+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, January 30, 2010

ယ်ုဖႜုံထီ့ခါန်ၟထာခေါဟ်

ကရင်ညီအစ်ကိုမောင်နှမအပေါင်းနဲ့ ကရင့်မျိုးချစ်ပုဂ္ဂိုလ်များအားလုံးအပြင် ကရင့်သမိုင်းကို လေ့လာနေကြတဲ့ သုတေသီများအပါအ၀င် ကရင်တမျိုးသားလုံးအတွက် ကရင့်တော်လှန်ရေးနေ့မှာ ကရင့်နိုင်ငံတော်သီချင်းကို ရှာဖွေဖေါ်ထုတ် ရေးသားတင်ပြလိုက်ပါတယ်။

ဒီသမိုင်းဝင်တေးကို လွန်ခဲ့တဲ့အနှစ်၂၀ လောက်တုန်းက ကရင့်အမျိုးသားလွတ်မြောက်နယ်မြေမှာရှိတဲ့ ရုပ်ရှင်ရုံ တွေမှာ ရုပ်ရှင်မပြခင် အဲဒီသီချင်းကိုဖွင့်ပါတယ်၊ အားလုံး မတ်တတ်ရပ်ပေးကြပါတယ်။

ရေးသားခဲ့တာကတော့ အတော်ကိုကြာမြင့်ပြီးဆိုတာ သိရပေမယ့် ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘယ်သူတွေ က ဘာကြောင့်ရေးခဲ့တယ်ဆိုတာကိုတော့ အတိအကျမပြောနိုင်ပါဘူး။

ခန့်မှန်းခြေအရ ဒီ ကရင့်နိုင်ငံတော်သီချင်း ဟာ ကရင့်အမျိုးသားသီချင်း နဲ့ အချိန်ကာလအားဖြင့် သိပ်မကွာခြား လှကြောင်း ပြောဆိုနေကြပါတယ်ဆိုတာ အသိပေးရေးသားလိုက်ရပါတယ်။

ယ်ုဖႜုံထီ့ခါန်ၟထါခေါဟ်

ယ်ုဖႜုံထီ့ခါန်ၟ-- ဃှီ့ဟှေဝ်ဍုဂ်ပါင်--- ယ်ုမုယိုင်ဍေထါခေါဟ်--------
ဆ်ုလူၟဆ်ုဍါ---ခေါဟ်လံင်ထုင်ၟလံင် ဃှီ့လာဍေါဟ်ဏှ်----- ယ်ုလ၀်သှေ်လှ်

ယ်ုအဲဏ်ုသိင်းဏ်ုဝး----- ထီ့ခေႜါဟ်ဖေါဟ်ဖါန်ဆိင့်ဃှီး-------
ဏ်ုဆ်ုဃှီ့လာလုက်ဆိင့်ယ်ုအဲ --------ယ်ုသာယ်ုဖှေ်ဆေ၀်ၟလှ်

ခါန်ၟမွဲါဃှီ့ဟှေဝ်ဍုဂ်ပါင်------ ခါန်ၟဆူလါင့်ဃှီ့လာဟှေး--------
ဏ်ုဆ်ုဃှီ့လာလုက်ဆိင့်ယ်ုအဲ--------- ယ်ုသာယ်ုဖှေ်ဆေ၀်ၟလှ်

ထီ့ဆေ၀်မေ၀်ယွါ ဍေခါန်ၟဆူလါင့်-------- ဟ်ုဆုဖံင်ဖေႜ၀်အ်ုဟှင်ၟ--------
ဏ်ုဆ်ုဃှီ့လာလုက်ဆိင့်ယ်ုအဲ---------- ယ်ုသာယ်ုဖှေ်ဆေ၀်ၟလှ်

ပ်ုဖါၟသ္ဘာံင်လ်ုဝီၟလ်ုဖး---- မွဲါအဲဝေ့ဆ်ုအုဟှေဝ်-----
အ်ုဝေ့သီး္ဘး ဆ်ုမါနိုင်----- ဍေမႝီဟ် ဆိုဒ်လ်ုဖးအ်ုစံင်(ကျံင်)

္ဘးသုဂ်အ်ုသါ ယါင်ယှးထင်းခွိက်--------- ဍေဖေါဟ်လီသယ်လ်ုဖး
ခါ့ယို၀္ပု္ခါန္ၟ----- ကဲထါင္ဖႜဳံခါန္ၟ------- လု္၀ီၟမဲြါဖႜဳံထီ့ခါန္ၟ--------

ကေ၀်ဍံင်ဏေ၀်ၟလု သံင်းလေါဟ်လိက်ဆြာ့ ကြိုဒ်္ဘးသှေ်ယါ့ ဆြာ့စူးဖံင်းလိက်အုဂ် အိုဝ်ဆေ၀်ၟလှ်။
စာသင်ပေးသောဆရာ သိသင့်သိထိုက်သည့် ဆရာကိုင်စာအုပ် မှ ကူးယူရေးသားတင်ပြပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဒေါ်ချဉ်စုတ်နဲ့ ဦးစိတ်မှန်

Photo by; http;//ehkhaungthaunt.blogspot.com

ဒေါ်ချဉ်စုတ်နှင့် ဦးစိတ်မှန်(ဟှာၟဆါင်း္ဘင်ဍေ မါန်စ၀်သာတ၀်)

(နန်းယဉ်လဲ့) (နာန်ၟဃှီ့ဖါန်)

ဒေါ်ချဉ်စုတ်ဟာ ဆင်းရဲနုံခြာလွန်းလှတဲ့ ဦးစိတ်မှန်ရဲ့မိသားစုကိုကြည့်ပြီး အခုလိုမေးလိုက်ပါတယ်။

“ဒီမယ်….ဦးစိတ်မှန်၊ ရှင်ကတော့လေ အမျိုးသားရေးလုပ်နေတာ နှစ်တွေလ,တွေ အတော်ကြာနေပြီ၊ဒါပေမယ့် ရှင့်မိန်းမ,နဲ့ ကလေးတွေက စုတ်ပြတ်သတ်နေသလို ရှင့်တဲလေးကလည်း ယိုင်နဲ့ပြီးပြိုတော့မယ်၊
ဒီလောက်ဖြစ်နေတာ ရှင်ဘယ်လိုတွေတွေးခေါ်စဉ်းစားနေလဲ? ကျွန်မ,ရဲ့ခင်ပွန်းသည်ကိုပဲဖြစ်ဖြစ် အခြားလူတွေ ကိုပဲဖြစ်ဖြစ် နည်းနည်းပါးပါးအတုယူပါဦးတော့လား?
သူတို့တတွေ အမျိုးသားအတွက်လုပ်တာ ဘာကြာလို့တုန်း ၂နှစ် ၃နှစ်ပဲရှိသေးတယ်၊ အခုကြည့်စမ်း တိုက်တွေ ကားတွေနဲ့ ရှင့်သားမယားတွေကို အဲ့ဒီလိုမထားချင်ဘူးလား?

အဲဒီလို ဒေါ်ချဉ်စုတ်ပြောတဲ့အတွက် ဦးစိတ်မှန်ပြန်ပြောလိုက်ပုံကတော့……..

“ဟုတ်တာပေါ့ ဒေါ်ချဉ်စုတ်ရယ်…. ခင်ဗျားပြောသလို ခုအချိန်အခါမှာ ခင်ဗျားယောင်္ကျားလိုပဲ အခြားလူတွေဟာ ကိုယ့်အတွက်လုပ်စားကြတာ တပုံတပင်ကြီးမှတပုံတပင်ကြီးပါ၊ ရိုက်သတ်လို့တောင်မကုန်ဘူး။
သူတို့အတွေးက တမျိုး၊ ကျုပ်အတွေးကတော့ ကျုပ်ဇနီးနဲ့သားသမီးတွေ ဆင်းရဲချင်ရင်ဆင်းရဲပါစေ၊ကျုပ်လူမျိုး နဲ့ ပြည်သူလူထု တိုးတက်ကြီးပွါးချမ်းသာမယ် အေးအေးချမ်းချမ်းနေရ,မယ်ဆိုရင် ကျုပ်ကြေနပ်ပြီ။

ဒါကြောင့် ဒေါ်ချဉ်စုတ်ရေ ကျုပ်ပြောပြမယ် အသေအခြာနားထောင် ဒီကနေ့လက်ရှိအခြေအနေအရ ကျုပ်တို့က ရင်အမျိုးသားတွေထဲမှာ ခင်ဗျားခင်ပွန်းယောင်္ကျားလို အသက်မွေးဝမ်းကျောင်းတဲ့လူတွေအများကြီး၊ သူတို့အ ပြောက အမျိုးသားအတွက်လုပ်မယ်၊ အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်မယ်ဆိုကြပေမယ့် ငြိမ်းချမ်းရေး နဲ့ လွတ်မြောက်ရေးအတွက် ဘာတွေဖြစ်ထွန်းတိုးတက်လာသလဲ? စာပေနဲ့ယဉ်ကျေးမှု တိုးတက်လာတာလည်း ဘာတခုမှမတွေ့ဘူး။ကိုယ့်အတွက်ချည်းသက်သက် မိသားစုအတွက်ချည်းသက်သက် လုပ်နေကြတာ။

အခုလိုကရင်လူမျိုးတွေ ဒုက္ခပေါင်းသောင်းခြောက်ထောင်နဲ့ ကြုံနေကြရတာ၊ ကရင်လူမျိုးတွေ မတိုးတက်မကြီး ပွါးကြတာ၊ မလွတ်မြောက်နိုင်ကြတာဟာ ခင်ဗျားခင်ပွန်းသည်လို ကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့လူစားတွေများ နေလို့ ဆိုတာ ခင်ဗျားသိရဲ့လား ဒေါ်ချဉ်စုတ်”

အဲဒီနောက်မှာတော့ ဦးစိတ်မှန်ရဲ့ ဒေါသတကြီးပြောဆိုလိုက်သံတွေကြောင့် ဒေါ်ချဉ်စုတ်တယောက် ဘာမှမ ပြောဝံ့တော့ပဲ ခေါင်းကိုတဗျဉ်းဗျဉ်းကုတ်ရင်း ထွက်သွားပါတော့တယ်။

ဦးစိတ်မှန်ပြောတာ မှန်တယ်မမှန်ဘူးဆိုတာ စာရှုသူများအနေနဲ့ စဉ်းစားပေးစေချင်ပါတယ်။

နန်းယဉ်လဲ့(နာန်ၟဃှီ့ဖါန်)
(အိန္ဒု) (အိင်ထုက်)

အားမာန်သစ်မဂ္ဂဇင်း(September 01,2001)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, January 29, 2010

ငချွတ်အိပ်မက်

ငချွတ်အိပ်မက်
(မင်းစိုးစံ)

(က)
“ကဲဗျာ….ကျုပ်အတွက်မြန်မြန်လုပ်ပေးစမ်းပါ၊ အရေးကြီးနေလို့”

ငချွတ်တယောက် ကရင်လွယ်အိတ်အတွင်းသို့ စာအုပ်များနှင့် စာရွက်စာတန်းများကို ဘိုသီဘတ်သီ ထိုးတည့် ရင်းက ဆိုင်ရှင်ကိုအလောတကြီးပြောလိုက်၏။

“ဘယ်လိုဖြစ်နေတာလဲ ကိုငချွတ်ရယ်….ဘာတွေဒီလောက်တောင်အရေးကြီးနေလို့လဲဗျ၊ ဖြည်းဖြည်းပေါ့ဗျာ”
“ဖြည်းနေလို့မရဘူးကိုယ့်လူ….ဒီနေ့က ပွဲကြီးပွဲကောင်းဗျ၊ ကျွန်တော်တို့တတွေ….တောင့်တ,နေတဲ့ မျှော်လင့် နေတဲ့ တရားမျှတ,မှုအတွက်….အဖြေပေးမယ့်နေ့ဗျ”

ဆိုင်ရှင်က ငချွတ်သောက်နေကျ ကော်ဖီခါးခါးတခွက်နှင့်၊ ပဲပလာတာတပွဲကို ချပေးရင်းမေးလိုက်သောကြောင့် ငချွတ်က ပြန်ဖြေလိုက်ခြင်းဖြစ်သည်။

“ဘာတွေဘယ်လိုဖြစ်ကုန်လို့လည်း ကိုငချွတ်ရယ်…ကျွန်တော်တော့ ဘာမှကိုမှနားမလည်ဘူး”
ငချွတ်သည် ပဲပလာတာကို ကော်ဖီဖြင့်ကတိုက်ကရိုက်မျှောချလိုက်ရင်း……

“အဲဒါပြောတာပေါ့….ညောင်သီးလည်းစား လေးသံလည်းနားထောင် ဆိုတာ၊ ခင်ဗျားက စီးပွါးရေးပဲ လုပ်နေတာ ကိုး ဘာတွေဘယ်လိုဖြစ်နေတယ်ဆိုတာ နားမှမထောင်ပဲ၊ အချိန်ကျရင် ကော်ဖီဘိုးကို ဆန်နဲ့၊ ဆီနဲ့၊ ပဲနဲ့ မီးသွေး နဲ့ ရှင်းမယ့်ဟာကိုပဲတွက်ပြီး ဘယ်ဈေးနဲ့ ပြန်ထုတ်ရမလဲဆိုတာလောက်ပဲ ခေါင်းထဲထည့်ထားတာဆိုတော့ ဘာ သိမှာလိုက်လို့ဗျာ”

ထိုအခါ ဆိုင်ရှင်သည် နီးစပ်ရာထိုင်ခုံတလုံးကို ဆွဲယူရင်း ငချွတ်နှင့်နီးသည်ထက်နီးအောင် တိုး၍ထိုင်လိုက်ပြီး

“ကိုငချွတ်….. ကျွန်တော့် ကော်ဖီဆိုင်လေးမှာ သူတို့လာသောက်တယ်၊ ရိက္ခာထုတ်ပြီးတာနဲ့ ဆန်တွေဘာတွေ လာပေးတယ်၊ အဲဒါ ဘာဖြစ်လို့လည်း၊ စခန်းအပြင်က ရှမ်းမ,ဆိုင်မှာ အကောင်းစားအရက်၊ ဘီယာ၊ အဆင့်မြင့် မြင့်အစားအသောက်ရောင်းတဲ့ ဆိုင်မျိုးကျတော့ ခင်ဗျားထည့်မပြောတော့ဘူးလားဗျ၊ ကျွန်တော့်ဆိုင်ကို ဆန်တ အိတ်ဝင်လာရင် ရှမ်းမ,ဆိုင်ဆိုရင် ဆန်ဘယ်နှစ်အိတ်၊ ဆီဘယ်နှစ်ဖါ ရောက်သွားပြီလည်းဆိုတာလောက်တော့ ကျွန်တော်တွက်လို့ရ,သလို သိလည်းသိနေပါတယ်လေ”

ငချွတ်ဘာမှမပြောတော့ အဖန်ရည်အိုးထဲမှ လ္ဘက်ရည်ကြမ်းကို ခွက်ငယ်တခုထဲထည့်ပြီး တဖူးဖူးမှုတ်သောက် နေလေတော့၏။ ဆိုင်ရှင်၏စကားကြောင့် အဖန်ရည်အိုးထဲမှ ရေနွေးကြမ်းသည် ခါတိုင်းမနက်တွေထက် ပို၍ပူ လွန်းသည်ဟု ငချွတ်ထင်နေမိသည်။

“အခု ခင်ဗျားသွားမယ်ဆိုတဲ့ကိစ္စက ဘာကိစ္စမို့လို့ အရေးကြီးတယ်လို့ပြောနေရ,တာလဲ၊ ကျွန်တော်တော့ မထင် ပေါင် ကျွန်တော်က ဈေးရောင်းစားနေတယ်ဆိုပေမယ့် ခင်ဗျားထက်ပိုမသိနိုင်ရင်သာရှိချင်ရှိမယ် လျော့တော့မ လျော့ဘူးနော် လူတိုင်းကိုလျှော့မတွက်နဲ့ မှားသွားမယ်ဗျို့”

ဆိုင်ရှင်သည် ပြောပြီးပြီးခြင်း ငချွတ်အနားမှ ထ,သွားလေ၏၊ ဆိုင်ရှင်၏အပြောများသည် သူ့အဘို့အသက်ရှူ ကြတ်မတတ် အနေရ,အထိုင်ရ,ခက်လှသည်။ ဆိုင်ရှင်ထွက်သွားမှ အနည်းငယ်နေသာထိုင်သာရှိသွားသည်ဟု သူ့ကိုယ်သူကောက်ချက်ချမိသည်။

“စာအုပ် ဟေ့”

ဆိုင်မှမထွက်မှီ ထုံးစံအတိုင်းသုံးနေကျ စကားကိုပြောပြီးထွက်လာခဲ့သည်၊ ခြေလှမ်းလေးငါးဆယ်လှမ်းခန့် အ ရောက်တွင်

“ကိုငချွတ် ခင်ဗျားဘောပင်မေ့နေတယ်”

ဆိုင်ရှင်၏ တူဖြစ်သူက အပြေးကလေးလာ၍ ဘောပင်လာပေးသည်၊ စောစောက ငချွတ်ပြောခဲ့သော “စာအုပ်” ဟူသည်မှာ “အကြွေး” ဟုဆိုခြင်းဖြစ်သည်၊ ငချွတ်တယောက်အတော်ကလေး စိတ်လှုပ်ရှားနေသည်၊ လွန်ခဲ့ သောအပတ်ကမှ အသစ်ရွေးကောက်ခြင်းခံရသည့်ကော်မီတီအဖွဲ့တွင် အဖွဲ့ဝင်ဖြစ်လာသည့်အတွက် မိမိစွမ်း ဆောင်နိုင်သည့်ဘက်မှ ဒုက္ခသည်များအတွက် အိတ်သွန်ဖါမှောက်ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက် အသား ကုန်အလုပ်လုပ်ပြရန် စိတ်အားထက်သန်လွန်း၍ ယခုကယ့်သို့ နမော်နမဲ့နိုင်နေခြင်းဖြစ်ကောင်းဖြစ်မည်။

ကော်မီတီရုံးခန်းအတွင်းသို့ ငချွတ်ရောက်သွားသည့်အခါ အဖွဲ့ဝင်အတော်များများ ရောက်ရှိနေနှင့်ပြီးဖြစ်သည်၊ သို့သော် နေရာယူထိုင်နေကြသည့်ပုံစံနှင့်အသွင်အပြင်များသည် အစည်းအဝေးပုံစံမျိုးနှင့်မတူပဲအမဲဖျက်နိုင်ရန် အတွက် လူစုသည်နှင့်တူနေတော့၏။

ငချွတ်ရောက်ပြီးမကြာမှီ ကျန်သူများလည်းရောက်လာကြသည် ခေါင်းဆောင်လုပ်သူက စ,၍ပြောပါတော့သည်။

“မနေ့ညက ဆန်ဂိုထောင်ထဲမှာရှိနေတဲ့ ဆန်အိတ်အလွတ် အလုံး ၆၀ကို ချက်ကြီးခိုးသွားတယ်၊ လွန်ခဲ့တဲ့၂ရက် တုန်းက ဆန်ဝေနေတဲ့အချိန်မှာ ငပြူးက ဆန်နှစ်ပုံးကို လူအများကြီးရှေ့မှာ ခပ်တည်တည်လုယူသွားတယ်၊ အဲ ဒီတော့ ဒီပြဿနာဟာ လူကြားလို့လည်းမကောင်းပါဘူး၊ ချက်ကြီးခိုးသွားတဲ့ ဆန်အိတ်အလွတ်အား လုံးကိုအ မြန်ဆုံးပြန်ဖြည့်ပေးဘို့ရာ လိုအပ်တယ်ဆိုတာအားလုံးအသိပါ၊ ဒီတော့ ရိက္ခာထုတ်တဲ့အချိန်မှာ ကောက်လို့ရ,တဲ့ ပိုက်ဆံထဲက ဆိုက်ဝယ်လိုက်ကြပါ”

“ဟုတ်ပါတယ်….ကောင်းပါတယ်……မှန်ပါတယ်….”

“ငပြူးကတော့ ဆန်နှစ်ပုံးလာလုသွားတဲ့အချိန်မှာ အတော်မူးနေတာဖြစ်တယ်၊ နောက်ပြီးတော့သူဟာ ဘယ် တုန်းကမှ ဆိုးသွမ်းခဲ့တာမဟုတ်သလို ထုတ်ပြန်ထားတဲ့စည်ကမ်းတွေကိုလည်း ဖေါက်ဖျက်ကျူးလွန်ခဲ့တာမ ဟုတ်တဲ့အတွက် နောက်နောင်ဒီလိုမလုပ်တော့ပါဘူးဆိုတာကို ခံဝန်ချက်လက်မှတ်ထိုးခိုင်းမယ်”

“တကယ်ဟုတ်ပါတယ်…..အရမ်းကောင်းပါတယ်…..သိပ်မှန်ပါတယ်…”

(ခ)
ကော်ဖီဆိုင်လေးသည် ခါတိုင်းနှင့်မတူပဲ အထူးတိတ်ဆိတ်နေသည်ဟု ငချွတ်ထင်သည်၊ အဖြစ်အပျက်များကို ငချွတ်ပြန်စဉ်းစားလိုက်တိုင်း သူ့ကိုယ်သူအားမလိုအားမရ,ဖြစ်နေသည်၊ ပြစ်မှုကျူးလွန်သူကို အရေးယူရန်တိကျ ပြည့်စုံသည့် ဥပဒေမရှိ၍လော၊ သို့တည်းမဟုတ် ဥပဒေစိုးမိုးမှုမရှိသည့်ဒေသမျိုးဖြစ်သဖြင့် ဖြစ်ချင်တိုင်းဖြစ်နေ သည်လော။

“ကိုငချွတ်…..ဘာတွေစဉ်းစားနေလဲဗျ၊ မနေ့တနေ့က ခင်ဗျားပြောတဲ့ အရေးကြီးတဲ့ကိစ္စ အခြေအနေဘယ်လို လဲ”

ဆိုင်ရှင်က ခနဲ့သလိုလို ရွဲ့သလိုလိုပြောလှာ၏၊ ငချွတ်စိတ်မဆိုးပါ၊ လုပ်ချင်ကိုင်ချင်စိတ်တခုတည်းဖြင့် အရာ ရာကိုအကောင်းမြင်ဝါဒ,စွဲကိုင်နေမိသောကြောင့် ဆိုင်ရှင်ကိုပြောခဲ့မိသည့်စကားများကို ပြန်တောင်းပန်ရ,ပေ မည်။

“အေးဗျာ…ကျွန်တော်လည်း အခုဖွဲ့တဲ့ကော်မီတီအသစ်ထဲမှာ အဖွဲ့ဝင်တယောက်ဖြစ်တော့ လုပ်ချင်ကိုင်ချင်တာ ကိုပဲသိပြီး ခင်ဗျားကို စော်ကားသလိုပြောခဲ့မိတဲ့အတွက် ကျွန်တော်တောင်းပန်ပါတယ်ဗျာ”

ဆိုင်ရှင်သည် ငချွတ်ကို လက်တို့၍ သူ၏ဆိုင်အတွင်းခန်းထဲသို့ခေါ်သဖြင့် ငချွတ်လိုက်သွားသည်။

“ကဲ….. ကိုငချွတ်…..ဒီမှာထိုင်၊ ရော့ ….ဒါက ဒန့်ကျွဲရွက်လက်သုတ်၊ ပုဇွန်ခြောက်နိုင်နိုင်၊ ကြက်သွန်ကြော်နိုင် နိုင်နဲ့ မြေပဲဆံခပ်များများလေးထည့်ပြီးသုတ်ထားတယ်၊ ဒါကတော့ ခင်ဗျားအကြိုက်အဖန်ရည် တောင်ကြီးက ကျွန်တော့်မိတ်ဆွေ ပို့ပေးလိုက်တဲ့လ္ဘက်ခြောက်…”

ဆိုင်၏အတွင်းခန်းထဲတွင် ဆိုင်ရှင်နှင့်ငချွတ်နှစ်ဦးတည်းသာရှိ၏၊ ဆိုင်ရှေ့တွင် စားသောက်သူများ တဖွဲဖွဲလာ ရောက်စားသောက်နေကြ၏။

“ကိုငချွတ်က ကျွန်တော့်ကို ဘာဖြစ်လို့တောင်းပန်ရ,တာလည်း၊ ခင်ဗျား ကျွန်တော့်ကိုပြောတဲ့စကားထဲမှာ စော် ကားတဲ့အသုံးအနှုံးမျိုး ကျွန်တော်မကြားမိပါလား…”

အဖန်ရည်ကို ခွက်အတွင်းဖြည့်ရင်း ဆိုင်ရှင်က ငချွတ်ကိုမေးခွန်းထုတ်နေသည်၊ ငချွတ်ကတော့ ဒန့်ကျွဲရွက် လက်သုတ်ကို ဇွန်းဖြင့်ခပ်ကာ ဝါးနေလိုက်သည်။

“ဒီလိုလေဗျာ ကျွန်တော်က ခင်ဗျားကို ညောင်သီးလည်းစား လေးသံလည်းနားထောင် ဆိုပြီးပြောခဲ့တယ်မဟုတ် လား၊ တကယ်တော့ ကျွန်တော်မသိတာတွေ ကျွန်တော်မထင်ထားတာတွေဟာ တကယ့်ကိုအများကြီးမှတ ကယ့်အများကြီးပဲဗျ၊ ဒါကြောင့်မို့လည်း ခင်ဗျားကို ကျွန်တော်တို့မျှော်လင့်တောင့်တ,နေတဲ့ အမှန်တရား ဆိုပြီး စကားကြီးစကားကျယ်တွေနဲ့ ကိုင်တုတ်မိတာကို ကျုပ်ရှက်တယ်ဗျာ”

ငချွတ်သည် အမှန်တကယ်ပင်ရှက်မရှက်ဆိုသည်ကိုတော့ သူကိုယ်တိုင်ပင်သိပေမည်၊ သို့သော် လုပ်ချင်ကိုင် ချင်စိတ်များ အရိုက်ချိုးခံလိုက်ရပြီဆိုလျှင် ပို၍မှန်နိုင်ပါသည်။

“ခင်ဗျား စဉ်းစားကြည့်ဗျာ ဆန်အိတ်အလွတ် အလုံး၆၀ အတွက်၊ အပြစ်ရှိတဲ့လူကို အပြစ်မပေးပဲနဲ့ မရှိမဲ့ရှိမဲ့ထဲ က ပေးလိုက်တဲ့ ပိုက်ဆံကို အဲဒီလူအတွက် စခန်းတခုလုံးက စိုက်လျှော်ရ,တယ်ဆိုတာ မဟုတ်သေးဘူးဗျ၊ ဆန် နှစ်ပုံးလုသွားတဲ့ ငပြူးကိုလည်း လက်မှတ်လေးထိုးရုံနဲ့ အပြစ်ကလွှတ်လိုက်တယ်ဆိုတော့ ဒါလည်းမဟုတ်သေး ဘူး”
“အနိမ့်ဆုံးအဆင့်ဗျာ ချက်ကြီးအနေနဲ့ ဆန်အိတ်အလွတ်အတွက် ငွေမလျှော်နိုင်ရင်တောင် ဆန်ဂိုဒေါင်အမိုးမိုး ရင် စာသင်ကျောင်းပြင်ရင် ဘာသာရေးအဆောက်အဦးတွေ ပြင်တာတွေမှာ လုပ်အားပေးခိုင်းပေါ့ဗျ၊ ငပြူးဆို လည်း သူ့ရိက္ခာထဲက တပတ်ကို တပြည်၊ ဒါမှမဟုတ် နို့ဆီဗူးလေးလုံးလောက် ဖြတ်ယူထားပြီး တခြားရိက္ခာမရ, သေးတဲ့လူကို ပေးလိုက်ပေါ့ဗျ ဟုတ်ဘူးလား”

ငချွတ်သည် မိုးကျလ္ဘက်သုတ်ကိုစားရင်း ရေနွေးကြမ်းသောက်ရင်းဖြင့်သူ့အမြင်များကိုပြောနေတော့သည်၊ ဆိုင် ရှင်သည် ငချွတ်ကိုပြုံးကြည့်လိုက်ရင်း

“ကိုငချွတ်ရေ…..ချက်ကြီးတို့ ငပြူးတို့ဆိုတာ ခင်ဗျားလိုပဲ အမှန်တရားကို လိုချင်တဲ့လူတွေ၊ပြီးတော့ ခင်ဗျားလိုပဲ လူငယ်လူရွယ်လေးတွေမဟုတ်လား၊ နောက်တချက်က မတရားတာ မမှန်တာကို ပြင်ချင်တဲ့စိတ်ကလည်း ခင် ဗျားလိုပဲ၊ သူတို့အခုလို ဘာကြောင့်လုပ်ရ,သလဲဆိုတာ ကျွန်တော့်ကို လာပြောပြကြတယ်”

ထိုအခိုက် ဆိုင်ရှင်၏တူဖြစ်သူရောက်လာပြီး
“ဦးလေး… စခန်းလုံခြုံရေးမှူးရောက်နေတယ်…ဦးလေးနဲ့ပြောစရာရှိတယ်တဲ့”

“ကိုငချွတ်ရေ…..ကျုပ်သွားတွေ့လိုက်ဦးမယ်….ခင်ဗျားခဏစောင့်နေ….အေးအေးဆေးဆေးပေါ့….
ဟုတ်လား…”

(ဆက်ရန်)

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, January 28, 2010

ခေါဟ်ကြိုင်အ်ုတ္ဘားသှေ်ယါ့



ခေါဟ်ကြိုင်အ်ုတ္ဘားသှေ်ယါ့

(စ၀်ဆိင့်ပြင်)

ကဲမႝီဟ်ၟ လိုဒ်ၟကာခေါဟ်ဍါ
ထီ့ခါန်ၟဆိုဒ်ဟှင်ၟ ဟု္ဘးမာ။


လ်ုဟှာလ်ုစယ် အေမ္ဘာိုဝ်
အ်ုဏင်း ဟ်ုကိုဝ်အဲလင်ဆိုဒ်။


ဆိုဒ်အ်ုဟှင်ၟ အေဖံင်းထင်းတယ်
ကဲခေါဟ်ကြိုင်္ဘးသှေ်ယါ့တယ်။


ဍေဟှာင်ၟဃှဲု့ဃှ္ဘားကေႜစိုဒ်
ထုဂ်သာ ယင့်သ္ဘားမ္ဘာိုဝ်။


အင်းဏင်ခိင့်ဖ္ဘါးယေါဝ်ၟစိုဝ်
ဃှိုင့်ဃှဲု့လ်ုအှ်္ဘးအဲဍိုဝ်။

ဃှူ့မိင်အ်ုတာ အှ်ထ၀ယ်

ကဲခေါဟ်ကိုဝ်ဟှာ သှေ်ယါ့ဝယ်။


စ၀်ဆိင့်ပြင်
(ဏင့်္ဘိုဝ်)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သူယုံကြည်ရာကဏ္ဍ(VOA Burmese Section)



ပညာရေးစံနစ်ကို ပြင်ဆင်ဘို့

ကိုရဲဟန်
ဗိသုကာပညာကျောင်းသား(တတိယနှစ်)


ကျွန်တော်ယုံကြည်တာကတော့ ယနေ့မြန်မာနိုင်ငံရဲ့ ယိုယွင်းပျက်ဆီးနေတဲ့ပညာရေးစံနစ်ကြီးကို ပြုပြင်ပြောင်း လဲနိုင်ရင် ခေတ်မှီတိုးတက်ဖွံ့ဖြိုးသော မြန်မာပြည်ကြီးကိုတည်ဆောက်နိုင်ဘို့ မဝေးဘူးလို့ယုံကြည်ပါတယ်။
တိုင်းပြည်တခုတည်ဆောက်ရာမှာ အသိပညာအတတ်ပညာရှင်တွေ အများကြီးလိုပါတယ်၊ အဲဒီပညာရှင်တွေကို မွေးထုတ်နိုင်ဘို့ စစ်မှန်တဲ့အရည်အသွေးမှီပညာရေးစံနစ်တခု လိုအပ်ပါတယ်။

ဒီနေ့မြန်မာပြည်မှာ ကျွန်တော်တို့သိကြတဲ့အတိုင်း ပညာရေးစံနစ်က လွန်ခဲ့တဲ့အနှစ်၂၀ကျော်က စ,ပြီးတော့ ယို ယွင်းပျက်ဆီးလာနေခဲ့ပါတယ်၊ ကျောင်းတွေမှာ ကျောင်းသားတွေက စာမေးပွဲဖြေစရာမလိုပဲနဲ့ အတန်းအောင် ကြပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ နောက်ထပ်တက်လာတဲ့ကျောင်းသားဦးရည်ကို မကိုင်တွယ်လိုတဲ့အတွက် နေရာဖယ်ပေးလိုက်ရလို့ပါ။

ကျောင်းသားတွေက ၃-၄လ,နဲ့ တနှစ်စာ စာတွေကိုသင်ရပါတယ်၊ ပြီးတော့ဘွဲ့ယူကြပါတယ်၊ အဲဒီဘွဲ့လက်မှတ် တွေရဲ့အရည်အသွေးကတော့ ပြောပြစရာလိုမယ်မထင်ပါဘူး။

ကျွန်တော်တို့တိုင်းပြည်မှာ ယနေ့ စစ်မှန်တဲ့အာမ,ခံချက်ပေးနိုင်တဲ့ ပညာရေးစံနစ်မရှိတဲ့အတွက်ကြောင့် လူငယ် တွေဟာ ကမ္ဘာအရပ်ရပ်ကိုသွားနေတာ အားလုံးအသိဖြစ်ပါတယ်၊ စင်္ကာပူ၊ သြစတြေးလျား၊ ယူအက်စ်အေ၊ စသည်ဖြင့် ကမ္ဘာအရပ်ရပ်မှာရှိနေကြပါတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း အမေရိကားမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတဦးပါ။

တိုင်းပြည်တခုကြွယ်ဝ,ချမ်းသာမှုဆိုတာဟာ လူတန်းစားကွာဟ,မှုနည်းမှုနည်းပြီး အခြေခံလူနေမှုအဆင့်အတန်း မြင့်မားမှသာ တိုးတက်သောနိုင်ငံလို့ခေါ်နိုင်ပါတယ်၊ ကျွန်တော်တို့ ယနေ့မြန်မာနိုင်ငံမှာတော့ လူတန်းစားကွာ ဟ,မှုဟာ မထင်မှတ်နိုင်လောက်အောင် ကြီးထွားနေတာတွေ့ရပါတယ်။

ပိုက်ဆံ သိန်းထောင်သောင်းချီပြီးသုံးစွဲပြနေတဲ့သူတွေကို အတုယူပြီးတော့ လူငယ်လေးတွေလမ်းလွဲမလိုက်မိဘို့ လိုပါတယ်၊ မိမိလက်လှမ်းမှီရာ စာပေနဲ့နိုင်ငံရေးဗဟုဿုတ,တွေကို လေ့လာနေမှသာ အမှန်အမှားကိုခွဲခြားနိုင် ပြီး ပညာရဲ့တန်ဘိုးကို နားလည်မှာဖြစ်ပါတယ်။

အဲဒီတော့ တိုင်းပြည်တည်ဆောက်ရေးမှာ အဓိက,လုပ်အားဖြစ်တဲ့ လူလတ်ပိုင်းအသက် ၂၀ကနေအသက်၅၀အ ထိ အသိပညာရှင်တွေ အတတ်ပညာရှင်တွေ တနည်းအားဖြင့် ကျွန်တော်တို့နိုင်ငံရဲ့ဦးဏှောက်တွေ အဆီအနှစ် လူ့အရင်းအမြစ်တွေဟာ သူများတိုင်းပြည်အတွက် အလုပ်လုပ်ပေးနေရပါတယ်။

ဒါဟာ အင်မတန်ရင်နာစရာကောင်းပါတယ်၊ ကိုယ့်တိုင်းပြည်ရဲ့စံနစ်ဆိုးကြောင့် အဓိကလုပ်အားတွေဟာ ကိုယ့် တိုင်းပြည်မှာ ရှိမနေခဲ့ပါဘူး၊ ဘာကြောင့် ပညာရှင်တွေသူများတိုင်းပြည်အတွက် အလုပ်လုပ်ပေးနေရပါသလဲ။
ကျွန်တော်တို့နိုင်ငံမှာ ပညာရှင်တွေအတွက် နေရာပေးနိုင်တဲ့ ခိုင်မာတဲ့စီးပွါးရေးယန္တယား မရှိလို့ပါပဲ၊ စီးပွါးရေး ခိုင်မာဘို့ဆိုတာကလည်း တည်ငြိမ်တဲ့နိုင်ငံရေးရှိဘို့ လိုပါတယ်၊ တကယ်လို့ ကိုယ့်တိုင်းပြည်မှာ တည်ငြိမ်တဲ့နိုင် ငံရေးစံနစ်လည်းရှိမယ် ခိုင်မာတဲ့စီးပွါးရေးယန္တယားလည်းရှိမယ် ဆိုရင် ဘယ်သူမှ နိုင်ငံခြားထွက်ပြီး သူများအ တွက်အလုပ်လုပ်ပေးနေစရာမလိုပါဘူး။

ကမ္ဘာအရပ်ရပ်မှာရောက်နေကြတဲ့ မြန်မာပြည်ဘွား အသိပညာရှင် အတတ်ပညာရှင်တွေဟာ တနေ့နေ့တချိန် ချိန်မှာ ကိုယ့်တိုင်းပြည်ပြန်တည်ဆောက်ရေးအတွက် ပြန်ပြီးအကျိုးပြနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်၊ ကျွန် တော်ပြောခဲ့တဲ့ ပြဿနာအရပ်ရပ်ရဲ့အရင်းအမြစ်ဖြစ်တဲ့ ပျက်ဆီးနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ပညာရေးစံနစ် ကြီးကို ပြုပြင်ပြောင်းလဲနိုင်မှသာ အနာဂါတ်မြန်မာနိုင်ငံဟာ လှပ,နိုင်လိမ့်မယ်လို့ ကျွန်တော် လေးလေးနက်နက် ယုံကြည်ပါတယ်။

အမေရိကန်ပြည်ထောင်စုက တတိယနှစ်ဗိသုကာပညာကျောင်းသား ကိုရဲဟန်ရဲ့ သူယုံကြည်ရာလေးကို VOA Burmese Section ကနေ ပြောပြသွားတဲ့အတွက် နားထောင်ပြီးပြန်ရေးပြထားတာပါ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, January 27, 2010

ဟှာၟဆါင်း္ဘင်ဍေ မါန်စ၀်သာတ၀်

ဟှာဆါင်း္ဘင်ဍေ မါန်စ၀်သာတ၀်
(မူးဃှီ့ဖါန်)

ဟှာၟဆါင်း္ဘင်လ်ုဟှာ လေ၀်ဍး္ဘးဝေ့ မါန်စ၀်သာတ၀်ဍေအ်ုဖေါဟ်အ်ုမါ့ ယှင်းယးကါင်ခ၀့်ဏှ် ခႜါင်ထင်းအင်းစာဝေ့ဍး မာန်စ၀်သာတ၀်ဏှ်္ဘေ့ယိုဝ်သိုဝ်ဆေ၀်ၟလှ်။

“မာန်စ၀်သာတ၀်လ်ုဟှာယိုဝ် ယ်ုဍး္ဘး ဏ်ုမာဖႜုံဆိုဒ်ဖေါဟ်အ်ုဟှင်ၟယိုဝ် အ်ုဏိင်းအ်ုလာ ယိက်ယုဂ်၊ ဏ်ုဖေါဟ်ဏ်ုမါ့ ဏ်ုဟှိင်းဏ်ုဃှင့်သယ် လင်ဃှင်ၟလင်ယှင့် အှ်ကါင်အှ်ခ၀့် ဖိုဝ်ၟဖ၀့်ယိုဝ် မွဲါဏ်ုဆုဆံင့်မံင်း အှ်္ဘေ့သှေ်သိုဝ်လယ့်၊ ဏု ယေါဝ်ၟလေါဟ်ယေါဝ်ၟဍံင်ဏေ၀်ၟ ဖႜုံ္ဘေ့ယ်ုဝါသိုဝ်္ဘေ့အ်ုဖႜုံဟှူ့ဟှာသယ်သိုဝ်္ဘးလယ့်။

အ်ုသီးဝေ့ဍး မာဆိုဒ်ဆအ်ုဟှင်ၟ ဏေ၀်ၟဏီ့ဏိင်း သိုင့်ဏိင်းဍ်ါလ၀့် အ်ုခါ့ယိုဝ် အှ်ထင်းဍေ ကါ(သေါဟ်လါင်း)၊ အှ် ထင်းဍေ ဟှိင်းတုဂ်သယ်ဏှ် ဏ်ုဍုဂ်အှ်္ဘးသာ ဏ်ုဖေါဟ်ဏ်ုမါ့အေးဟှ”

ထံင်ဏှ်သိုဝ် မါန်စ၀်သာတ၀်ဟှိုင့်္ဘး ဟှာၟဆါင်း္ဘင် ဆ်ုခႜါင်ဏှ် ခႜါင်ထင်းထါင်ဝေ့
“မွဲါ -----ဟှာၟဆါင်း္ဘင်၊္ဘေ့ဏ်ုလ၀်သိုဝ်ဏှ် အ်ုခါ့ဍးယိုဝ်ဏှ် ဖႜုံ္ဘေ့ဏ်ုသီး ၀ါသယ်သိုဝ် မာအင်းက်ုဆါၟအ်ုဟှင်ၟဏှ် အှ်လုပုင် ဏ်ုဍေါဟ်သီ့သီးလုက်အေး၊ အ်ုသီးဝေ့ဍး အ်ုဆုဆံင့်မံင်းဏှ် မွဲါဍးလ်ုမိင်၊ ယ်ုဝေ့ဍးမွဲါယ်ုဆုဆံင့်မံင်းဏှ် မွဲါ ယ်ုဖေါဟ်ယ်ုမါ့ဍေ ယ်ုဏင့်က်ုဆါၟအ်ုဟှင်ၟမွဲါအေး၊ မွဲါယ်ုဆိုဒ်ဖေါဟ်အ်ုဟှင်ၟ”

“ယ်ုဖေါဟ်ယ်ုမါ့ ဍေ ယ်ုဏင့်က်ုဆါၟအ်ုဟှင်ၟဏှ် ယှင်းဍးဝေ့၊ ယ်ုဖႜုံဆိုဒ်ဍေ ယ်ုဂမႜိုင်ၟဖေါဟ်သယ်လ်ုဖး အေအှ်္ဘး ယှူးယှူး္ဘ္ဘါါ အေသယ်ဌီ့ထင်းဏှ်ကဲလှ်၊ ယ်ုသာမုက်ယုဂ် ဏ်ုသှေ်ယါ့ဟှ၊ စင်ၟ္ဘိုဝ်ဏှ် ယ်ုမုလ၀်ဏု ဆံင့်ဏးအေထီ့ အ်ုခါ့ဍးယိုဝ် ဖႜုံဖေါဟ် ယှင်ဖေါဟ်သယ်လ်ုဖး္ဘူးလင်အ်ုသီးသာ္ဘေ့သိုဝ်ဏ်ုဝါသယ်သိုဝ် အှ်အးမာၟလှ်၊ မွဲါလ၀်လင် သာဏှ် မ်ုမာဖှေ်ဆိုဒ်ဆဖေါဟ်အ်ုဟှင်ၟ မ်ုဍုဂ်ဖှေ်ဆိုဒ်ဆဖေါဟ်အ်ုဟှင်ၟ ဆ်ုဖံင်ဖေႜ၀်ဆ်ုယှူးဆု္ဘါအ်ုဟှင်ၟ ကဲထင်းဆု ဏှ်လယ့်၊ လိက်လဲါဆ်ုဃှီ့ဆ်ုလာသီးမွဲါအ်ုဟှေဝ် ယ်ုဍးအှ်ဏင်ၟမိင်အေး၊ မွဲါမ်ုမာအင်းထင်း အ်ုဏင့်ဆါၟအ်ုဟှင်ၟ ဖေါဟ်မါ့အ်ုဟှင်ၟပီပီလှ်၊ စင်ၟ္ဘိုဝ်အ်ုခါ့ယိုဝ် ဖႜုံဖေါဟ်ယှင်ဖေါဟ် လ်ုဖံင်ဆ်ုယှင်းဆ်ုဒ္တုက်္ဘး၊ အေဟှံင်ဍ၀် ဖႜုံယှင်ဖေါဟ် သယ်လ်ုဖး လ်ုထင်းထ၀့်္ဘး၊ လ်ုဏေ၀်ၟဆ်ုယှူး္ဘါ ဆ်ုဖံင်ဖေႜ၀်္ဘးဏှ် ဖႜုံ္ဘေ့ဏ်ုဝါသယ်သိုဝ် ဍေ ဖႜုံမာအင်းဏင့်ဆါၟအု ဟှင်ၟသယ်လ်ုဖးဏှ် အှ်အးအ်ုခေါဟ်စံင် မွဲါဏ်ုသှေ်ယါ့ဆေ၀်ၟဟှ ဟှာၟဆါင်း္ဘင်ြ”

ထံင်ဏှ်သိုဝ် ဟှာၟဆါင်း္ဘင်လ်ုဟှာ ဟှိုင့်္ဘးဝေ့ မါန်စ၀်သာတ၀် အ်ုဆုခႜါင်ဆံင်းထင်းဍေ အ်ုသာဍေါဟ်ထင်းဏှ်တာၟ ခွးလင်ထါင်ဝေ့ အ်ုခေါဟ်ဃှဲုး ခႜါင်ထင်းဝေ့ဍး္ဘးလိုင်အေးဆေ၀်ၟလှ်။
မွဲါမ်ုမွဲါဟှ ဖႜုံယှင်ဖေါဟ်သီး၊္ဘေ့မါန်စ၀်သာတ၀်လ၀်သိုဝ်ဏှ် ဆံင့်မံင်းဖှေ်္ဘးလါၟဆါ်။

မူးဃှီ့ဖါန်
(အိင်ထုက်)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, January 26, 2010



တံခါးတချပ်ကို လှပ်ကြည့်စဉ် အပိုင်း(၄)

(မင်းစိုးစံ)

ကျုပ်ပတ်ဝန်းကျင်က
အရင်တုန်းက အချို့တွေခမျာ
ထားနေကြတဲ့သဘောထား……..

နိုင်ငံရေးအကြောင်းလား
နားညီးတယ်ဗျာ
လာလာမပြောနဲ့။

လူမှုရေးအကြောင်းလား
သွားပြောဝေးဝေး
အချိန်မပေးနိုင်ဘူး။

အမျိုးသားရေးအကြောင်းလား
သွားစမ်းပါဗျာ
ခေါင်းစားနေတယ်။

ယဉ်ကျေးမှုအကြောင်းလား
တောမှာသွားပြော
အရုဏ်ကြောနောက်တယ်။


ကျုပ်ပတ်ဝန်းကျင်က
အရင်တုန်းက အချို့ခမျာတွေ
အသက်မွေးဝမ်းကျောင်းနေကြပုံများ…….

လူကုန်ကူးတယ်။
မူးယဇ်ဆေးရောင်းတယ်။
နောက်ဆုံးအဆင့်
“ရှစ်လေးလုံးကျောင်းသား”အယောင်ဆောင်ပြီး
“ယူအင်န်”(UN) အောင်အောင်လုပ်ကြတယ်။

ငွေရဘို့ဆို
ပရိုဂျက်(Project)တင်မယ်
ထင်ချင်သလိုထင်
ပြောချင်သလိုပြော။

နိုင်ငံရေးလား ဟောပြမယ်
အမျိုးသားရေးလား ပြောပြမယ်
လူမှုရေးလား မျှောပြမယ်
ယဉ်ကျေးမှုလား ရောပြမယ်။

ခုကျတော့လည်း
ခေါင်းမော့ရင်ကော့ရင်းနဲ့
လက်နှစ်ဘက်ကိုနောက်ပြန်ပစ်
ရပ်ရှစ်ခွင်သည်တကြောကို
အနှစ်မရှိတဲ့တောလို့မြင်ပြီး
ကြက်ဆူပင်တွေဖြစ်ချင်တိုင်းဖြစ်နေပေါ့။

တကယ်ထဲနော်
ဘော်ချက်တဲ့ငကြောင်တွေ
လက်ကြောမတင်းခဲ့လေတော့
“အသင်း”မဖွဲ့ရ,ရင်
“အပင်း”အထည့်ခံလိုက်ရသလို
“ရင်းကိုက်”နေကြပြီထင်ပါ့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဖူ့ဍေၟလီ (ဆိင့်ပြင်)

ဖူ့ဍေလီ
(စ၀်ဆိင့်ပြင်)

လီ-------ဖူၟဖူ့ ဟ်ုဖႜုံဖေါဟ်ယိုဝ်္ဘးဏှ်လယ့် သယ်ဌီ့ထင်းလ်ုအှ်္ဘးဏှ်။

ဖူ့-------- မွဲါလ်ုပါဍေါဟ်လင် ဟ်ုဖႜုံလိက်္ဘး။ အေၟဟှံင်ဍ၀် ဍေလဲုၟဃှဦုအင်းဆု လ်ုသှေ်္ဘးဏှ်ယါၟ္ဘိုဝ် ဖူ့လီ။
လီ------- အု အု ဟ်ုဖႜုံဖေါဟ်ယိုဝ် လ်ုသယ်ဌီ့ထင်း္ဘးဏှ် မွဲါအု္ဘးဆါင့်လေါဟ်သာဍေ လဲုၟဃှဦုအင်းဆ်ုဏှ်္ဘေ့သှေ်သိုဝ်လယ့်္ဘိုဝ် ဖူ့။

ဖူ့--------္ဘေ့ယိုဝ်သိုဝ်-----ယ်ုမုလ၀်ဏု ----ထံင်ဏါင်းဏေ၀်ၟထံင် ဏ်ုခေါဟ်ထီး္ဘင်းဃှယ်။ ဟ်ုဖႜုံဖေါဟ်ယိုဝ် အင်းဆါ့အင်းဘာ့သယ်ဏှ် ဘာ့အ်ုမိင်ဏှ် ကေ၀်လင်သာဍေလိက်ဖႜုံ မွဲါအ်ုအှ်ဃဦှုဘာ့ယုဂ်လဲ---အေဟှံင်ဍ၀်ဟ်ုဖႜုံ ယိုဝ် အေၟလေ၀်ဃှဦုအင်းဆု လ်ုမိင်မိင်သီး မွဲါဟှေဝ်၊ လ်ုဆုအင်းဆါ့ထင်းဆု ဘာ့ဏှ် မွဲါမ်ုလေ၀်ဃှဦုဝီၟဏှ် အှ်ဃှဦုဟှာ လဲ။ ယေါဝ်လေါဟ်ယေလ၀်ဍံင်ဏေ၀်ၟ တ်ုရုဂ်သယ်ဏှ်္ဘးလယ့် စင်္ဘိုဝ်တ်ုရုဂ်သယ်ဏှ် အှ်ကုယဲါ သယ်ဌီ့လှ်။ အေ မွဲါတ်ုရုဂ်ဏှ် ခႜါင်တ်ုရုဂ်လု္ဘး္ဘးသီး ပ၀်ၟလိက်တ်ုရုဂ် လု္ဘး္ဘးသီး အေအင်းဆါ့ထင်းဘာ့ဏှ် အ်ုသီးဘာ့မေံယာ့ဏှ် အိုဝ် အှ်ဍေတ်ုရုဂ်လိက်ဖႜုံးဖါဍေါဟ်၊ အေဟှံင်ဍ၀် မ်ုလေ၀်ဃှဦုအင်းဆ်ုလုမိင်မိင်သီး လုဲၟေယါ၀္ၟဃွဦဳေဏ၀္ၟ၀ီၟေ၀့ လု လိက်ဖႜုံးတ်ုရုဂ်အှ် ဘာ့ထၞာၟလှ်။ စင်ၟ္ဘိုဝ် ထံင်ဏါင်းဏေ၀်ၟ ထံင်ဏါင်းဏေ၀်ၟ ဖူ့လီ ဆ်ုတင်းဏါၟသီးဟှေး။

လီ------ဖူၟဖူ့ ဖႜုံဆ်ုဃှီ့ဆ်ုလာ ဍုံၟ(တုင်ၟ)ဆ်ုအုဂ်ယိုဝ်္ဘးဍံင်မ်ုဟှယ့် ဖႜဟ်ထင်းထါင်လ၀့်ဏယ့်။

ဖူ့------- ဟ်ုလ်ုဟှာယိုဝ်----- ခ၀့်လယ့်ဏ်ုလေ၀်ဍး----- ဏ်ုယှိုဝ်ကႜင်ဏ်ုခေါဟ်။ ဖေါဟ်သးဖႜူၟလ်ုဟှာယိုဝ်။

လီ------ ယ်ုလေ၀်ဍးလု္ဘုံးလင်ၟညာ၊္ဘုံးအိင်ထုက်၊ ခွဲါက႟င်အ်ုဘေင်ၟသယ်အိုဝ်ဏယ့်--- ဖူၟဖူ့။ အ်ုသီးဍုံၟ(တုင်ၟ)ဆု အုဂ်ဏှ် လ်ုထိးယိုဝ် ဖေႜါတ်ထင်းဝေ့ အ်ုမိင်လ်ုသါင့်ခ၀့်(Thai Language) လင်း္ဘုင်း(Lan Boone)ဖူ့----ဍေမှေ် ယေ၀့် မှေ်၀၀်သယ်------ ဖါန္မာၟတယ္မႜါမႜါလ၀့္။ အ်ုသီးဆ်ုဖေါဟ်ဆ်ုအူးခ၀့်--သ၀့်ပျုက် ထယ်ထယ်---ထယ်ထယ် မူးမူးခါ့ခွါ့ထုင်းလီၟယှံင်ဝေ့ဍးဏှ်-----္ဘးဍံင်လု ဆ်ုဖံင်းပြုဂ်ဆ်ုအုဂ်သီး ဖူ့။
အ်ုသီးထါခေါဟ်ဏှ် အေန်ဂ်ုလါ်(English)၊ သါင့်(Thai)၊ မ်ုလေံယှး(Malaysia) ပ်ါပုဂ်ပုဂ်ၟဖူ့။ အ်ုဏှ်ဏှ် မဲြါဍဳံၟ (တုင္ၟ)ဆု္အုဂ္မဲြါယါၟ။

ဖူ့----ဖေါဟ်သးဖႜူၟလ်ုဟှာယိုဝ် ဏ်ုယှိုဝ်ကႜင် ဏ်ုခေါဟ် ဆ်ုလုဍုံၟ(တုင်ၟ)ဆ်ုအုဂ်သီးယိုဝ် မွဲါ္ဘေ့ဏှ်သိုဝ်မွဲါအေး၊ အ်ုသီးဝေ့ဍးဍုံၟ(တုင်ၟ)ဏှ် မွဲါဝေ့ ဍုံၟ(တုင်ၟ)ယူလါင်း။
ဆ်ုလုတုင်ၟဆ်ုအုဂ်ယိုဝ်ဏှ် မွဲါယှာၟလ်ုဖႜုံဆ်ုဏဲအ်ုဍံင်၊ မွဲါဖႜုံဆ်ုဃှီ့ဆ်ုလာ လ်ုအုဝီၟဍးအိုဝ်လ်ုမိင်၊ အ်ုခါ့ဍးယိုဝ် ဏ်ုသီး ကိုဝ် လင်း္ဘုင်း(Lan Boone) ဏှ် မွဲါဖႜုံဆ်ုဃှီ့ဆ်ုလာသီးမွဲါအေး၊ မွဲါခါန်ၟမ်ုညာၟသါင့်(Thai)သယ် အ်ုသီးဝေ့ဆ်ုဃှီ့ဆု လာ၊ ဆ်ုပါမုက်၊ ဆ်ုလုဟှေဝ်လု္ဘး္ဘး၊ မွဲါဖႜုံယူလါင်းဆ်ုပါမုက်၊ မွဲါသီးက်ုသှေ်ဆါၟ၊ သ်ါဆါၟ၊ဘိင်ၟဆါၟ၊ဘေင်ၟဆါၟသယ် အ်ုသီးဆ်ုပါမုက် မွဲါမ်ုဟှေဝ်ဏေ၀်ၟ သ္ဘာင်းဖေါဟ်သယ်အ်ုဟှင်ၟဏှ်မွဲါအေး။

မွဲါမ်ုဟှာဟှံင်ထင်းဏေ၀်ၟ ဖႜုံဒ္ဂေတ် မွဲါမ်ုမာလင်မာၟဖႜုံဆ်ုဃှီ့ဆ်ုလာ၊ စင်ၟ္ဘိုဝ်ဏှ် ဖူ့လ၀်္ဘးသာလိုင်အေး၊ ဖူ့အေၟလ၀် ဏှ်မုထြိုင့်၊ ထြိုင့်ခွိက်အ်ုဏိင်းသိုင့်ဆီ့္ဘႜဲခါ့ဍးအိုဝ် ဍုံၟဆ်ုအုဂ်၊ ဍဳံၟထု္ရဲါ၊ ဍဳံၟပႝာၟ သယ်ဏှ်ထုင်းလီၟသီးဝေ့ဍးလ်ုမိင် ဆေ၀်ၟ၊္ဘေ့အ်ုခါ့ယိုဝ်္ဘေ့ဏ်ုကိုဝ်လင်း္ဘုင်းသိုဝ် မွဲါအေး၊ လ်ုအုဝီၟဍးအိုဝ် ဍုံၟဆ်ုအုဂ် သယ်ဏှ်္ဘးအ်ုခါ့ဖိုဝ်ဖင့်မူၟသယ် ဏှ် ထင်းထုက်ထါင်ဍေပုံသယ်၊ ဏ်ုသီးလင်း္ဘုင်းဏှ် မွဲါအ်ုထင်းပုံသယ်အှ်ဆေ၀်ၟဟှ။

လီ------ မွဲါအ်ုထင်းပုံဟှ ထင်းအေးဟှဏှ် ယ်ုသှေ်ယါ့အေးဖူၟဖူ့။ အေၟထံင်ထင်းထါင်ဖိုဝ်ဖင့်မူၟစါ်္ဘိုဝ် အ်ုခွါ့ထုင်းလီၟ လင်း္ဘုင်းဆါၟသီးလ်ုဖး္ဘးလ်ုဏင်ဏင် လု္ဘုံးဏါင်ဃှံင်အိုဝ် လေ၀်အ၀်ထါင်သီးက်ုသှေ် လ်ုဏင်ဏင်ဏှ် လေ၀်ခွိက် အင်က်ုလုင်၊ လေ၀်လဲဖ်ုယာၟ အ်ုဏီတံင့်၊ မွဲါအ်ုမူးထုင်းလီၟ(လင်း္ဘုင်း)လ်ုဖး မွဲါအ်ုလေ၀်ခွိက် ဆ်ုဏှ်လယ့် မွဲါအု လေ၀် လဲဖ်ုယါၟဆ်ုဏှ်လယ့်ဏှ် ယ်ုသှေ်ယါ့အေးဖူၟဖူ့။

ဖူ့----- အ်ုဏှ်အေးယါ့္ဘိုဝ်္ဘးဆါင့်ဍေၟ ဖေါဟ်လီဖေါဟ်သးသယ်္ဘေ့မ်ုဟှာဟှံင်သိုဝ် သာယှာၟ္ဘုံးဆါၟသယ်လ်ုဏင် မာဟှိုင်ဖေါဟ်သးသီး အှ်လုဏင်ဆေ၀်ၟ၊္ဘေ့လ်ုယူလါင်း္ဘးသိုဝ်၊္ဘေ့လ်ုအ၀်သီးက်ုသှေ်္ဘးသိုဝ်၊ လ်ုအုမူးသီးလ်ုဖး္ဘေ့ဟ်ုမူးဒ္ဂေတ်မ်ုအှ်သိုဝ် ဆ်ုဃှီ့ဆ်ုလာလ်ုမွဲါလု္ဘး္ဘးလ်ုဖး လ်ုမာကႜင်္ဘးသိုဝ်ဏှ် မေါဝ်ၟဖါၟ အ္စာဆြာ့ မေါဝ်ၟဍေါဟ် မါန်ထ၀့် ဖႜဳံတၚေခါဟ္တၚဏာၟ ကဲေခါဟ္ကဲဏာၟ အ်ုခေါဟ်ကြိုင်သီးလ်ုဖး လင်္ဘးဝေ့အ်ုသီးအ်ုတင် မု္ဘးအင်းသံင်း လ၀်ခႜါင် ဝေ့ဆေ၀်ၟလှ်။

စင်ၟ္ဘိုဝ် အ်ုခါ့ဍးယိုဝ် ဟ်ုဖႜုံဟ်ုဍေါဟ်ဟ်ုယှာၟ အ္စာဆြာ့သယ်လ်ုဖး လ်ုကႜုလ်ုခႜင့်္ဘး ဆ်ုဍးစိုဝ် အှ်လုယါင်္ဘးအ်ုခေါဟ် စံင် ဖေါဟ်လီဖေါဟ်သးသီးလ်ုဖး ဟ်ုအင်းသံင်းယ၀့်လိုင်အေး၊ စင်ၟ္ဘိုဝ်ဖူၟဖူ့လ၀်္ဘးသာလိုင်အေး၊ ခီအ်ခါ့ယိုဝ် ဖူၟဖူ့ အေလ၀်စါ်္ဘိုဝ် ဖူၟဖူ့ထြိုင့်ယါၟဏယ့်၊ ကဲ ဖူ့လီဟှေး ဖူ့လ၀်ထါင်ဆ်ုခႜါင်ဍေၟဏ်ုယိုဝ် ဖူ့မ်ုမီ့ခိင့်္ဘးသာစွးမာၟလှ် ဟှယ့်ဍး ထါင် ဏင်ၟဖိုင့်ဍ၀်ယါၟ္ဘိုဝ်ဖူ့လီ။

လီ------- အေမွဲါဏှ်သိုဝ် ဖူၟဖူ့ဟှေး အှ်ဆံင်းလာၟဆ်ါဟှဝ်ၟ။

ဖူ့------- အှ်ဆံင်းလာၟဆါ် ဖူ့လီ။

စ၀်ဆိင့်ပြင်
(ဏံင့်္ဘိုဝ်)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, January 25, 2010

လူမျိုးပျောက်ကွယ်မှုအန္တရာယ်

လူမျိုးပျောက်ကွယ်မှုအန္တရာယ်
(စ,အိုင်ဆူး)

ကရင်မျိုးနွယ်စုများအတွင်း၌ အမျိုးသားလက္ခဏာများသည် စိုးရိမ်စရာကောင်းလောက်အောင် ယုတ်လျော့ကျ ဆင်းနေသော အခြေအနေတွင်းကျရောက်နေသည်မှာ ငြင်းပယ်၍မရ,နိုင်တော့ပါ၊ အထူးသဖြင့်လူမျိုးတမျိုး၏ အင်္ဂါရပ်လက္ခဏာတရပ်ဖြစ်သော စကားနှင့်စာပေကွယ်ပျောက်ခြင်းသည် လူမျိုးတမျိုး၏နိဂုဏ်းချုပ်သာဖြစ် သည်၊ လူမျိုးတမျိုး၏ အထင်ရှားဆုံးသောလက္ခဏာတရပ်မှာ ဘာသာစကားသာဖြစ်သည်၊ ထိုဘာသာစကားပေါ် အခြေခံပြီး စာရေးသားမှုများပေါ်ပေါက်လာခဲ့ရသည်။
စကားရှိ၍စာရှိသည်၊ စာရှိလျှင်စကားတည်တံ့နိုင်သည်၊ ဤသို့ဖြင့် ဘာသာစကားနှင့် စာပေတို့သည်အပြန်အ လှန်ဆက်စပ်ထိန်းသိမ်းခြင်းဖြင့် လူမျိုးတမျိုး၏လက္ခဏာရပ်များကို ဖေါ်ပြနိုင်သည်။

လက်ရှိမြန်မာနိုင်ငံအတွင်း ကရင်မျိုးနွယ်စုများနေထိုင်ကြသော ဒေသများသည် ကရင်နီပြည်နယ်၊ ကရင်ပြည် နယ်၊ ပဲခိုးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းများအတွင်း ပြန့်နှံ့နေထိုင်ကြရာ ကရင်နီပြည်နယ်နှင့် ကရင်ပြည် နယ်တွင်ခပ်စိပ်စိပ်နေထိုင်ခြင်းဖြင့်၎င်း အခြားလူမျိုးများ၏စီးပွါးရေးနှင့်ဘာသာစကား လွှမ်းမိုးမှုအားနည်းနေ သေးသောကြောင့်၎င်း လူမျိုးတမျိုး၏ ကိုယ်ပိုင်စကားသုံးနှုံးမှုစံချိန် မြင့်မားနေဆဲအခြေအနေတွင် တွေ့နိုင်ပါ သည်။
ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ တောင်ပေါ်ကျေးရွာများတွင်နေထိုင်ကြသော ကရင်လူမျိုးများသည် ဘာသာစကား ထိန်းသိမ်းမှု အားကောင်းဆဲရှိနေပါသည်။ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်၊ မြောင်းမြခရိုင်တို့တွင်နေထိုင်ကြသော ပိုးကရင်၊ စကောကရင်များအတွင်း စီးပွါးရေးနှင့် တခြားလူမျိုးတို့အလိုက် ဘာသာစကားလွှမ်းမိုးမှုကို ကြာရှည်စွာခံရသဖြင့် ကရင်စကားပြောဆိုမှုသည် ကွယ်ပျောက်ရပြီးဖြစ်သည်။
ကျန်ရှိသောခရိုင်များတွင်နေထိုင်သော ပိုးကရင်၊ စကောကရင်များသည် အင်္ဂလိပ်အုပ်ချုပ်ရေးခေတ်မှ လယ် ယာဥယျာဉ်ထွက်ကုန်များကို အခြေတည်နိုင်ခဲ့ခြင်းဖြင့် အခြားလူမျိုတို့၏ဘာသာစကားနှင့် စီးပွါးရေးလွှမ်းမိုးမှု ကိုအနည်းအကျဉ်းသာ ရင်ဆိုင်ခဲ့ကြရ,၍ ကိုယ်ပိုင်စကားကိုတစုံတရာ ထိန်းသိမ်းနိုင်ခဲ့ကြသေးသည်။
ကိုယ်ပိုင်ဘာသာစကားတည်တံ့မှုသည် စာပေအားဖြင့်သာခိုင်စေခဲ့ရာ ၁၉၄၉ ခုနှစ်မှစ,တင်ပြီး ကရင်စာသင် ကျောင်းများဖျက်သိမ်းခြင်းခံခဲ့ရသဖြင့် ကရင်ဘာသာစကားထိန်းသိမ်းမှု အလွန်အားလျော့သော အခြေအနေနှင့် ကြုံတွေ့ခဲ့ကြရသည်။
လက်ရှိကရင်နီပြည်နယ်ရှိ ကရင်မျိုးနွယ်စုအများအပြားတို့သည် မိမိတို့၏ကိုယ်ပိုင်စကားပြောဆိုမှု အားကောင်း နေသေးသော်လည်း စာပေသုံးစွဲမှုအလွန်အားပျော့နေသေးသည်၊ မျိုးနွယ်အများစုမှာ စာပေမရှိသေးပါ၊ လက်ရှိ ကရင်နီအစိုးရ,မှ တည်ထွင်ခဲ့သောစာပေသည် မျိုးနွယ်စုအားလုံး ကျယ်ကျယ်ပြန့်ပြန့်လက်ခံသုံးစွဲနိုင်မှု မရှိသေး ပေ၊ ဤသို့သောအခြေအန၌ ဈေးကွက်စီးပွါးရေးစနစ်လွှမ်းမိုးမှုအခြေအနေတွင် အခြားသောလူမျိုးခြားဘာသာစ ကားများကို ရင်ဆိုင်ကြရ,မည်ဖြစ်သည်။
တောင်ခြေဒေသ,အများအပြားမှာ မြို့ဈေးကွက်များကို ပိုမိုမှီခိုကြရသောအခြေအနေသို့ ကျရောက်လာခြင်းဖြင့် ဘာသာစကား ရောထွေးမှုကို ပထမအဆင့်ကြုံရမည်ဖြစ်သည်။
တနင်္သာရီတိုင်းအတွင်းရှိ ကရင်ကျေးရွာများသည် မြိတ်(ဘိတ်)၊ ထားဝယ်စကားရောထွေးမှုကို အတော်အတန် ကြုံနေကြရပြီဖြစ်သော်လည်း စကားနှင့်စာပေထိန်းသိမ်းမှုတွင် ဗြိတိသျှအုပ်ချုပ်ရေးခေတ်အတွင်း အခြေတည် လာသော ခရစ်ယာန်ဘာသာကိုအခြေခံပြီးအားကောင်းဆဲရှိသေးသည်။
ပဲခူးတိုင်းတွင် စကောကရင်စကားသည် တောင်ပေါ်ဒေသများတွင် အတော်အတန်ရှိပြီးမြေပြန့်ဒေသများတွင် ခရစ်ယာန်သာသနာကျောင်း၌သာ လေ့ကျင့်မှုအတော်အတန်ကျန်နိုင်ခဲ့သည်၊ အလားတူပင် ဧရာဝတီတိုင်းအ တွင်းကရင်စကားနှင့်ကရင်စာပေသုံးစွဲမှုသည် ကရင်အမျိုးသားလက်နက်ကိုင်တော်လှန်ရေး ဖြစ်ပွါးခဲ့ပြီးသည့် နောက် ကရင်စာသင်ကြားသောကျောင်းအားလုံးကို ဖျက်သိမ်းခံခဲ့ကြရာ ကရင်စာပေတတ်မြောက်မှုအခွင့်လမ်း ဆုံးရှုံးခဲ့ကြသည်။
၁၉၄၉ ခုနှစ်မှစ,၍ ကရင်စာပေကိုခရစ်ယာန်သာသနာပြုကျောင်းအတွင်း၌သာ သင်ကြားခွင့်ရှိခဲ့သည်၊ ခရစ် ယာန်သာသနာကို ယုံကြည်ကိုးကွယ်သောလူဦးရည်သည် ၁၀ ရာခိုင်နှုံးပင်ပြည့်မှီခြင်း မရှိခဲ့ပေ။
ခရစ်ယာန်သာသနာကိုအခြေခံသော ပိုးကရင်၊ စကောကရင်စာအပြင် သီးခြားတည်ထွင်သုံးစွဲနေသော ကရင် စာပေများသည်လည်း သက်ဆိုင်ရာ ဗုဒ္ဒဘာသာ ကက်သလစ်ဘာသာကျောင်းများကိုသာ အခြေခံပြီးသင်ကြား ခွင့်ရှိခဲ့ရာ အခွင့်လမ်းပို၍ပင်နည်းပါးခဲ့လေသည်။
ထို့ကြောင့်ခရစ်ယာန်ဘာသာ ဗုဒ္ဒဘာသာ ဗရင်ဂျီဘာသာ အသီးသီးကိုအခြေခံသော ကရင်စာအမျိုးမျိုးကိုသင် ကြားတတ်မြောက်နိုင်သည့်အခွင့်လမ်းသည် ကရင်စကားတည်တံ့ခိုင်မြဲမှု၏ ၁၀%ဟုပင်သတ်မှတ်နိုင်ပါသည်။
ကရင်စကားပြောနိုင်သူမှာ ကရင်လူဦးရည်၏ ၅၀%ဟုပင်သတ်မှတ်နိုင်စေကာမူ စာပေနှင့်စကားသုံးစွဲမှုအခွင့် အရေးနည်းခြင်းကြောင့် ကရင်လူမျိုးများ၏ဝေါဟာရအပြည့်အစုံပြောနိုင်သူသည် ၁၀%ပင်ရှိမည်မဟုတ်ပေ။
ကရင်စကားပြောဆိုမှုသည် စာပေတတ်မြောက်မှုအချိုးအစားထက် အဆ,မတန်သာလွန်သော်လည်း အခြားလူ မျိုးတို့၏လွှမ်းမိုးမှုကြောင့် စကားဝေါဟာရရောထွေးမှုများ တွေ့ကြုံနေရ,ခြင်းလည်းရှိနေပြန်ပါသည်။
ရှမ်းပြည်တောင်ပိုင်းရှိကရင်ကျေးရွာများ ရေးချောင်းဖျားရှိကရင်ကျေးရွာများ၊ ထားဝယ်ခရိုင်ကရင်ကျေးရွာများ တွင် ရှမ်းစကား၊ မွန်စကား၊ ထားဝယ်စကား အသုံးအနှုံးများနှင့်ရောနှောပြောဆိုသည်ကို တွေ့ရပါသည်၊သို့သော်
စီးပွါးရေးအရ,နိုင်ငံရေးအရ,လူမှုရေးအရ,အင်အားသာလွန်သော ဗမာစကားသည် မြစ်ဝ,ကျွန်းပေါ်နှင့်မြေပြန့်ဒေ သ,ကရင့်လူ့အဖွဲ့အစည်းကို အဆ,မတန်လွှမ်းမိုးလျှက်ရှိရာ ကရင်လူမျိုးသည်၊ နောက်ဆုံး“ဗမာစကားပြောလူ မျိုး” အဖြစ်သို့ လုံးဝ,ပြောင်းလဲသွားမည်ဖြစ်သည်၊
လူမျိုးတမျိုး၏တည်တံ့ခိုင်မြဲမှုသည် သက်ဆိုင်ရာမှီတင်းနေထိုင်နေသော နိုင်ငံတနိုင်ငံအတွင်း ကိုယ်ပိုင်ပြဌာန်း နိုင်သော နိုင်ငံရေးအာဏာနှင့် အမှီအခိုကင်းသောစီးပွါးရေး၊ အမှီအခိုကင်းသောလူမှုရေး အခြေအနေတွင်ရှိရ, မည်ဖြစ်သည်၊ ဤအခွင့်အရေးများကိုဆုံးရှုံးနေလျှင် အခြားသောအခြေအနေအရပ်ရပ်၏လွှမ်းမိုးမှုကြောင့် လူမျိုး တမျိုး၏လက္ခဏာနှင့်အညီ တည်တံ့ခိုင်မြဲနိုင်သောအခွင့်လမ်းကို ဆုံးရှုံးရ,မည်ဖြစ်သည်။
လက်ရှိကရင့်လူ့အဖွဲ့အစည်းသည်
(၁) မြန်မာပြည်အတွင်း ပြန်နှံ့စွာနေထိုင်ကြခြင်း။
(၂) စာပေသင်ကြားနိုင်သောအခွင့်အရေး ဆုံးရှုံးခြင်း။
(၃) အခြားလူမျိုးများ၏စီးပွါးရေးဈေးကွက် အလွှမ်းမိုးခံရ,ခြင်း။
(၄) စာပေအမျိုးမျိုး တည်ထွင်အသုံးပြုကြရ,ခြင်း။

