+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, November 30, 2010

စစ်မက်ဖြစ်မည့်အရေး ကချင်ပြည်သူများ စိုးရိမ်နေ

KIO ကချင်လွတ်လပ်ရေးအဖွဲ့ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ၂၀ဝ၉ ဖေဖော်ဝါရီ ၅ရက်နေ့က ကျင်းပသော ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွင် KIO တပ်ဖွဲ့ဝင် ၁၅၀ဝခန့်က လက်နက်အပြည့်အစုံဖြင့် ဥက္ကဋ္ဌ ဦးဇောင်းဟရားကို ချီတက်အလေးပြုခြင်းသည် ထူးခြားမှုအဖြစ် ယူဆကြပါသည်။
စစ်မက်ဖြစ်မည့်အရေး ကချင်ပြည်သူများ စိုးရိမ်နေ
2010-11-30

KIO ကချင်လွတ်လပ်ရေးအဖွဲ့ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ၂၀ဝ၉ ဖေဖော်ဝါရီ ၅ရက်နေ့က ကျင်းပသော ကချင်တော်လှန်ရေးနေ့ အခမ်းအနားတွင် KIO တပ်ဖွဲ့ဝင် ၁၅၀ဝခန့်က လက်နက်အပြည့်အစုံဖြင့် ဥက္ကဋ္ဌ ဦးဇောင်းဟရားကို ချီတက်အလေးပြုခြင်းသည် ထူးခြားမှုအဖြစ် ယူဆကြပါသည်။

ကချင်ပြည်နယ်အတွင်း အခုရက်ပိုင်း မြန်မာစစ်အစိုးရရဲ့တပ်အင်အား သိသိသာသာ တိုးမြှင့်ချထားနေတဲ့အတွက် အပစ်ရပ် ကေအိုင်အို ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မကြာခင် စစ်ပွဲတွေ ဖြစ်ပွားတော့မလား ဆိုပြီး ဒေသခံတွေက အထူး စိုးရိမ်ပူပန်နေကြတယ်လို့ မြစ်ကြီးနား မြို့ခံတွေက ပြောပါတယ်။

လောလောဆယ် တင်းမာမှုနဲ့ ပြင်ဆင်မှု အခြေအနေတွေအရ စစ်ပွဲဖြစ်ပွားဖို့ နှစ်ဖက်စလုံးက အဆင်သင့် ဖြစ်နေတဲ့ အနေအထား တွေ့ရတယ်လို့ ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့ ခေါင်းဆောင် ဦးအောင်ဝါက ပြောပါတယ်။

ကေအိုင်အို အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဂွမ်မော်ကတော့ သူတို့ရဲ့ ကေအိုင်အေတပ်တွေကို အသင့် အနေအထား ရှိအောင် တပ်လှန့်ထားတာသာ ဖြစ်ပြီး စစ်ပွဲအတွက် ပြင်ဆင်နေတာ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ဟာ ၁၉၉၄ ခုနှစ်ကစလို့ စစ်အစိုးရနဲ့ တရားဝင် အပစ်အခတ် ရပ်စဲထားခဲ့တာ ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေး အတွက် စစ်အစိုးရရဲ့ ဖိအားပေးမှုကို လက်မခံနိုင်ကြောင်း ငြင်းဆိုခဲ့ပေမဲ့ အပစ်ရပ် သဘောတူညီချက်ကိုတော့ ဆက်လက် ဆုပ်ကိုင်ထားဆဲပဲလို့ ကေအိုင်အိုအဖွဲ့က ပြောပါတယ်။

နယ်ခြားစောင့်တပ် ပြောင်းလဲ ဖွဲ့စည်းရေးကိစ္စကို ကေအိုင်အိုက ငြင်းပယ်ခဲ့တဲ့ နောက်ပိုင်း စစ်အစိုးရနဲ့ ကေအိုင်အို အဖွဲ့တို့ကြား ဆက်ဆံရေး အထူးတင်းမာလာခဲ့ပြီး စစ်အစိုးရဖက်က ကေအိုင်အိုအရာရှိတွေရဲ့ သွားလာခွင့်တွေကို ထိန်းချုပ်ကန့်သတ်ခဲ့တဲ့ အပြင် မြစ်ကြီးနားမြို့က ကေအိုင်အိုအဖွဲ့ရဲ့ ဆက်ဆံရေးရုံး အားလုံးကိုပါ မကြာသေးခင်က ပိတ်ခိုင်းခဲ့ပါတယ်။

အခုလို စစ်အစိုးရနဲ့ ကေအိုင်အိုအဖွဲ့ကြား တင်းမာမှု နောက်ဆုံးအခြေအနေ၊ မကြာခင် စစ်ဖြစ်နိုင်မဲ့ အလားအလာတွေနဲ့ ပတ်သက်လို့ ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်မတော် ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဂွမ်မော်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

Copyright © 1998-2010 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

DKBA နဲ့ မြန်မာစစ်တပ်ကြား တင်းမာမှု တိုး


DKBA နဲ့ မြန်မာစစ်တပ်ကြား တင်းမာမှု တိုး

By မအေးအေးမာ
အင်္ဂါ, 30 နိုဝင်ဘာ 2010

ရွေးကောက်ပွဲ ကျင်းပပြီး နောက်တရက် နိုဝင်ဘာလ ၈ ရက်နေ့ကစလို့ ကရင်ပြည်နယ် အတွင်းမှာ DKBA တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ရင်းတချို့နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေတာမှာ အခုနောက်ဆုံး ထိုင်း၊ မြန်မာ နယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဘက်မှာ မြန်မာစစ်တပ်နဲ့ DKBA အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အဲဒီဒေသက ဖလူးကြီး၊ ဖလူးလေးနားမှာ ပြောင်းဖူး အခွန်ဂိတ်မှာ ထိုင်နေတဲ့ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့နဲ့ မြန်မာစစ်တပ်တို့ ပစ်ခတ်မှု ဖြစ်ခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုအတွင်း ငြိမ်းချမ်းရေးကောင်စီဘက်က ကျန်နေတဲ့ တပ်သားတချို့ကို မြန်မာစစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ DKBA တပ်ဖွဲ့က ပြောပါတယ်။ အပြည့်အစုံကို စုံစမ်းထားတဲ့ မအေးအေးမာက တင်ပြပေးထားပါတယ်။

ထိုင်း၊ မြန်မာနယ်စပ် ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ထားတဲ့ DKBA တို့ဟာ တဦးနဲ့တဦး၊ တဘက်နဲ့တဘက် တင်းမာမှုဟာ အမြင့်ဆုံး အခြေအနေကို ရောက်ရှိနေပါတယ်။ ဒီနေ့မနက်ပိုင်းမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေသေးကြောင်း DKBA ဘက်က တပ်မှူးတဦးက အခုလို ပြောပါတယ်။

“အခြေအနေက ကျနော်တို့ ဝေါ်လေဒေသကို သူတို့က လက်ရှိ ရိက္ခာပို့မယ်၊ အပေါ်မှာရှိတဲ့တပ်ကို အရွှေ့အပြောင်း လုပ်ရမယ်လေ။ အဲဒီ ၀င်ရောက်ထိုးဖောက်တဲ့တပ်ကို ကျနော်တို့က အခု ခြုံခိုတိုက်ခိုက်တယ်။ ဖြစ်တဲ့နေရာက သိပ်မဝေးတော့ဘူး၊ ဖလူးကနေပြီးတော့ တမိုင်ကျော်ကျော် နှစ်မိုင်ဝန်းကျင်လောက် ရောက်နေတယ်။ ကျနော်တို့က ဖလူးဘေးနားကနေ ပစ်တယ်။ သူတို့က ဖလူးကြီးရော ဖလူးလေးရောကနေ ကျနော်တို့ကို ပစ်တယ်။”

ဒီနေ့ တိုက်ပွဲဖြစ်နေတဲ့ အခြေအနေကို ပြောပြသွားတာ ဖြစ်ပါတယ်။

နှစ်ဘက် ပစ်ခတ်မှု၊ ခြုံခိုတိုက်ခိုက်မှုတွေကြောင့် အထိအခိုက်၊ အကျအဆုံး အခြေအနေတွေကို မေးမြန်းကြည့်တဲ့ အခါမှာတော့ မြန်မာစစ်တပ်ဘက်က ထိခိုက်မှုတွေ ရှိတယ်လို့ ပြောပါတယ်။

“ဒီနေ့ကတော့ ထိခိုက်ဒဏ်ရာရတာ ရှိတယ်လို့ ပြောတယ်။ အရေအတွက်တော့ မရသေးဘူး။ ပစ်ခတ်တဲ့အတွက် ၄ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ပြောတယ်။ ၄ ယောက်ထဲမှာ ၂၃၀ ဒု-ရင်းမှူးတယောက် အပါအ၀င်ပေါ့။”

ဒီသတင်းနဲ့ပတ်သက်ပြီး သီးခြား အတည်ပြုချက်တွေကိုတော့ မသိရသေးပါဘူး။ ဒီနေ့ ဖြစ်ပွားခဲ့တာကတော့ ဖလူးကြီးနဲ့ ဖလူးလေးရွာ အနီးက ပြောင်းစိုက်ခင်းတွေကနေ ပြောင်းခွန်တွေကောက်ဖို့ ဂိတ်ချထားတဲ့ မြန်မာစစ်အစိုးရနဲ့ အပစ်ရပ်အဖွဲ့ တခုဖြစ်တဲ့ ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်သဲခီး အုပ်စုနဲ့လည်း မြန်မာစစ်တပ်တို့ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒီနေ့ဖြစ်တာက ငြိမ်းချမ်းရေးကောင်စီ စစ်တပ်နဲ့ဖြစ်တယ်။ ၂ ယောက်ဖမ်းမိတယ်။ ဖလူးကြီးနဲ့ ဖလူးလေးက တဆက်တည်းပဲ ပြောလို့ရတယ်။ အဲဒီအပေါ်နားလေးမှာ ပြောင်းဖူးခင်း တဲထဲမှာ သူတို့ နေတယ်ပေါ့။ တပ်ကလည်း အဲဒီမှာ ထိုးစစ်ဆင်ဖို့ ဟိုချောင်း ဒီချောင်း၊ ငြိမ်းချမ်းရေးတပ်နဲ့ တိုးတဲ့အခါကြတော့ သူတို့က ငြိမ်းချမ်းရေး ယူတားတယ်ဆိုတော့ အေးအေးဆေးဆေး နေတယ်ထင်တယ်။ အနေအထားက အဲဒီလိုမျိုး။ သူတို့ဦးစီးက ဒု-ဗိုလ်မှူးကြီး သဲခီး၊ တပ်ကလာပစ်တော့ သူတို့က ပြန်ပစ်တယ်။ အခုတောင် အလောင်းတလောင်း ရှိနေတယ်၊ အဲဒီမှာ။ ၆ ယောက် ဖမ်းခံထိတယ် ကြားတယ်။”

ဒီလိုပစ်ခတ်မှုကြောင့် အနီး ပြောင်းခင်းက ရွာသွားတွေဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်လာခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးကောင်စီကလည်း နယ်ခြားစောင့်တပ်ကို လက်မခံဘဲ ငြင်းပယ်ထားတဲ့ အဖွဲ့တဖွဲ့ဖြစ်ပြီး စစ်အစိုးရတပ်တွေက သူတို့လက်နက်တွေကို သိမ်းဆည်းထားတာတွေလည်း ရှိပါတယ်။ လက်နက်တွေကိုင်ပြီး ဂိတ်တွေမှာ မနေရဘူးလို့လည်း စစ်အစိုးရဘက်က အမိန့်ထုတ်ထားတာတွေလည်း ရှိနေပါတယ်။

သူတို့ကတော့ စစ်တပ်နဲ့သူတို့ ပြဿနာ မရှိဘူးဆိုပြီး နေထိုင်နေရာကနေ ပစ်ခတ်ပြီး ဖမ်းဆီးတာကို ခံလိုက်ရတယ်လို့ ဆိုပါတယ်။

“အဲဒီနေရာက စစ်ဖြစ်နေတာ နှစ်ရက်၊ သုံးရက်ရှိပြီဆိုတော့၊ သူတို့က ငြိမ်းချမ်းရေး ယူထားပြီး နအဖကလည်း မပစ်ဘူးထင်ပြီး အမှုမဲ့ အမှတ်မဲ့နေတယ်။ ရောက်လာပြီးတော့ သေနတ်ကိုင်တာတွေ့တော့ ပစ်ထည့်လိုက်တယ်။ ပစ်လိုက်တဲ့အဖွဲ့က စစ်ကြောင်းမှူးကို ပြန်မေးတယ်၊ ပစ်လိုက်တာ ငြိမ်းချမ်းရေးကောင်စီ ထိပြီဆိုတော့ ငြိမ်းချမ်းရေးကောင်စီ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် အကုန်ပစ်တဲ့၊ ဒု-ဗိုလ်မှူးကြီးက အမိန့်ပေးတယ်။”

DKBA ဘက်က ပြောတာကတော့ တိုက်ပွဲတွေ ဆက်ဖြစ်နိုင်သေးတာမို့ ကရင်ဒုက္ခသည်တွေကို ထိုင်းနိုင်ငံဘက်က ပြန်ခိုင်းတာတွေ မလုပ်ဖို့နဲ့ ကရင်လူထုတွေအတွက် လုံခြုံမှုတွေ မရှိသေးဘူးလို့ ဆိုပါတယ်။

“ထိုင်းဘက်က ရွာသားတွေကို ပြန်မောင်းထုတ်တယ်။ ပြန်ခိုင်းတယ်ပေါ့၊ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ မဖြစ်ဘူးဆိုတာ သူတို့ပြောတာပဲ။ ကျနော်ပြောတယ်၊ စစ်ပွဲက ဖြစ်မယ်ဆိုရင် လနဲ့ နှစ်နဲ့တောင် ဖြစ်ဦးမယ်၊ ကံမကောင်းရင်။ အဲဒီတော့ ပြန်ပို့တာ မကြာသေးဘူး၊ ဆက်ဖြစ်တော့ ဒီလူတွေ ပြန်ပြေးရတယ်။ မပြေးရင် ကျည်ဆန်တွေက အကုန်ထိကုန်မယ်။ ထိုင်းကလည်း ပြန်ပို့တယ်ဆိုတာ လက်ရှိ နအဖရဲ့ ဖိအားကြောင့်လည်းပါမယ်။”


မနက်ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ဒုက္ခသည် ၅၀၀ ကျော် ထပ်မံ တိမ်းရှောင်လာခဲ့ကြပါတယ်။ တချို့ကတော့ တောတောင်တွေထဲမှာပဲ ပုန်းအောင်နေကြဆဲ ဖြစ်ပါတယ်။



Find this article at:
http://www.voanews.com/burmese/news/dkba-myanmar-army-attack-111038289.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, November 29, 2010

ကချင်ပြည်နယ်မှာ စစ်အစိုးရရော KIO ပါ လုံခြုံရေးတိုးမြှင့်

ကချင်ပြည်နယ်မှာ စစ်အစိုးရရော KIO ပါ လုံခြုံရေးတိုးမြှင့်
2010-11-29

ရွေးကောက်ပွဲအနိုင်ရထားတဲ့ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ ဝန်ကြီး ဦးအောင်သောင်းတို့အဖွဲ့က ကချင်ပြည်နယ် ခရီးစဉ် ရှိတဲ့အတွက် မြစ်ကြီးနားမြို့မှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

ဒီအတွက် ပုဂ္ဂလိက စားသောက်ဆိုင်တွေကိုလည်း ပိတ်ခိုင်းထားတယ်လို့ သိရပါတယ်။ စစ်အစိုးရနဲ့ အပစ်ရပ် KIA ၊ KIO ကချင်အဖွဲ့တို့ နှစ်ဖက်ဆက်ဆံရေး တင်းမာနေတဲ့အချိန်မှာ အခုလို စစ်အစိုးရ နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင် တာဝန်ရှိသူတွေ ရောက်နေတာဟာ ကချင်အဖွဲ့နဲ့ စကားပြောဖို့လားလို့ စုံစမ်းကြည့်တဲ့အခါမှာ အမည်မဖော်လိုတဲ့ ကချင်အဖွဲ့အရာရှိတဦးက မဟုတ်ကြောင်း ပြန်လည် ပြောကြားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက စစ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် ကချင်ပြည်နယ်မှာ ရှိတဲ့ KIO ၊ KIA အဖွဲ့ရဲ့ ဆက်ဆံရေးရုံး အားလုံး ပိတ်လိုက်ရပြီး၊ နှစ်ဖက်ဆက်ဆံရေး ပြတ်တောက်သွားခဲ့ပါတယ်။

ဒါကြောင့် လက်ရှိကာလမှာ KIO ၊ KIA အဖွဲ့ရဲ့ ဗဟိုဆက်ဆံရေးရုံးတရုံးနဲ့ မြစ်ကြီးနားကို လျှပ်စစ်ဓာတ်အားပေးနေတဲ့ KIO ရဲ့ ကုမ္ပဏီရုံး၊ စုစုပေါင်း နှစ်ရုံးပဲ ဆက်လက်ဖွင့်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အစိုးရဖက်က လုံခြုံရေး တင်းကျပ်ထားသလို၊ KIO ဘက်ကလည်း လုံခြုံရေး တိုးချထားတယ်လို့ သိရပါတယ်။

ဒါကြောင့် လာမဲ့ ၂၀၁၁ ခု-နှစ်ဆန်းတွေလောက်မှာ စစ်အစိုးရနဲ့ KIO အဖွဲ့ကြား တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း အမည်မဖော်လိုတဲ့ ကချင်အရာရှိက ပြောပါတယ်။

မကြာခင်တုန်းက စစ်အစိုးရက KIO ကို သောင်းကျန်းသူလို့ သတင်းစာတွေမှာ ပြန်လည်သုံးနှုန်း ဖော်ပြခဲ့တာလည်း တွေ့ရပါတယ်။

Copyright © 1998-2010 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဘုရားသုံးဆူနယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်

ဘုရားသုံးဆူနယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်

By နိုင်ကွန်းအိန်
တနင်္လာ, 29 နိုဝင်ဘာ 2010

မြန်မာစစ်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့ အကြားမှာ တပ်အသွင်ပြောင်းလဲရေး ဖိအားပေး အကျပ်ကိုင်မှုတွေကြောင့် အခြေအနေတွေ တင်းမာနေပါတယ်။ ထိုင်း၊ မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ မနေ့ညနေက နယ်ခြားစောင့်တပ် အသွင်ကို လက်မခံတဲ့ DKBA တပ်ဖွဲ့တွေနဲ့ စစ်ရေးအရ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။ ဒါ့အပြင် အခုဆိုရင် ဘုရားသုံးဆူဒေသမှာ မြန်မာစစ်တပ်ဘက်က စစ်အင်အားတွေ တိုးချထားပြီး လုံခြုံရေး အခြေအနေတွေ တင်းကျပ်ထားသလို တိုက်ပွဲဖြစ်ပွားမှု ပြင်းထန်လာခဲ့ရင် နှစ်ဦးနှစ်ဘက် အကျိုးမရှိသလို ဒေသခံတွေသာ စစ်ပြေးဒုက္ခသည် အဖြစ်နဲ့ ဒုက္ခရောက်ဦးမှာမို့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း စစ်ရေးအရ ထိုးစစ်ဆင်လာရင် အပြန်အလှန် စစ်ရေးအကူအညီ ပေးဖို့နဲ့ တပ်ပေါင်းစု တည်ဆောက်ပြီး စစ်ရေးပြင်ဆင်နေတဲ့ အခြေအနေတွေကို တွေ့နေရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က တင်ပြပေးထားပါတယ်။

ထိုင်း၊ မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ DKBA တပ်ဖွဲ့တို့အကြား နိုဝင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းလောက်မှာ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ တိုက်ပွဲဖြစ်ပွားမှု အခြေအနေတွေကို DKBA တပ်ရင်း ၉၀၆ က ဗိုလ်မှူး စောအေဝမ်းကို ဆက်သွယ် မေးမြန်းခဲ့ရာမှာ အခုလို ပြောပါတယ်။

“ဒီညနေ ၃ နာရီ ၁၅ မိနစ်မှာ နအဖတပ်နဲ့ ကျနော်တို့အဖွဲ့တွေ တဲ ၃ လုံးမှာ ပစ်ကြတယ်နော်။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် ရှိတာပေါ့ တိုက်ပွဲဖြစ်တာ။ သူတို့ဘက်က ၁ ယောက်ကျဆုံးပြီး ၂ ယောက် ဒဏ်ရာရတယ်၊ အဲဒီ ၄၀၆ အဖွဲ့တွေပေါ့။ သူတို့ဟာ ဟို ရင်ဘောင်တန်းတက်ပြီး လာတယ်လေ။ အဲဒီရွာ မဝင်ခင်မှာ ကျနော်တို့ဟာ အဲဒီမှာ ပစ်ခဲ့တယ်။ ၁၅ မိနစ်၊ မိနစ် ၂၀ နဲ့ ကျနော်တို့ ပြန်ဆုတ်တယ်။ အခုဟာ သူတို့ အဲဒီ ကျနော်တို့ပစ်တဲ့ ရွာအနားက ဘုန်းကြီးကျောင်းထဲမှာ သူတို့ရှိနေတယ်။ ပြီးတော့ ဒဏ်ရာရရှိတဲ့သူကို ကုသတယ်။”

ဒီတိုက်ပွဲဟာ ဘုရားသုံးဆူမြို့နဲ့ ၁၃ မိုင်ကျော်ကျော် ကြိမ်ချောင်းမရောက်ခင် ဇီးပင်အရှေ့ တဲသုံးလုံးမှာ ခလရ ၄၀၆ တပ်ရင်းကို ဗိုလ်မှူး စောအေဝမ်း ဦးစီးတဲ့ DKBA တပ်ဖွဲ့တွေက ကြိုတင် သတင်းရလို့ ချုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ ဗိုလ်မှူး စောအေဝမ်းက ပြောပါတယ်။ ခလရ ၄၀၆ တပ်ရင်းဟာ လူနာတွေ ထမ်းဖို့အတွက် တဲသုံးလုံးမှာ ပေါ်တာ အထမ်းသမားတွေ လိုက်လံဖမ်းဆီးနေတယ်လို့ မျက်မြင်သက်သေ မော်တော်ဆိုင်ကယ် အငှားသမားတဦးက ပြောပါတယ်။

အဲဒီလို နယ်ခြားစောင့်တပ်ဖွဲ့ကို လက်မခံတဲ့ ဗိုလ်မှူးကြီး စောနော်တရာနဲ့ ဗိုလ်မှူး စောအေဝမ်း ဦးစီးတဲ့ DKBA ၉၀၆ တပ်ရင်းနဲ့ စစ်အစိုးရတို့ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဘုရားသုံးဆူမြို့ အတွင်းမှာ လုံခြုံရေးတွေ အထူးတင်းကျပ်နေတယ်လို့ မြို့ခံတဦးက အခုလို ပြောပါတယ်။

“ညမထွက်ရတော့ မဟုတ်ဘူး၊ သူတို့ ကြေညာထားတာမျိုး အခု ရပ်ကွက်အတွင်းရှိ လုပ်သားပြည်သူ အပေါင်းတို့၊ ဒီ သူတို့ လုံခြုံရေးအရပေါ့နော်၊ မော်တော်ကားများသည် မသင်္ကာဖွယ်ရာ တကယ်လို့ သည်းညည်းခံဖို့၊ ရပ်ပြီးတော့ အစစ်ဆေးခံဖို့၊ မောင်းမပြေးကြဖို့နော်။ တကယ်လို့ မောင်းပြေးလို့ ဆိုင်ကယ်တွေ ကားတွေ မောင်းပြေးလို့ ပစ်ခတ်မိရင် ဒီတပ်ကနေပြီးတော့ လုံးဝ တာဝန်ယူမှာ မဟုတ်တဲ့ အကြောင်းပေါ့နော် သူတို့ လိုက်ကြေညာတယ်။

“ဥပမာ ချောင်ကြိုချောင်ကြားမှာရှိတဲ့ သွားလာတဲ့ လူတွေလည်း အဲဒီလိုမျိုးပေါ့၊ အစစ်ဆေးခံဖို့၊ တကယ်လို့ မသင်္ကာဖွယ်ရာ ခရီးသွားလာတာတို့ ဖြစ်ရင် သူတို့ ပစ်မယ် ခတ်မယ်ပေါ့၊ သူတို့ တာဝန်မယူဘူးပေါ့။ ဟို ၁၄၄ တော့လည်း မဟုတ်ဘူး။ မသင်္ကာဖွယ်ရာတွေ့ရင် ပစ်ခတ်မယ်ဆိုတဲ့ သဘောပေါ့။ သူတို့ ညပိုင်းတချက်တော့ ကင်းတွေလှည့်တယ်။ ရပ်ကွက်ထဲမှာလည်း သူတို့ရဲဘော်တွေ တွေ့တယ်၊ အမှောင်ထဲမှာ ရဲဘော်တွေ စောင့်နေတယ်။ လေးငါးယောက်တဖွဲ့ အဲဒီလိုမျိုးပေါ့။ ပတ်ပတ်လည် ဝိုင်းပြီးတော့ စောင့်နေတယ်။ ညဘက် စစ်ကား ၃ စီးနဲ့ သူတို့ လှည့်နေတယ်။ ရဲတွေရော ရဲဘော်တွေရော အကုန်လုံးပေါ့။”

