တရုတ်နိုင်ငံက ဖွံ့ ဖြိုးဆဲနိုင်ငံများကို နှစ်နှစ်အတွင်း
ဒေါ်လာဘီလီယံ၁ဝဝ ကျော် ချေးငှားခဲ့
ဒေါ်လာဘီလီယံ၁ဝဝ ကျော် ချေးငှားခဲ့
ကျော်သူဟန်
်
တရုတ်နိုင်ငံသည် လွန်ခဲ့သောနှစ်နှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ငွေချေးငှားမှု မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။ တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ်တွင် သြဇာလွှမ်းမိုးမှုကြီးမားလာစေရန် ဆောင်ရွက်သည့်လုပ်ငန်းများထဲမှတစ်ခုဖြစ်သည်။ ဖိုင်နန်ရှယ်တိုင်း(စ်)သတင်းစာက ပြောကြားသည်။
၂ဝဝ၉ ခုနှစ်နှင့် ၂ဝ၁ဝ ပြည့်နှစ်အတွင်းတွင် တရုတ်နိုငငံ၏ငွေချေးမှုသည် ၁၁ဝ ဘီလီယံဒေါ် လာရှိခဲ့သည်ဟု သိရသည်။
ထိုငွေများမှာ အစိုးရများထံသို့ တိုက်ရိုက်ချေးငှားခြင်းနှင့် ကုမ္ပဏီလုပ်ငန်း ကြီးများသို့ ချေးငှားခြင်းတို့ပါဝင်သည်။ ထို့အပြင် ထိုငွေအားလုံးကို တရုတ်အစိုးရတစ်ဦးတည်းထံမှ ချေးငှားခြင်းမဟုတ်ဘဲ တရုတ်ဘဏ်များနှင့် အခြားတရုတ်အဖွဲ့အစည်းများထံမှ ချေးငွေများကိုပါ ထည့်သွင်းပေါင်း ထားခြင်းဖြစ်သည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။
ထိုဒေါ်လာ ၁၁ဝ ဘီလီယံသည် ကမ္ဘာ့ဘဏ်က ချေးငှားသော စုစု ပေါင်းပမာဏဒေါ်လာ ၁ဝဝ ဒသမ ၃ ဘီလီယံထက် ပိုမိုများပြားသည်။
တရုတ်အစိုးရသည် နိုင်ငံခြားအရန်ငွေကြေး (Foreign Exchange Reserve) ၂ဒသမ၆ထရီလီယံ ပိုင်ဆိုင်ထားပြီး ကမ္ဘာပေါ် တွင် နိုင်ငံခြားအရန်ငွေကြေး အများဆုံးရှိသောနိုင်ငံဖြစ်သည်။
တရုတ်ဖွံ့ ဖြိုးတိုးတက်မှုဘဏ် (CHDB) ၊ ကုန်သွယ် ရေးဘဏ်နှင့် တရုတ်ဘဏ်တို့ကတစ်ဆင့် ငွေချေးငှား မှုများလည်းရှိသည်။
အဓိကအားဖြင့် တရုတ်နိုင်ငံအတွက် အရေးတကြီးလိုအပ်နေသော ရေနံနှင့်သဘာဝဓာတ်ငွေ့များ ထွက်ရှိရာ နိုင်ငံများကို ချေးငှားခြင်းဖြစ်သည်။
ရထားလမ်း၊ ကားလမ်း ဖောက်လုပ်ခြင်းတို့အတွက်လည်း တရုတ်ဘဏ်များက ဖွံ့ ဖြိုးဆဲနိုင်ငံများကို ငွေးချေးငှားသည်။
ရေနံတွင်းတူးဖော်ခြင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်း များသွယ်တန်းခြင်း စသောပရောဂျက်အကြီးများ လုပ်ဆောင်နိုင်ရေးအတွက် အပေးအယူသဘောဖြင့် ချေးငှားခြင်း ဖြစ်သည်ဟု ပညာရှင်များက သုံးသပ် ကြသည်။
Source: AP
ကျော်သူဟန်
Source News from http://www.ecovisionjournal.com/news/index
0 comments:
Post a Comment