(မင်းစိုးစံ)
“ဟို ခင်ဗျားအခုပြောတဲ့ ဗိုလ်စိန်လွင်ဆိုတာ မြန်မာပြည်ရှစ်ဆယ့်ရှစ်အရေးအခင်းတုန်းက သမ္မတလုပ်သွားတဲ့ လူကြီးမဟုတ်လား ကလေးတွေက သူ့ကို စိန်လွင်ခြောက်တန်း တစောက်ကန်း ဆိုပြီး ကောင်းချီးပေးတဲ့လူ လေဗျာ၊ အဲဒါကို ဆရာမင်းသိင်္ခက ကလေးတွေမှားတယ်ဆိုပဲ စိန်လွင်ဟာ ခြောက်တန်းမဟုတ်ပါဘူးတဲ့ လေးတန်းပဲရှိတယ်ဆိုတာ ပြောသွားခဲ့တာလေး အခုထိ မှတ်မိနေတယ် သူ့သမ္မတသက်တမ်းက အံ့လောက် တယ် ၁၃ရက်တဲ့ဗျား”
“ကဲ အဲဒါတွေအသာထားလိုက်ပါ ကရင်အမျိုးသားအာဇာနည်နေ့အတွက် ဘာတွေစီစဉ်ထားတာရှိသလဲ” စကားပြန်လုပ်တဲ့ပုဂ္ဂိုလ်က ဆက်ပြီးမေးလိုက်ပါတယ်။
“ကျနော်ကတော့ ဘာမျှမသိတာအမှန်ပဲ နောက်တခုက ဒီလိုအမျိုးသားရေးနဲ့ပတ်သက်တဲ့အခန်းအနားတွေကို ကော်မတီတခုဖွဲ့ထားပြီး အဲဒီကော်မတီက ဦးဆောင်လုပ်သွားမယ်ဆိုတာတော့ ကြားလိုက်တယ်၊ ကျနော်က လူ သစ်ဆိုတော့ ဝင်မပြောတာပဲကောင်းပါတယ်”
“ရော ခက်ပါကောလားမောင်ရင်ရယ် မင်းတို့လိုလူတွေများများရှိလာလေ အာဏာရှင်တွေဆက်ပြီးအာဏာရှိနေ မှာပဲ၊ ဟိုဟာဆိုလည်း ဝင်မပြော၊ ဒီဟာဆိုလည်း ဝင်မလုပ် လုပ်တဲ့လူတွေကလည်း ကိုယ့်သဘောအတိုင်းလုပ် ချင်တိုင်းလုပ်နေကြတာ ဆိုတော့….. နေပါဦး မောင်ရင်က ဘာတွေပြောစရာရှိနေလို့လဲ ကိုယ့်အမျိုးသားအရေး ဆိုလျင်တော့ ဘေးထိုင်မနေနဲ့နော…”
ရှစ်ဆယ့်ရှစ်ကျောင်းသားဟာ အကြံပေးသလိုလို ပြောလိုက်ရင်း ခုံပေါ်က အချိုရည်ဗူးခွံတွေကို ကောက်သိမ်းပြီး အနီးနားက အမှိုက်ပုံးထဲ ထည့်နေပါတယ်၊ ဒီတော့ လူသစ်ဆိုတဲ့ကိုယ်တော်က
“ပြောစရာမရှိပဲနေမလားဗျာ၊ ကရင့်အမျိုးသားအာဇာနည်နေ့နဲ့ ကရင့်ရိုးရာခြည်ဖြူဖွဲ့တဲ့နေ့ကို တရက်ထဲပေါင်းပြီး လုပ်မလို့ဆိုလား အဲဒါမဖြစ်သင့်ဘူးထင်တာပဲ ကျနော့ထက် အစောကြီးရောက်နေသူတွေတောင် ဘာမျှမပြော တာ ကျနော်ကလူသစ် ၀င်ပြောလို့မဖြစ်ပါဘူး ”
“နေပါဦးကွ ကရင်အာဇာနည်နေ့နဲ့ကရင်ရိုးရာခြည်ဖြူဖွဲ့တဲ့နေ့က တနေ့ထဲကျနေလို့ အခုလိုလုပ်တာနေမှာပေါ့” စကားပြန်လုပ်တဲ့အမေရိကန်နိုင်ငံသားကမေးသလိုလို ဖြေသလိုလို ထင်ကြေးပေးလိုက်ပါတယ်။
“ဘယ်ကလာဗျာ ဒီနှစ်က ဝါထပ်တဲ့နှစ်လေဗျာ အများကြီးကွာတယ်၊ August 25 ရက်နေ့က ဝါခေါင်လပြည့်နေ့ အာဇာနည်နေ့က August 12 ရက်နေ့ ကြားထဲမှာ ၁၃ရက်ကွာတယ်”
