+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, April 29, 2009

ဝက်တုပ်ကွေးရောဂါပိုး နောက်ဆက်တွဲသတင်း

Photo by VOA News

VOA (Burmese Service)
ဝက်တုပ်ကွေး ရောဂါကြောင့် အမေရိကန် နိုင်ငံမှာ မက္ကဆီကို အနောက်ပိုင်းနဲ့
နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တက္ကဆက်စ် ပြည်နယ်က ၂၃လသား ကလေးငယ်လေး
သေဆုံးသွားကြောင်း ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးကာကွယ်ရေးဌာန
ယာယီညွန်ကြားရေးမှူး ဒေါက်တာ Richard Besser က ပြောပါတယ်။
မက္ကဆီကို နိုင်ငံပြင်ပမှာ ပထမဆုံး သေဆုံးမှုပါ။
လော့စ်အိန်ဂျလိစ်မြို့မှာ တုပ်ကွေးရောဂါနဲ့ သေဆုံးရသူနှစ်ဦးဟာ
ဝက်တုပ်ကွေးရောဂါနဲ့ ဆက်စပ်ပုံမရဘူးလို့ ဒေသတွင်း သေမှုသေခင်းစစ်ဆေးရေးအရာရှိက
ပြောကြောင်း Los Angeles Times သတင်းစာကပြောပါတယ်။
မက္ကဆီကိုနိုင်ငံနဲ့ နယ်နမိတ်ထိစပ်နေတဲ့ ကာလီဖိုးနီးယားပြည်နယ်မှာ ရောဂါကူးစက်မှု
၁၁ ခုရှိသွားပြီဖြစ်ပြီး အခြေအနေကိုကိုင်တွယ်ဖို့ အရေးပေါ်အခြေအနေ
ကြေညာထားပါတယ်။

ကောက်နှုတ်တင်ပြသူ
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment