+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, October 15, 2011

မြ၀တီမြို့ အမှတ်(၅)ရပ်ကွက် မိနစ်၂၀ကြာ မီးလောင်



မြ၀တီမြို့ အမှတ်(၅)ရပ်ကွက် မီးလောင်

Saturday, 15 October 2011

မြ၀တီမြို့ အမှတ်(၅)ရပ်ကွက် သောင်ရင်းမြစ်ဘေးရှိ အမှတ်(၁၀) ဂိတ်ဝင်းအတွင်း အောက်တိုဘာ ၁၄ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ယာဉ်မောင်းအောင်သန်းဦး မောင်းနှင်သည့် ဆီဘောက်ဆာကားအား ဓာတ်ဆီဖြည့်စဉ် မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်းသိရှိရသည်။



မီးလောင်ကျွမ်းခြင်းကြောင့် ဆီဘောက်ဆာကားအတွင်း ဓာတ်ဆီပေပါ အလုံး ၅၀ ခန့်နှင့် ဂါလန် ၁၀၀ ကျော် လောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်း၊ဆီအလုပ်သမားတစ်ဦး ခါးအောက်ပိုင်း ဒဏ်ရာရရှိခဲ့ကြောင်း၊ အနီးရှိ လူနေအိမ်များအား ကူးစက်လောင်ကျွမ်းခြင်း မရှိခဲ့ကြောင်း သိရသည်။



''၀ုန်းဆိုတဲ့ အသံလည်းကြားရော မီးပေါက်ထွက်တာ မြင်လိုက်ရတာပါပဲ။ အိမ်ကလည်းကပ်နေတော့ အလန့်တကြား ဘာပစ္စည်းမှမယူဘဲ ထွက်ပြေးကြတယ်။ ဆီအလုပ်သမား တစ်ဦးဒဏ်ရာရသွားတယ်။ ဆီပုံး တွေလည်း ပေါက်ထွက်တယ်'' ဟု မီးလောင်သည့်နေရာအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။



အဆိုပါမီးလောင်ရာသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများက မီးသတ်ယာဉ် သုံးစီး၊ ရေသယ်ယာဉ် ၁၅ စီးတို့ဖြင့် မီးငြိမ်းသတ်ကြရာ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်အချိန်တွင် မီးစွယ်ကျိုးကာ ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

Copy from http://www.news-eleven.com

0 comments:

Post a Comment