ဒီအခိုက်မှာပဲ ရှစ်ဆယ့်ရှစ်ကျောင်းသားက အခုလိုပြောလိုက်ပါတော့တယ်
“ဘာကွာလိုက်တာမှတ်လို့ဗျာ ဒီဆယ့်လေးငါးရက်လေးကို ရေးကြီးခွင်ကျယ်လုပ်လို့၊ ဒီလိုတွက်နေလို့မဖြစ်ဘူး လေ ကာလဒေသနဲ့အခြေအနေကလည်းရှိသေးတယ်၊ လူတွေက အချိန်ရှိကြတာမဟုတ်ဘူး၊ နောက်ပြီးတော့ စနေလိုမျိုး တနင်္ဂနွေလိုနေ့မျိုး ရွေးလုပ်ကြရတာဆိုတော့ ကျနော်တို့အရပ်ဒေသလို ရက်အတိကျလုပ်ဖြစ်ဘို့ဆို
တာကလည်း အခက်သားဗျာ၊ ခင်ဗျားက ရောက်ခါစ,ဆိုတော့ ဒီလိုတိုးတက်နေတဲ့နိုင်ငံမှာ အချိန်ဆိုတာအင်မ တန်ရှားတယ်လို့ပြောလျင် ယုံမှာမဟုတ်သေးဘူး”
“လာပြန်ပြီတယောက် ဒါဆိုလျင် ဒီလိုလုပ်ဗျာ အချိန်တွေကလည်းရှား လူတွေကလည်းမအား ငွေကုန်ကြေးကျ လည်းမများရအောင် ဟိုဒင်း ရှစ်လေးလုံးနေ့နဲ့ ကရင်အာဇာနည်နေ့ပေါင်းလုပ်ကြရ,လျင် မကောင်းဘူးလား ရက် ကလည်း လေးရက်ပဲကွာတယ်လေ”
ဒုက္ခသည်စခန်းကရောက်လာတဲ့ ရွှေကရင်က လေသံခပ်တိုတိုခပ်ပြတ်ပြတ်နဲ့ တည့်ထိုးမေးချလိုက်ပါတယ်။
“ဟိုးဆရာ ဟိုး ဟိုးထားဟိုးထား၊ ခင်ဗျားကတော်တော် အပြောသန်တာပဲ၊ သူတို့ဖြစ်ပေါ်လာပုံခြင်းက မတူဘူး လေ၊ ပြီးတော့ အချိန်ကာလ,ကလည်း ကွာတယ်ဗျ၊ ကျနော်က အချိန်အားလေးရှာပြီးလုပ်ကြလျင် အားလုံးအ ဆင်ပြေမယ်ထင်လို့ပြောလိုက်မိတာပါဗျာ”
“ကျနော်ပြောပြမယ် ကျနော်တို့ ဘိုးဘွားတွေ နောင်တော့်နောင်တော်တွေဟာ ဒီလိုအခါကြီးရက်ကြီးနေ့မျိုး နေ့ ထူးနေ့မြတ်ရက်မျိုးတွေကို သူတို့အချိန်ရှိလို့ အချိန်အားနေလို့ လုပ်တယ်များထင်နေလား မေးကြည့်ဘာမျှမကြာ သေးတဲ့ ရှစ်ရက်ရှစ်လရှစ်ဆယ့်ရှစ်ကိုပဲကြည့်လိုက် ခင်ဗျားရှစ်ဆယ့်ရှစ်ကျောင်းသားမှဟုတ်ရဲ့လား ခင်ဗျား ပြော သလိုလိုက်ပြောရလျင် ခင်ဗျားတို့ဆန္ဒပြတောင်းဆိုခဲ့တာ ဘာအလုပ်အကိုင်မှမရှိလို့ ထအော်ကြတာလား”
ဒုက္ခသည်စခန်းက မကြာခင်ကမှ ရောက်လာတဲ့လူက အေးဆေးတဲ့အသံနဲ့ပြောနေပေမယ့် အသံကနည်းနည်း တုံနေမှန်း အားလုံးသတိထားမိကြပါတယ်၊ ရှစ်ဆယ့်ရှစ်ကျောင်းသားဟာ တရှူးရှူးတရှဲရှဲဖြစ်သွားပြီး
“ဒီမှာ ခင်ဗျားကျနော့်ကို ကြိုက်သလိုပြော ကျနော်ခံမယ်၊ ရှစ်ဆယ့်ရှစ်ကိုတော့ မစော်ကားနဲ့၊ ရှစ်ဆယ့်ရှစ်ဟာ တဦးကောင်းတယောက်ကောင်း တဖွဲ့ထဲကောင်းစားဘို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဖြစ်လာတာမဟုတ်ဘူး၊ တတိုင်း ပြည်လုံး စစ်ကျွန်ဘဝကလွတ်အောင် မြင့်မြတ်တဲ့ရည်ရွယ်ချက်တွေနဲ့ ပြည်သူတွေကြားကပေါက်ဖွါးလာတာ”
“ကျနော်အဲဒါကိုသိလို့ ပြောတာပေါ့၊ အဲဒါကြောင့် အသက်သွေးချွေးတွေပေးဆပ်ခဲ့ ကြသူတွေကို ကျနော်တို့တ ခုတ်တရအသိအမှတ်ပြုလေးစားတန်ဘိုးထားတယ်ဆိုလျင်တော့ အားမှလုပ်မယ်ဆိုတာနဲ့ပေါင်းလုပ်မယ်ဆိုတာ ကို လက်တွေ့အကောင်အထည်မဖေါ်မိဘို့လိုတယ်”
တချိန်လုံးဘာတခွန်းမျှဝင်မပြောပဲ နားထောင်နေတဲ့ စကားပြန်လည်းဖြစ် မြန်မာပြည်ဘွားအမေရိကန်နိုင်ငံသား ဖြစ်နေတဲ့ပုဂ္ဂိုလ်က အခုလိုပြောလိုက်ပါတယ်။
“မင်းတို့တတွေကတော့ ဘီယာလေးနည်းနည်းဝင်တာနဲ့ လေကရွှင်နေတာပဲ၊ အဲဒါတွေက အစည်းအဝေးတွေမှာ ပြောရမယ့်စကားကွ၊ အပြင်မှာကတော့ ဟောင်ဗွာဟောင်ဗွာနဲ့ တကယ့်အစည်းအဝေးကျတော့ ခွေးအ,ကြီးကို လှည်းနင်းထားတာကျနေတာပဲ ဘာသံမျှထွက်တာမဟုတ်ဘူး၊ ကဲ ပြန်ကြမယ် ကားပေါ်တက်”
အားလုံးကားပေါ်ကို တက်လိုက်ကြပါတော့တယ်၊ လမ်းတလျှောက်လုံး ကိုယ့်အတွေးနဲ့ကိုယ်ကြောင့် စကားတ လုံးမှမထွက်တာပဲလား ဘီယာအရှိန်ကြောင့် စကားပြောဘို့မေ့နေကြသလားတော့မသိပါဘူး၊ ကားက အိမ်ရှေ့ ထိုးရပ်လိုက်မှပဲ ရှစ်ဆယ့်ရှစ်ကျောင်းသားနဲ့ ဒုက္ခသည်စခန်းက ကိုယ်တော်ချောတို့နှစ်ယောက် မျက်လုံးပွင့်သွား ပါတော့တယ်။
“ဟေ့ ငါတို့နေတဲ့ တန်းလျားရောက်ပြီ၊ ဆင်းကြစို့”
ရှစ်လေးလုံးကျောင်းသားက ပြောပြောဆိုဆို ကားတံခါးဖွင့်ရင်းဆင်းလိုက်ပါတယ်၊ ဒုက္ခသည်စခန်းကလူသစ်က တော့ ကားမောင်းပို့ပေးတဲ့ အမေရိကန်နိုင်ငံသားစကားပြန်နဲ့ တစုံတခုပြောပြီး ရယ်ကျဲကျဲနဲ့ဆင်းလာပါတော့ တယ်။ ဒါကိုမြင်လိုက်တဲ့ ရှစ်ဆယ့်ရှစ်ကျောင်းသားက
“ဟေ့လူ ခင်ဗျား ဘာတွေဖြစ်လို့ စပ်ဖြဲဖြဲလုပ်နေတာတုန်း”
“အော် ဘာမျှမဟုတ်ပါဘူးကွာ နောက်အပတ်ကျလျင် အခုလိုပြုစုပါဦးဆိုပြီး အဘိုးကြီးကို ပြောလိုက်တာ အဘိုး ကြီးက အခြေအနေအရပေါ့တဲ့ ငါ့ကိုဖျားသွားပြီကွသိလား”
“မင်းကိုကြောက်တာတော့ ဟုတ်မယ်မထင်ဘူး၊ အမြင်ကတ်သွားတာဖြစ်မယ်”
“အေး မင်းပြောတာဖြစ်နိုင်တယ်”
နှစ်ယောက်သား လည်ပင်းဖက်ပြီး အိမ်တံခါးဝ,ထဲ ဝင်သွားကြပါတော့တယ်။
နားပါဦးမယ်။
အဝေးရောက် ကရင်ဒုက္ခသည်တဦး