+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, December 4, 2009

ထမင်းဝိုင်းအပြင်ဘက်ဆီမှ

ထမင်းဝိုင်းအပြင်ဘက်ဆီမှ
(အောင်ဇေ)

မိသားစုတဖွဲ့
ထမင်းဝိုင်းရဲ့အလည်မှာ
ထည်ဝါနေတာက
ဆားလေးတပန်းကန်။

အသားငါးဆိုတာနတ္ထိ
ငါးပိမျှပင်မရှိသမို့
ဆားတတို့နဲ့ ထမင်းတဆုပ်
ပလုတ်ပလောင်း
လည်ချောင်းမှာတစ်ဆို့။

စို့လာတဲ့မျက်ရည်အသာတကြည်တို့
ခပ်ယို့ယို့ထွက်ခွါ
အိမ်ရှေ့ဝရံတာ
ထမင်းဝိုင်းအပြင်ဘက်မှာ။

အောင်ဇေ
22-June-1998

0 comments:

Post a Comment