စသည့်အခြေအနေများသည် အမျိုးသားလက္ခဏာဆုံးရှုံးပ,ပျောက်မှု၏ အန္တရာယ်များသာဖြစ်သည်။
ထိုအခြေအနေကို ကာကွယ်ရန်အဓိက,အကျဆုံးသောလိုအပ်ချက်မှာ လူမျိုးတမျိုးအတွက် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသော နိုင်ငံရေးအခွင့်အာဏာဖြစ်သည်၊ ကရင့်လူ့အဖွဲ့အစည်းသည် ယနေ့မြန်မာပြည်တွင်“ကိုယ်ပိုင်ပြဌာန်း ခွင့်” ဆုံးရှုံးနေသောအခြေအနေတွင်ရှိသည် ထိုအခြေအနေကိုရ,ယူနိုင်ရန် မည်သို့သောအခြေအနေများကို ဖန် တီးယူရ,မည်ကို ကရင့်ရှေ့ဆောင်အဖွဲ့များကသာ တာဝန်ယူကြရမည်ဖြစ်သည်။

စအိုင်ဆူး
September 01 2001 ပထမအကြိမ်မြောက်အားမာန်သစ်မဂ္ဂဇင်းမှ ကူးယူရေးသားဖေါ်ပြသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, January 24, 2010

ကျွန်ုပ်တို့၏ဘိုးဘွားများသည် တောရိုင်းတို့အား ခုတ်ထွင်ရှင်းလင်းကြကုန်၏

ကျွန်ုပ်တို့၏ဘိုးဘွားများသည် တောရိုင်းတို့အားခုတ်ထွင်ရှင်းလင်းကြကုန်၏
(ရဲဘော်ရှောင်း)

ယခင်အပတ်မှအဆက်

ခရီးဖေါ်နှစ်ဦးသည် ခရီးသည်ကြီးဆိုလိုသည်ကို အရိပ်အမြွက်မျှတော့ သဘောပေါက်မိပါသည် သို့သော်ခရီး သည်ကြီးဆိုသလောက်တော့ မဟုတ်တန်ရာဟု ယူဆ,မိကြသည်။
မိုးသည် တကယ်ပင်ပြိုခဲ့ပါပြီ။ ရပ်ရှစ်ခွင်လုံးအုတ်အုတ်ကြွက်ဘဝဂ်ညံခဲ့သည်၊ ကရင်တမျိုးသားလုံးသည် ဖိနှိပ်မှု အနှောင်အဖွဲ့မှန်သမျှကို ရုန်းကန်ခါချထ,ရပ်လိုက်ကြချေပြီ၊ အောင်ပွဲများလည်းချိမ့်ချိမ့်သဲခံခဲ့ကြသည်၊ အုပ်စိုးသူ ဖဆပလ အစိုးရသည်(၇)မိုင်အစိုးရ၊ရန်ကုန်ဟု ကမ္ဘာ့အလည်တွင်လှောင်ပြောင်သရော်စရာ အစိုးရအထိရောက် ရှိသွားခဲ့ရသည်။
ဤမျှကြီးမားလှသည့် အောင်သီးအောင်နှံတို့အား စောင့်ရှောက်ထိန်းသိမ်းကာကွယ်ဘို့ရာ ကြီးမားသည့်ချွတ် ယွင်းအားနည်းမှုများဖြစ်ခဲ့သည်။
မျက်စေ့အောက်တွင်ပင် တောင်တို့သည်တလုံးပြီးတလုံး ပြိုကျသွားသည့်ပမာ အောင်သီးအောင်နှံတို့သည်ဆုံး ရှုံးခဲ့ရသည်၊ ငါ့မင်းငါ့ချင်း တဗိုလ်တမင်း၊ နယ်စားပယ်စား စစ်ဘုရင်သမားတို့၏ တော်လှန်ရေးကြီးအား အတွင်း လှိုက်ဖျက်ဆီးနှိပ်စက်မှုကို ကရင့်တော်လှန်ရေးနှင့်တကွ ကရင်တမျိုးသားလုံးသည် ယူကြုံးမရမရှုမလှနာကျည်း ကြေကွဲစွာခံစားလိုက်ရ,ပါတော့သည်။

၁၉၄၉ခု နှစ်ကုန်ပိုင်းတွင် ရန်သူသည်သံချပ်ကာယန္တယားတပ်အင်အား၊ ရေတပ်၊ လေတပ်အင်အားကိုပါသုံး၍ တန်ပြန်ထိုးစစ်ဆင်လာသည်၊ မြစ်ဝကျွန်းပေးတွင် အစုန်အဆန် တနံတလျားထိုးစစ်ကြီးဆင်ခဲ့သည်၊ အရှုတ်ရှုတ် အထွေးထွေး ထိန်းမနိုင်သိမ်းမရ,ကစင့်ကလျားအခြေအနေမျိုးအထိရောက်သွားခဲ့သည်။
ပြင်းထန်သည့်ရန်သူ့ထိုးစစ်ကာလအတွင်း ဥက္ကဌမန်းဘဇံနှင့် ဗိုလ်ချုပ်ကျော်မြတ်သန်းတို့သည် မြစ်ဝ,ကျွန်းပေါ် ခွင်(ဂွင်)အတွင်းမှရုန်းထွက်မသွားခဲ့၊ ရန်သူ၏ထိုးစစ်ကိုကြံ့ကြံ့ခံလျှက် ခုခံရိုက်ချိုးကြသည်၊ ပျော့ပြောင်းပါးနပ် သောတော်လှန်စစ်ပျောက်ကျားသေနင်္ဂဗျူဟာကို လူထုကိုမှီခို၊ လူထုကိုအားကိုးယုံကြည်လျှက် အသက်ပါပါ ကျင့်သုံးနေကြသည်၊ အကွဲကွဲအပြားပြားပျံ့ကျဲနေသော အခြားခေါင်းဆောင်တပ်မှူးတပ်ဖွဲ့များနှင့်လည်း ပြန် လည်ဆက်စပ်မှုရှိအောင် ကြိုးကြသည်။
တိုက်ပွဲများနေ့စဉ်ရက်ဆက်ဆိုသလို ဆက်တိုက်ဖြစ်နေသည်၊ အဆက်ပြတ်ကွဲကွာနေသော အခြားတပ်ဖွဲ့များ နှင့်တဖြည်းဖြည်း ပြန်လည်ဆက်စပ်ပေါင်းစည်းမိလာကြသည်၊ အခြေအနေသည်ပြန်လည်တည်ငြိမ်စ,ရှိလာ သော်လည်း ရန်သူ၏ထိုးစစ်အရှိန်မှာ သိသိသာသာလျော့ကျသွားခြင်း မရှိသေးခေ။
တကြိမ်တွင် မန်းဘဇံနှင့်ဗိုလ်တင်ဦးတပ်ဖွဲ့သည် ပန်းတနော်နယ် မင်းဂရုဘက်သို့ရောက်လာသည်၊ မင်းဂရုအင်း ကြီးမှာပြောစမှတ်ပြုလောက်သော မြစ်ဝကျွန်းပေါ်အင်းကြီးများထဲတွင် တခုအပါအဝင်ဖြစ်သည်၊ အင်းသူကြီးရွာ သူကြီးတွေမို့လည်း ပြည့်စုံစည်ကားပြီးလူနေထူထပ်သည်၊ ရွာတွင်းရောက်သည်နှင့် လူတွေကလည်းထွက်ကြို ကြသည်၊ ရိက္ခနှင့်အခြားလိုအပ်မှုများကို လိုလေသေးမရှိထောက်ပံ့ကူညီကြသည်။
သို့ရာတွင် ဤရွာကြီးတွင် တရက်တဖြုတ်ခိုနားစခန်းချမည်ပြုလာလျှင် အကြောင်းအမျိုးမျိုးပြတောင်းပန်၍ ယဉ် ယဉ်ကလေးနှင်လွှတ်တတ်ကြသည်၊ ဤနည်းနှင်နှင်အဖြစ်အပျက်မျိုးကို သုံးလေးရွာ ကြုံတွေ့လိုက်ရ,သည်။
အင်းရွာတွေမို့လည်း ချောင်းတွေမြောင်းတွေကပေါများလှသည်၊ စိုလိုက်ခြောက်လိုက်နှင့်တနေကုန်ခရီးနှင်လာ ခဲ့ကြသည်၊ ရွာများကိုဖြတ်သန်းခဲ့သော်လည်း ခိုနားစရာမရသည့်အဖြစ်မျိုး ကြုံတွေ့နေရ,သည်။
တပ်ဖွဲ့တခုလုံးသည် ပင်ပမ်းနွမ်းနယ်နေပြီဖြစ်၏။ အနောက်မိုးကုတ်စက်ဝိုင်းတွင် နေလုံးကြီးက မေးတင်စ,ပြု နေလေပြီ၊ အင်အားနှစ်ရာကျော် သုံးရာနီးပါးရှိသော ဤတပ်ဖွဲ့သည် ကွင်းထီးထီးတခုတည်းသောရိုးကလေး စောင်းတွင် အိမ်ခြေ(၁၀)လုံးခန့်ရှိသော အင်းတံငါပျံကျရွာကလေးသို့ သူတို့ရောက်ရှိလာသည်၊ မှောင်ရီပျိုးစ,ပြု နေလေပြီ။
ဆန်းစ,လကလေးသည် စွမ်းသမျှသောအလင်းကိုဆောင်နေသည်၊ တပ်ဖွဲ့သည်ရွာဦးထိပ်သို့ရောက်သွားသည် နှင့် ရွာသူရွာသားများက ထွက်ကြိုကြသည်၊ တဆက်တည်းပင်
“ခင်ဗျားတို့ ဘယ်ဆက်သွားကြမလို့လည်း မိုးချုပ်နေပြီ ပင်ပမ်းလှရောပေါ့ လကလည်း သိပ်ပြီးသာသေးတာမ ဟုတ်ဘူး၊ ရှေ့ဆက်မသွားကြပါနဲ့တော့ ကျွန်တော်တို့ရွာမှာပဲစခန်းချပါ”
တပ်ဖွဲ့သည်လည်း တနေကုန်ခရီးကြောင့် ပမ်းခဲ့ကြသည်၊ တပ်မှူးဖြစ်သူဗိုလ်တင်ဦးသည် အဆင့်ဆင့်တပ်မှူး များအားခေါ်စုလိုက်ပြီး စခန်းချအမိန့်ပေးလိုက်သည်၊ စခန်းချရာတွင် စစ်ရေးသတင်းလိုအပ်သည့် ကြိုတင်ပြင် ဆင်မှုများကို တဆက်တည်းညွှန်ကြားလိုက်သည်၊ တပ်ဖွဲ့အင်အားနှင့်အိမ်ခြေမမျှ၊တပ်မှူးအပါအဝင်အခြားစစ် ရေးလိုအပ်ချက်ကြောင့် အိမ်ပေါ်တွင်မအိပ်ကြရန်ထပ်မံညွှန်ကြားလိုက်သည်။
ဥက္ကဌမန်းဘဇံကိုယ်တိုင် အိမ်ပေါ်မအိပ်၊ ဥာဏ်တောထဲတွင်ပင် ဖြစ်သလိုနေရာယူအိပ်ဘို့လုပ်သည်၊ ရွာသူကြီး နှင့်ရွာသားတို့ကလည်း တပ်ကိုအိမ်ပေါ်မှာအိပ်ခိုင်းပြီး သူတို့ကအိမ်အောက်မှာဆင်းအိပ်မည်ဟု ဆိုလာကြသည်၊ ဤသို့နှင့်ပင် အိမ်အောက်မှာသူအိပ်မည်ငါအိပ်မည်နှင့် အိမ်ပေါ်တွင်အပြန်အလှန်အိပ်ခိုင်းကြသည်။
ထိုနေ့ညစာအတွက် အင်းတံငါပျံကျရွာသားများက စေတနာထက်သန်စွာဖြင့် ဝက်သားဟင်းချက်ကျွေးလေ သည်။
ထိုညချမ်း၏ တပ်နှင့်ပြည်သူတို့၏ ချစ်ကြည်ယိုင်းပင်းကူညီမှုသည် ကြည်နူးချမ်းမြေ့ဘွယ်ရာအတိ ရှိလှပေတော့ သည်၊ သူတို့စခန်းချစားသောက်ကြပြီးနောက် ဥက္ကဌမန်းဘဇံက
“ဟေ့ ဗိုလ်တင်ဦး တော်လှန်ရေးစ,ကာနီး ဟိုတုန်းက လောင်းတိုင်နား ကွင်းထဲက လယ်ကူလီတဲကလေးထဲမှာ ဥက္ကဌစောဘဦးကြီးပြောခဲ့တဲ့စကား ငါသဘောသိပ်မပေါက်ဘူးကွ၊ ဒီညနေအဖြစ်အပျက်လေးဟာ စောဘဦးကြီး ကိုသိပ်သတိရ,တာပဲ”
စကားသံရပ်သွားသည် မလင်းတလင်းလရောင်ရိပ်ဝယ် မန်းဘဇံသည် အဝေးတနေရာသို့ ငေးမောလျှက်ရှိ သည်၊ အတန်ကြာမှ
“ဟိုတုန်းက ဥက္ကဌစောဘဦးကြီး ကြိုတင်တွက်ဆ,ရှင်းပြခဲ့တယ်ကွ၊ တို့လက်မခံဘူး၊ သူ့ကိုတောင်တမျိုးမြင်ခဲ့ သေးတယ်၊ တကယ်တမ်းအခက်အခဲ အကြတ်အတည်းနဲ့ကြုံလာရင် တကယ်တမ်းတော်လှန်ရေးအပေါ် သစ္စာ ရှိပြီး မဖေါက်ပြန်တဲ့ အကျိုးပြုကရင်ပြည်သူတွေဟာ ဟောဒီအင်းတံငါရွာက လူစားမျိုးတွေပဲကွ”
ထိုတညသည်ဆန်းစ,လ၏အလင်းရောင်အောက် ဥာဏ်တောထဲတွင်အိပ်မပျော်မှီ မန်းဘဇံ၏ဦးဏှောက်အတွင်း ဝယ် ကြည်လင်ပေါ့ပါးစွာဖြင့် အသိဥာဏ်အလင်းရောင်တခုကို လက်ခံသိမ်းပိုက်ရင်း အိပ်ပျော်သွားခဲ့လေပြီ။

ကျွန်ုပ်တို့၏မိဘဘိုးဘွားများသည် တောရိုင်းမြေတို့အား ခုတ်ထွင်ရှင်းလင်းကြကုန်၏၊ အရိပ်အာဝါသ,နှင့်ပြည့်စုံ စေလျှက်ချိုမြိန်မွှေးကြိုင်၍ အရ,သာတို့နှင့်အတိပြီးသော သီးနှံပန်းမာလ်တို့အား စိုက်ပျိုးခဲ့ကြကုန်၏၊ သန်စွမ်း သောမျိုးပင်မျိုးဆက်တို့အား ကျဲချကုန်လျှက်မြေဆီမြေသြဇာပြည့်စုံသော ဤကမ္ဘာမြေပေါ်ဝယ် ဆက်လက်ရှင် သန်ကြီးထွားစေကုန်၏။

အမိအဘဘိုးဘွားတို့၏ မျိုးဆက်များဖြစ်ကြကုန်သော အကျွန်ုပ်တို့သည် လွန်လေကြ ကုန်ပြီးဖြစ်သော မိဘဘိုး ဘွားတို့ ပြုစုပျိုးထောင်ပေးခဲ့သည့် ဤဥယျာဉ်ဝယ် ဧမြသောအရိပ်၊ ခိုင်ဖြီးသောအသီး ချိုမြိန်သောအရသာတို့ ဖြင့် ပြည့်စုံစေခြင်းအလို့ငှာ ကောင်းမြတ်သောအမွေကိုဆက်ခံလျှက် ဤဥယျာဉ်ကြီးအား ဆက်လက်ရှင်သန် ကြီးထွားစေရန်ကြိုးပမ်းကြကုန်အံ့။

ဤသို့ မိဘဘိုးဘွားတို့၏ကျေးဇူးတရားကို အသက်ထက်ဆုံးအောက်မေ့တ,သ,နှလုံးမူရင်း ကိုယ်စီကိုယ်ငှသော အသိတရားဖြင့် တာဝန်ယူလျှက် အသက်ရှင်နေထိုင်သွားကြကုန်အံ့။

ကျဆုံးလေပြီးသောခေါင်းဆောင်ကြီးများ၏ နမိတ်ပုံရိပ်ကို အနုမာနဖြင့်မှန်းဆ,ပုံဖေါ်၍ ဦးညွှတ်ကန်တော့အပ်ပါ သည်။

ရဲဘော်ရှောင်း

January 31, 2010 တွင်ကျရောက်မည့် ၆၁ နှစ်မြောက်ကရင့်အမျိုးသားတော်လှန်ရေးနေ့အား ကြိုဆိုဂုဏ်ပြု သောအားဖြင့် September 1, 2001 ၌ ကရင့်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွါးရေးကော်မီတီ မှ ပထမအ ကြိမ် စီစဉ်ထုတ်ဝေသည့် အားမာန်သစ်စာစောင် မှ ပြန်လည်ကူးယူရေးသားဖေါ်ပြလိုက်ခြင်းဖြစ်ပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အေးယှ ဆင်းထဦု့မာဆိုင်လင်ၟဌါန့် ကုံလွဲါဆ်ုအှ်ကံင်း

Asian Assistance Center အေးယှ ဆင်းထဦု့မာဆိုင် လင်ၟဌါန့် ကုံလွဲါလ်ုဏင်
Photo by; Phyu Young Hat

(AAC) အေးယှ မာဆိုင်ဆင်းထဦု့လင်ၟဌါန့် ဆ်ုအှ်ကံင်း

(စ၀်ထေါဟ်တွါ်)

လ်ုဏီယိုဝ်January 24, 2010 Sunday မူၟအ်ုတုက် ကေဟှးလင် ၂း၀၀နာၟဍီခါ့ မေန်ဏီဆိုဝ်းတးခါန်ၟကႝင့် စိင့်ပှ် ဍုံ အ်ုဏါင်း ၅၀၀ ဂ်ုရုင်ထိုဖိုင်သာဏှ် ကုံလွဲါလ်ုဖး ဆီ့ဏင်အှ်ကံင်းလ၀်ထါင်ယှံင်ဆ်ုဏှ် ဏေ၀်ၟ္ဘးဆ်ုပြိုင့်ဆေ၀်ၟလှ် ဆါ်။
ကုံလွဲါဆ်ုဖါ်ဆ်ုမာအ်ုမေါဝ်ၟတိုင်ဏှ် ပ်ုယင်ဍေသါင့် ခါန်ၟဆိုင့် ဖႜဳံ႓းဒၱဳက္တႝာ့ဆါၟေဖါဟ္သီးလု္ဖး ဟှယ့်ထံင်ဝယ် သီးမွဲါအ်ုဟှေဝ် လ်ုခါင့်လ်ုလါၟမ်ုဟှယ့်သီးမွဲါအ်ုဟှေဝ် အ်ုသီးဝေ့ဆ်ုကးဆ်ုဟှယ်္ဘေ့မ်ုလင်ယှာ မ်ုကံင်ယါၟသိုဝ် မ်ုဆံင်းထဦု့မ်ုမာဆိုင်ဝေ့အ်ုဟှေဝ်ထုက်ဆေ၀်ၟလှ်ဏှ် ဏေ၀်ၟ္ဘးဆ်ုပြိုင့်ဆေ၀်ၟလှ်။

ကုံလွဲါပိုင်လင်ၟဆီ့ဏင်ဏှ်မွဲါဝေ့Timothy J. Monotgomery ဟှံင်၊ ပိုင်လင်ၟဆီ့ဏင် ဏီ့ဟှာလ်ုဟှာလ်ုဖးဏှ်ဍ၀် မွဲါဝေ့ Zaw Mine ဍေ Gidean Kasuh ဏှ်ဆေ၀်ၟလှ်၊ နဲါလွဲါဏှ် မွဲါဝေ့ Piyand A. Montgomery ဆေ၀်ၟလှ်၊ ဆ်ုယေါဝ်ၟဖံင်းခိုင့်စေ၀်ဏှ်မွဲါဝေ့ Lin Aung ဆေ၀်ၟလှ်။ ကုံလွဲါဆ်ုလင်ၟဌာန့် လိက်ဒၞံင့်ဏှ်ဍ၀်500 Grotto Street, Saint Paul, Minnesota, 55104. USA ဆေ၀်ၟလှ်ဏှ်သှေ်ယါ့္ဘးဆေ၀်ၟလှ်။
္ဘးသာသှေ်ယါ့အးထင်းဆေ၀်ၟဍူ လေ၀်လု www.asian-assistance.org ဏှ်စါ်္ဘိုဝ် အင်းဃှူ့သှေ်ယါ့အးထင်း ကဲဝေ့ ဆေ၀်ၟလှ်၊ ဏင်ၟနဦု့ဍ၀် January 30, 2010 Saturday မူၟသ်ါသ၀့် လ်ုဏီဏှ် အ်ုသီးဝေ့ကုံလွဲါမ်ုအှ်ကံင်း လ၀်ထါင်ယှံင်ဆ်ုအှ်ဏှ် ဏေ၀်ၟ္ဘးဆ်ုပြိုင့်ဆေ၀်ၟလှ်ဆါ်။

အှ်ဆံင်းလာၟဆါ်။

(စ၀်ထေါဟ်တွါ်)
ကႜုံပိုင်ၟ (ကေါဝ်တြာ်ခင်းထ်ါလး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Assian Assistance Center ဆွေးနွေးပွဲ

Asian Assistance Center အစည်းအဝေးမှ အဖွဲ့ဝင်အချို့
Photo by Phu Young Hat

Asian Assistance Center
မှ ဆွေးနွေးပွဲတရပ် ကျင်းပ,ပြုလုပ်ခြင်း

(ကျော်ထိုးတွိုင်)

ယနေ့ January 24, 2010 Sunday မွန်းလွဲ ၂း၀၀ နာရီတိတိအချိန်၌ မင်ဏီဆိုးတားပြည်နယ် စိန့်ပေါမြို့ရှိ အမှတ်၅၀၀၊ ဂရုတ်ထိုလမ်းတွင် ဆွေးနွေးပွဲတရပ်ကိုကျင်းပ,ပြုလုပ်ကြောင်း သတင်းရရှိပါသည်။
အဖွဲ့၏အဓိကလုပ်ငန်းစဉ်မှာ မြန်မာနှင့်ထိုင်းနယ်စပ်မှရောက်ရှိလာပြီးကြသည့်ဒုက္ခသည်များအပြင် ဆက်လက် ၍ ထပ်မံရောက်ရှိလာကြဦးမည့် ဒုက္ခသည်တို့၏အခက်အခဲများကို အတတ်နိုင်ဆုံးကူညီဖြေရှင်းပေးမည်သာမက လိုအပ်သည့်အခြားသော လူမှုရေး၊ ပညာရေး၊ ကိစ္စရပ်များကိုလည်း လိုအပ်သည့်အလျှောက်အတတ်နိုင်ဆုံး ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဖွဲ့၏ဥက္ကဌအဖြစ်Timothy J. Monotgomery. ဒုဥက္ကဌများအဖြစ် Zaw Mine နှင့် Gidean Kasuh တို့ ကဆောင်ရွက်ကြပြီး အတွင်းရေးမှူးအဖြစ် Piyand A. Montgomery ကဆောင်ရွက်ကာ၊ဘဏ္ဍာရေးမှူးအဖြစ် Lin Aung တို့က အသီးသီးတာဝန်ယူဆောင်ရွက်လျှက်ရှိကြောင်း၊ အဖွဲ့၏ရုံးဆိုက်ရာလိပ်စာအပြည့်အစုံမှာ
500 Grotto Street, Saint Paul, Minnesota, 55104. USA ဖြစ်ကြောင်းစုံစမ်းသိရှိရပါသည်။

အသေးစိပ်သိရှိလိုပါက ၎င်းတို့၏ ဝတ်ဆိုက်ဖြစ်သည့်www.asian-assistance.org သို့ဝင်ရောက်ကြည့်ရှုလေ့ လာနိုင်ကြကြောင်းသိရှိရပါသည်။လာမည့် January 30, 2010 Saturday တွင် အဖွဲ့ဝင်များ၏ အပတ်စဉ် အစည်းအဝေးကို ကျင်းပ,ကြမည့်အကြောင်းသတင်းရရှိပါသည်။

ကျော်ထိုးတွိုင် ကျုံပိုင်း(ကေါ့ကရိတ်မြောက်ပိုင်း)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, January 23, 2010

ကျွန်ုပ်တို့၏ဘိုးဘွားများသည် တောရိုင်းတို့အား ခုတ်ထွင်ရှင်းလင်းကြကုန်၏

ကျွန်ုပ်တို့၏ဘိုးဘွားများသည် တောရိုင်းတို့အား ခုတ်ထွင်ရှင်းလင်းကြကုန်၏
(ရဲဘော်ရှောင်း)