ဗိုလ်မှူးကြီး စောနော်တရာ ဦးစီးတဲ့ DKBA တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ဘုရားသုံးဆူမြို့ကို ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ပြီး စစ်အစိုးရ တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီတိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၁၀,၀၀၀ ကျော် ထိုင်းဘက်ခြမ်းနဲ့ တခြား လွတ်မြောက်ရာ ဒေသတွေဘက်ကို တိမ်းရှောင် ထွက်ပြေးနေခဲ့ရပါတယ်။ အခုခါမှာတော့ နယ်မြေ တည်ငြိမ်မှု ရှိစပြုပြီ ဆိုပေမဲ့ လုံးဝ စိတ်ချရတဲ့ အနေအထားမျိုး မရှိဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။ အခုလို တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့အပေါ် ဘုရားသုံးဆူမြို့ခံ တဦးက အခုလို ပြောပါတယ်။

“တိုက်ပွဲတွေ ဖြစ်တော့လည်း ကျနော်တို့ ဒီမှာ သူတို့ပစ်တာက တဘက်နဲ့ တဘက် ထိကြတာ မဟုတ်ဘူး၊ ပြည်သူတွေဘက် သွားကျတယ်။ အခု နဂါးတောင်က ပစ်တာလည်း မြို့ထဲပဲ ပစ်ထည့်တယ်။ DKBA ကလည်း ဝင်တာ မြို့ထဲကိုပဲ။ အကုန်လုံးကလည်း မြို့ထဲကလူတွေပဲ အထိနာနေကြတော့ အကုန်လုံးက စိတ်ပူတယ်။ ဖြစ်လာတော့ အဲဒီလိုပဲ၊ ဖြစ်လာတော့ အကုန်လုံး ပစ်ပြီး ပြေးရတာပဲ ဒီမှာတော့။ ပြေးတဲ့နေရာကလည်း သိပ်ပြီးရှိတာ မဟုတ်ဘူး။ အဲဒါကြောင့်ပေါ့၊ ဖြစ်နိုင်ရင် မဖြစ်စေချင်ဘူး။

“ဘာမှလည်း သူတို့အတွက် အကျိုးရလဒ် သိပ်ရှိတာ မဟုတ်ဘဲ။ ဒီမှာက စီးပွားရေးလုပ် နယ်မြေပဲ။ သူတို့လည်း ထိထိရောက်ရောက် လုပ်ရင်တော့ တမျိုးပေါ့။ တောထဲ တောင်ထဲမှာပစ်ရင် အကြောင်းမဟုတ်ဘူး။ မြို့ထဲမှာပစ်တာ အဲဒါ စိတ်ညစ်ရတယ်၊ ပြေးရ လွှားရတာနဲ့။”

ဒီလို ဘုရားသုံးဆူမြို့ကို ၀င်ရောက် သိမ်းပိုက်တာဟာ နိုဝင်ဘာလ ၇ ရက်က စစ်အစိုးရက ကျင်းပပြုလုပ်တဲ့ အထွေထွေ ရွေးကောက်ပွဲကို ကန့်ကွက် ဆန့်ကျင်တဲ့ အနေနဲ့ ၀င်ရောက်သိမ်းပိုက်ခြင်း ဖြစ်တယ်လို့လည်း DKBA ဘက်က ပြောပါတယ်။

အခုအနေအထားမှာတော့ ဘုရားသုံးဆူမြို့နဲ့ ပတ်ဝန်းကျင် ဒေသမှာ မြန်မာစစ်အစိုးတပ်ကနေ တပ်အင်အား ၅ ရင်း ထပ်ဖြည့်ထားပြီး ခွဲထွက်သွားတဲ့ DKBA တပ်တွေနဲ့ KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ တပ်တွေနောက်ကို လိုက်လံ ထိုးစစ်ဆင်နေတဲ့ အခြေအနေကြောင့် တိုက်ပွဲတွေ ထပ်မံ ပြင်းထန်လာဦးမယ်လို့ ထိုင်းနယ်စပ် စစ်ရေးအကဲခတ်သူတွေက ပြောပါတယ်။

တောတွင်း လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့လည်း တောတွင်း ပြောက်ကျားစစ်ဆင်ရေး သာမက မြို့တွင်း ပြောက်ကျားစနစ်ပါ လုပ်ဆောင်လာနိုင်မယ့် အနေအထားမှာ ရှိတဲ့အတွက် မြို့ခံပြည်သူတွေရဲ့ လုံခြုံရေးဟာ အာမခံချက် မရှိနိုင်သေးသလို တကယ်လို့ တိုက်ပွဲပြင်းထန်လာရင် စစ်ပြေးဒုက္ခသည်တွေ ပိုပြီး တိုးလာမယ့် အနေအထားမှာ ရှိနေတယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

အလားတူ မြဝတီမြို့နယ် ဖလူးနဲ့ ဝေါ်လေဒေသတွေ ဘက်မှာလည်း ဗိုလ်မှူးချုပ် စောလားပွယ် ဦးစီးတဲ့ DKBA တပ်ဖွဲ့တွေနဲ့ စစ်အစိုးရတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရွာသားတွေ အများအပြား နေရပ်ကို တိမ်းရှောင်ပြီး ထိုင်းနယ်မြေထဲကို ဒုက္ခသည်အဖြစ် ဝင်ရောက်လာမှုတွေ ရှိနေပါတယ်။

ဒါ့အပြင် နယ်ခြားစောင့်တပ်ဖွဲ့ကို လက်မခံ ငြင်းပယ်ခဲ့တဲ့ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့ကလည်း စစ်အစိုးရ အနေနဲ့ ထိုးစစ်ဆင်လာရင် အပြန်အလှန် စစ်ရေးအရ အကူညီပေးဖို့ တပ်ပေါင်းစုတခု ဖွဲ့စည်းထားတယ်လို့ တပ်ပေါင်းစုအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောပါတယ်။ အခုလို စစ်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကြားမှာ သဘောထား တင်းမာလာပြီး စစ်ရေးအရ ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ စစ်ရေးအကဲခတ်သူတွေက သုံးသပ်ထားပါတယ်။



Find this article at:
http://www.voanews.com/burmese/news/dkba-myanmar-army-attacked-110969529.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, November 28, 2010

လူအုပ်ကွဲသွားခဲ့သူ ၃၉ ဦး ပြန်လည်ပေါင်းစည်းပေးခဲ့ရ


ရွှေတိဂုံစေတီတော်သို့ အဖိတ်နေ့နှင့် တန်ဆောင်တိုင် လပြည့်နေ့များတွင် ဘုရားဖူးဧည့်သည်ပေါင်း ၅၀၀၀၀၀ ကျော်လာ ရောက်ဖူးမြော်ခဲ့ပြီး အုပ်စုကလွူဲသွားခဲ့သူ ၃၉ ဦးကိုလည်း ပြန်လည်ပေါင်းစည်း၍ ကူညီပေးခဲ့ရကြောင်း ဂေါပကအဖွဲ့မှ ပြောကြားခဲ့သည်။

တန်ဆောင်တိုင်ပွဲတော် ကာလတွင် ရွှေတိဂုံစေတီတော်သို့ အများအပြားလာရောက်ခဲ့သဖြင့် အခြားဒေသမှ ဘုရားဖူးဧည့်သည်များမှာ လူအုပ်ုစကွဲသွားခြင်း၊ လမ်းပျောက်ခြင်းများ အများအပြားဖြစ်ပေါ်ခဲ့ပြီး ဒဏ်ရာ အနည်းငယ်ရရှိသူများကို ဆေးကုသပေးခဲ့ကြောင်း သိရှိရသည်။

"ဘုရားကို ပွဲတော်ကာလအတွင်း မှာ လာရောက် လည်ပတ်လေ့လာတဲ့ ပြည်တွင်းပြည်ပဧည့်သည်တွေ စုစုပေါင်း ၅၀၀၀၀၀ ကျော် လာရောက်ခဲ့ကြပါတယ်။ လူအရမ်းများတဲ့ အတွက် တခြားဒေသက လာရောက် လေ့လာတဲ့ ဘုရားဖူးအဖွဲ့တွေက အများဆုံးလူစုကွဲပြီး လမ်းပျောက်တာတွေ ဖြစ်ခဲ့တယ်။ ဒီပွဲတော်ကာလမှာ အဲဒီလိုဖြစ်ခဲ့တဲ့ ဦးရေ ၃၉ ဦးကို ပြန်လည်ပြီးတော့ တွေ့ရှိအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ အများအားဖြင့်တော့ ကလေးငယ် တွေပဲဖြစ်ပါတယ်။ ပြန်လည်ပေါင်းစည်းပေးဖို့ အချိန်အများဆုံးယူတဲ့ အချိန်ကလည်း ငါးနာရီလောက် ကြာမြင့်ခဲ့တယ်။ တချို့ဆိုရင်လည်း ဘယ်သူ ဘယ်ဝါရောက်နေတယ်။ ဘယ်ဒေသကဖြစ်တယ်၊ ဘယ်လို အရွယ်၊ ဘယ်လိုအ၀တ်အစား ၀တ်ထားတယ်ဆိုတာကို ရွှေတိဂုံဘုရား ပရိဝုဏ်တစ်ခုလုံးမှာ တပ်ဆင်ထားတဲ့ အသံချဲ့စက်တွေကနေ တစ်ဆင့်ပြောလိုက်တာနဲ့ အချိန်ခဏလေး အတွင်းမှာ ပေါင်းစည်းမိခဲ့ပါတယ်။ အရင်နှစ်တွေကလို လမ်းပျောက် သွားတဲ့သူတွေကို သူတို့နေထိုင်ရာ ဒေသအထိတော့ လိုက်ပို့ရတဲ့သူ တစ်ဦးမှမရှိပါဘူး"ဟု ရွှေတိဂုံစေတီတော် လုံခြုံမီးသတ်ဌာနမှဌာနမှူး ဦးထွန်းအောင်ငွေက ပြောကြားခဲ့ ပါသည်။

တန်ဆောင်တိုင် ပွဲတော်ကာလအတွင်း ဘုရားဖူးဧည့်သည်များ အဆင်ပြေရန်အတွက် သန့်စင်ခန်းပေါင်း အလုံး ၈၀ ကို ယာယီတည်ဆောက်ပေးခဲ့ပြီး တိုင်းရင်းဆေး ကုသဆောင်နှင့် အနောက်တိုင်း ဆေးကုသဆောင်ကို ၂၄ နာရီဖွင့် လှစ်ပေးခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ဗုဒ္ဓ၀င်ပြခန်းကိုလည်း ပွဲတော်ကာလအတွင်း၌ ညပိုင်းများတွင်လည်း တိုးချဲ့ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Bee Bee

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဟိုမှာလည်း မျက်စိနာ ဒီမှာလည်း မျက်စိနာ

ဟိုမှာလည်း မျက်စိနာ ဒီမှာလည်း မျက်စိနာ
By Hein Ye Za


မျက်စိနာရောဂါသည် ပိုမိုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ မျက်စိနာရောဂါဖြစ်ပွားစေ သော ဗိုင်းရပ်စ်ပိုးမှာ ပိုက်ဆံများ ကိုင်တွယ် မိရာမှလည်းကောင်း၊ စာရွက်စာတမ်းများ၊ ဘောလ်ပင်များ ကိုင်တွယ်မိရာမှလည်း ကောင်း ကူးစက်ခြင်းဖြစ်ကြောင်း ပိုက်ဆံ များ၊ စာရွက်စာတမ်း၊ ဘောလ်ပင်များ ကိုင်တွယ်ပြီးပါက လက်ကို သေချာစွာ ဆေး ကြောသန့်စင်ရမည်ဖြစ်ကြောင်း ပါမောက္ခ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ ကံညွန့်က အထူးသတိပေးပြောကြားသည်။

အိမ်မှာ မျက်စိနာရောဂါဖြစ်သူတစ်ဦးရှိပြီဆိုလျှင်
အိမ်မှာမျက်စိနာရောဂါဖြစ်သူ တစ်ဦးရှိပြီဆိုလျှင် သူ့၏ အသုံးအဆောင် ပစ္စည်းတွေကို ကိုင်တွယ်မိရာကနေ တစ် ဆင့်ကူးစက်ပြန့်ပွားနိုင်သည်။ သို့ဖြစ်၍ အိမ်သူ၊ အိမ်သားများက မျက်စိနာသူ၏ အသုံးအဆောင်ပစ္စည်းများ ကိုင်တွယ်မိ လျှင် လက်ကို စင်စင်ဆေးဖို့ အရေးကြီး ပေသည်။
စောစောကုဖို့လို
''မျက်စိနာရောဂါဖြစ်ပွားလာပြီ ဆိုလျှင် စောစောကုသဖို့လိုပါတယ်။ မျက် စိနာရောဂါကို အင်တီဘိုင်ရောတစ် ပိုး သတ်ဆေးမျက်စဉ်း တစ်မျိုးမျိုးသုံးနိုင်ပါ တယ်။ နီယိုမိုင်စင်၊ တိုရာမိုင်စင်၊ စီပရိုဖ လောက်ဆာဆင် ရိုးရိုးအင်တီဘိုင်ရောတစ် မျက်စဉ်းတွေ ခတ်နိုင်ပါတယ်။ ဒီလိုမျိုးကု သလို့ မသက်သာရင်တော့ နီးစပ်ရာမျက်စိ ဆေးကုဌာနတွေနဲ့ ပြသဖို့လိုအပ်ပါတယ်'' ဟု ပါမောက္ခ၊ မျက်စိအထူးကုဆရာဝန် ကြီး ဒေါက်တာကံညွန့်က ဆက်လက်ပြော သည်။
အဆိုပါ နီယိုမိုင်စင်၊ တိုရာမိုင် စင်၊ စီပရိုဖလောက်ဆာဆင်၊ အင်တီဘိုင် ရောတစ်မျက်စဉ်းဆေးများအား တစ်နေ့ လျှင် ခြောက်ကြိမ်၊ တစ်နာရီကြား သို့မ ဟုတ် နှစ်နာရီကြား ခတ်ပေးနိုင်ကြောင်း သိရသည်။ (from yangontimes, health)
published @ 2010-10-29 13:37:18 . By Hein Ye Za

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မန္တလေး NLD ကထိန်ပွဲ သက်ဆိုင်ရာက ကူညီ

မန္တလေး NLD ကထိန်ပွဲ သက်ဆိုင်ရာက ကူညီ
2010-11-28

မန္တလေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေက ၄ ကြိမ်မြောက် ကထိန်ပွဲကို စစ်ကိုင်း ဘုန်းကြီးကျောင်း တကျောင်းမှာ ဒီကနေ့ ကျင်းပကြပါတယ်။

စစ်ကိုင်းတောင် အသင့်ဇေတ၀န် ကျောင်းတိုက်မှာ သံဃာ ၁၁ ပါးကို ဒီနေ့မနက် ကထိန်ပွဲ ကျင်းပ လှူဒါန်းခဲ့ကြပါတယ်။ ဒီနှစ် ကထိန်ပွဲမှာ NLD အဖွဲ့ဝင်တွေအပြင် ပြည်သူတွေလည်း ပါဝင်လာကြတာကြောင့် အရင်နှစ်တွေထက် ပိုမို စည်ကားတယ်လို့ မန္တလေးတိုင်း စည်းရုံးရေးတာဝန်ခံ ဦးမျိုးနိုင်က ပြောပြပါတယ်။

“ကထိန်သင်္ကန်းကို အဓိကထားပြီး လှူပါတယ်။ ဒီတခေါက်ကတော့ တော်တော်များများ လှူဒါန်းနိုင်ပါတယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးတဲ့နောက်မှာ ပြည်သူလူထု နိုးကြားတာရော အဖွဲ့ချုပ် အဖွဲ့ဝင်များကလည်း တက်ကြွတာကြောင့်မို့ ကျနော်တို့ ဒီကထိန်ဟာ ပိုပြီးတော့ အခါတိုင်းနှစ်ထက် မတူဘူး၊ တမူထူးခြားပြီး လှူဒါန်းနိုင်တဲ့ ပွဲဖြစ်ပါတယ်”

မန္တလေး NLD က ကျင်းပတဲ့ မနှစ်က ကထိန်ပွဲမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ကထိန်သင်္ဃန်းကပ် လှူဒါန်းမယ့် ဘုန်းကြီးကျောင်းမှာ သွားပြီး မေးမြန်းစစ်ဆေးတာ၊ လှူဒါန်းသူတွေကို ဓာတ်ပုံရိုက်ယူတာ၊ ဧည့်စာရင်း စစ်ဆေးတာ၊ စသဖြင့် အနှောက်အယှက် အမျိုးမျိုး ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒီနှစ် ကထိန်ပွဲမှာတော့ အာဏာပိုင်တွေက အနှောက်အယှက် မပေးတဲ့အပြင် အကူအညီတွေတောင် ပေးခဲ့တယ်လို့ ဦးမျိုးနိုင်က ဆက်ပြောပါတယ်။

“ဒီတခေါက်မှာ ပို ထူးထူးခြားခြား ဖြစ်တာကတော့ သက်ဆိုင်ရာ နယ်မြေလုံခြုံရေး တာဝန်ယူထားတဲ့ ရဲအဖွဲ့တွေ ဘာတွေကနေပြီးတော့ သူတို့ကိုယ်တိုင်က ကျနော်တို့ လုပ်တဲ့ကိုင်တဲ့ နေရာမှာ အဆင်ပြေအောင် သူတို့ လုံခြုံရေး ယူပေးထားပါတယ်။ ဘာမှ အနှောက်အယှက်လည်း မပေးပါဘူးဆိုပြီး သူတို့ကိုယ်တိုင်က လာပြောပါတယ်ခင်ဗျ။ မနေ့က ဥက္ကဋ္ဌ ဦးသိန်းတန်အိမ် ကနေပြီးတော့ မန္တလေးမြို့ထဲကနေ လှည့်ပြီး စစ်ကိုင်း ကထိန်ခင်းတဲ့ကျောင်း လာရာတလျှောက်မှာ ဘာမှ အနှောက်အယှက် မပေးဘူး။ မော်တော်ပီကယ်တွေက စပြီး လမ်းရှင်းပေးတဲ့ အထိတောင် အကူအညီ ပေးပါတယ်”

မန္တလေး NLF အဖွဲ့တွေ အနေနဲ့ အခုလို ကထိန်ပွဲတွေကို ၂၀၀၇ ခုနှစ်ကတည်းက စတင် ကျင်းပလာတာ ဖြစ်ပါတယ်။

Copyright © 1998-2010 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, November 27, 2010

နိုင်ငံတကာ ခုံရုံးတင်ရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ငြင်းဆိုခြင်းမရှိ

နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။

နိုင်ငံတကာ ခုံရုံးတင်ရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ငြင်းဆိုခြင်းမရှိ

2010-11-26

စစ်အစိုးရ ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးတင်ဖို့ ကြိုးစားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံကြောင်း New York Times သတင်းစာရဲ့ ဖော်ပြချက်ကို အာအက်ဖ်အေက ထုတ်လွှင့်ခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မိမိ အဲဒီလို ပြောဆိုခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

New York Times သတင်းစာမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြချက်ဟာ ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ် ပြောကြားတာနဲ့ ကွဲလွဲနေတယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

“အဲဒီ လွှင့်သွားတဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီက ဗိုလ်ချုပ်တွေကို ပြည်ပက နိုင်ငံတကာ ရာဇဝတ်ခုံရုံး တင်ဖို့ ဆောင်ရွက်နေတာကို ဒေါ်အောင်ဆန်းစုကြည် မထောက်ခံဘူးဆိုတဲ့ စာပိုဒ် ပါတယ်။ အဲဒီ တပိုဒ်လုံးကို သူ လုံးဝ မပြောပါဘူးတဲ့။ အင်တာဗျူးတုန်းက။ ကျနော်တို့ အားလုံးရှိနေတယ် အနားမှာ။ သူ လုံးဝ မပြောဘူး။ သူပြောတာက စစ်ခုံရုံးတင်ဖို့ သူ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး ဆိုတာတော့ ပါတယ်။ နောက်တခု ဒေါ်အောင်ဆန်းစုကြည် ပြောတာက ကိုယ့်ကို ထောက်ခံတဲ့လူတွေ ဆောင်ရွက်တဲ့ လုပ်ငန်း တစုံတခုကို သူတဦးတည်း သဘောနဲ့ မထောက်ခံဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူးတဲ့”

မြန်မာ အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသား ဖြစ်တည်မှုကို ဆန့်ကျင်နေတဲ့ ပြစ်မှု Crime Against Humanity နဲ့ စစ်ရာဇ၀တ်မှုတွေ မြောက်မမြောက် ကုလသမဂ္ဂ ကော်မရှင်ဖွဲ့ စုံစမ်းရေး အဆိုကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr. Thomas Quintana က ပြီးခဲ့တဲ့ မတ်လ အစီရင်ခံစာမှာ စတင် အကြံပြုခဲ့ပါတယ်။

ဒီ ကော်မရှင်ဖွဲ့စည်းရေး အဆိုကို အမေရိကန် ပြည်ထောင်စု၊ ဗြိတိန် အပါအ၀င် ဥရောပ နိုင်ငံတချို့နဲ့ သြစတြေးလျ၊ နယူးဇီလန် စတဲ့ နိုင်ငံ ၁၃ နိုင်ငံက ထောက်ခံထားပါတယ်။

Copyright © 1998-2010 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အာရှအားကစားပွဲ မြန်မာ ရွှေတံဆိပ်နှစ်ဆု ဆွတ်ခူး


အာရှအားကစားပွဲ မြန်မာ ရွှေတံဆိပ်နှစ်ဆု ဆွတ်ခူး

စနေ, 27 နိုဝင်ဘာ 2010

စနေနေ့က တရုတ်နိုင်ငံမှာ ပြီးဆုံးသွားတဲ့ အာရှအားကစားပွဲတော်မှာ မြန်မာနိုင်ငံအသင်းက ရွှေတံဆိပ် ၂ ခု အပါအဝင် စုစုပေါင်း ဆုတံဆိပ် ၁၀ ခု ရရှိခဲ့ပါတယ်။ မြန်မာအသင်းအတွက် ရွှေတံဆိပ်ဆုတွေကို ပိုက်ကျော်ခြင်းခတ် ပြိုင်ပွဲတွေမှာ ရခဲ့တာပါ။

အမျိုးသား ပိုက်ကျော်ခြင်း ဗိုလ်လုပွဲကို မြန်မာနဲ့ တောင်ကိုရီးယားအသင်းတို့ ကစားခဲ့ကြတာဖြစ်ပြီး အမျိုးသမီး ပိုက်ကျော်ခြင်း ဗိုလ်လုပွဲ ကိုတော့ မြန်မာအသင်းနဲ့ တရုတ်နိုင်ငံအသင်းတို့ ကစားခဲ့ကြတာဖြစ်ပါတယ်။ ဗိုလ်လုပွဲ ၂ ခုလုံးမှာ မြန်မာအသင်းတွေဖက်က ရွှေတံဆိပ်ရရှိခဲ့ပါတယ်။

ဘိလိယက်ထိုးပြိုင်ပွဲ၊ နဂါးလှေပြိုင်ပွဲနဲ့ ဝူရှုးပွဲတွေမှာလည်း မြန်မာအသင်းက ငွေတံဆိပ် ၅ ခုရရှိပါတယ်။ ဒါ့အပြင် ဘိလိယက်နဲ့ ပိုက်ကျော်ခြင်းခတ် ပြိုင်ပွဲတွေမှာလည်း မြန်မာက ကြေးတံဆိပ် ၃ ဆုရရှိခဲ့တဲ့အတွက် မြန်မာအသင်းက ရွှေ၊ ငွေ၊ ကြေး စုစုပေါင်း ၁၀ ခုရခဲ့တာပါ။


အာရှနိုင်ငံပေါင်း ၃၅ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ အာရှအားကစားပြိုင်ပွဲတွေမှာ တရုတ်နိုင်ငံက ဆုတံဆိပ်ပေါင်း ၄၁၆ ