|
|
Saturday, September 24, 2011
Friday, September 23, 2011
Sony ကုမ္ပဏီ ကွန်ပြူတာ ထိုးဖောက်သူအား FBI ဖမ်းဆီး
Sony ကုမ္ပဏီ ကွန်ပြူတာ ထိုးဖောက်သူအား
FBI ဖမ်းဆီး
23 Sep, 2011FBI ဖမ်းဆီး
အမေရိကန် နိုင်ငံ၏ ဖယ်ဒရယ် အစိုးရ စုံစမ်းရေး ဗြူရိုမှ စုံစမ်း စစ်ဆေးရေး အရာရှိများမှာ အမေရိကန် နိုင်ငံရှိ Sony ကုမ္ပဏီအား ဆိုက်ဘာ ထိုးနှက်မှုများ ပြုလုပ်ခဲ့သည်ဟု သံသယရှိသူ တစ်ဦး ဖြစ်သည့် နိုင်ငံတကာ ဟက်ကာ အဖွဲ့အစည်း တစ်ခုနှင့် ဆက်စပ်နေသူ တစ်ဦးကို ဖမ်းဆီး လိုက်နိုင်ပြီ ဖြစ်သည်ဟု သိရသည်။
အမေရိကန် ပြည်ထောင်စု အရီဇိုးနား ပြည်နယ်သား တစ်ဦးဖြစ်သည့် အသက် ၂၃ နှစ် အရွယ် Cody Kretsinger မှာ လွန်ခဲ့သော ကြာသပတေးနေ့ က ဖမ်းခံလိုက်ရခြင်း ဖြစ်ကာ လွန်ခဲ့သော ဇွန်လက Sony Pictures Entertainment ၏ ကွန်ပြူတာများကို ထိုးဖောက် ခဲ့ခြင်း ကြောင့် ဖြစ်ပြီး အသုံးပြုသူပေါင်း ၃၇၀၀၀ ၏ ကိုယ်ရေးအချက်အလက်များကို ယူဆောင်သွားခဲ့ခြင်း ဖြစ်သည်။ FBI မှ ပြောရာ၌ Kretsinger မှာ Lulz Security အမည်ရ ဟက်ကာ အုပ်စု၏ အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး ယခုလို တိုက်ခိုက်ခဲ့မှုတွင် ပါဝင်ခဲ့သည်ဟု ကြွေးကျော်ခဲ့သူ တစ်ဦးလည်း ဖြစ်ကြောင်း ပြောခဲ့သည်။
Kretsinger မှာယင်းသို့ ကွန်ပြူတာထိုးဖောက်ခဲ့သူများထံမှရရှိသည့် သတင်းအချက်အလက်များကို အခြားသော Lulz အဖွဲ့ဝင်များသို့ဖြန့်ဝေခဲ့ကြောင်း FBI မှပြောခဲ့သည်။ sony ကုမ္ပဏီမှာ ယခုနှစ် အစောပိုင်းများက အွန်လိုင်း တိုက်ခိုက်ခံရမှုများကြောင့် ၎င်းတို့၏ ဝန်ဆောင်မှုတွင် ပါဝင်သူ ဖောက်သည် စုစုပေါင်း ၇၇သန်း၏ ကိုယ်ရေး အချက်အလက်များ အခိုးခံခဲ့ရခြင်း ဖြစ်သည်။
source : NHK news
Credit http://www.mrtv4.net.mm
ဝန်ကြီးဦးကျော်ဆန်းနဲ့ နတ်ဒိုး
မင်္ဂလာပါခင်ဗျာ။
ဧရာဝတီကိုချစ်လှပါတယ်ဆိုပြီး ငိုပြတဲ့ဝန်ကြီးဦးကျော်ဆန်းရဲ့ပုံကိုကြည့်ပြီး စိတ်မကောင်းမဖြစ်ကြပါနဲ့။ ၀န်ကြီးဦးကျော်ဆန်းဆိုတဲ့ ပုဂ္ဂိုလ်ဟာ အရမ်းကိုပျော်တတ်တဲ့လူတယောက်ပါ။
သတင်းဆောင်းပါးတခုကရေးထားသလို သူ့ခမျာ သတင်းထောက်မေးတဲ့မေးခွန်းကို ဘယ်ကနေဘယ်လို စပြီးဖြေရမှန်းမသိရှာလို့ ရှက်ရမ်းရမ်းပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်တာနေတာမို့
ရှက်ငိုလေးငိုပြလိုက်တာဖြစ်ပါတယ်။
တကယ်ပါ။
အစတုန်းကတော့ ၀န်ကြီးဦးကျော်ဆန်းကို မကြေနပ်တဲ့လူတွေက မနာလိုတိုရှည်ဖြစ်ပြီး ပေါက်တတ်ကရတွေ
ပြောနေတာလို့ ထင်နေတာ ခုမှပဲ ဦးကြောင်စား အဲလေ ဦးကျော်ဆန်းဆိုတဲ့ ပုဂ္ဂိုလ်ကြီး တယ်မြူးသကိုး။
အထောက်အထားပြနိုင်လျင် ယုံမယ်ဆိုလျင် အောက်က ဗွီဒီအို ဖိုင်လေးကို ကလစ်လိုက်ပါ။
ကျေးဇူးတင်ပါတယ်။
ဘာတွေ စဉ်းစားနေလဲဗျ။
ယုံတ၀က်မယုံတ၀က်ဖြစ်နေလား။
ကျုပ်ကတော့ လုံးဝယုံတယ်။
လျှပ်စစ်မီးမလောက်မငှဖြစ်နေတာကိုပြောတာ။
ဘာတွေ စဉ်းစားနေလဲဗျ။
ယုံတ၀က်မယုံတ၀က်ဖြစ်နေလား။
ကျုပ်ကတော့ လုံးဝယုံတယ်။
လျှပ်စစ်မီးမလောက်မငှဖြစ်နေတာကိုပြောတာ။
Thursday, September 22, 2011
ထိပ်တန်း လူချမ်းသာ စာရင်းတွင် Bill Gates ရှိနေဆဲ
Source Photo from http://www.google.com/images
ထိပ်တန်း လူချမ်းသာ စာရင်းတွင် Bill Gates ရှိနေဆဲ
22 September 2011မိုက်ခရိုဆော့ဖ် ကုမ္ပဏီ စတင် ထူထောင်ခဲ့သူ Bill Gates မှာ လူချမ်းသာများ စာရင်းတွင် ထိပ်ဆုံးမှ ရှိနေဆဲ ဖြစ်ေ ကြာင်း Forbes မဂ္ဂဇင်း၏ အမေရိကန်ရှိ အချမ်းသာဆုံး လူစာရင်း ထုတ်ပြန်ချက် အရ သိရသည်။ ယင်းထုတ်ပြန်ချက် အရ Bill Gates မှာ ပိုင်ဆိုင်ငွေ ဒေါ်လာ ၃ ဘီလီယံ ( ပေါင် ၁.၉ ဘီလီယံ ) အထိ တိုးတက်ခဲ့ပြီး စုစုပေါင်း ပိုင်ဆိုင်ငွေ ဒေါ်လာ ၅၉ ဘီလီယံဖြင့် ထိပ်ဆုံးမှ ရပ်တည်နေဆဲပင် ဖြစ်သည်။
၎င်း၏ လူမှုရေး လုပ်ငန်းများတွင် သုံးစွဲမှုများနှင့် ကုမ္ပဏီ၏ စတော့ ဈေးကွက်တွင် အရှုံးများ ရင်ဆိုင်ခဲ့ရသော်လည်း ဆက်လက် ချမ်းသာနေဆဲပင် ဖြစ်သည်။
Source Photo from http://www.google.com/images
ဒုတိယ နေရာအဖြစ် ရင်းနှီးမြုပ်နှံသူ လူချမ်းသာ တစ်ဦးဖြစ်သည့် Warren Buffett မှ လိုက်နေပြီး ၎င်းမှာလည်း အလှုအတန်း များစွာ ပြုလုပ်နေ ဆဲ ဖြစ်ကာ ၎င်း၏ ကုမ္ပဏီဖြစ်သည့် Berkshire Hathaway မှာ ဒေါ်လာ ၁၁ ဘီလီယံ ကျဆင်းခဲ့ပြီး စုစုပေါင်း ပိုင်ဆိုင်မှု ဒေါ်လာ ၃၉ ဘီလီယံဖြင့် ဒုတိယဖြင့် ကျေနပ်လိုက်ရခြင်းပင် ဖြစ်သည်။Source Photo from http://www.google.com/images
ရင်းနှီးမြုပ်နှံမှုများ လုပ်ဆောင်သူ တစ်ဦးဖြစ်သည့် George Soros မှာ ဒေါ်လာ ၂၂ ဘီလီယံဖြင့် နံပါတ် ၁၀ စာရင်းထဲတွင် ပါဝင်ကြောင်း သိရသည်။ Bill နှင့် Buffet တို့ နှစ်ဦးလုံးမှာ အမေရိကန်ရှိ လက်ဝဲ နိုင်ငံရေး သမားများ ကို ထောက်ပံ့မှု များ ပေးနေ သူများလည်း ဖြစ်သည်။ အထူးသဖြင့် ဟန်ဂေရီ နိုင်ငံတွင် မွေးဖွားခဲ့သည့် Soros မှာ ၎င်း ၏ ငွေကြေးများကို ဒီမိုကရက်ပါတီ၏ လုပ်ဆောင်ချက်များ အတွက် များစွာ အကုန်အကျခံ သုံးစွဲသူ တစ်ဦးဖြစ်ပြီး လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အရေးအတွက် Open Society Foundations ဟူသည့် အကူညီပေးရေး အဖွဲ့ကို ထူထောင်ထားပြီး အမေရိကန် နိုင်ငံ ပြင်ပရှိ ဒီမိုကရေစီ အရေး လုပ်ဆောင်နေသူများအား ထောက်ပံ့နေသူလည်း ဖြစ်သည်။source: BBC news
Credit http://www.mrtv4.net.mm
Wednesday, September 21, 2011
မြစ်ဆုံရာ ဒဏ်ရာများ
မြစ်ဆုံရာ ဒဏ်ရာများ
(ဆရာတော် ဦးပညာသာမိ)
ကရင်ပြည်နယ်
သောင်ရင်းနှင့် ယွန်းစလင်း
မြစ်ဆုံရာ နေရာနှစ်စင်း
စစ်တလင်းခင်း။
ကချင်ပြည်နယ်
မေခနှင့် မလိခ
မြစ်ဆုံရာနေရာနှစ်စင်း
စစ်တလင်းခင်း။
ဧရာဝတီ ဖလော်တီလာ
ပြဿနာ အရပ်ရပ်
မြန်မာများ ဒုက္ခတွေ့ ရ။
ရောဟိနီမြစ်ရေ အရေးအခင်း
စစ်တလင်းခင်းလိုကြ
သကျတို့ အချင်းချင်း
ငြိမ်းချမ်းခြင်းယူလိုက်ကြ
အေးချမ်းသာရ။
ယခုလည်း
မြစ်ဆုံရာ ဧရာဝတီဖျားမှာ
ငြိမ်းချမ်းခြင်းတရား
ငြိမ်းချမ်းခြင်းစကား
ငြိမ်းချမ်းခြင်းတံခါး ဖွင့်ကြစို့ ။
တောင်ကလေးဆရာတော် ဦးပညာသာမိ
(ဆရာတော် ဦးပညာသာမိ)
ကရင်ပြည်နယ်
သောင်ရင်းနှင့် ယွန်းစလင်း
မြစ်ဆုံရာ နေရာနှစ်စင်း
စစ်တလင်းခင်း။
ကချင်ပြည်နယ်
မေခနှင့် မလိခ
မြစ်ဆုံရာနေရာနှစ်စင်း
စစ်တလင်းခင်း။
ဧရာဝတီ ဖလော်တီလာ
ပြဿနာ အရပ်ရပ်
မြန်မာများ ဒုက္ခတွေ့ ရ။
ရောဟိနီမြစ်ရေ အရေးအခင်း
စစ်တလင်းခင်းလိုကြ
သကျတို့ အချင်းချင်း
ငြိမ်းချမ်းခြင်းယူလိုက်ကြ
အေးချမ်းသာရ။
ယခုလည်း
မြစ်ဆုံရာ ဧရာဝတီဖျားမှာ
ငြိမ်းချမ်းခြင်းတရား
ငြိမ်းချမ်းခြင်းစကား
ငြိမ်းချမ်းခြင်းတံခါး ဖွင့်ကြစို့ ။
တောင်ကလေးဆရာတော် ဦးပညာသာမိ
Credit http://www.9dblood.co.cc/2011/09/blog-post_20.html
လူမျိုးစုအမည်က သက္က (ဒေသသံနဲ့ ဆက်ကယ..လို့ အသံထွက်တယ်) နေထိုင်တဲ့ တိုင်းကို သက္ကတိုင်း.. တစ်ချို့လည်း သက်ကျလို့ အသံထွက်တယ်..
သုံးတဲ့ခုနှစ်ကို မဟာသက္ကရာဇ်လို့ ခေါ်တယ်..
မဟာ = ကြီးကျယ်မြင့်မြတ်သော၊ သက္က = သာကီ ၀င်မင်းမျိုးတို့၏ ၊ ရာဇ် = ရာဇ = ဘုရင်
မဟာသက္ကရာဇ် = သာကီဝင်မင်မျိုးတို့၏ ကြီးကျယ်မြင့်မြတ်သော ဘုရင်မင်း၏ ခုနှစ်..
