနေ့အထိ ဘာတခုမျှအကောင်အထည်မပေါ်သေး တာကတော့ ဝမ်းနည်းစရာပါပဲ။

ဒါကတော့ ခေတ်ပြိုင်ဂျာနယ်ထဲက ကူးယူထားတာဖြစ်ပါတယ်။

ဘွဲ့ဖြူ
၂၅ ဒီဇင်ဘာ ၂၀၀၉

မြန်မာပြည်ရဲ့ သော့ချက်ပြဿနာက ပြည်ထောင်စု မပြိုကွဲရေးလည်းမဟုတ်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးလည်းမဟုတ်၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလည်းမဟုတ်။ “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသာ” ဖြစ်တယ်။ ဒီအချက်ကို ရှင်းရှင်းလင်းလင်း မြင်ကြရမယ်။ ရှင်းရှင်းလင်းလင်း ပြောကြရမယ်။ အဲဒီအချက်ကို မမြင်ရင် အမျိုးသားရေးအမြင် အာရုံချို့တဲ့တာပဲဖြစ်မယ်။ မြင်ပြီးမပြောရင် အမျိုးသားရေးသတ္တိ ချို့တဲ့တာပဲဖြစ်မယ်။ ဒါကို အတိုင်းအတာတခုအထိ ခွင့်လွှတ်လို့ ရနိုင်သေးတယ်။ ဒါပေမယ့် အဲဒီအဆင့်မှာတင် မရပ်ဘဲ ပြည်သူတွေေ၀၀ါးသွားအောင် “ရာမဇာတ်တော်ထဲက သမင်လိုက်” သလို လုပ်နေကြတာကတော့ တ ရားခံကို အားပေးကူညီသူများအဖြစ် သမိုင်းရဲ့ ရေပုပ်မြောင်းထဲ ကိုယ့်သဘောနဲ့ကိုယ် ခုန်ချနေကြတာပဲဖြစ် လိမ့်မယ်။ အဲဒီလိုလုပ်တဲ့သူတွေကိုတော့ သမိုင်းက ခွင့်လွှတ်မှာမဟုတ်ဘူး။

သမိုင်းက ခွင့်မလွှတ်ဘူးဆိုတော့………..။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, July 23, 2010

သံင်းလေါဟ်လိက်ဆြာ့ ကြိုဒ်္ဘးသှေ်ယါ့ (၅)

သံင်းလေါဟ်လိက်ဆြာ့ ကြိုဒ်္ဘးသှေ်ယါ့
Teacher 004


လိက်ဖႜုံး္ဘေ့လ်ုတုပႜိင်္ဘးသိုဝ် ယေါဝ်ၟလေါဟ်ယေါဝ်ၟဍံင် ကေ၀်လေါဟ်ကေ၀်ဍံင်ထါင်္ဘးလာၟ ကိုဝ်ၟဟှာဍေဆါ်
ပ်ုလိက်အေလ်ုဟှုင်ၟ္ဘးဍူ ပ်ုဆ်ုခႜါင် ခိုင့်အေးလှ်။
ပ်ုဆုခႜါင် အေလ်ုခိုင့်္ဘးဍူ ပ်ုဆိုဒ် မ်ုလင်္ဘိုင်လင်မာၟဝေ့ဆေ၀်ၟလှ်။
သ္တ်ါလင်သာ ကိုဝ်ၟဟှာဍေဆါ်။
အှ်ဆံင်းလာၟဆါ်။

ဖူ့တာမိက်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အာဏာရှင်ပေါ်ပေါက်လာနိုင်ပုံ(ဒေါက်တာ မောင်ဘချစ်)

အားလုံးကို သိစေချင်လို့ပါ
အာဏာရှင်ဘာကြောင့် မပြုတ်သလဲဆိုတာ




ကျုပ် မိုးမခ,ဆိုက်ကို သွားတော့ ဒေါက်တာ မောင်ဘချစ် ရေးတဲ့ဆောင်းပါးကို ဖတ်ရပါတယ်၊ သူလမ်းညွှန်လို့
ဒီ ရုပ်ရှင်အပိုင်းအစ,လေးကို တင်လိုက်တာပါ။


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သမီးကိုယ်တိုင် ပြန်ရေးတဲ့ သူ့ရဲ့နာမည်


ဒီဓါတ်ပုံပိုင်ရှင်က အေးမြတ်သူ ဖြစ်ပါတယ်။
မြန်မာမော်ဒယ်ပါ

သမီးကိုယ်တိုင် ပြန်ရေးတဲ့ သူ့ရဲ့နာမည်
(နောင်ဝင်းထွန်း)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....