ယခင်ပတ်မှအဆက်

ခရီးသည်ကြီးများ တဲပေါ်သို့ရောက်ရှိသွားပြီးနောက် လယ်ကူလီတဲရှင်သည် ရုပ်ရည်သန့်ပြန့်ခန့်ငြားသော ဤခ ရီးသည်ကြီးများသည် အဘယ်မည်သောအရေးကိစ္စများကြောင့် သူ့တဲကလေးပေါ်သို့တက်လာရခြင်းကို စူးစမ်း နေမိသည်၊ နုံခြာချိနဲ့လှသော သူ့ဘဝနှင့် သူ့တဲကလေးကြောင့် ခရီးသည်ကြီးများကိုလွန်စွာမှပင် အားတုံ့အားနာ ဖြစ်လှသည်။
အကာအရံဟု မည်ကာမတ်တတ်နိုင်လှသော အိမ်ခန်းအတွင်းဘက်၌ လယ်တဲရှင်၏ဇနီးသည်၏ခေါင်းပေါ်တွင် တဘတ်နွမ်းတဘက်တထည်ကိုပေါင်းထားပြီး တကိုယ်လုံးတွင်လည်းနံနွင်း(ဆနွင်း)များလိမ်းကျံထားမှုကြောင့် ဝါရွှေသောအဆင်းကိုဆောင်လျှက် မွေးကင်းစ,နီတာရဲသားငယ်ကိုပွေ့ပိုက်ပြီး နို့ချိုတိုက်ကျွေးလျှက်ရှိသည်။
ဤလူ့ပြည်လောက,ကြီးထဲသို့ ရောက်ရှိကာစ,လူသားလေးသည် အာဟာရ,ချို့တဲ့သောမိခင်ထံမှနို့ချိုကိုအငမ်းမ ရ,စို့နေသည်၊ မိခင်နို့မှာ မရ,တချက်ရ,တချက်မို့ကလေးငယ်လေးသည် ခရီးသည်ကြီးများအား ဟစ်အော်ငိုကြွေး ပြီးနှုတ်ဆက်လိုက်သကယ့်သို့ပင်။

ဦးဆောင်လာသူခရီးသည်ကြီးက လယ်တဲရှင်အား ဤတညတာအဘို့ နားခိုမည့်အကြောင်းခွင့်ပန်ပြီး ထမင်း ချက်ကျွေးရန်ကိုပါ ခွင့်ပန်ပြန်သည်၊ လယ်တဲရှင်သည်ခရီးသည်ကြီးများ သူ့တဲပေါ်သို့ရောက်ရှိလာပြီးအချိန်မှစ, ၍ မပြည့်စုံမဖူလုံချို့ငဲ့ခြင်းဘဝအခြေအနေများကြောင့် အားတုံ့အားနာဖြစ်ရသောကိစ္စရပ်များသည် ဆက်ကာ ဆက်ကာဖြစ်နေလေတော့သည်။
ယခုလည်းသူ့ဆန်အိုးတွင် ဆန်မရှိခြင်းနှင့်ကြုံရပြန်သည်၊ ခရီးသည်ကြီးက အလိုက်မသိအားမနာတတ်သည့်အ လား ဆန်မရှိလည်း အနီးအပါးတဲတွင်ချေးငှားခိုင်းပြန်သည်၊ ကျသင့်သည့်တန်ရာတန်ဘိုးကိုပေးပါမည်ဟုလည်း ကတိပေးပြောလိုက်သေးသည်။
တဲရှင်သည်တဲပေါ်မှဆင်းသွားပြီး ခဏအကြာတွင် ပုဆိုးနွမ်းတထည်ဖြင့်ထုပ်ထားသည့် ဆန်ထုပ်ကလေးကိုပိုက် လျှက်ပြန်ရောက်လာသည်၊ ကျန်ခရီးသည်နှစ်ဦးသည် ရိုးကလေးသို့ကူးလာစဉ်တုန်းက ရွှံ့စေးများ၎င်းတို့၏ခြေ များတွင် ပေကျံနေသေးသည်၊ ခဏတဖြုတ်နားကြမည်အထင်ဖြင့် ခြေထောက်များပင်အပြီးမဆေးကြောကြရ သေးပေ၊ ဦးဆောင်လာသည့်ခရီးသည်ကြီး ဤတဲလေးပေါ်သို့ရောက်ရှိလာချိန်မှစ,၍ ပြုမူလှုပ်ရှားမှုများကို နားမ လည်နိုင်သောအမူအယာ အကြည့်များဖြင့် စူးစမ်းသမှုပြုနေကြသည်။
တအောင့်တဖြုတ်အကြာ၌ တဲရှင်သည် ကြွေရည်များကွာနေသော သံပန်းကန်ပြားထဲသို့ အငွေ့တထောင်း ထောင်းနှင့်ငစိန်ဆန်ထမင်းနီများကို ခူးခပ်ယူဆောင်လာသည်၊ ငါးပိရည်ကျဲတခွက်ထဲတွင် သုံးပိုင်းကျိုးငြုပ်သီး သုံးလေးတောင့်ကိုခပ်ထည့်ထားသည်၊ ဤထမင်းဝိုင်းတွင် ဖူဖူလုံလုံနှင့်အပေါများဆုံးခဲဘွယ်ဘောဇဉ်မှာ သူတို့ ကူးလာသည့်ရိုးတလျှောက်တွင် သဘာဝအတိုင်းပေါက်ရောက်နေသည့် ကန်ဇွန်းရွက်နုနုတပန်းကန်သည်သာ ပြည့်လျှံမို့မောက်စွာရှိနေသည်။
ခရီးသည်ကြီးက ထမင်းဝိုင်းသို့ဦးစွာဝင်ရောက်နေရာယူလိုက်ပြီး ကျန်ခရီးသည်နှစ်ဦးကို အဟာရဖြည့်တင်းရေး ကိစ္စအတွက် ဖိတ်ကြားသမှုပြုသည်၊ ကျန်ခရီးသွားဖေါ်နှစ်ဦးတို့သည် တဦးကိုတဦးမေးငေါ့မျက်စ,ချီလျှက် ထ မင်းဝိုင်းသို့ မတက်မကြွဖြင့်ဝင်ရောက်နေရာယူကြသည်၊ ခရီးသည်ကြီးက တလောက,လုံးတွင်ကြေနပ်မှုအရှိဆုံး လူကယ့်သို့ မြိန်ရည်ယှက်ရည် အားပါးတရ,စားသောက်နေပေတော့သည်၊ ကျန်ခရီးသွားဖေါ်နှစ်ဦးမှာမူကား တို့ ကဏန်းဆိတ်ကဏန်းသာစားနေလေသည်။
သူတို့သုံးဦးသား စားသောက်ခြင်းအမှုကိုပြုကြပြီးနောက် ဦးဆောင်လာသူခရီးသည်ကြီးသည် ပါလာသည့် သူ၏ ခရီးဆောင်အိတ်ကလေးကို အိပ်ရာအဖြစ်ခင်းကာလှဲနေလိုက်သည်၊ မိုးဒါဏ်၊ နေဒါဏ်၊ လေဒါဏ်၊ ဆင်းရဲမွဲတေ ခြင်းဒါဏ်တို့ကြောင့် ကွက်တိကွက်ကျားအမိုးကြားမှ ဆန်းစ,လနှင့်ကြယ်ကလေးတို့အား ကြည့်ရှုငေးမောပြီး တ ဦးတည်းမည်သို့သောအရာကိစ္စများကို အနုလုံပဍိလုံ တွေးခေါ်စဉ်းစားနေသည်မသိ။
အကိုက်အပြုများလှသောကွင်းခြင်တို့အား အဝတ်ဖြင့်တချက်တချက်ပုတ်ယမ်းနေမှုကြောင့်သာ အိပ်မပျော်သေး သည့်အမှတ်အဖြစ် သိနေရသည်၊ လယ်တဲရှင်၏ရေနံဆီမီးခွက်ရောင်ကလေးမှာ တဲအတွင်း မလင်းတလင်းရှိ ချေသည်။
ပုသိမ်မှပြန်လာကတည်းက ဤခရီးသည်ကြီး၏ပြုမူမှုမှန်သမျှတို့သည် ယခင်အခါများကကယ့်သို့မဟုတ်မူပဲ တ မျိုးတမူထူးခြားနေသကယ့်သို့ရှိနေသည်ကို သတိမူမိကြသည့် ခရီးသွားဖေါ်နှစ်ဦးသည် တလှုပ်လှုပ်တယမ်းယမ်း ဖြင့် သောင်းကျန်းခြင်းရှိသောကွင်းခြင်များကိုခုခံဆန့်ကျင်မှုပြုကြရင်း အမှောင်ထဲတွင် တိုးတိုးဖြင့် အရေးကြုံ လာရင် မြေရှင်ဓနရှင်တွေဟာ ဒီလိုပဲ မပြတ်သားဘူး သတ္တိမရှိကြဘူး စသည်ဖြင့်အမျိုးမျိုးအတွေထွေသော တံ ဆိပ်ကိုခတ်နှိပ်လျှက် ကွယ်ရာတွင်စွဲချက်တင်လျှက်နေပေတော့သည်။
ကွင်းခြင်နှိပ်စက်သောင်းကျန်းမှုကြောင့် အိပ်မပျော်နိုင်ပဲ ထိုထိုဤဤသော စွဲချက်များဖြင့်ဆိတ်ကွယ်ရာတွင် စွဲချက်တင်နေကြခိုက် ဆန်းစ,လ၏အလင်းရောင်အောက်မှ မီးတုတ်(ဒုတ်)မီးခွက်ဆယ့်လေးငါးခုသည် လောင်း တိုင်ဘက်ဆီမှမိမိတို့ခိုနားနေရာတဲကလေးဆီသို့ ဦးတည်လာနေသည်ကိုတွေ့ရှိလိုက်သည်၊ ခဏအကြာတွင် အ သံဗလံဆူဆူညံညံဖြင့်တဲကလေးဆီသို့ ရောက်လာကြလေသည်။
ဘယ်ဆီကများကြိုတင်သတင်းကြားထားကြသည်မသိ၊ ခရီးသည်ကြီးများကိုကြိုဆိုဧည့်ခံရန် စီမံပြုပြင်ထားကြ သည်ဟု လာကြိုသူများ၏ပြောဆိုမှုအရ,သိလိုက်သည်။
လောင်းတိုင်တွင်ခရီးသည်ကြီး၏ ဆွေမျိုးနီးစပ်နှင့်မိတ်သင်္ဂဟများရှိကြပါသည်၊ လာကြိုပါသည်၊ လာကြိုသူများ က လိုက်ခဲ့ဘို့ခေါ်သည်၊ တရွာလုံးကလည်းစောင့်ကြိုနေကြကြောင်းပြောသည်၊ ခရီးသည်ကြီးက ဒီတညဒီမှာစ ခန်းချအိပ်တော့မည်ဖြစ်ကြောင်းပြန်ပြောသည်၊အထပ်ထပ်ခေါ်ပါသော်လည်းမရ။
ခရီးသည်ကြီး၏အဒေါ်ဆိုသူက အနားသို့တိုးကပ်သွားပြီး နဖူးကိုစမ်းလိုက်၊ လက်ဖျားခြေဖျားများကို ဆုပ်ကိုင် လိုက်လုပ်နေသည်၊ ကွဲကွာနေသောသားငယ်ကို ပြန်လည်ဆုံတွေ့ရသည့်မိခင်ပမာ ဂရုဏာမေတ္တာများပြည့်လွှမ်း သောအကြည့်ဖြင့် နဖူးဆံစ,နှင့်မုတ်ဆိတ်ကျင်စွယ်တို့အား တယုတယ,ဖြင့်နွေးထွေးစွာပွတ်သပ်နေရင်း နှုတ်မှ လည်း နေကောင်းရဲ့လား၊ ခရီးပမ်းနေလား စသည်ဖြင့် တဖွဖွမေးနေလေတော့သည်။
အထပ်ထပ်အခါခါအကြောင်းအမျိုးမျိုးပြခေါ်သော်လည်း မရ,လေသောကြောင့် လာကြိုသူအားလုံးတို့သည် စိတ်မကောင်းခြင်းကြီးစွာဖြင့် လက်လျှော့ပြန်သွားကြလေတော့သည်၊ ကျန်ခရီးဖေါ်နှစ်ဦးမှာတော့ လိုက်သွားချင် သည့်ဆန္ဒရှိလှပါ၏၊ သူတို့ကိုဦးဆောင်သည့်ခရီးသည်ကြီးမလိုက်သောကြောင့် မကြေမချမ်းနှင့်တုံဏှိဘာဝေခပ် မဆိတ်နေလိုက်ကြရသည်၊ သူတို့နှစ်ဦးကို အပြစ်မဆိုသာပါ၊ လောင်းတိုင်မှာဆိုပါလျှင် ကြိုဆိုသူများ၏ ကြိုတင် စီမံထားမှုများကြောင့် စားကောင်းခြင်းလည်းစားရ,မည် အိပ်ကောင်းခြင်းလည်းအိပ်ရ,မည်၊ အဟာဂတ,ပေါများ လေစွမို့ ဘာများဆိုဘွယ်ရာရှိပါမည်နည်း။
ထိုတညလွန်မြောက်၍ နောက်တနေ့မိုးသောက်သည်နှင့် ခရီးသည်သုံးဦးသား ခရီးဆက်ကြလေသည်၊ ဆွမ်းခံ ပြန်ချိန်မရောက်တရောက်တွင် အိမ်မဲသို့ရောက်ရှိကြလေသည်၊ ခရီးသည်ကြီးဦးဆောင်၍ တရုတ်စားသောက် ဆိုင်တခုအတွင်းသို့ဝင်သွားကြသည်၊ တရုတ်အစားအသောက်မျိုးစုံကို ခရီးသည်ကြီးက ဖွယ်ဖွယ်ရာရာမှာလိုက် သည်၊ မကြာမှီတွင် အမျိုးမျိုးအထွေထွေသောအစားအသောက်မျိုးစုံတို့သည် စားပွဲမဆန့်ပြည့်လျှံသွားမတတ် ဖြစ်သွားလေတော့သည်။
ခရီးသည်ကြီးက “ဟေ့ ဘဇံ၊ စားစမ်း၊ ဟေ့ ဟန်တာ စားစမ်း” စသည်ဖြင့်ဘိတ်မန္တကပြုသည်၊ ခရီးသည်ကြီး၏ခ ရီးဖေါ်နှစ်ဦးမှာ ပြုံးပြုံးရွှင်ရွှင်ကြည်ကြည်လင်လင်ဖြစ်သွားသည်၊ ခရီးသွားဖေါ်နှစ်ဦးတို့သည် ကွင်းထီးခေါင်ခေါင် ၌ ယမန်နေ့ညက အစားလည်းဆင်းရဲ၊ အနေလည်းဆင်းရဲ၊ အအိပ်လည်းဆင်းရဲခဲ့ရ,သည်၊ ယခုမနက်စာသည် မနေ့က ညနေစာနှင့် ခြားနားခြင်းမက, ခြားနားလှသည်မို့ မြိန်ရည်ယှက်ရည်အားပါးတရ, စားသောက်ကြလေ သည်။
သူတို့သုံးဦးသား စားသောက်ကြပြီးနောက် “ဘဇံ နဲ့ ဟန်တာ တို့ရေ ရှေ့အဘို့ဆိုရင် ဒီလိုအစားအသောက်မျိုး စားရဘို့မလွယ်တော့ဘူး။ ရှေ့အဘို့ဆိုရင် မနေ့ညက,ငါတို့စားခဲ့ရ,တဲ့အစားအသောက်မျိုးပဲ စားရဘို့များရလိမ့် မယ်”

(ရဲဘော်ရှောင်း)

ဆက်လက်ဖေါ်ပြပါဦးမည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, January 22, 2010

ကျွန်ုပ်တို့၏ဘိုးဘွားများသည် တောရိုင်းတို့အား ခုတ်ထွင်ရှင်းလင်းကြကုန်၏

ကျွန်ုပ်တို့၏ဘိုးဘွားများသည် တောရိုင်းတို့အား ခုတ်ထွင်ရှင်းလင်းကြကုန်၏
(ရဲဘော်ရှောင်း)

စစ်ပြီးခေတ်တွင် ကရင်အမျိုးသားအတွင်း အလျှင်အမြန်ပြောင်းလွဲဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကို ဆန်းစစ်သုံးသပ်ပြီး နိုင်ငံရေးအရ,မှန်မှန်ကန်ကန်ဦးဆောင်ပေးသွားရန် လိုအပ်သည့်အတွက် ၁၉၄၈ခုနှစ် စက် တင်္ဘာလ ၁၇ ၁၈ နေ့များတွင် ပုသိမ်မြို့၌ ကေအင်န်ယူ အရေးပေါ်ညီလာခံတရပ်ကိုခေါ်ယူကျင်းပ,ခဲ့သည်၊ ဤ အရေးပေါ်ညီလာခံမှ အရေးကြီးဆုံးဖြတ်ချက် ၁၃ ချက်ကိုလည်းချမှတ်ခဲ့သည်။

ရွာမလိုပြိုတော့မည့်မိုးလိုပင် နိုင်ငံရေးမိုးတိမ်တောင်တို့သည် အုံ့မှိုင်းညို့ဆိုင်း၍နေပေသည်၊ တမျိုးသားလုံး၏ အ မျိုးသားရေးနိုးကြားမှုစိတ်ဓါတ်များကလည်း လ,ပြည့်ရက်ဒီရေကယ့်သို့ပင် အမြင့်မားဆုံးသို့ရောက်နေပေတော့ သည်၊ လွန်ခဲ့သည်ဖေဖေါ်ဝါရီလ, (၁၁)ရက်နေ့ကလည်း တမျိုးသားလုံး၏ဆန္ဒထုတ်ဖေါ်ပြသ,မှုကို အမျိုးသားရှိ ရာအရပ်ဒေသ,တိုင်းတွင် လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

“ကရင်ပြည်နယ် ချက်ခြင်းပေး”
“ကရင်တကျပ် ဗမာတကျပ် ချက်ခြင်းပြ”
လူမျိုးရေးအဓိကရုဏ်း အလိုမရှိ”
“ပြည်တွင်းစစ် အလိုမရှိ”

ဤဟစ်ကြွေးသံ (၄)ရပ်သည် မိုးယံသို့တိုင်ပဲ့တင်ထပ်သွားခဲ့သည်၊ (၆)သိန်းခန့်မျှသောကရင်အမျိုးသားထု၏ လှုပ်ရှားမှုကြောင့် အာဏာရစ, ဖဆပလ အစိုးရသည် (ဖက်ဆစ်ဆန့်ကျင်ရေးနှင့်ပြညသူ့လွတ်မြောက်ရေး) အံ့ သြတုံလှုပ်ခြောက်ခြားသွားခဲ့ရသည်၊ ပြီးခဲ့သော တနှစ်ကျော်က,ဖွဲ့စည်းလိုက်သော ကေအင်ဒီအိုအဖွဲ့ဝင်များက လည်း ကရင်အမျိုးသားထုနေထိုင်ရာအရ, ဒေသ,အနှံ့တွင်တက်ကြွစွာဖြင့် ပြုသင့်ပြုထိုက်သောအမျိုးသားကာ ကွယ်ရေးပြင်ဆင်လှုပ်ရှားမှုများကို အသက်ပါပါလှုပ်ရှားနေကြပေသည်။

လွန်ခဲ့သော လေး ငါး ခြောက်နှစ် ဂျပန်ခေတ်တွင် ဘီအိုင်အေဆိုသူများက နိုင်ငံရေးအပေါ်စီးရ,မှုအပေါ် ဂျပန် အားကိုးနှင့် ကရင်အမျိုးသားများအပေါ်တွင် လူမျိုးရေးဖိနှိပ်သတ်ဖြတ်မှုအဓိကရုဏ်းကို ဖန်တည်းခဲ့ကြသည်၊ က ရင်အမျိုးသားအပေါ် မတရားရက်စက်သတ်ဖြတ်မှုတွင် အိမ်မဲနယ်မှ မန်းရွှေထွန်းကြာဦးစီးသည့် အမျိုးသားခုခံ ကာကွယ်မှုလက်နက်ကိုင်တိုက်ပွဲသည် ကရင်တမျိုးသားလုံးကို လှုပ်နိုးလိုက်ခဲ့သည်၊လက်တွေ့ဘဝကသင်ကြား ပေးလိုက်သော သင်ခန်းစာများသည် တမျိုးသားလုံး၏နှလုံးသားတွင် လေးနက်ခိုင်မာစွာနေရာယူလိုက်ကြပြီ မ ဟုတ်ပါလော။
ကရင်တမျိုးသားလုံး၏အမျိုးသားရေးစိတ်ဓါတ် နိုးကြားတက်ကြွမှုသည် ယခုအခါကယ့်သို့ အထွတ်အထိပ်သို့ ရောက်ရှိနေချိန်မျိုးတွင် တမျိုးသားလုံးကိုဦးဆောင်စည်းရုံးသွားမည့် ကေအင်န်ယူ အစည်းအရုံးကြီးအနေနှင့် မှန်ကန်ထက်မျက်သော နိုင်ငံရေးလမ်းစဉ်တရပ်ကို ချမှတ်ကျင့်သုံးသွားနိုင်ရေးမှာ တမျိုးသားလုံးအတွက် သေ ရေးရှင်ရေးတမျှ အရေးကြီးလှပေသည်။
ကရင်တမျိုးသားလုံး၏ လှုပ်ရှားရုန်းကန်မှုဒီရေပြင်းလာသည်နှင့်အမျှ အာဏာရ,ဖဆပလ မဟာလူမျိုးကြီးဝါဒီ များသည် လူမျိုးရေးမုန်းတီးမှု၊ လူမျိုးရေးအဓိကရုဏ်းများကို အစီအစဉ်ရှိရှိဖြင့်ကောက်ကျစ်ယုတ်မာစွာ လုပ် ဆောင်လာသည့်အတွက် နိုင်ငံရေးအခြေအနေများသည် ပိုမိုတင်းမာလာပေတော့သည်။
ပုသိမ်မြို့အရေးပေါ်ညီလာခံကြီးသို့တက်ရောက်ခဲ့ကြသော အမျိုးသားခေါင်းဆောင်ကြီးများသည် ညီလာခံပြီးဆုံး ပြီးနောက် တာဝန်ခွဲဝေသတ်မှတ်ထားသော အရပ်ဒေသ,အသီးသီးသို့ ပြန်လည်ထွက်ခွါလာခဲ့ကြသည်။
ဘဲပရက်ရွာကြီးဘက်ဆီသို့ဦးတည်သွားနေသော ခရီးသွားပုဂ္ဂိုလ်သုံးဦးတို့သည် အတွေးကိုယ်စီဖြင့်နှုတ်ဆိပ်စွာ ခရီးသွားနေကြသည်၊အရေးပေါ်ညီလာခံပြီးဆုံးပြီးနောက် သူတို့၏မြစ်,ကျွန်းပေါ်တခွင် နယ်လှည့်လူထုစည်းရုံး ရေးခရီးစဉ်တလျှောက် ပြုလုပ်ခဲ့သောအတွေ့အကြုံများအရ, နိုင်ငံရေးမိုးသက်လေပြင်းများ ကျရောက်တော့မည့် အသွင်ကိုလည်း တွေ့မြင်နေရသည်။

ဤခရီးသည်ကြီးသုံးဦးတို့သည် အမျိုးသားထုတရပ်လုံး၏စည်းလုံးညီညွတ်တက်ကြွမှုကို စည်းရုံးရေးခရီးစဉ်တ လျှောက်လုံးတွင် တွေ့မြင်ကြားသိနေရသည့်အတွက် အားတက်ဝမ်းမြောက်ကြရသည်၊ တမျိုးသားလုံး၏စည်း လုံးညီညွတ်တက်ကြွမှုကို မည်ကယ့်သို့သောနိုင်ငံရေးပုံသဏ္ဍန်မျိုးဖြင့် ထိန်းကျောင်းဦးဆောင်သွားမည်ဆိုသော အမြင်မျိုး သူတို့သုံးဦးတွင်တူညီမှုမရှိပဲ သိသာထင်ရှားစွာကွဲလွဲမှုရှိနေကြသည်။
ခရီးသည်ကြီးသုံးဦးထဲမှ တဦးသောပုဂ္ဂိုလ်သည် ကေအင်န်ယူအစည်းအရုံးကြီးကို ကျစ်လျစ်ခိုင်မာအားကောင်း လာအောင် စည်းရုံးတည်ဆောက်မှုလုပ်ဆောင်သွားဘို့ လိုအပ်သေးသည်ဟု သိမြင်ယူဆ,ထားလေသည်၊ ဥပ ဒေတွင်းတိုက်ပွဲနှင့်အတွေ့အကြုံယူသွားရင်း အစည်းအရုံးကြီးကိုခိုင်မာအားကောင်းလာအောင် ဘက်ပေါင်းစုံ စည်းရုံးတည်ဆောက်မှု၊ ပြင်ဆင်မှုပြည့်စုံသည်နှင့် တမျိုးသားလုံး၏အမြင့်ဆုံးရည်မှန်းချက်ကို နိုင်ငံရေးနည်းအရ ဖြေရှင်းမှု မရ,ရှိမှသာလျှင် လက်နက်ကိုင်တိုက်ပွဲဖြင့်ပေါင်းစပ်ကူးပြောင်း ချီတက်သွားမည်။
ဤနည်းဖြင့်သာလျှင် တမျိုးသားလုံးအတွက် အမြင့်မားဆုံးရည်မှန်းချက်ကို အခက်အခဲ အဆုံးအရှုံးနည်းပါးစွာ ဖြင့် အောင်မြင်စွာလုပ်ဆောင်သွားနိုင်မည်ဟု သူ့အနေနှင့် ယုံကြည်ယူဆ,ထားလေသည်၊ ကရင်တမျိုးသားလုံး သည် ယခုအခါကယ့်သို့ စည်းလုံးညီညွတ်မှုအမြင့်ဆုံးရောက်နေချိန်တွင် တမျိုးသားလုံးလွတ်မြောက်ရေး၊ ကိုယ့် ကံကြမ္မာကိုယ်ဖန်တည်းရေးအတွက် အသက်တမျှလွန်စွာအရေးကြီးလှပေသည်။

အရှိန်အဟုန်ပြင်းထန်မြန်ဆန်နေသည့် အမျိုးသားရေးစိတ်ဓါတ်နိုးကြားတက်ကြွမှုများသည် လ,ပြည့်ရက်ဒီရေ ကယ့်သို့ရောက်ရှိနေပြီးမဟုတ်ပါလော၊ အဘယ်ကယ့်သို့သောအရာကိစ္စမျိုးကိုမျှ အချိန်ကြာမြင့်စွာပေးနိုင်တော့ မည်မဟုတ်သကယ့်သို့ပင်ရှိနေချေတော့သည်။
ခရီးသည်သုံးဦးထဲမှ တဦးသောခရီးသည်ကြီးသည် ခရီးကြုံခိုက် မွေးရပ်မြေနှင့်ဆွေမျိုးသားချင်းများထံ ဝင် ရောက်နှုတ်ဆက်သွားလိုသည့်ဆန္ဒကြောင့် အပြန်ခရီးတွင်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်၊ ရှေ့အဘို့ဆိုလျှင် မွေး ရပ်မြေနှင့်ဆွေမျိုးမိတ်သင်္ဂဟတို့အား တွေ့ဆုံနိုင်ရေးမှာ အခွင့်အခါရှိရန်သိပ်မလွယ်ကူလှတော့ဟု သဘောပိုက် မိသည်၊ တမျိုးသားလုံး၏ကံကြမ္မာကို တာဝန်ယူထမ်းရွက်ထားရ,သည့် ရှေ့တန်းမှဦးစီးဦးကိုင်ပုဂ္ဂိုလ်များ၏ဘဝ သည် ကိုယ်ရောစိတ်ပါ နားနေရသည်မရှိသည့်အပြင် ကိုယ်ရောစိတ်ပါပင်ပမ်းလှချေ၏၊ ကိုယ်ရေးကိစ္စများကို အချိန်ပေးနိုင်သည်မှာ ရှားပါးလှချေသည်။
ယခုနှစ်ပိုင်းများတွင် မရောက်ဖြစ်ခဲ့သည်မှာကြာခဲ့ပြီမို့ သားချင်းများနှင့်ရပ်ဆွေရပ်မျိုးမိတ်သင်္ဂဟများက ဝမ်းပန်း တသာကြိုဆိုဧည့်ခံကြသည်၊ ၎င်းတို့၏ဆန္ဒကိုမလွန်ဆန်နိုင်၍ တညနားခဲ့ရသေးသည်၊ နောက်ရက်များတွင်မူလ ရည်ရွယ်ထားသည့်ခရီးစဉ်များအတိုင်း အိမ်မဲဘက်သို့ခရီးဆက်ခဲ့ကြသည်။
လမ်းခုလပ်တွင်ရှိသော လောင်းတိုင်တွင်ဝင်ရောက်တည်းခိုမည်၊ သူတို့ခရီးဆက်ခဲ့ရာ လောင်းတိုင်မရောက်မှီတ တိုင်ကျော်နှစ်တိုင်လောက်အရောက်၌ နေလုံးကြီးသည်အနောက်ဘက်မိုးကုတ်စက်ဝိုင်းသို့ တဝက်စွန်းစွန်းနစ် မြုတ်သွားခဲ့လေပြီ။
ခရီးသည်များရောက်ရှိနေသည့်နေရာသည် တဆုံးတမ,မြင်ရသည့် ရေမြှုပ်ဒိုက်ကွင်းထီးထီးကြီးထဲမှ တဲကလေး (၄-၅)လုံးရှိသည့်နေရာဖြစ်သည်၊ ရိုးကလေးတခု၏ရိုးစောင်းနှုတ်ခမ်းတွင် ခနော်ခနဲ့နိုင်လှသောနေမြင်လ,မြင်အ မိုးများဖြင့်တန်ဆာဆင်ထားသည် လယ်ကူလီအင်းတဲ ကလေးများသာဖြစ်ပေသည်။
မိုးနှောင်းလာလ,သီတင်းကျွတ်ဆန်းချိန်ရောက်ပြီမို့ တမျှော်တခေါ်သော ဤဒိုက်ကွင်းကြီးထဲတွင် အစိမ်းရောင် ကော်ဇောပြင်ကြီးကိုခင်းထားဘိသည့် အလားပမာရှိချေသည်၊ ပန်းနုရောင်အသွေးရှိသော ဒေါင်းစပါးနှံများထွက် စ,ပြုပြီမို့ အစိမ်းရောင်ကော်ဇောပြင်ကြီးပေါ်တွင် ပန်းနုရောင်ပန်းခင်းကြီးကို ဖြန့်ကျက်ထားသလို လှပ,နေပါ တော့သည်၊ ဤပန်းချီကားကို ဝင်လုလုဆည်းဈာအလှက ချယ်သ,နေသည်၊ သုန်ဖြူးသောလေနုအေးတွင် အစိမ်းနှင့်ပန်းနုရောင် လှိုင်းအိကလေးများပမာ အပိုဆောင်းအလှချယ်ဘိသကယ့်သို့ပင်ရှိချေတော့၏။
နောက်ထပ်တနာရီသာသာသွားလိုက်လျှင် လောင်းတိုင်ရွာသို့ရောက်မည်သာဖြစ်သည်၊ လောင်းတိုင်ရွာ၏ အရိပ်ကို ဝင်လုလုဆည်းဈာတွင် မှုံပျပျလှမ်းမြင်နေရသည်၊ ခရီးသည်ကြီးသုံးဦးထဲမှ ဦးဆောင်လာသူပုဂ္ဂိုလ် သည် ခနော်ခနဲ့နိုင်လှသော လေးပင်တိုင်တဲပေါ်သို့ ဦးစွာတက်သွားသည်၊ ကျန်ခရီးဖေါ်နှစ်ဦးက သူ့ကိုခဏတ ဖြုတ် အေမာပြေနားနေသည်ဟုထင်ထားကြသည်၊ ထို့ကြောင့် တဲကလေးတွင်ခြေတွဲလောင်းချပြီး ချွေးသုတ် ကာ အမောအပမ်းဖြေနေကြလေတော့သည်။

(ရဲဘော်ရှောင်း)

ဆက်လက်ဖေါ်ပြပါမည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တော်လှန်ခြင်းစာမျက်နှာ

တော်လှန်ခြင်းစာမျက်နှာ
(ခိုင်မာကျော်ဇော)

“ကော်သူးလေ”ဆိုတာ
မဲမှောင်တာတွေ ကင်းစင်ခြင်းတဲ့
ဖြူစင်တဲ့အရာဟူသမျှ
လူပီသ,သူတိုင်း
ချစ်တတ်ကြတယ်။

“ကရင်ပြည် ချက်ခြင်းပေး”
“ကရင်တကျပ် ဗမာတကျပ် ချက်ခြင်းပြ”
“လူမျိုးရေးအဓိကရုဏ်း အလိုမရှိ”
“ပြည်တွင်းစစ် အလိုမရှိ”
ဒို့ရဲ့ အခွင့်အရေး
ဒို့ရဲ့ ရ,ပိုင်ခွင့်
ဒို့တောင်းဆိုခွင့်တော့ ရှိရ,မယ်။

ဒို့ရဲ့စာပေ
ဒို့ရဲ့မြေတွင်
သင်ကြားပိုင်ခွင့် ရှိရ,မယ်။

ဒို့ရဲ့ရိုးရာ
ဒို့ရဲ့ဓလေ့
ပွေ့ဖက်ခွင့်လည်း ရှိရ,မယ်။

လူလူချင်းကျွန်ဇာတ်သွင်း
ညှင်းပမ်းနှိပ်စက်၊ လူယက်ခိုးဆိုး
သေနတ်မိုးအုပ်စိုးနေတိုင်း
ငါတို့သမိုင်း
အရိုင်းခံရ,တော့မှာလား?။

သမိုင်းကြောင်းကိုပြန်လှန်ကြည့်
ငြိမ်းချမ်းရေးအသိဆိုတာ
ဒို့အဘို့တော့မွေးရာပါ
ဧချမ်းစွာနေတတ်တဲ့သဘော
ကြုံဘူးသူတိုင်းပြောလိမ့်မယ်။

ဒို့တတွေဟာ
တောင်ပေါ်လေနဲ့စိမ့်စမ်းရေကို
ချစ်တယ်။

မြစ်ဝ,ကျွန်းပေါ်က,မြေသင်းနံ့ကို
ချစ်တယ်။

ရိုးမ,တကြော
တောစိမ်းစိမ်းတွေကိုလည်း
ချစ်တယ်။

ဧရာဝတီ သံလွင် စစ်တောင်း
ဒီမြစ်တွေနဲ့
ပေါင်းဖက်စီးဆင်း
ငါတို့ကြီးပြင်းလာခဲ့ရ
ဒီမြစ်တွေလှပ,စွာစီးဆင်းနေတာဟာ
ဒို့ဘဝ သာယာနေတာဖြစ်တယ်။

ဇွဲကပင်မြေ
ဖါးစည်သံတွေ ဝေရ,မယ်။

ဒေါန,တောင်နဲ့ဒုံးအက
လှပ,တင့်တယ်နေရ,မယ်။

သင်တိုင်းဖြူပျိုဖြူလေး
ငြိမ်းအေးပျော်ရွှင်စေရ,မယ်။

ဒို့တတွေရဲ့တော်လှန်ရေးသမိုင်းဟာ
ဗမာပြည်သမိုင်းသစ်မှာ
နှစ်အကြာဆုံး ဖြစ်ချင်ဖြစ်မယ်။

မှန်သော သစ္စာ
တရားသော စစ်
မြင့်မြတ်တဲ့ သမိုင်း
ရာဇဝင်တိုင်းမှာ လှနေတယ်။

ခိုင်မာကျော်ဇော

January 31 2010 တွင်ကျရောက်မည့် (၆၁)နှစ်မြောက်ကရင့်အမျိုးသားတော်လှန်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ပထမအကြိမ်မြောက် September 01 2001နေ့ထုတ် အားမာန်သစ်မဂ္ဂဇင်းမှ ကူးယူရေးသားတင်ပြခြင်းဖြစ်ပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, January 21, 2010

သူငယ်ချင်းအတွက်

သူငယ်ချင်းအတွက်
(မင်းစိုးစံ)

ပြည်သူ့ရင်ခွင်ထဲကိုဝင်
ပြည်သူ့နှလုံးသားကို ကိုင်လှုပ်
ပြည်သူအတွက် လုပ်ရင်။

မင်း…..ငတ်ပြတ်နိုင်တယ်
မင်း…...ဆင်းရဲနိုင်တယ်
မင်း…..ထောင်ကျနိုင်တယ်။

ဒီထက် မင်း…..
သတ္တိပြောင်ရင်
အသက်တောင် စွန့်ရ,နိုင်တယ်။


အာဏာရှင်နဲ့ပေါင်း
ခေါင်းကြီးပိုင်းတွေခိုင်းသမျှလုပ်
အမြီးကုတ်ပြီးနေသရွေ့။

မင်း…. ဝါးတီး မှန်မယ်
မင်း… လုပ်ပိုင်ခွင့်ရ,မယ်
မင်း… ချမ်းသာမယ်။

ဒီထက် မင်း…
မျက်နှာပြောင်တိုက်ရဲရင်
မင်း….ဖြဲချင်သမျှ
စိတ်တိုင်းကျ ရ,မယ်။

ပြည်သူနဲ့အာဏာရှင်
မင်းအမြင်နဲ့…မင်း
မင်းအထင်နဲ့…မင်း
ခင်ချင်တဲ့သူကို…. ခင်
ကြဉ်ချင်တဲ့သူကို… ကြဉ်။

သမိုင်းဝင်စာမျက်နှာပေါ်မှာတော့
မင်း….မသူတော်မဖြစ်ပါစေနဲ့။


မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မြင့်မြတ်သူတို့အတွက်

မြင့်မြတ်သူတို့အတွက်
(မင်းစိုးစံ)

လေပြင်းဝင်တိုး
ယိမ်းထိုးနေတဲ့…သစ်ပင်။

ရောင်နီပျိုးလာမှ
မြူခိုးဗလာနဲ့….တောင်။

ရောင်နီအပျိုးလေအတိုးမို့
မြူခိုးဗလာနဲ့တောင်ရိုးမှာ
သစ်ပင်တွေခမျာ
ယိမ်းထိုးနေကြရ,ရှာတယ်။

ဘယ်လောက်မြင့်နေတဲ့
“တောင်” ဖြစ်ပါစေ
သစ်ပင်တွေကို မကျော်လွှားနိုင်သလို
မြင့်မားတဲ့
သစ်ပင်ဖျားတိုင်းဟာလည်း
လေပြင်းရဲ့ဒါဏ်ကို
ကွင်းမရှောင်သာပါဘူး။

အပင်မြင့်လေ
လေတိုးလေမို့
သစ်ပင်တို့ရေ…..
လေတိုးတာကို
အစိုးရိမ်မပိုပါနဲ့။

အမြင့်မှာနေရင်း
လုပ်သင့်တာလုပ်နေကြတဲ့
သစ်ပင်တွေမှန်သမျှ
လေတိုးဒါဏ်ကို
ခံနိုင်ကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, January 20, 2010

တတိယနိုင်ငံရောက်ဒုက္ခသည်အချို့၏ ဒုက္ခအချို့

တတိယနိုင်ငံရောက်ဒုက္ခသည်အချို့၏ ဒုက္ခအချို့
အပိုင်း(ဂ)

(မင်းစိုးစံ)

ကျုပ်လွန်ခဲ့တဲ့ အပါတ်တုန်းက ဘာသာစကားမတတ်ပဲ အလုပ်ဝင်လုပ်ခဲ့ကြတဲ့ ဒုက္ခသည်အချို့ပြောပြချက်တွေ ကို ရေးသားဖေါ်ပြခဲ့ပါတယ်။ ဘာသာစကားမတတ်ခြင်းဟာ အလွန်ကိုကြီးမားတဲ့ဒုက္ခဖြစ်သလို မိမိရ,သင့်ရ, ထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးရတာမျိုးတွေလည်း အများအပြားကြုံတတ်ပါတယ်။
အဲဒီတော့ထင်စရာရှိလာတာက အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အင်အားကြီးနိုင်ငံတခုဖြစ်သလို ဖွံ့ဖြိုးတိုး တက်ရုံတင်မက, လူ့အခွင့်အရေးအပြည့်အဝ,ရှိတဲ့ ဒီမိုကရေစီနိုင်ငံတနိုင်ငံက ဒုက္ခသည်တွေကို ခေါ်ပြီးတမင် ဒုက္ခပေးနေတာလား? လို့ထင်ရင်တော့ မှားသွားပါလိမ့်မယ်။

“အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားဆိုတာ ငါတို့ဒုက္ခသည်တွေအတွက် သော့တချောင်းနဲ့အတူတူပဲ၊ သော့ရှိရင်သော့ ခလောက်ကိုဖွင့်လို့ရ,သလို အင်္ဂလိပ်စကားတတ်ရင် ငါတို့အတွက်အခွင့်အရေးတွေကအများကြီး၊ အင်္ဂလိပ်စ ကားမတတ်လို့များကတော့ကွာ သော့ခတ်ထားတဲ့တံခါးရဲ့အခန်းထဲမှာ ကိုယ်ရ,ရ,မယ့်ပစ္စည်းကို သော့မရှိလို့တံ ခါးမဖွင့်နိုင်တဲ့လူလို ဖြစ်သွားနိုင်တယ်၊ ဒါကြောင့် တတိယနိုင်ငံကို မထွက်ခင် စာကိုသာဖိသင်ထားကြဟေ့” ဒါကတော့ မနီလွိုင် ဗမာကျောင်းသားများစခန်းက လူတယောက် စခန်းထဲကလူတွေကို ပြောခဲ့တဲ့စကားဖြစ်ပါ တယ်။

ဟုတ်ပါတယ်၊ အမေရိကန်နိုင်ငံမှာ လူမှုဖူလှုံရေးအသင်းအဖွဲ့တွေအများကြီးရှိပါတယ်၊ အစားအသောက်၊ အဝတ် အထည်၊ အိမ်ထောင်ပရိဘောဂ,ပစ္စည်း၊ ကလေးငယ်များအတွက် အထူးကျန်းမာရေးပံ့ပိုးမှုအစီအစဉ်များ၊ သက် ကြီးရွယ်အိုနဲ့ မသန်မစွမ်းသူများအတွက် ကူညီထောက်ပံ့ရေးအစီအစဉ်တွေ မိခင်နဲ့ကလေးစောင့်ရှောက်ရေး အ ဖွဲ့တွေ အများကြီးမှတကယ့်အများကြီးရှိပါတယ်၊ အချို့အိမ်မှာ မီးဘိုး(လျှပ်စစ်မီတာခ,) အပူငွေ့ပေးတဲ့(Gas) တွေအတွက် ကူညီပြီးလျှောက်ပေးတဲ့ အဖွဲ့အစည်းတွေရှိပါတယ်။

စောစောကပြောသလို စကားပြောတတ်ရင် သော့တချောင်းနဲ့တူတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။ အဲဒီလိုကူညီ ဆောင်ရွက်ပေးသူတွေကတော့ လူမှုရေးနဲ့ပတ်သက်တဲ့အသင်းအဖွဲ့တွေက ငှားရမ်းထားတဲ့သူများရှိကြသလို စေတနာနဲ့ လာပြီးကူညီပေးကြတဲ့သူတွေလည်းရှိကြပါတယ်၊ အထူးသဖြင့်ကတော့ တက္ကသိုယ်တခုခုကိုတက် ရောက်သင်ကြားနေကြတဲ့ ကျောင်းသားကျောင်းသူများက အားလပ်ချိန်မှာ အနားမယူပဲလာရောက်ကူညီ ပံ့ပိုး တာမျိုးလည်းဖြစ်နိုင်ပါတယ်။

မိမိတို့ရဲ့ သားသမီးတွေကျောင်းက,စာတွေကို နားမလည်တာတွေရှိရင် ကူညီသင်ကြားပေးတတ်ကြသလို ဈေး ဆိုင်မှာဝယ်ယူစားသောက်နိုင်ဘို့အတွက် သူတို့ကားနဲ့ဆိုင်ကိုခေါ်သွားမယ်၊ ဝယ်ပြီးရင်အိမ်တိုင်ရာရောက်ပြန်ပို့ ပေးတာမျိုးတွေအထိကူညီတတ်ကြပါတယ်၊ အဲဒီအတွက် သူတို့ကို အခ,ကြေးငွေတစုံတရာပေးဆောင်စရာမလို ပါဘူး။

တခုတော့ရှိပါတယ်၊ အဲဒီလိုအခွင့်အရေးတွေ အကူအညီတွေကို ထောက်ပံ့ကူညီရာမှာတော့ ပြည်နယ်တခုနဲ့တ ခု ရရှိကြပုံချင်း မတူတာကိုတော့သိထားရပါမယ်၊ ဖြစ်နိုင်ရင် ကိုယ့်လူမျိုးတွေအခြေချနေထိုင်တဲ့နေရာကို အရင် ဆုံးရောက်ဘို့အရေးကြီးပါတယ်၊ ဘာကြောင့်လည်းဆိုတော့ အခက်အခဲရှိလာရင် ကြုံလာရင် သူတို့တတွေက ကိုယ့်ထက် စောစောစီးစီးရောက်နေသူဆိုတော့ အနည်းနဲ့အများဖြေရှင်းပေးနိုင်ပါလိမ့်မယ်၊ သူတို့မတတ်နိုင်ဘူး ဆိုရင်တောင် ဘယ်နေရာကိုသွားပြီး ဘယ်သူနဲ့တွေ့ရင်ဖြင့် အဆင်ပြေမယ်ဆိုတာကို လမ်းကြောင်းလေးတွေ ပေးနိုင်တဲ့အတွက် ကိုယ့်အမျိုးသားတွေမရှိတဲ့နေရာကို ရောက်သွားကြသူတွေထက် အများကြီးသက်သာပါ တယ်။

အမေရိကန်နိုင်ငံကိုရောက်လာပြီဆိုတာနဲ့ ဘာတွေအရင်လုပ်ရ,မလဲ၊ ဘယ်လိုအကူအညီတွေရ,မလဲ၊ ဘာတွေ ရမှာလဲ၊ ဘယ်လောက်ရမလဲ၊ အကူအညီတွေက ဘယ်လောက်ကြာကြာရမှာလဲ၊ အကူအညီယူနေတဲ့အချိန်မှာ ဘယ်လိုစည်းကမ်းချက်တွေ၊ ဥပဒေတွေကို လိုက်နာရမလဲ၊ အဲဒါတွေကိုသိထားမယ်ဆိုရင်တော့ ဆောင်ရမယ့် အရာတွေ ရှောင်ရမယ့်အရာတွေကို ဆောင်နိုင်ရှောင်နိုင်မှာဖြစ်တဲ့အတွက် နောက်အပတ်ကျရင် အစိုးရမဟုတ် တဲ့အဖွဲ့အစည်းတခုမှာ အလုပ်လုပ်နေသူတဦးရဲ့ပြောဆိုဆွေးနွေးချက်တွေကို အကြမ်းဖျဉ်း ရေးသားဖေါ်ပြပေး သွားမှာဖြစ်ပါတယ်။

ဆက်လက်ဖေါ်ပြပါမည်

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, January 18, 2010

ဏေ၀်ၟလာၟဆိုဒ်္ဘံင် ဆိုဒ်ဟှာင်ၟ္ဘျာ (စ၀်ယှူးယှူးခႜိင်းခႜိင်း)

ဏေဝ်ၟလာၟဆိုဒ်္ဘံင် ဆိုဒ်ဟှာင်ၟ္ဘျာ
ပႝာ့စူးယ္ဘဲါံင်
(စ၀်ယှူးယှူးခႜိင်းခႜိင်း)

လ်ုအုဝီၟ ပုံဖေါဟ်မူ့လာ၊
စူးမူၟ၊စူးနံု၊စူးသာကႜာ၊
စူးကံင်၊ စူးဍေ၀်ဏှ် ယဲာဟှာ၊
ထိုင့်ဖူ့ဝဲါ အုဂ်ဃှီ့လင်သာ၊

စူးမူၟခႜါင်ထင်း လ၀်ဝေ့ဍး၊
ယ်ုအုမာင်းထုက်၊ ဟှာင်ၟဆံင်းစွး၊
အ်ုပြေထုက် ဍုံလုက်လောက။

စူးနုံခႜါင်ထင်း လ၀်လု္ဘႜင်၊
ယ်ုအေဏဲလင် လုက်ဆိင့်ပြင်၊
ဟှံင်လုက်ဆိင့် ဍုံလုက်ကောဝ်ကြင်။

စူးကႜာဖေါဟ် ခႜါင်ထင်းလ၀်ဝေ့၊
ဟှင်ထ၀့်ထုက် မွဲာယ်ုအ်ုပြေ၊
ထ၀့်ဟှံင်ဍေယု ဏင်ၟဟှာအေး။

စူးကံင်ဖေါဟ် လ၀်ထင်းက်ုဍာ၊
ဏ်ုဟှင်ထ၀့် အုဂ်ဃှီ့လင်သာ၊
သောဝ်္ဘးဓံင့် မႝိက်သိင်လာ့၊
ပြေဏာင်းယု အှ်အေးထီ့ဆာ။

စူးဍေ၀်ဖေါဟ် ခႜါင်ထင်းလ၀်သာ့၊
စူးမူ. စူးနံု စူးသာကႜာ၊
စူးကံင္သယ္ ထံင္အု္လုက္ခႜါ၊
ဟှယ့်လင်ဍေ၀်္ဘံင် စှ်ထီ့ဆာ၊
အ်ုလင် ဍေအု္ဘးသှေ်ယာ့၊
လု္ဘံင်လ၀့် လ်ုဏေ၀်ၟဟှာင်ၟ္ဘျာ၊
ယ္ဘဲာံင် အေပ္ကုံထင်းသာ၊
ဏေ၀်ၟလာၟဆိုဒ်ဟှင်ၟ ဆိုဒ်ဟှာင်ၟ္ဘျာ။

္ဘေ့စူးယ္ဘဲာံင် လ၀်ပၞာ့၊
ထိုင့်ဖူ့ဝဲါ ဖႜုံယှင်ကိုဝ်ဟှာ၊
အဲလောတ်သာ သဲုးလ်ုထုဂ်ပြာ၊
တ်ုတွယ်စူး မာယှံင်ဆ်ုမာ၊

အှ်လင်ထေံထာင် ခံင်ၟမူၟဆာ့၊
ဏေ၀်ၟလာဆိုဒ်္ဘံင် ဆိုဒ်ဟှာင်ၟ္ဘျာ….။

စ၀်.ယှူးယှူးခႜိင်းခႜိင်း
(တၞိုဝ်၀ါန်ၟ)

2010 January 31 မှာ ကျရောက်မယ့် ၆၁နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အတွက်
ဂုဏ်ပြုကဗျာလေးကို http;//www.sawmuyuntphaung.blogspot.com ကနေ ကူးယူတင်ပြပေးလိုက်ပါတယ်။
အဓိပ္ပါယ်သိချင်ရင်တော့ Blog ပိုင်ရှင်ကိုသာ တိုက်ရိုက်မေးပေတော့ဗျို့။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဆူလါင့်ဖ၀့်အွါအိုဝ် လ်ုဆင့် (စ၀်သၞိင့်အိင်သၞိင့်ဗြုမ်ၟ)



ဆူလါင့်ဖ၀့်အွါအိုဝ်……. လ်ုဆင့်
(စ၀် သၞိင့်အိင်သၞိင့်ဗြုမ်ၟ)

ထီသိုဝ်ဟှေး …….
အ်ုကျာဍေအ်ုနိုင်

လ်ုဟှာဍေဆု္ဘိုင်လှ်

ဏ်ုသာဍေဏု
အှ်္ဘေ့သှေ်လယ့်?


ပ်ုယိုဝ်…………..
အ်ုထုင်းမ၀့်မှ် အ်ုထါင်ကါင်ဖါ

အ်ုဖ၀့်မ၀့်မှ် အု္သးပႜီပႜါ
အ်ုလးမ၀့်မှ် အ်ုယေါတ်လင်္ဘႜါယုဂ်

မဲြါယါၟ?


စင်္ဘိုဝ်………..
အ်ုကးဍေ အ်ုယ၀့်

ဏ်ုဍးဆ်ုအေထ၀့်

ပ်ုအုကျးဍေ ပ်ုလ၀့်

မု္ဘးအင်းတါင်။


ဏ်ုသဲုးအေအဲ ဖႜုံဍ်ါဏှ်
ယှုံၟမွယ့်ခေႜါဟ်ဍေ ယှောတ်ကၞ၀့်

ထိုင့်ဃှးသာ

လင်ယွါလ်ုဟှာလ်ုခ၀့်သီး

လ်ုထီ့ထး
လင်ယွါယှံင်အေသှေ်ဍ်ါစါ်္ဘိုဝ်
အ်ုထုင်းမ၀့်မှ်
အ်ုဖ၀့်မ၀့်မှ်
အ်ုထါင်ကါင်ဖါ
အု္သးပႜီပႜါ
အ်ုယေါတ်လင်္ဘႜါလာၟဏင့်

အ္ု၀ီၟခႝာအွ္ထ၀္ၟဍၚဍဴ

က်ုမိုင့်ထင်းယှံင် သှေ်လိုင်ယါၟ?


စဝ်သၞိင့်အိင်သၞိင့်ဗြုမ်ၟ
ယးသွဝ့်တ်ုဝါန့်-ဍုံထ်ုအင်

(ဆူလါင့်ဖ၀့်အွါ လိက်္ဘိင်း)


ယ်ုကေ၀်ဍံင်ထုဂ်ဖႜဟ်ထင်းဏေ၀်ၟ လ်ုဆူလါင့်ဖ၀့်အွါ လိက်္ဘိင်းအိုဝ်ဆေ၀်ၟလှ်

အှ်ဆံင်းလာၟဆါ်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, January 17, 2010

မုနော်ဘာကြောင့်ဖြစ်ရတယ် (ခိုင်မာကျော်ဇော)

ဓါတ်ပုံ မိုးမခ

မုနော်ဘာကြောင့်ဖြစ်ရ,တယ်
ပေါက်ပင်ဘာကြောင့်ကိုင်းရ,တယ်

(ခိုင်မာကျော်ဇော)

နယ်စပ်မြို့ကလေးထဲကို ခြေချလိုက်တယ်ဆိုတာနဲ့ မုနော်ဆိုတဲ့အသံကို ကျမစ,ပြီးကြားရပါတယ်၊ ကျမတောင် ယောင်ပြီးထူးမိသွားမလိုတောင် ဖြစ်သွားပါသေးတယ်၊ အိမ်မှာကျမ,တို့အားလုံးက အပျိုအရွယ်လေးတွေဆိုရင် မုနော်လို့ ချစ်စနိုးခေါ်ကြတာမဟုတ်လား? မြို့အဝင်ဈေးမှာတော့ မုနော်တွေတောင်လိုပုံနေတာကိုတွေ့ရ,တော့ ကျမ,တော်တော်လေးစိတ်ပျက်မိတယ်၊ ကြည့်ကြပါဦး ဈေးတန်းထဲကဆိုင်တွေမှာ “မုနော်” တွေက တိုးလို့တန်း လန်းနဲ့။


“မုနော်အလိုရှိသည်၊ ထိုင်းစကားပြောတတ်ရ,မည်” “မုနော်တယောက်လိုတယ်၊တလ,ဘတ်(၁၀၀၀)ရ,မယ်၊ ထိုင်းစကားပြောတတ်ရ,မယ်” “အိမ်ဖေါ်မုနော်လိုတယ်၊ဒီဆိုင်ကိုဆက်သွယ်ပါ” ကျမ လဲသေချင်စိတ်တောင် ပေါက်မိပါတယ်၊ ကုန်ခြောက်ဆိုင်ထဲမှာလည်း မုနော်၊ စားသောက်ဆိုင်ထဲမှာလည်း မုနော်၊ အထည်ဆိုင်ထဲမှာ လည်း မုနော်၊ ကလေးထိန်းတော့လည်း မုနော်၊ အိမ်ဖေါ်တွေလည်း မုနော်၊ ကုန်ကုန်ပြောရ,ရင် နေ့ပြန်တိုးနဲ့ ဝက်သားတုတ်ထိုးရောင်းတဲ့ လမ်းဘေးဆိုင်ထဲမှာတောင် မုနော်က ရှိနေပြန်တယ်။

“မုနော် ဒီပန်းကန်တွေမြန်မြန်ဆေးလိုက်ပါဦး၊ မုနော် စားပွဲခုံတွေသုတ်လိုက်ပါဦး၊ မုနော် ဟင်းအိုးမီးထိုးလိုက်ဦး” နဲ့ ကောင်မ,လေးကို ဝက်ဆီတွေပြန်ဟပ်နေတဲ့ ဝက်သားတုတ်ထိုးသည်အမ,ကြီးက တခုပြီးတခုမပြတ်တမ်းခိုင်း နေပါတော့တယ်၊ ကောင်မ,လေးနာမည်က မုနော်လား?လို့မေးတော့ မဟုတ်ဘူးတဲ့၊ဘာကြောင့်ဒီလိုခေါ်တာလဲ ဆိုတော့ သူများတွေခေါ်လို့ခေါ်တာတဲ့။
မုနော်ဆိုတာ ပိုးကရင်တွေရဲ့စကားရပ်ပါ၊ သမီးမိန်းကလေး အပျိုလေးကို (သမီးလေး ဖိုးမုနော်)၊ အပျိုလေး (မုနော်)လို့ မိဘမောင်ဘွား ဘိုးဘွားတွေက ချစ်စနိုးခေါ်ကြတာပါ၊ အခုတော့ မုနော်တဲ့၊ တော်တော့ကိုအခံရ, ခက်လှတယ်၊ “ကရင်လူမျိုးတွေရဲ့ မြတ်မြတ်နိုးနိုး ချစ်စနိုးသင်္ကေတ”အခုတော့ အဲဒီသင်္ကေတ,ကနေ အိမ်ဖေါ်မ, ဘဝ၊ ဈေးသည်မ,ဘဝရောက်ခဲ့ရတယ်၊ ဒါ ဘယ်သူ့မှာတာဝန်ရှိသလဲ? ခေါ်တဲ့လူရဲ့အပြစ်လား? အခေါ်ခံတဲ့လူရဲ့ အပြစ်လား? ခေါ်တဲ့လူကလည်း အမှုမဲ့အမှတ်မဲ့၊ အခေါ်ခံရ,တဲ့လူကလည်း သတိမမူမိ၊ ကျမတယောက်ထဲ မေး ခွန်းတွေထုတ်ပြီးရင်းထုတ်နေမိတယ်။

အခေါ်ခံနေတဲ့လူတွေကလည်း ခံနေလေတော့ ကြာရင်“မုနော်”ဆိုတဲ့စကားဟာ “အခိုင်းအစေ၊အစေခံ၊အိမ် ဖေါ်” တွေကိုညွှန်းဆိုတာလို့ မှတ်နေတော့မယ်၊ ကြာရင်လူမျိုးလက္ခဏာတွေပါ ပျောက်ရ,မယ့်ကိန်းဆိုက်နေပြီ၊ ပြောရင်တော့ ဒီဘူတာပဲဆိုက်တယ်ပြောဦးမှာပဲ၊ ဒီကိစ္စဟာ တိုင်းပြည်အာဏာကို လက်နက်အားကိုးနဲ့မတရား ရ,ယူထားတဲ့ အသုံးမကျတဲ့သူတွေရဲ့ တာဝန်များသာဖြစ်ပါတယ်၊ တတိုင်းပြည်လုံး ဆင်းရဲမွဲတေငတ်ပြတ်နေမှ တော့ သူများနိုင်ငံထဲ ကျွန်ဘဝရောက်ရ,တာဟာ ဆန်းမှမဆန်းပဲ၊ ဒီလိုနဲ့ပဲ ကရင်မ,လေးတွေ သူမျာလက်တို လက်တောင်းခိုင်းစရာဖြစ်ခဲ့ရ,တယ်။
တကယ်တော့ ကရင်မ,လေးတွေမှမဟုတ်ပါဘူး ရှမ်း၊ မွန်၊ ဗမာ၊ ကချင်၊ ကရင်နီ၊ ရခိုင်လူမျိုးတွေလည်း ဒီလို ဒုက္ခတွေ ရင်ဆိုင်ဖြတ်သန်းနေကြရ,တာပါ၊ အာဏာရှင်တွေက ဒီကိစ္စကိုဖန်တီးသလိုဖြစ်နေတော့ ဒါကိုဘယ် သူဖြေရှင်းပေးနိုင်မလဲ? မေးစရာကောင်းတဲ့ အမေးတခွန်းပါ၊ အရင်းခံက သူတို့ပေါ့၊သူတို့မလုပ်နိုင်တော့ ကိုယ့် ဘာသာဖြေရှင်းလုပ်ကိုနေရ,တာတွေက တပုံတပင်၊ အဲဒီတော့ ဒီကိစ္စလည်း ကိုယ့်အသိစိတ်ဓါတ်တွေနဲ့ကိုယ် ဖြေရှင်းကြရ,မယ့်ကိစ္စဖြစ်လာပြန်ပါတယ်။

အထူးသဖြင့် ကရင်လူမျိုးတွေ“မူးဏင်”တွေကိုယ်တိုင်ကလည်း ကိုယ့်လူမျိုးကိုယ့်ရဲ့သင်္ကေတ,ကို မြတ်နိုးထိန်း သိမ်းဘို့လိုပါတယ် ဒီလိုတော့မခေါ်ပါနဲ့ ဒီလိုခေါ်တာလူမျိုးတမျိုးရဲ့ဂုဏ်ကို ညှိုးနွမ်းစေတယ်၊နှိမ်သလိုဖြစ်စေ တယ်ဆိုတာမျိုးလည်း ခေါ်တဲ့သူတွေကိုရှင်းလင်းပြောပြဘို့လိုပါတယ်။

လူမျိုးတမျိုးရဲ့အမြတ်တနိုးဖြစ်စေတဲ့အရာတွေ ပျက်ပြယ်မသွားစေဘို့ထိန်းသိမ်းကြရ,မှာ လူမျိုးတိုင်းရဲ့တာဝန်ဖြစ် တယ်ဆိုတာကိုလည်း သဘောပေါက်ထားဘို့လိုပါတယ်၊အချို့အလုပ်ရှင်တွေကိုကြောက်လို့ ပြန်မပြောရဲကြဘူး၊ တချို့ကလည်း ခေးချင်ခေါ်ပါစေ အလုပ်ရ,ဘို့၊ အလုပ်ဖြစ်နေဘို့သာ အဓိက,လို့သဘောထားသူတွေလည်းရှိနေ ပါတယ်။

ဆင်းရဲလို့ ကိုယ့်နိုင်ငံမှာအလုပ်မရှိလို့ မျက်နှာငယ်အောက်တန်းကျတဲ့အလုပ်ကို လုပ်နေရ,တယ်ဆိုပေမယ့် ကိုယ့်အမျိုးဂုဏ်သိက္ခာကို ထိန်းသိမ်းရ,မှာက လူတိုင်းရဲ့တာဝန်ပါ၊ ထိုင်းလူမျိုးအလုပ်ရှင်တိုင်း ရိုင်းစိုင်းကြတဲ့လူ တွေမဟုတ်ပါဘူး၊ တချို့အလုပ်ရှင်တွေဟာ အလုပ်သမားတွေအပေါ် စာနာမှု၊ နားလည်မှု၊ သနားကြင်နာမှုတွေ ရှိတတ်ပါတယ်၊ ဒီလိုအခြေအနေမျိုးဆိုရင် ဆွေးနွေးပြောပြဘို့လိုပါတယ်၊ ကိုယ့်ရဲ့နိုင်ငံသားအချင်းချင်းကရော ဒီ လိုစကားမျိုးကို သတိထားဆင်ခြင်နိုင်အောင် အခေါ်ခံရ,သူက ရှင်းပြသင့်ပါတယ်။

ကျမကြားဘူးတဲ့ တဘောင်စကားလေးရှိပါတယ်၊ ဗမာလူမျိုးတွေအတွက်ဒီစကားရပ် ပေါ်လာခဲ့တာကြာပါပြီ၊ “တရုတ်က,ဖိ ရှမ်းက,အိ ရှိသည့်ဗမာ တောင်ဘက်မှာ” တဲ့။ မြန်မာနိုင်ငံသားတွေ တောင်ဘက်စွန်းမှာရှိတဲ့ ထိုင်း နိုင်ငံနေရာအနှံ့အပြားမှာ ရောက်နေကြရ,ပါပြီ၊ “မုနော်”ဆိုတဲ့စကားလုံးလေးတလုံးကနေ နိုင်ငံတခုလုံးအတွက် လွှမ်းခြုံစဉ်းစားလိုက်တော့ ကြက်သီးထ,မိတဲ့အထိ တုန်လှုပ်မိပါတယ်။

လူမျိုးတမျိုး နိုင်ငံတနိုင်ငံရဲ့ သမိုင်းစဉ်မပျောက်ကွယ်ဘို့ဆိုတာ ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ စာ ပေတွေနဲ့ ဆက်နွယ် နှီးနှောဖလှယ် ရောယှက်နေတာပါ၊ တဘက်က,လူမျိုးရေးအရ,သုတ်သင်ရှင်းလင်းမှုတွေ အာဏာရှင်က ပြုလုပ်ဖန်တည်းနေသလို တဘက်ကလည်း လူမျိုးစုငယ်တွေကိုဒုက္ခအမျိုးမျိုးရောက်အောင်ဖိနှိပ် ပြီး ကိုယ့်နိုင်ငံကိုယ့်ဒေသ,မှာ မနေနိုင်အောင်လုပ်နေတယ်။

ကိုယ့်လူမျိုးက,မှ ဒီကိစ္စတွေကို သတိရှိရှိမထိန်းသိမ်းဘူးဆိုရင် ကျမတို့လူမျိုးငယ်တိုင်းရင်းသားတွေဟာ တချိန် မှာ ပြတိုက်ထဲ အထည့်ခံရ,မယ့်အဆင့်ကိုရောက်သွားနိုင်ပါတယ်၊ ဒီကနေ့ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်တဲ့တိုင်း ရင်းသားလူမျိုးများ ဆိုပြီး အာဏာရှင်တွေက,တိုင်းရင်းသားကျေးရွာပြတိုက်ကို လုပ်ဆောင်နေပါပြီ၊ သူတို့ရည် ရွယ်ချက်က ကမ္ဘာလှည့်ခရီးသည်များအတွက်ပြုလုပ်ခြင်းလို့ ပြယုဂ်ပြုထားပါတယ်၊ ရန်ကုန်မြို့နဲ့မဝေးလှတဲ့နေ ရာမှာ တိုင်းရင်းသားများကျေးရွာကိုပြုလုပ်ထားပြီး ဒေါ်လာရှာဘို့ကြိုးစားနေပါတယ်။

ကျမတို့နိုင်ငံသား တိုင်းရင်းသားလူမျိုးတွေကတော့ အိမ်နီးချင်းနိုင်ငံတွေမှာ အသီးသီးကျွန်ဘဝနဲ့အသက်ရှင်ရုန်း ကန်နေကြရ,တာဟာ နာကြဉ်ကြေကွဲစရာကောင်းလှပါတယ်၊ မလေးရှားကိုရေလမ်းခရီးကနေရောက်သွားတဲ့ ကျမသူငယ်ချင်းရဲ့မောင်လေးဟာ တရားမဝင်ခိုးဝင်မှုနဲ့ ငွေဒါဏ်အပြင်၊ ကျောပြင်မှာဗျောတင်လိုက်သလို ကြိမ် ဒါဏ်ပါရ,သွားလို့ မလေးရှားတော့ တော်ပါပြီ တဲ့။

သူ့တော်ပါပြီအပြောက သိပ်ကြာကြာမခံပါဘူး၊ မြန်မာပြည်ကိုပြန်ရောက်ပြီး အလုပ်အကိုင်မရှိလို့ ထိုင်းနိုင်ငံကို ထွက်လာပြီး ရ,ရာအလုပ်ကိုလုပ်ကိုင်နေရပြန်ပါတယ်၊ ဇစ်မြစ်ကိုလှန်တော့ ပေါက်ပင်ဘာကြောင့်ကိုင်းရ,တယ် ကအစ,ချီပြီး ငါ့ဝမ်းပူဆာမနေသာ မှာ ဆုံးမယ့်ကိစ္စတွေပါပဲ၊ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွါမသွားနိုင်အောင် အာဏာရှင်တွေ စီမံကွပ်ကဲနေပါတယ်။ အဲဒါကတော့ နယ်စပ်နိုင်ငံတွေကိုသွားမယ့် လူငယ်လူရွယ်တွေကို ဖမ်း မယ်ဆီးမယ်ဆိုတဲ့အမိန့်စာကို သက်ဆိုင်ရာမြို့နယ်များအလိုက် ထုတ်ပြန်ခြင်းပါ၊ အိမ်နီးချင်းနိုင်ငံတွေဆီ ဦး တည်နေတဲ့ လိုင်းကားတွေပေါ်က အသက်အရွယ်ငယ်သူတွေကိုဆွဲချနေခြင်းပါ။ကျမတို့နိုင်ငံရဲ့ အာဏာပိုင်များ စီမံခန့်ခွဲမှုကတော့ အရပ်ရပ်နေပြည်တော် ကြားလို့မှမတော်။

တကယ်လိုအပ်နေတာက တိုင်းပြည်စီးပွါးရေး ဦးမော့လာဘို့၊ တိုင်းရင်းသားအားလုံး တပြေးညီဖြစ်ဘို့၊ စာပေ ယဉ်ကျေးမှု မြှင့်တင်ဘို့၊ ပြည်တွင်းငြိမ်းချမ်းရေးတွေရ,ဘို့ ဆိုတာနိုင်ငံ့ဥသျှောင်ကြီးများ အသိခေါက်ခက် အဝင် နက်နေလေရော့သလား?

ခိုင်မာကျော်ဇာ

Computer ကိုတခါမှ မမြင်ဘူးသေးခင်တုန်းက စာစီစာရိုက်သင်ပေးတဲ့ KIC ရဲ့ အယ်ဒီတာချုပ်လည်းဖြစ်ခဲ့တဲ့ ကဗျာဆရာမ ခိုင်မာကျော်ဇောကို (မခိုင်)ကျုပ်လေးစားဂုဏ်ပြုတဲ့အနေနဲ့ တတိယအကြိမ်မြောက် အားမာန်သစ် မဂ္ဂဇင်းက ၂၀၀၃ ခုနှစ် သြဂုတ်လ (၁) ရက်နေ့မှာထုတ်ဝေတဲ့ ဆရာမ ခိုင်မာကျော်ဇောရဲ့ ဆောင်းပါးကို မူရင်း အတိုင်း ကူးယူရေးသားဖေါ်ပြထားခြင်းဖြစ်ပါတယ်။

မင်းစိုးစံ အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

လိက္ဖႜဳံဏွ္ အဲ႓းလာၟဆၚ

လိက္ဖႜဳံဏွ္ အဲ႓းလာၟဆၚAlign Center
(စ၀်ထေါဟ်တွါ်)

သိင္းအဲဍိဳ၀္ခႜဳံး ခႜဳံး႓ါင္သီ့
ယွာၟဆု္ခႜါင္ အှ်ဝယ်ထီထီ့
လိက်လဲါထူရူ့ ဍေဆ်ုဃှီ့
မု္ဘးဖံင်းကိုင်္ဘးရဲါသီ့။

ဏ်ုဆိုဒ်ဆ်ုမာ ဏ်ုလုမာ
မွဲါပ၀့်ဆိုဒ်လဲ မ်ုဟှယ့်မာ
ဟွးခါန္ၟမု္ညာၟ ဏု္လု္ဟွာ
ဃှီ့လာလိက်လဲါ လ်ုပါကါ။

ထံင္မူၟလု္ဏီ ဏွ္အို၀္ဟွး
္ဘေ့ခႜုံး္ဘါင်သိင်း ဏ်ုမု္ဘး။

ဆိုဒ်ဆဟှင်ၟ သါအေအှ်အိုဝ်
ဆာမွဲါသှေ် ဟှယ့်ကုက်မ္ဘာိုဝ်
အိုဝ်ကေအာရ်အဲ့စ်အိုဝ် (OKRSO)
အှ်ထီ့ဆါ ဍေဆ်ုထိုတ်ယှိုဝ်။

ဝီၟကုံကၞ၀့် ကုက်မ္ဘာိုဝ်
အ်ုဏှ်မွဲါဝေ့ အဲလင်ဆိုဒ်။

ထီ့လ်ုအှ် တ်ုက၀်လင်ယီး
လိက်လ်ုအှ် ႓းကဲဖႜဳံထုဲး
ရာဓနာၟ ေက၀္ဖႜဟ္လု္၀ၚ
လိက္ဖႜဳံဏွ္ အဲ႓းလာၟဆၚ။

စ၀်ထေါဟ်တွါ်
ကႜုံပိုင်ၟ( ကေါဝ်တြာ် ခင်းထ်ါလး)

ပထမအကြိမ် အတွဲ(၁) အမှတ်(၁) ၁၉၉၉ ခု နိုဝင်္ဘာလထုတ် OKRSO Magazine မှ ကူးယူဖေါ်ပြပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ယ်ုကးခေ၀်သာ

ယ်ုကးခေ၀်သာ
(စ၀်မေံဃှီ့)

ဖီ့ဖူ့လ်ုဝီၟ က်ုယိုင့်ဝယ်
ထႛံင်ဆါင့်ဃှီ့ နဦု့လင်မႜယ်။

ဖႜုံဃှာၟဃှံင် အဲကဲုမျဏယ့်
လု္ဘးဏ်ုမေံ စွး(ကျွး)မာလယ့်။

ဖႜဳံလိက္ဍ၀္ ဟွဳင္ၟခိုင့္ထာဖႜီ
အှ်ဝယ်ယိက် လင်ဆိုဝ်ဖေါဟ်လီ။

ခႛိုဝ်လု္ဘး ဏ်ုလုကေ၀်
ဏ်ုမွဲါဖႜုံ လ၀်လင်သာဃှေဝ်။

လာခုဂ်ဏိင်းသင့်္ဘုံးမူ့လာ
က်ုယိုင့်သာ ဃှီ့လာပြာပြာ။

ခံင်ၟအယ်ဖီ့ဖူ့ အှ်မူ့လာ
သါကဲုအဲဍိုဝ် ဏ်ုလ်ုမာ။

စင်း(ကျင်း)ဏ်ုမေံဃှေဝ် လေ၀်ဖႜုံကႜါ
ဍေဏ်ုဟှင်ၟ ယ်ုကးခေ၀်သာ။

စ၀်မေံဃှီ့
(္ဘုံးက်ုတိက်)

ပထမအကြိမ် အတွဲ(၁) အမှတ်(၁) ၁၉၉၉ ခု နိုဝင်္ဘာလထုတ် OKRSO Magazine မှ ကူးယူဖေါ်ပြပါသည်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မောင်ချောနွယ်ဆန်သွားသောနေ့များ
မောင်ချောနွယ်

အယူမှန်သူအတွက် အယူခံမလို
ကမ္ဘာကြီးအတွက် ညတိုင်းသီချင်းတွေဆိုခဲ့ပါတယ်။
ထောင့်ချိုးများလင်းဖို့ ဆုတောင်းရင်း
မျဉ်းဖြောင့်တစ်ကြောင်းလို နေခဲ့တယ်။

အပင်ကိုချစ်လို့
အမြစ်ကို ရေစင်လောင်းရင်း
အကြမ်းဆုံးမြစ်ကို ဆန်ခဲ့တယ်။

အလိုလိုကြွေကျတဲ့ သစ်သီးများသာ စားသုံးရင်း
ဟောဒီကမ္ဘာလောကရဲ့ ချောင်လေးတစ်ခုမှာ
အရေးမပါတဲ့ ငှက်ကလေးတစ်ကောင်လို
ငါ့အနုပညာနဲ့သာ ငါနေထိုင်ရင်း
အလင်းဓာတ်ကို မြတ်နိုးခဲ့ပါတယ်။

ရေဆူအမှတ်မှာ မီးခိုးအူအူနဲ့ ဆန်တက်မြဲ
ဘယ်လက်ဝှေ့ပွဲမှ မထိုးခဲ့ပါ။
ဘယ်ပြေးပွဲပြိုင်ပွဲမှလည်း မပါဝင်ခဲ့ပါ။

ခု အသက် ၅၃ နှစ်ထဲ ရောက်ချေပေါ့
နာတာရှည်ရောဂါနဲ့
သူများလက်ဆောင်ပေးတဲ့ ပန်းသီးလေး
ခွဲမစားဖြစ်သေးပါ။ ။

မောင်ချောနွယ်


Posted by ဒေါက်တာလွဏ်းဆွေ at 12:12 PM 0 comments

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တတိယနိုင်ငံရောက်ဒုက္ခသည်အချို့၏ ဒုက္ခအချို့

တတိယနိုင်ငံရောက်ဒုက္ခသည်အချို့၏ ဒုက္ခအချို့
အပိုင်း(ခ)

(မင်းစိုးစံ)

“ကျောင်းသွားတာတော့ ဟုတ်တယ်ဗျ၊ ခက်တာက လ,စဉ်ပေးနေရတဲ့ မီးဘိုး၊ ဖုန်းဘိုး၊ အိမ်ငှားခ၊ တကိုယ်ရည် သန့်ရှင်းရေးအတွက် ဆပ်ပြာခဲ၊သွားတိုက်ဆေး၊အမျိုးသမီးတွေအတွက်လစဉ်မရှိမဖြစ်သုံးနေရတဲ့ အရာတွေ အ ဝတ်လျှော်ဘို့၊ ကလေးအတွက်Diaper လို့ခေါ်တဲ့ပစ္စည်းအတွက်တွေ အဲဒါတွေအပြင်Bus Card ဘတ်စ်ကား လက် မှတ်ဝယ်ဘို့အတွက် ကုန်ကျမယ့်ငွေတွေကို ဘယ်လိုဖြေရှင်းမလဲ၊ ဒုက္ခသည်စခန်းမှာဆိုတာက ဖြစ်သလို နေလို့ရတယ်၊ ဥပမာ အဝတ်လျှော်စရာရှိရင် လျှော်ပြီးနေပူထဲမှာလှန်းထားလို့ရ,တယ်၊ ဒီမှာက လှန်းဘို့နေရာမရှိ ဘူး၊ အဝတ်လျှော်စက်ထဲမှာပဲ လျှော်ဖွပ်ရတယ် အခြောက်ခံစက်ထဲမှာအခြောက်ခံရ,တယ်၊ ဒီတော့ဗျာအလုပ် ခွင်မှာ အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေလောလောလတ်လတ်ကြုံနေတဲ့အရေးကိစ္စကို ဖြေရှင်းဘို့ရာ အလုပ်မလုပ်လို့မဖြစ်ဘူး”

“ပြီးတော့ ထုတ်ပေးတဲ့ Food Stamp လို့ခေါ်တဲ့ အစားအသောက်ကဒ်ကလည်း မိသားစုအတွက်ဖူလုံပေမယ့် အဲဒီကဒ်နဲ့ စောစောပိုင်းကပြောခဲ့တဲ့ ဒီ တကိုယ်ရည်သန့်ရှင်းရေးအတွက် လိုအပ်တာတွေဝယ်ဘို့ ချိုးခြံချွေတာ ပြီး သုံးဘို့မပြောနဲ့ ကျက်ပြီးသားအစားအစာတောင်ဝယ်လို့မရဘူး၊ ဥပမာ ကြက်ပေါင်း၊ ကြက်ကြော် အဲဒါတွေ ဝယ်လို့မရ,ဘူး”

ဒါကတော့ တကယ့်လက်တွေ့အခက်အခဲတခုဖြစ်ပါတယ်၊ ကျုပ်တို့ မနီလွိုင် Burmese Student Center မြန်မာ ကျောင်းသားများစခန်းမှာနေခဲ့တုန်းက အစားအသောက်ရ,တယ်၊ ကျန်းမာရေးကိစ္စအဆင်ပြေတယ်၊စောစောက ပြောတဲ့ တကိုယ်ရည်သန့်ရှင်းရေးအတွက် ငွေသားရ,တယ်၊ မီးဘိုး၊ ရေဘိုး၊ အဲဒါတွေ ပေးစရာမလိုဘူး၊ငွသားဆို လိုက်လို့ ဟန်ကျတာပဲလို့တော့ မထင်ပါနဲ့ သဘောလောက်ပဲရ,တာပါ၊ မြန်မာကျောင်းသားစခန်းမှာ အနေကြာ တဲ့ကျောင်းသားတွေသိပါတယ်။

ဒီတော့ဗျာ ဒုက္ခသည်တွေအတွက် အိမ်ငှားခ, မီးဘိုး၊ ဖုန်းဘိုး၊ တကိုယ်ရည်သန့်ရှင်းရေးအတွက် လိုအပ်တာကို ဖြည့်ဆည်းပေးဘို့လိုလာတယ်၊ ဒီတော့မှ စောစောပိုင်းက စာသင်တယ်ဆိုတဲ့အပိုင်းကို စိတ်သောက,ကင်းကင်း နဲ့ ဆက်သွားနိုင်တာနဲ့အတူ လုပ်ငန်းခွင်မှာအဆင်မပြေတာတွေ ကင်းဝေးတာနဲ့အမျှ၊ ဆောင်ရန်ရှောင်ရန်တွေ ကို နားလည်တဲ့အတွက် အားလုံးအတွက်အကျိုးရှိပါတယ်။

လုပ်ငန်းခွင်နဲ့ပတ်သက်လို့ ကျုပ်ကိုယ်တွေ့တခုပြောပြချင်ပါသေးတယ်၊ ကျုပ်က စက်နဲ့ပတ်သက်တဲ့ လုပ်ငန်းတ ခုမှာ အလုပ်လုပ်ခဲ့ရာမှာ မတော်တဆ,ထိခိုက်ဒါဏ်ရာရ,သွားတယ်ဗျ၊ ကျုပ်တာဝန်က Machine Operator အလုပ်လုပ်ရင်းနဲ့ တတောင်ဆစ်ကို သံဘောင်နဲ့တိုက်မိပြီး အလုပ်မလုပ်နိုင်ဘူးဖြစ်သွားတယ်။

အဲဒီနေ့က Manager အလုပ်မဆင်းသလို Supervisor လည်း အလုပ်မဆင်းတဲ့နေ့ဖြစ်နေပါတယ်၊ အဲဒီတော့ ကျုပ်လည်း Co-Supervisor ကိုပြောတာပေါ့ဗျာ၊ ကျုပ်ပြောတာကိုနားမလည်လို့ဖြစ်ပါလိမ့်မယ်၊ ဘာမှအရေး ယူဆောင်ရွက်ပေးခြင်းမရှိတဲ့အတွက် ကြိတ်မှိတ်ပြီး အလုပ်လုပ်ရပါတယ်။

ဒီလိုနဲ့ တရက်ပြီးတရက်ကြာလာတော့ လက်က,ယောင်ကိုင်းလာတယ်၊ အဲဒီတော့မှပဲ Manager က သူ့ကို ချက်ခြင်းမပြောရ,ကောင်းလားဆိုပြီး၊ ကျုပ်ကိုအပြစ်တင်ပါတယ်၊ ကျုပ်ကလည်း Co-Supervisor ကိုပြောပြီး သွားပြီဆိုတာကို စကားပြန်ကနေတဆင့်ပြောရတာပေါ့၊ (စည်းကမ်းချက်ထဲမှာက တစုံတခုထိခိုက်အနာတရ, ဖြစ်ပြီဆိုရင် နှစ်ဆယ့်လေးနာရီအတွင်း သတင်းပို့ရမယ်ဆိုတာရှိတယ်ဗျ)နောက်ဆိုရင် သူ့ကိုပဲတိုက်ရိုက်ပြောပါ ဆိုတာပြောပြီး လိုအပ်တဲ့စာရွက်စာတမ်းတွေမှာ ဖြည့်စွက်ပြီး ကျုပ်ကိုဆေးရုံတန်းသွားခိုင်းတာပါပဲ။

ဆက်လက်ဖေါ်ပြပါဦးမည်

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, January 16, 2010

တတိယနိုင်ငံရောက်ဒုက္ခသည်အချို့၏ ဒုက္ခအချို့

တတိယနိုင်ငံရောက်ဒုက္ခသည်အချို့၏ ဒုက္ခအချို့
အပိုင်း(က)
(မင်းစိုးစံ)

“ဆွံ့အ,နေသူတယောက်အနေနဲ့ သူ့အိပ်မက်တွေ သူ့ခံစားချက်တွေ သူ့အမြင်တွေကိုထုတ်ဖေါ်ပြောဆိုနိုင်ဘို့ရာ ခက်ခဲသလိုပါပဲ နိုင်ငံတခုကနေအခြားနိုင်ငံတခုကို ပြောင်းရွှေ့နေထိုင်သူအနေနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ ဘာသာ စကားကို မကြွမ်းကျင်ဘူးဆိုရင် ဆွံ့အ,နေသူတယောက်ရဲ့ ဘဝနဲ့ သိပ်မထူးပါဘူး”
ဒါကတော့ ဒုက္ခသည်တယောက်ပြောတဲ့စကားပါ၊ အခုတလော သတင်းတွေမှာ ဝါရှင်တန်ကနေ ဒုက္ခသည်တွေ အဆင်မပြေဖြစ်ရ,တာ ဘာကြောင့်လည်းဆိုတာကို ပြန်လည်ဆန်းစစ်မယ်ဆိုတဲ့ အကြောင်းနဲ့ ပြန်လည်ဆန်းစစ် မှုတွေမလုပ်ဖြစ်တာ အတော်ကလေးကိုကြာနေပြီဆိုတာကြောင့် လို့ပြောပါတယ်။
အဲဒီတော့ ဒုက္ခသည်တွေဘာကြောင့် အခုလိုဖြစ်ပျက်နေရ,တာလည်းဆိုတာကို သုံးသပ်နိုင်ဘို့အတွက် ဒုက္ခ သည်တယောက်ဖြစ်တဲ့ကျုပ်အနေနဲ့ ဘဝတူဒုက္ခသည်တွေရဲ့ ပြောပြချက်၊ လိုအပ်ချက်၊ ခံစားချက်တွေကို လက်လှမ်းမှီသလောက် စုစည်းတင်ပြသွားမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ကမ္ဘာအရပ်ရပ်က,ဒုက္ခသည်တွေ ပြောင်းရွှေ့အခြေချနေထိုင်ကြတယ်ဆိုတာကို တော့ အားလုံးသိပြီးသားဖြစ်ပါတယ်၊ အခုပြောမှာကတော့ ထိုင်းနဲ့မြန်မာနယ်စပ် ဒုက္ခသည်စခန်းက ဒုက္ခသည် တွေရဲ့အကြောင်းကို အဓိက,ထားပြောသွားမှာဖြစ်ပါတယ်။
ထိုင်းမြန်မာနယ်စပ်က လာတဲ့ဒုက္ခသည်တွေကို အကြမ်းဖျဉ်းအားဖြင့် အုပ်စုသုံးစုခွဲနိုင်ပါတယ်၊ (၁) မိခင်ဘာသာ စကားက,လွဲပြီး အခြားဘာသာစကားမတတ်သူများ။ (၂) မိခင်ဘာသာစကားအပြင် အိမ်နီးချင်းနိုင်ငံ၏ ဘာသာ စကားကို ပြောတတ်သူများ။ (၃) မိခင်ဘာသာစကား၊ အိမ်နီးချင်းနိုင်ငံ၏ ဘာသာစကားအပြင် အင်္ဂလိပ်ဘာသာ စကားကိုပါပြောတတ်သူများ။ စသည်ဖြင့် ခွဲခြားနိုင်ပါတယ်။
ပထမအုပ်စုနဲ့ ဒုတိယအုပ်စုတို့ဟာ မဖြစ်မနေ စကားပြန် (Interpreter) လိုအပ်ကြသူများဖြစ်ကြပါတယ်၊ အဲဒီထဲ က,မှတခါ ပထမအုပ်စုခမျာ ဒုတိယအုပ်စုထက်ပိုပြီး အခက်အခဲရှိပါတယ်။
အမေရိကန်ကိုရောက်ပြီး ပြည်နယ်တခုကနေ အခြားပြည်နယ်တခုကိုပြောင်းလာတဲ့ ဒုက္ခသည်တဦးပြောပြတာ က,တော့
“ကျွန်တော်တို့မိသားစုက စုစုပေါင်းလူဦးရည် ၁၀ ယောက်၊ ဆေးခန်းက ချိန်းလိုက်တဲ့ (Appointment ) အခါ အင်္ဂလိပ်လိုမပြောတတ်လို့ အဖျက်ခံရ,တာ ခဏခဏပဲ၊ ဗမာလိုပြောတတ်ပေမယ့် ဗမာစကားပြန်က အချိန်ပိုင်း ပဲလုပ်တယ်၊ ကျွန်တော်တို့ကို တာဝန်ယူခေါ်တဲ့အဖွဲ့အစည်းက LIRS( Lutheran Immigration and Refugee Service) ဖြစ်ပါတယ်၊ အဲဒီလူကို သူတို့ရဲ့အဖွဲ့အတွက်ပဲငှားထားတာလို့သိရ,ပါတယ်။
ဆေးခန်းတွေ ဆေးရုံတွေသွားတဲ့အခါ သူ့ကိုငှားထားတဲ့အချိန်ပြည့်သွားလေတော့ ကျုပ်တို့ကိုသူလိုက်မပို့နိုင် တော့ပါဘူး၊ မိသားစုကလည်းများတော့ အဲဒီအရေးကြီးတဲ့ဆေးခန်း၊ဆေးရုံကိစ္စအတွက် စိတ်ပူတာနဲ့ Mineesota ကိုပြောင်းလာခဲ့တာပါပဲ”
“နောက်တခုကတော့ Minnesota State မှာက ထိုင်းလိုပြောတတ်တဲ့ဘာသာပြန်တွေရှိနေတာရယ်၊ ကျုပ်သူ ငယ်ချင်းတယောက်ကလည်း ဒီမှာရှိနေတာဆိုတော့ နည်းနည်းသက်သာမယ်လို့ တွက်ပြီးပြောင်းလာတာပါ”
ဒါကတော့ ဒုက္ခသည်တဦးပြောပြတာဖြစ်ပါတယ်။
သူ့စကားကိုထောက်ရှုခြင်းအားဖြင့် ဒုက္ခသည်တွေနေနဲ့ ကိုယ့်မိသားစု၊ဆွေမျိုး၊ မိတ်ဆွေ သူငယ်ချင်းတွေမရှိတဲ့ နေရာကို မသွားမိဘို့အရေးကြီးသလို စကားပြန်တွေလိုအပ်တာကိုလည်း သတိထားမိမှာဖြစ်ပါတယ်။
နောက်တယောက်ပြောပြတာက,တော့
“ကျွန်တော်တို့ရောက်လာပြီး တလကျော်ကျော်လောက်မှာ ကျန်းမာရေးစစ်ဆေးတာတွေ လိုအပ်တဲ့စာရွက်စာ တမ်းတွေ အကုန်ပြီးသွားတာနဲ့အလုပ်စ,လုပ်ရပါတယ်၊ သူတို့ပြောတာက တော့ အမေရိကန်နိုင်ငံကလူတွေဟာ အလုပ်လုပ်ခြင်းနဲ့သူတို့ကိုယ်သူတို့ဂုဏ်ယူကြတယ်၊ ကျွန်တော်တို့ကိုလည်း အလုပ်လုပ်ခြင်းနဲ့ ကိုယ့်ကိုယ်ကို ဂုဏ်ယူတတ်ဘို့ ပြောပါတယ်”
“သိတဲ့အတိုင်းပဲ စကားလည်းနားမလည်စာလည်းမတတ်တော့ အလုပ်ခွင်မှာပြဿနာအကြီးအကျယ်တက်တာ ပါပဲ၊ကျွန်တော် Hotel တခုမှာအလုပ်ရ,ပါတယ်၊ အိမ်သာဆေးတဲ့အလုပ်ပါ၊ ဆေးရတဲ့အိမ်သာတွေကတော့ ဝန် ထမ်းများအိမ်သာနဲ့ အောက်ခြေအလုပ်သမားများအိမ်သာတွေကို အဓိက,ထားဆေးကြောရ,သလို တခါတလေ မှာတော့ ဧည့်သည်တွေသုံးတဲ့ အိမ်သာတွေကိုဆေးကြောရ,ပါတယ်”
“အဲဒီလိုဆေးကြောတဲ့အခါမှာ အမျိုးသမီးရေအိမ်၊ အမျိုးသားရေအိမ် အားလုံးကိုဆေးကြောရ,ပါတယ်၊ တညမှာ တော့ အမျိုးသမီးရေအိမ်ကို ကျုပ်သန့်ရှင်းရေးလုပ်နေတုန်း အမျိုးသမီးတဦးရောက်လာပြီး ကျွန်တော့်ကို တခုခု ပြောနေတာကိုတော့ သိပါတယ်ဘာလဲဆိုတာကို နားမလည်ပါဘူး၊ နားမလည်ပေမယ့် ကျွန်တော်လည်း Yes လိုက်လုပ်မိတယ်၊ အစပထမပိုင်းမှာ ကျုပ်ကို ချိုချိုသာသာပြောနေတဲ့ လူမည်းအမျိုးသမီးဟာ ဒေါသ,တကြီးနဲ့ ကျုပ်ကို “No. get out” လို့အော်ပြောတော့ဗျာ ကျုပ်ထူပူသွားတာပဲ”
“ကျုပ်ကံကောင်းတာက အဲဒီလူမည်း အမျိုးသမီးဟာ ကျုပ်ရဲ့ ကြီးကြတ်ရေးအရာရှိ Supervisor ရဲ့ လုပ်ဖေါ်ကိုင် ဘက် Co-worker ဖြစ်နေလို့ပါပဲ၊ ဧည့်သည်သာဆိုရင် လွယ်မှာတော့မဟုတ်ဘူး”
အဲဒါကိုထောက်ရှုခြင်းအားဖြင့် ဘာသာစကားနားမလည်ပဲအလုပ်ဝင်လုပ်ရင် အခက်အခဲတွေကြုံတွေ့တတ်လေ တော့ ဒီမှာရှိတဲ့ ESL(English Second Language ) ဒါမှမဟုတ် ELL(English Learning Language) ကျောင်း တွေမှာမဖြစ်မနေ တက်ရောက်သင်ကြားဘို့ လိုတာကိုတွေ့ရ,မှာဖြစ်ပါတယ်။

ဆက်လက်ဖေါ်ပြပါမည်

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဆင့်ဖေါဟ်လု်ဍုံ ဃှဲုလေါဟ်သာ

ဆင့်ဖေါဟ်လ်ုဍုံ ဃှဲုလေါဟ်သာ
စ၀်ကျ္ဘာီ

ဖႜုံဆိုဒ်ဖေါဟ် အ်ုဝီၟသင့်ခါ့၊
အှ်လုဖူ့လ၀့် လ်ုကါင်ဖါ။

အှ်ထင်းဝေ့ ယိက်မူၟထ၀့်လာ၊
မာဏေ၀်ၟသိုဝ် ဍေဖႜုံဟှူ့ဟှာ။

ဆိုဒ်အ်ုဃှာၟဃှံင် ဖှေ်စေ၀်ယှ၊
မာနိုင်ထာင်ဝေ့ အ်ုဆိုဒ်ဆ။

ပ်ုဖႜုံဖေါဟ်ပညာ့အှ်ယှာ၊
္ဘေ့ဖႜုံလ၀် ဏယ်စွးသ်ုကါ။

သဲုးက်ုဍယ်သဲုး္ဘးလင်ယွာ၊
လအိုင်ဏေ၀်ၟ မေင်ၟစိင်ၟလုက်ခႜာ။

ယိက်လ်ုမ၀်ၟ ကောဝ်ကြင်ခေါဟ်ဍာ၊
ဖႜုံဆိုဒ်ဖေါဟ်ယိုဝ် မ်ုလင်မာၟ။

စ၀်ကျ္ဘာီ
(ထဲုးမင်ထောဝ်)

KDA မှကူးယူဖေါ်ပြပါသည်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, January 14, 2010

လ,ရောင်ကို ကောက်သင်းကောက်ခြင်း

လ,ရောင်ကို ကောက်သင်းကောက်ခြင်း
(ငြိမ်းဝေ)

(က)
ကိုဗဟိန်းက
ဂျပန်တော်လှန်ရေးကာလ
ခင်မကြီးဆီ စာရေးတဲ့အခါ
ရိုးမ,ဟာ
လရောင်ပြိုးပြက် ရွှန်းလက်လို့ နေခဲ့။

“ ဆမ်းမားဆက်မွန် ” က
“ လမင်းနဲ့ ခြူးပြား ”
ရေးသားတဲ့ဝတ္ထု
ပန်းပုကဗျာ။

“ ဦးလေးဟို ” က
နယ်စပ်တနေရာ
ထောင်တွင်းက,ပေးစာ ကဗျာ
လရောင်မှာရေးခဲ့။

အင်းစိန်ထောင်ထဲက
ဆိတ်ဖလူးရနံ့ ထုံယစ်
လရောင်ကို သူချစ်သတဲ့
ဖန်စ,မှန်စ,
စိန်စ,မြစ, တသ,
ကဗျာဆရာတဦး
ခံစားမှုစိတ်ကူး ဖူးတွေ့ သွားခဲ့။

ကမ္ဘာလောကရဲ့ 
ဝီရကဗျာ
မွှေးရီပွင့်နီ ဝေဒနာ
လရောင်ထုခွဲ
“ ထွီးပါးဝီးကျိုး ”ပေါ်ကြဲလိုက်လိုက်။

ခင်ဗျားတို့ ဟာ
“ စောထ ” မှာ
လရောင်ကို လက်ချိုးရေခဲ့ကြ။

ခင်ဗျားတို့ ဟာ
“ အာယုတောင် ” တိုက်ပွဲည
လရောင်ကိုဖျာခင်း
သီချင်းဆိုနိုင်ခဲ့ကြ။

ခင်ဗျားတို့ ဟာ
နတ်တော်လရဲ့ ညတည
လရောင်ဘဏ္ဍာတိုက်
သိုက်တူးဖို့ ကြိုးစားခဲ့ကြ။

ခင်ဗျားတို့ ဟာ
“ ထွီးပါးဝီးကျိုး ” ရဲ့  ပုခုံးပေါ်
ဗုံးဆံအမြောက်ဆံတွေကြား
တိုရေရှားရေ ည,တည
လရောင်ကို ရေချိုးနိုင်ခဲ့ကြ။

အိပ်ယါဝင် စောတဲ့ငါ
အိပ်ယါထ, နောက်ကျတဲ့ငါ
ကဗျာတပုဒ်နဲ့  ကြိုးတုတ်ခံထားရတဲ့ငါ
လရောင်ဝေစု တခုမှမရ,ခဲ့။

(ခ)
တော်လှန်ရေး သန္တိသုခ
ငြိမ်းချမ်းစွဘဝ
လရောင်တခု ဝေစုတဖဲ့
( ငါ့အတွက် )
ချန်ရစ်ခဲ့ဦး ရဲဘော်တို့ ။ ။

( ဒီကဗျာလေးဟာ ကျနော် တော်လှန်ရေးနယ်မြေရဲ့  မြို့ တော် “ မာနယ်ပလော ” ကို ရောက်ရှိပြီး ပထမဆုံး ရေးဖြစ်ခဲ့တဲ့ ကဗျာပါ။
၁၉၉၃-ခု မှာထုတ်ဝေတဲ့ “ ဒေါင်းအိုးဝေ ” စာစောင်မှာ ဖေါ်ပြခဲ့ပါတယ်။
ကျနော် အနှစ်သက်ဆုံး ကဗျာတပုဒ်ပါပဲ။ )
Posted by ငြိမ်းဝေ at 12:30 PM

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....