Credit http://paramitoe.multiply.com/journal/item/16
မြန်မာတွေက တစ်ခါတစ်ခါ သာကီမျိုးဟေ့ တို့ဗမာဆိုပြီးပြောတတ်ကြတယ်လေ၊ သာကီမျိုးဆိုတာ ဘာကြောင့်ခေါ်တာလဲ သိသင့်တယ်လဲထင်လို့ပါ၊
ကဲဆက်ကြရအောင်ပါ၊ ဟိုးကမ္ဘာဦးအစကပါ၊ တိတိကျဆိုရင်တော့ သြက္ကာက မင်းကြီးလက်ထက်လို့ပြောလို့ရမယ်ထင်ပါ တယ်၊ အဲဒီမင်းကြီလက်ထက်မှာ သာကီဝင် လူမျိုးရယ်လို့ဖြစ်လာမဲ့ မင်းသားတွေ မင်းသမီးတွေကို တိုင်းပြည်ကနေနှင် ထုတ်လိုက်ပါ တယ်၊ နှင်ထုတ်လိုက်တော့ ကျွန်းတောကြီးတစ်ခုထဲမှာ ရသေ့တစ်ပါးရဲ့ညွှန်ပြမှုနဲ့ မြို့တော်ကြီးတည်
ပါတယ်၊
မြို့တော်တည်ပြီးတော့ လူဦးရေတိုးပွားဖို့ရာကြတော့ အခက်အခဲရှိနေပြန်ပါတယ်၊ ဒါပေမဲ့ သာကီဝင်မင်းသား
မင်းသမီးတွေ ဟာ သူများတစ်ခြားလူမျိုးများကို အိမ်ထောင်ပြုရင် ဇာတ်ပျက်မှာ စိုးတဲ့အတွက် အချင်းချင်းပဲ အိမ်ထောင်ပြုလိုက်ကြပါတယ်၊
ဒီသတင်းကိုသြက္ကာကမင်းကြီးကကြားတော့ သကျ=စွမ်းနိုင်တဲ့မင်းသား မင်းသမီးတွေပါလားလို့ အံ့သြပြီးပြောဆိုပါတယ်၊ အဲဒီအချိန်ကစပြီ သကျ=သာကီ=သူတစ်ပါး လူမျိုးနဲ့ လက်မထက်ပဲ မိမိအမျိုးကိုသာလက်ထပ်ဖို့ စွမ်းနိုင်တဲ့လူမျိုးရယ်လို့ ကမ္ဘာမှာ စာတင်လာတာပါ၊
Credit http://friendsmyanmar.com/forum/topic/listForContributor?user=0trti0ajo44aj
သကျ ဆိုတာကို ဘာလူမျိုးလို့တိတိကျကျ သတ်မှတ်မှာပါလဲ။
တခြားဘယ်လူမျိုးနဲ့မျှ လက်မထပ်တဲ့လူမျိုးကို ဗမာလို့ခေါ်မှာလား။
ဗမာတွေကရော လူမျိုးခြားနဲ့လက်မထပ်ဘူးလား။
တခြားလူမျိုးနဲ့လက်မထပ်ပဲ ကိုယ့်လူမျိုးကိုပြန်လက်ထပ်တဲ့ လူမျိုးတိုင်း သာကီမျိုးလို့ သတ်မှတ်ပါသလား။
သကီမျိုးဆိုတာ ဘာလဲ။
အပေါ်က ပေးထားတဲ့လင့်အတိုင်း သွားရောက်လေ့လာနိုင်ပါတယ်။
လေ့လာချင်လျင်ပေါ့လေ။
ကျေးဇူးတင်ပါတယ်။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
Tuesday, September 20, 2011
ဦးစားပေးအဆင့်အလိုက် ဆရာဝန်သစ်လွင် ၅၀၀ ဦးနှင့် သူနာပြု ၁၅၀၀ ခန့်အပ်မည်
ဦးစားပေးအဆင့်အလိုက် ဆရာဝန်သစ်လွင် ၅၀၀ ဦးနှင့်
သူနာပြု ၁၅၀၀ ခန့်အပ်မည်
သူနာပြု ၁၅၀၀ ခန့်အပ်မည်
Monday, 19 September 2011
ဆရာဝန်သစ်လွင်နှင့် သူနာပြုများ လိုအပ်ချက်ရှိနေသည့် နေရာဒေသ အသီးသီးသို့ စေလွှတ်တာဝန်ပေးနိုင်ရန် ဆရာဝန်သစ်လွင် ၅၀၀ ဦးနှင့် သူနာပြု ၁၅၀၀ ခန့်အပ်တာဝန် ပေးသွားမည်ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ အစီအစဉ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ဒေသအသီးသီးရှိ ဆရာဝန်နှင့်သူနာပြုများ လိုအပ်ချက်ချက်နှင့် စပ်လျဉ်းသည့် မေးမြန်းချက်ကို ယင်းကဲ့သို့ ဖြေကြားခဲ့သည်။
"သွားဘက်ဆိုင်ရာ ဆရာဝန် သစ်လွင်များကို ခန့်ထားတဲ့နေရာမှာ အခု ပြီးခဲ့တဲ့ လပိုင်းများကပဲ ပြည်ထောင်စုအစိုးရအဖွဲ့က သွားဘက်ဆိုင်ရာ ဆရာဝန်သစ်လွင်များကို ခန့်ထားဖို့ ခွင့်ပြုမိန့် ကျလာခဲ့ပြီဖြစ်ပါတယ်။ အားလုံး ၁၄၂ ဦး ဖြစ်ပါတယ်။
ဒီလိုခန့်အပ်ထားနိုင်ဖို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ရွေးချယ်ပေးပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လွှတ်တော် အစည်းအဝေးတွေမှာလည်း ဒေသအသီးသီး ကနေပြီးတော့ ဆရာဝန်သစ်လွင်တွေ ဆေးဘက်ဝန်ထမ်းသစ်လွင်တွေ လိုအပ်ချက်တွေကို မေးမြန်း တောင်းခံတာလည်း ရှိပါတယ်။ အခု ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ သူနာပြုအရေအတွက် ၁၅၀၀ နဲ့ ဆရာဝန်သစ်လွင် ၅၀၀ ဦးခန့် အပ်ဖို့ ခွင့်ပြုထားတာ ရှိပါတယ်။ ခန့်အပ်ပြီးတဲ့အခါ လိုအပ်ဒေသနေရာများသို့ ဦးစားပေး အစီအစဉ်အလိုက် ပေးပို့သွားမှာ ဖြစ်ပါတယ်" ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ရှင်းလင်းပြောကြားခဲ့သည်။
Source News from http://www.news-eleven.com
မလေးက သူ့ရဲ့ ယက္ကန်းခတ်တဲ့လက်သံဟာ စင်္ကြာဝဠာ တိုက်တစ်သောင်းအထိကြားရကြောင်း ပြောသွားပါတယ်။
နောက်တခုသူပြောတာကတော့ သူ့ခြည်ခင်တွေရှုတ်ထွေးနေပါပြီတဲ့ ရှင်းနိုင်ပါ့မလားတဲ့။
သီချင်းလေးနောက်တခေါက်ပြန်နားထောင်ကြည့်ချင်သလား။
သဘောပါ။
Source article audio from http://www.rfa.org/burmese
Source Video from tabinshwehtee
Source Photo from http://www.bbcburmese.com/images
မလေးက သူ့ရဲ့ ယက္ကန်းခတ်တဲ့လက်သံဟာ စင်္ကြာဝဠာ တိုက်တစ်သောင်းအထိကြားရကြောင်း ပြောသွားပါတယ်။
နောက်တခုသူပြောတာကတော့ သူ့ခြည်ခင်တွေရှုတ်ထွေးနေပါပြီတဲ့ ရှင်းနိုင်ပါ့မလားတဲ့။
သီချင်းလေးနောက်တခေါက်ပြန်နားထောင်ကြည့်ချင်သလား။
သဘောပါ။
Source article audio from http://www.rfa.org/burmese
Source Video from tabinshwehtee
Source Photo from http://www.bbcburmese.com/images
မြစ်ဆုံဆည် တည်ဆောက်မှု ရပ်တန့်ရေး တရုတ်အစိုးရကို ဆန္ဒပြ
မြစ်ဆုံဆည် တည်ဆောက်မှု ရပ်တန့်ရေး
တရုတ်အစိုးရကို ဆန္ဒပြ
2011-09-19တရုတ်အစိုးရကို ဆန္ဒပြ
ကချင်ပြည်နယ်မှာ တရုတ်အစိုးရက တည်ဆောက်နေတဲ့ မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းဖို့ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်ရောက် မြန်မာ့အရေး လှုပ်ရှားနေသူတွေက ဆန်ဖရန်စစ္စကိုမြို့ တရုတ် ကောင်စစ်ဝန်ရုံးရှေ့မှာ စက်တင်ဘာလ ၁၉ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဖြစ်တဲ့ ဧရာဝတီမြစ်ဆုံမှာ အလွန်ကြီးမားတဲ့ ရေလှောင်တမံတွေ တည်ဆောက်တာဟာ ဒေသခံပြည်သူတွေရဲ့ဘ၀တွေ ကိုသာမက သဘာဝ ပတ်ဝန်းကျင်နဲ့ မြစ်ရေ စီးဆင်းမှုကိုပါ ပျက်စီးစေမယ့် အခြေအနေ ရှိတာကြောင့် တရုတ် အစိုးရ အနေနဲ့ ဒီစီမံကိန်းကို ချက်ချင်း ရပ်ဆိုင်းဖို့ တောင်းဆို ဆန္ဒပြနေကြောင်း ဦးဆောင်သူ တဦးဖြစ်တဲ့ မြန်မာ-အမေရိကန်အဖွဲ့က ဦးညွန့်သန်းက ပြောပါတယ်။
" အခုဆိုရင် တရုတ်ပြည်ဟာ ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အားကြီး နိုင်ငံ ဖြစ်တယ်။ သူတို့ ပြည်သူတွေဟာ ကြီးပွား တိုးတက်နေတယ်။ ဒါပေမဲ့ မြန်မာ ပြည်သူတွေကတော့ အာဏာရှင်အောက်မှာ ပြားပြားဝပ်နေရပြီး စားဖို့ သောက်ဖို့ အနိုင်နိုင် ဖြစ်နေချိန်မှာ အခုလို လုပ်ခြင်းဟာ နိုင်ငံကြီး တစ်နိုင်ငံ ဖြစ်တဲ့ တရုတ်ပြည်ရဲ့ အစိုးရဟာ Immoral ပေါ့နော်၊ ရက်စက်ယုတ်မာတယ်လို့ပဲ ကျနော်တို့ ပြောချင် ပါတယ်၊ မြစ်ဆုံစီမံကိန်းကိုလည်း ချက်ချင်း ရပ်ဆိုင်းဖို့တောင်းဆိုပါတယ်။"
မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်းကြောင့် ဒေသခံ ကချင်လူထုတွေ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြတဲ့ အပြင် ပြည်တွင်းစစ်ကြောင့်လည်း စစ်ပြေးဒုက္ခသည်တွေ ဖြစ်လာနေရတယ်လို့ ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်နေတဲ့ ကချင်အမျိုးသမီး ဒေါ်ဆာရာလှအောင်က ဆိုပါတယ်။
တရုတ်နဲ့မြန်မာ နှစ်နိုင်ငံ အစိုးရချင်း သဘောတူ လက်မှတ်ရေးထိုးထားတဲ့ စာချုပ်အရ မြစ်ဆုံဆည်က ထွက်မယ့် ရေအားလျှပ်စစ် ၉၀ ရာခိုင်နှုန်းကို နှစ်ပေါင်း ၃၀ အထိ တရုတ်အစိုးရကို ပေးရမှာ ဖြစ်ပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.
Source Interview from http://www.dvb.no
ပန်းနာရင်ကြပ်သမားတဦး၏ တိုးလျှိုးသံ
ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏
အခန်းကဏ္ဍ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏
အခန်းကဏ္ဍ
Written by ဒေါက်တာထွန်းဝင်း
Saturday, 17 September 2011
ဤဆောင်းပါးကို ရေးသားရသော အကြောင်းရင်းကတော့ Weekly Eleven ဂျာနယ် ၂၀၁၁ ခုနှစ်စက်တင်ဘာလ ၁၄ ရက်နေ့ထုတ်၌ မြစ်ဆုံစီမံကိန်းနှင့် စပ်လျဉ်း၍ သဘောထား ကွဲလွဲမှုများကို ဖတ်ရှုရပါသည်။ အမှတ် (၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်မည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်ဟုဆိုပါသည်။ ရှင်းပြခဲ့သောနေရာကတော့ ပြည်ထောင်စုဝန်ကြီးများနှင့် မီဒီယာများတွေ့ဆုံပွဲ တစ်ခုဖြစ်သော စက်တင်ဘာ ၁၁ ရက်နေ့ တွေ့ဆုံပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်ပါ၏။ ဤကိစ္စနှင့်စပ်လျဉ်း၍ နာမည်ကျော် စာရေးဆရာကြီးများ၊ အငြိမ်းစားပါမောက္ခ၊ အယ်ဒီတာချုပ်များက ဤစီမံကိန်းကြောင့် ဧရာဝတီမြစ်ကြီး တိမ်ကောသွားမှာကို စိုးရွံ့ကြပါသည်။ တိုင်တိုက်ဆိုင်ဆိုင် SAVE THE IRRAWADDY ဟူသောဟောပြောပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး စာရေးဆရာများနှင့် မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်တို့က ဧရာဝတီမြစ် ထိခိုက်မှာကို စိုးရိမ်ကြကြောင်း သိရပါ၏။
သို့သော် အမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီးကတော့ ကန့်ကွက်မှုတွေရှိစေကာမူ စီမံကိန်းကို ဆက်လက်လုပ်ကိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ၏။ ထို့ပြင် Weekly Eleven ပါ သတင်းအရ စီမံကိန်း ဆက်လက်လုပ်ကိုင် နေကြောင်း သိရပါ၏။
သို့ပါ၍ ဧရာဝတီမြစ်ကြီးအတွက် စိုးရိမ်နေကြသူတို့မှာ စိတ်မချမ်းသာမှုကို ခံစားရမည်ဆိုတာကတော့ ယုံမှားသံသယဖြစ်ဖွယ်မရှိပါ။
ဧရာဝတီကို စောင့်ရှောက်လိုသူတွေအတွက် မျှော်လင့်ချက်ရောင်ခြည်သစ် (သို့) ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
စာရေးသူကျွန်တော်သည် လက်လှမ်းမီသည့် ဂျာနယ်များကို ဖတ်ရှုရာ ဤကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ပြောကြားရာတွင် နိုင်ငံတော်က ပြည်သူတွေထိခိုက်မည့်ကိစ္စကို လုပ်မှာမဟုတ်ဟု ပြောကြားခဲ့ပါ၏။ တစ်ဖန်လျှပ်စစ်စွမ်းအား အမှတ် (၁) ၀န်ကြီးက စီမံကိန်းကို ဆက်လုပ်မည်ဟုဆိုပါ၏။ အထက်ပါ ၀န်ကြီးနှစ်ဦး၏ ပြောကြားချက်သည် ဆန့်ကျင်ဘက်ဟု မဆိုသာပါ။ ၀န်ကြီးဦးကျော်ဆန်းက စီမံကိန်းကို ရပ်မည်ဟု ပြောတာမဟုတ်။ ပြည်သူထိခိုက်ရင် မလုပ်ဘူး၊ မထိခိုက်ရင် လုပ်မယ်ဟုဆိုရာ ယခုအမှတ် (၁) လျှပ်စစ်စွမ်းအားဝန်ကြီးက စီမံကိန်းဆက်လုပ်မယ်ဆိုပါ၍ ဤကိစ္စသည် ပြည်သူကိုမထိခိုက်ဟု ယူဆသည်ဟု ကောက်ချက်ဆွဲရပါမည်။ တခြားတစ်ဖက်ကလည်း ဧရာဝတီမြစ်ကြီးကို ထိခိုက်ပါပြီဟု ယူဆကြရာ ထိုသို့ယူဆသူတွေ မျှော်လင့်ချက် မှေးမှိန်လာပါသည်။
သို့သော် တိုက်ဆိုင်မှုတစ်ခုမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနဟူ၍ ပေါ်ပေါက်လာရာ ဤကိစ္စနှင့်စပ်လျဉ်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနက ဘယ်လိုမှတ်ချက် ပေးမလဲဆိုတာကတော့ ပတ်ဝန်းကျင်ဝါဒီတို့သည် မျှော်လင့်ချက်တစ်ခုအဖြစ် စောင့်စားနိုင်ပါသည်။ ၀န်ကြီး၏ ယခင်တာဝန်မှာ သစ်တောရေးရာဝန်ကြီးဖြစ်၍ သစ်တောကိုပဲကာကွယ်ရန် အဓိကကျပြီး ဧရာဝတီမြစ်ကို ကာကွယ်ရန်အဓိကမကျပါ။ ယခုတော့ အဓိကကျလာပါပြီ။
စာရေးသူကျွန်တော်သည် တစ်ခါတုန်းက ရနံ့သစ်မဂ္ဂဇင်း ၂၀၁၁ ခုထုတ် အမှတ် ၂၈ တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်ဒေါ်ရင်ရင်လေးနှင့် တွေ့ဆုံခြင်းကဏ္ဍကို ဖတ်ခဲ့ဖူးပါ၏။ ဒေါ်ရင်ရင်လေးဆိုသူမှာ ၁၉၉၂ မှ ၂၀၀၅ အထိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမျိုးသားကော်မရှင်တွင် အမှုထမ်းခဲ့သူဖြစ်ပါသည်။
ဒေါ်ရင်ရင်လေး၏အဆိုအရ "သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ ရေတိုသာမကဘူး၊ ရေရှည်လည်း ကြည့်ရမယ့်အလုပ်၊ နိုင်ငံတိုင်းမှာ စီးပွားရေးဖွံ့ဖြိုးမှု၊ လူမှုရေး ဖွံ့ဖြိုးမှုရှိရမှာဖြစ်သလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာလည်း ရှိကိုရှိရမည်"ဟု ဆိုပါ၏။ "စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဟာ ဟန်ချက်ညီရမယ်။ Balance ရှိရမယ်"ဟု ဆိုပါသည်။
ဘယ်ဝန်ကြီးဌာနမှာမဆို ဖွံ့ဖြိုးရေးစီမံကိန်းလုပ်သည့်အခါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တစ်ပါတည်း တွဲလုပ်သင့်တယ်ဟု ဆိုပါ၏။ ဒေါ်ရင်ရင်လေး၏ အဆိုအရ တရုတ်ပြည်ကို ဥပမာပေးရာတွင် ယခင်က တရုတ်ပြည်မှာ စီးပွားရေးတိုးတက်ဖို့ တွန်းလုပ်ခဲ့ပြီး ယခုပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ပြန်ကြည့်နေရတယ်ဟု ဆိုပါ၏။
အာဆီယံရည်မှန်းချက်မှာ ဆိုရင်လည်း ခရစ်နှစ် ၂၀၂၀ မှာ အာဆီယံဒေသကြီးတစ်ခုလုံး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး သန့်ရှင်းတဲ့ ပတ်ဝန်းကျင်၊ စိမ်းလန်းတဲ့ ပတ်ဝန်းကျင်ဖြစ်ရမယ် ဟုဆိုပါ၏။
အာဆီယံနိုင်ငံများတွင် စင်ကာပူသည် ၁၉၇၂ ခုနှစ်ကတည်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနရှိနေပြီး ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့မှာ ၁၉၈၀ ခုနှစ်ကတည်းက ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနဆိုတာ ရှိနေပါပြီဟု ဆိုပါ၏။
အထက်ပါစကားရပ်များကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အမျိုးသားကော်မရှင်၌ အလုပ်လုပ်ခဲ့သော ၀န်ထမ်းတစ်ဦး၏အသံ (voice)သာလျှင် ဖြစ်ပါ၏။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဆိုသည်ကတော့ ပိုမိုအဆင့်မြင့်သွားပြီဖြစ်ရာ ၎င်းထက်ကျယ် လောင်သော Voice တစ်ခုထွက်လာလိမ့်မည်ဟု မျှော်လင့်စရာရှိပါသည်။
တကယ်တော့လည်း ဖွံ့ဖြိုးရေးလုပ်ဆောင်ရာတွင် ဌာနအချင်းချင်း နည်းဗျူဟာသဘောကွဲလွဲမှုဆိုတာ ရှိစမြဲဖြစ်ပါ၏။ ဥပမာ တစ်ခါက အာဆီယံနိုင်ငံတစ်ခုတွင် HIV ကာကွယ်ရေး စီမံကိန်းလုပ်ရန် မြို့နယ်စီမံကိန်း အရာရှိနှင့် မြို့နယ်ဆရာဝန်တို့ ပူးပေါင်းမိပြီး ပြည့်တန်ဆာများလေးများကို မြို့နယ်ဆရာဝန်ရုံးသို့ဖိတ်၍ ကွန်ဒုံးဝေပါသည်။ ကျန်းမာရေး ဆွေးနွေးပွဲလုပ်ကြ၏။ ရက်အနည်းငယ်ကြာတော့ ရဲဌာနက ဒါကိုသိသွားပြီး ကွန်ဒုံးဝေတာ လက်ခံခဲ့သော ပြည့်တန်ဆာမလေးများကို မသင်္ကာမှုနဲ့ခေါ်စစ်ပါတယ်။ ဒါနဲ့ ကွန်ဒုံးဝေတဲ့ ကိစ္စလည်းပျက်သွားပါတယ်။ ရဲလည်း မြို့နယ်ဆရာဝန်ကို ၀မ်းနည်းစကားဆိုတာက သူ့ကိုခွင့်လွှတ်ပါ။ သူ့တာဝန်သူ လုပ်တာပါလို့ ဆိုပါတယ်။ မြို့နယ်စီမံကိန်းဆရာဝန်နဲ့ မြို့နယ်ဆရာဝန်ကလည်း သူတို့တာဝန်သူတို့လုပ်ရတာပါ။ ဒီတော့ တာဝန်နှစ်ခု ပဋိပက္ခဖြစ်ပါတယ်။ ဒီကိစ္စမျိုးကို မြို့နယ်အဆင့် ညှိနှိုင်းဆွေးနွေးပွဲတွေမှာ ဖြေရှင်းညှိနှိုင်းရပါတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စဆိုလျှင်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ၀န်ကြီးဌာနပေါင်းစုံ ညှိနှိုင်းရမှာဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ တင်ပြရမည်ဆိုပါသော် ကျွန်တော်သည် ပန်းနာရင်ကြပ် အက်စမာရောဂါသမား တစ်ယောက်ဖြစ်ပါ၏။ ပန်းနာရင်ကြပ်သမားများသည် အောက်ဆီဂျင်ကို အလွန်မြတ်နိုး၏။
ထိုကမ္ဘာကြီး ပူနွေးလာမှာ၊ သစ်တောတွေ ပြုန်းတီးမှာ၊ မော်တော်ကား မီးခိုးတွေများမှာ သိပ်ကြောက်ပါတယ်။ ပတ်ဝန်းကျင် ယိုယွင်းလာလို့ ပန်းနာရင်ကြပ်သမားတွေဟာ အသက် ငါးနှစ်လောက်စီတော့ တိုကြလိမ့်မယ်ထင်ပါတယ်။ တလောက စာရေးဆရာကြီး နန္ဒသိန်းဇံသည် အသက် ၆၅ နှစ်မှာ ရင်ကြပ်ရောဂါနဲ့ ကွယ်လွန်ရာ အကယ်၍ ပတ်ဝန်းကျင်သာ မယိုယွင်းရင် အသက် ၇၀ လောက်တော့ နေနိုင်လိမ့်မည်ထင်ပါသည်။
နိုင်ငံတစ်ခုမှာ ဖွံ့ဖြိုးရေးစီမံကိန်းကြီးတွေလုပ်မယ်၊ ပတ်ဝန်းကျင် ယိုယွင်းမယ်ဆိုရင် ပန်းနာရင်ကြပ်သမားတွေဟာ စိုးရိမ်စိတ်နဲ့ ကတုန်ကရင် ဖြစ်တတ်ပါတယ်။ ဧရာဝတီမြစ်ကြီး ထိခိုက်မယ်ဆိုရင်တော့ ပို၍တောင်ကြောက်မိပါ၏။ ဘာကြောင့်လဲဆိုတော့ ပတ်ဝန်းကျင်ထိခိုက်မယ့် နောက်ဆက်တွဲ အကျိုးဆက်တွေ အများကြီးလာမှာပါ။
စိတ်သက်သာရာတစ်ခုတော့ တွေ့မိတာက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနရယ်လို့ ပေါ်ထွန်းလာခြင်းပါပဲ။ ကျွန်တော်တို့လို ပန်းနာရင်ကြပ်သမားတွေကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေရာဝန်ကြီးဌာနကို မိမိတို့၏အနာဂတ်ကယ်တင်ရှင်အဖြစ် မျှော်လင့်စောင့်စားမိပါကြောင်း။
Source Article from http://www.news-eleven.com/
ဘယ်သူအာဏာပိုင်လဲ
ဘယ်သူအာဏာပိုင်လဲ
Written by လူထုစိန်ဝင်း
Saturday, 17 September 2011 16:45
AddThis Social Bookmark Button
အာဏာပိုင်များ၊ အာဏာပိုင်အဖွဲ့အစည်းများဆိုတဲ့ စကားဟာ မြန်မာစကားမှာ အတော်တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြတဲ့ စကားများဖြစ်တယ်။ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရ၀န်ထမ်းတွေကို ရည်ညွှန်းပြောဆိုကြတာပါ။
တစ်ချက်လွှတ်အမိန့်
တစ်ပါတီတစ်ဖွဲ့တစ်စည်းက အာဏာသုံးရပ်စလုံးကိုချုပ်ကိုင်ထားပြီး တစ်ချက်လွှတ်အမိန့်ပြန်တမ်းများနဲ့ အုပ်ချုပ်တဲ့အာဏာရှင်စနစ် အောက်မှာတော့ ဒီအသုံးအနှုန်းများဟာ လျော်ကန်သင့်မြတ်တယ်လို့ ဆိုနိုင်တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွေ၊ ရွေးကောက်ပွဲတွေ၊ လွှတ်တော်တွေလို ဒီမိုကရေစီပြယုဂ်တွေ အစုံအလင်နဲ့ အစိုးရမျိုးလက်ထက်မှာတော့ ဒီအသုံးအနှုန်းတွေဟာ ဆီလျော်အပ်စပ်ခြင်းမရှိတော့လို့ မသုံးသင့်တော့ဘူး။ သက်ဆိုင်ရာဌာနများ၊ အစိုးရ၀န်ထမ်းများဆိုတဲ့ စကားလုံးတွေနဲ့ အစားထိုးသုံးစွဲသင့်ကြတယ်။ဖျောက်ဖို့ခက်ပေမယ့်
နှစ်ပေါင်းငါးဆယ်လောက် ပါးစပ်ထဲမှာစွဲနေတာတွေမို့ ရုတ်တရက် ဖျောက်ဖို့ခက်တာမှန်ပေမယ့် နေ့စဉ်တဖွဖွပြောနေကြတဲ့ ဒီမိုကရေစီဆိုတဲ့ အသံနဲ့နည်းနည်းမှ မအပ်စပ်ပါဘူး။ ပျောက်အောင် ဖျောက်ရပါလိမ့်မယ်။ အာဏာပိုင်ဆိုတဲ့စကားဟာ ကိုလိုနီခေတ်မှာ အတော်လေးသုံးစွဲကြတယ်။ အထူးအာဏာရ ရာဇ၀တ်တရားသူကြီးတို့ အထူးအာဏာရ ငွေဓားလွယ်ဆုရ သူကြီးမင်းတို့ စသဖြင့်သုံးကြတယ်။ မြို့အုပ်မင်းရုံးထိုင်လို့ သူကြီးမရှိတဲ့ မြို့နယ်လေးတွေမှာတော့ အရပ်ထဲက လူရိုသေရှင်ရိုသေပုဂ္ဂိုလ် တစ်ယောက်ယောက်ကိုရွေးပြီး သမာဓိမြို့ဝန်မင်းတို့၊ အထူးအာဏာရသမာဓိမြို့ဝန်မင်း တို့ဆိုပြီး ခန့်ထားခဲ့ကြတယ်။
မတော်လှန်ရဲအောင်
ကိုလိုနီလက်အောက်ခံနိုင်ငံတိုင်းမှာ အုပ်ချုပ်သူမျက်နှာဖြူ အရှင်သခင်ကြီးတွေက အာဏာပိုင်သခင်ကြီးတွေဖြစ်ပြီး ဌာနတိုင်းရင်းသားအုပ်စိုးခံတွေက ကျွန်တွေအစေအပါးတွေ ဖြစ်ကြတယ်။ အုပ်စိုးခံတွေ ကြောက်လန့်ပြီးမတော်လှန်ရဲအောင် အနိမ့်ဆုံးအဆင့် သူကြီးလောက်ကို အထူးအာဏာရသူကြီးမင်းတို့၊ ငွေဓားလွယ်ဆုရ သူကြီးမင်းတို့ လုပ်ထားကြတယ်။ မျက်နှာဖြူဘုရင်ခံနဲ့ အပေါင်းပါတွေတောပစ်ထွက်ရာမှာ လူတွေမောင်းထုခေါ်ပြီး တောခြောက်ပေးတဲ့ သူကြီးကလည်း 'ဘုရင်ခံမင်းတရားကြီး၏ ခြောက်လုံးပြူးဆုတော်မြတ် ပေးသနားခြင်းခံရသော အထူးအာဏာရ တိုက်သူကြီးမင်း' ဆိုတာမျိုးဖြစ်နေတယ်။ အဓိကကတော့ သာမန်တိုင်းသူပြည်သားတွေ ခေါင်းမဖော်ရဲအောင် ချိုးနှိမ်ဖိနှိပ်ထားဖို့ဖြစ်တယ်။
ကြောက်စိတ်မပျောက်
ကိုလိုနီနယ်ချဲ့သမားတွေရဲ့ အကြောက်တရားနဲ့ အုပ်စိုးခြင်းနည်းဗျူဟာက တော်တော်ထိရောက်တယ်။ ကိုလိုနီလက်အောက်ခံဘ၀ လွတ်မြောက်လာခဲ့တာ နှစ်ပေါင်းခြောက်ဆယ်ကျော်နေပြီ ဖြစ်တာတောင် မြန်မာလူမျိုးများဟာ ရုံးပြင်ကနားသွားရမှာ အင်မတန်ကြောက်ကြတယ်။ သခင်မျိုးဟေ့ တို့ဗမာလို့ပါးစပ်က ဘယ်လောက်အော်နေအော်နေ ကြောက် စိတ်ကဘယ်လိုမှ ဖျောက်လို့မပျောက်သေးဘူး။ ရုံးနားဂါတ်နားရောက်ရင် အလိုလိုနေရင်း ကျောထဲကစိမ့်စိမ့် လာတတ်ကြတယ်။ ဘယ်လောက်ပဲပြောပြော ယူနီဖောင်းဝတ်နဲ့ ရဲစာသင်(ဆာဂျင်)လောက် လာရင်ကို အာဏာပိုင်ပုဂ္ဂိုလ်ကြီးလာတယ်၊ အာဏာပိုင်အဖွဲ့အစည်းတွေ လာတယ်ဆိုပြီး ခြေမကိုင်မိလက်မကိုင်မိ ပျာပျာသလဲဖြစ်နေကြရတယ်။
အရက်ယူခဲ့၊ ကြက်ယူခဲ့
'ပညတ်သွားရာဓာတ်သက်ပါ' ဆိုတဲ့စကားရှိထားတဲ့အတိုင်း ရဲစာသင်လောက်၊ မြို့အုပ်မင်းရဲ့တောလိုက်စာရေးလောက်၊ ပျာတာတော်မင်းလောက်ကလည်း သူတို့ကိုယ်သူတို့ တကယ်ကိုအာဏာပိုင်စိုးတဲ့ ပုဂ္ဂိုလ်ကြီးများအဖြစ် မှတ်ယူနေကြပြီး အရပ်သူအရပ်သားများကို တွေ့တာနဲ့ ဟိန်းဟောက်ခြိမ်းခြောက် လုပ်ကြတယ်။ အရက်ယူခဲ့၊ ကြက်ယူခဲ့နဲ့ အာဏာပါဝါပြကြတယ်။ တောသူတောင်သားတွေသာမဟုတ်ဘူး မြို့ပေါ်ကပညာတတ် လူတန်းစားတွေတောင် ဟိန်းဟောက်ခြိမ်းခြောက်ရင် ကြောက်ဒူးတုန်ကြတယ်။ အကျိုးသင့်အကြောင်းသင့် ပြန်လှန်မပြောရဲကြဘူး။ နှုတ်ဆွံ့ပြီး အ,အကြီးတွေလို ဖြစ်နေကြတော့တယ်။
ခေတ်ကြီးပြောင်းနေပြီ
အဲဒါကြောင့် 'ပညတ်သွားရာ ဓာတ်သက်ပါ' မဖြစ်ရလေအောင် အာဏာပိုင်ပုဂ္ဂိုလ်များတို့၊ အာဏာပိုင် အဖွဲ့အစည်းများတို့ဆိုတဲ့ အသုံးအနှုန်းတွေကို ပပျောက်စေချင်တာပါ။ ဘာပဲပြောပြော ခေတ်ကြီးကပြောင်းနေပါပြီ။ အရှေ့အလယ်ပိုင်းက ဘုရင်ကြီးတွေ၊ ဆူလတန်ကြီးတွေနဲ့ အာဏာရှင်ကြီးတွေ တစ်ယောက်ပြီး တစ်ယောက် ရာဇပလ္လင်ပေါ်က ဆင်းသွားကြရပါပြီ။ မြန်မာပြည်မှာလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့၊ ရွေးကောက်ပွဲနဲ့ လွှတ်တော်နဲ့ဖြစ်နေပြီ။ တစ်ခေတ်ပြောင်းဖို့ တာစူချိန်ရောက်နေပြီ။အမေးနဲ့ အဖြေ
ဒီနေရာမှာ ၁၁-၉-၂၀၁၁ နေ့ထုတ် မော်နီတာဂျာနယ်မှာပါတဲ့ အမေးအဖြေလေးတစ်ခုကို ကောက်နှုတ်ဖော်ပြချင်ပါတယ်။ မေးသူကို 'ဦးမြတ်ခိုင် (လျှပ်တပြက်သတင်းဂျာနယ်၊ မော်နီတာသတင်းဂျာနယ် အယ်ဒီတာချုပ်)'လို့ ဖော်ပြထားပြီး အမေးခံပုဂ္ဂိုလ်ကတော့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းဖြစ်ပါတယ်။
မေး - "ပြည်ထောင်စုဝန်ကြီးအနေနဲ့ ကျွန်တော်တို့သတင်းသမားတွေ တွေ့ဆုံရတာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ကျွန်တော်တို့အပြင်မှာ ကြားသိနေရတာ အဘဦးစိုးသိန်းတို့ အဖွဲ့ကပျော့ပျောင်းတဲ့အဖွဲ့လို့ ကျွန်တော်တို့သိရပါတယ်။ ဒီမိုကရေစီ နည်းလမ်းတကျသွားနေတဲ့ ပြည်ထောင်စုဝန်ကြီးလို့ သိရပါတယ်။ အဲဒါ ဟုတ်ပါသလားလို့ သိလိုပါတယ်။ အဲဒါနံပါတ် ၁ အချက်ပါ။ နံပါတ် ၂ အချက်ကတော့ နိုင်ငံခြားငွေနဲ့ ကားဝယ်ခွင့်ရတယ်ဆိုတဲ့အခါမှာ ပိုက်ဆံရတဲ့နည်းလမ်း၊ ဥပမာငွေဖြူကိစ္စ၊ ငွေမည်းကိစ္စတွေ ပြဿနာရှိလား၊ အဲဒါကိုသိလိုပါတယ်။ ကျေးဇူးတင်ပါတယ်။'
ပြည်သူလူထုကရွေးချယ်တင်မြှောက်ထား
ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းအဖြေ
ကျွန်တော်က ဒီမှာလာတာ ဧည့်သည်ဗျ။ သို့သော်လည်း လာကူညီတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် ပျော့ပျောင်းတယ်၊ မာတယ်ရယ်လို့ မဟုတ်ဘူးဗျ။ ကျွန်တော်တို့က ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။ ကျွန်တော်က ကျွန်းစုမြို့နယ်က ပြည်သူ့ကိုယ်စားလှယ် ဖြစ်ပါတယ်။ ပြည်သူအနေနဲ့ ရွေးချယ်တင်မြှောက်ခံရပြီး ပြည်ထောင်စုဝန်ကြီးတာဝန်ကို နိုင်ငံတော်သမ္မတက တာဝန်ပေးထားတာပါ။ ပြည်သူ့အကျိုးအတွက် ကျွန်တော်တို့လုပ်ကြဖို့ ဝန်မလေးတာပါ။ တကယ်လုပ်ရမယ့်အလုပ်ဆိုရင် ကျွန်တော်တို့သံမဏိကဲ့သို့ တကယ်မာပါတယ်"
ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်ဖြစ်လို့ ပြည်သူ့အကျိုးအတွက် လုပ်ကြဖို့ ၀န်မလေးတာပါလို့ ပြောသွားတာကျေနပ်စရာပါ။ ခေတ်ပြောင်းသွားပြီလို့ ၀န်ကြီးကအသိအမှတ်ပြုတဲ့ သဘောလို့ ယူဆပါတယ်။ ၀န်ကြီးဟာ အရင်အစိုးရလက်ထက်က ဒုတိယကာကွယ်ရေးဦးစီးချုပ်(ရေ) တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ပုဂ္ဂိုလ်ပါ။
အကျင့်ဆိုးမဖျောက်နိုင်
ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းလို ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ထိ တာဝန်ယူခဲ့ရတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးက ခေတ်ပြောင်းသွားတာကို လက်ခံအသိအမှတ်ပြုပြီး ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ် တစ်ဦးအနေနဲ့ ပြည်သူ့အကျိုးကို လုပ်ဆောင်ဖို့ ၀န်မလေးပါလို့ ပြောပေမယ့် ဗျူရိုကရေစီယန္တရားကြီးအတွင်းက ရုံးတစ်လုံး ဓားတစ်စင်း အာဏာရှင်စိတ်ဓာတ် မပျောက်သေးတဲ့ ဗျူရိုကရက်ကြီးတွေနဲ့ ဗျူရိုကရက်ကလေးတွေကတော့ ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်တဲ့အကျင့်ဆိုးတွေကို မဖျောက်နိုင်ကြသေးတာ တွေ့ရတယ်။ ကိုယ်ရုံးဌာနရှေ့ရောက်လာသူ မှန်သမျှကို ဟိန်းဟောက်ခြိမ်းခြောက်ပြီး အာဏာပါဝါပြတာမျိုးတွေ ဆက်ပြီးလုပ်နေကြဆဲဖြစ်တယ်။
ပြည်သူ့အစေခံ
ဝန်ထမ်းဆိုတာ ဘယ်လောက်ကြီးကြီး ဘယ်လောက်ငယ်ငယ် ပြည်သူလူထုရဲ့လစာရိက္ခာကို စားသောက်နေကြရသူများဖြစ်တယ်။ 'Public Servant' လို့ခေါ်တဲ့ အင်္ဂလိပ်စကားရဲ့အဓိပ္ပာယ်က 'ပြည်သူ့အစေခံ' ဖြစ်တယ်။ သဘောကတော့ ပြည်သူလူထုကို အလုပ်အကျွေးပြုဖို့ လစာပေးခန့်ထားခြင်းဖြစ်တယ်။ တစ်နည်းအားဖြင့် ပြည်သူလူထုက အရှင်သခင်ဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်တယ်။ ဗျူရိုကရေစီ ယန္တရားကြီးအတွင်းက အသိဥာဏ်အဆင့် နိမ့်ကျသူ ဗျူရိုကရက်ကြီးငယ်များဟာဒီအချက်ကို သဘောမပေါက်ကြသေးဘဲ ပြည်သူလူထုအပေါ်မှာ အာဏာရှင်များသဖွယ် ပြုမူဆက်ဆံနေကြဆဲဖြစ်တယ်။
တားမရတော့ဘူး
အာဏာရှင်စနစ်မှာက တိုင်းသူပြည်သားများရဲ့ ဆန္ဒကို လုံးလုံးဂရုမစိုက်ဘဲ ဘုရင်တစ်ပါး၊ ဆူလတန်တစ်ယောက်၊ အာဏာရှင်တစ်ဦးရဲ့ ဆန္ဒသဘောထား တစ်ခုတည်းနဲ့ အုပ်ချုပ်တာဖြစ်တယ်။ လူတွေအများကြီးက ဘယ်လောက်ပြောပြော ဂရုမစိုက်ဘူး။ အာဏာရှင်ရဲ့ပါးစပ်က ထွက်တဲ့စကားဟာ ဥပဒေဖြစ်တယ်။ ဒီမိုကရေစီစနစ်မှာတော့ တိုင်းသူပြည်သား လူများစုရဲ့ဆန္ဒကို ဘယ်သူမှလွန်ဆန်လို့မရဘူး။ အားလုံးပြည်သူ့ဆန္ဒအတိုင်း လုပ်ရတယ်။ ပြည်သူလူထုဟာ အကြွင်းမဲ့အာဏာပိုင်များဖြစ်တယ်။ ပြည်သူသာအမိ၊ ပြည်သူသာအဖဖြစ်တယ်။ ဗျူရိုကရက်ကြီး ဗျူရိုကရက်လေးတွေက ပြည်သူလူထုရဲ့ 'အဘ' မဟုတ်ဘူးဆိုတာ သိထားသင့်ကြတယ်။ ခေတ်ကြီးက ပြောင်းနေပါပြီ။ ဘယ်သူတားတား တားလို့ မရတော့ပါဘူး။
Source Article from http://www.news-eleven.com
Monday, September 19, 2011
ဖလုံ-စဝေါ်ပါတီ ဂျာနယ် ထုတ်ဝေတော့မည်
(စက်တင်ဘာလ ၁၇ရက်နေ့က ဖလုံ-စဝေါ်ပါတီဝင်များ ဆွေးနွေးနေစဉ်)
ဖလုံ-စဝေါ်ပါတီ ဂျာနယ် ထုတ်ဝေတော့မည်
စက်တင်ဘာလ ၁၉ရက်။ (ကေအိုင်စီ)
Submitted by admin on Monday, 19 September 2011
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပါတီရုံးထားရှိသည့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီသည် လာမည့် ကရင်နှစ်သစ်ကူးနေ့မှစ၍ “ဖလုံ-စဝေါ်ဂျာနယ်”ကို လစဉ် ထုတ်ဝေသွားရန် စက်တင်ဘာလ ၁၇ရက်နေ့က အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်။
၎င်းဂျာနယ်ထုတ်ရန် စက်တင်ဘာလ ၁၅ရက်နေ့တွင် ပါတီဝင်များက ပဏာမ ဆွေးနွေးခဲ့ကြသော်လည်း ဂျာနယ်အမည်၊ ထည့် သွင်းဖော်ပြမည့် ဘာသာစကားနှင့် သတင်းအမျိုးအစားများကို စက်တင်ဘာလ ၁၇ရက်နေ့တွင် ပါတီရုံး၌ ထပ်မံ ဆွေးနွေးပြီး ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်ဟု ၎င်းပါတီ၏ လူငယ်ဥက္ကဌ စဘီကျင်ဦးက ပြောသည်။
“စာစောင်ကိုတော့ ဖလုံ-စဝေါ်ဂျာနယ်လို့ပဲ ခေါ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အဲဒီမှာ ပိုးကရင်၊ စကောကရင်၊ မြန်မာနှင့် အင်္ဂလိပ် လေးဘာသာနဲ့ ထုတ်ဝေသွားမယ်။ အဓိက ရည်ရွယ်ချက်ကတော့ ပြည်သူတွေကို နိုင်ငံရေးသော်လည်းကောင်း၊ ကရင့်အ ကြောင်းအရာနဲ့ နိုင်ငံတကာ ဗဟုသုတတွေ သိရှိဖို့အတွက်ပါ။ တစ်လမှတစ်ကြိမ်ပဲ ထုတ်မှာမို့ သတင်းတွေက update ဖြစ်မှာ တော့ မဟုတ်ဘူး။”ဟု စဘီကျင်ဦးက ကေအိုင်စီကို ပြောသည်။
ဂျာနယ်ဖြစ်မြောက်ရေးအတွက် ဖလုံ-စဝေါ်ပါတီ ခေါင်းဆောင်များက ကြီးကြပ်ရေးကော်မတီအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး အယ်ဒီတာချုပ်အဖြစ် စောရှားမောင်ခို့ဒါ(ယှးမါန်ခေါဟ်ဍာ)၊ တွဲဖက် အယ်ဒီတာအဖြစ် နော်ယုဇန၀ါတို့က တာဝန်ယူသွားမည် ဖြစ်သည်။
ဂျာနယ်တွင် ပါဝင်မည့် ကဏ္ဍများမှာ နိုင်ငံရေး၊ လူမှုရေး၊ သတင်းများ၊ ရုပ်ပြောင်ကာတွန်းများ၊ အထွေထွေ ဗဟုသုတများ ဖြစ် ပြီး သတင်း အချက်အလက် စုဆောင်းမည့်သူ ၁၃ဦးရှိသည်ဟု သိရသည်။
ခွင့်ပြုချက်အမှတ် ၂သ-၀၂၈ဖြင့် ထုတ်လုပ်သွားမည့် အဆိုပါဂျာနယ်အတွက် စာမူများကို ယခုလ ၂၂ရက်နေ့မှစ၍ နိုဝင်ဘာလ ၂၀ရက်နေ့အထိ လက်ခံသွားဖြစ်ပြီး လာမည့် ကရင်နှစ်သစ်ကူးအမှီ စတင် ထုတ်ဝေသွားမည်ဖြစ်သည်။ ၎င်းနောက် လစဉ် အုပ်ရေ ၃ထောင် ထုတ်ဝေသွားမည်ဟု ဆွေးနွေးခဲ့ကြကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သူ ပါတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။
သူက “ဂျာနယ်ကို ကရင်နှစ်သစ်ကူးနေ့အမှီ ထုတ်လုပ်သွားမှာပါ။ ဒီအတွက် ဂျာနယ်ဖြစ်မြောက်ရေး ကော်မတီ၊ နယ်ဆင်း သတင်းထောက်တွေ၊ ပင်တိုင်ဆောင်းပါးရှင်းတွေကို ၁၇ရက်နေ့ အစည်းအဝေးမှာ အဆင့်ဆင့် ဖွဲ့စည်းထားပါတယ်။”ဟု ဆို သည်။
ဖလုံ-စဝေါ်ပါတီဝင်တစ်ဦးက “အခုချိန်မှာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ရှိနေပါပြီ။ ကျနော်တို့ ဂျာနယ်စည်းကမ်းမှာတော့ ဘာမှမရှိပါဘူး။ နိုင်ငံတော် တည်မြဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒီသုံးချက်ကို မထိခိုက်ရင် ရပါပြီ။ ကျန်တာတွေ လွတ်လပ်စွာ ရေးသားနိုင်တယ်။”ဟု ပြောဆိုသည်။
၎င်းဂျာနယ်ဖြစ်မြောက်ရေး အစည်းအဝေးသို့ ကရင်စာပေအသင်းများ၊ ဖလုံပညာတိုးတက်ရေးယူနစ်(PEDU)အဖွဲ့ဝင်များနှင့် စာပေပညာရှင် စုစုပေါင်း ၇၀ကျော် တက်ရောက်ခဲ့ကြသည်။
Source News from http://www.kicnews.org
Subscribe to:
Posts (Atom)












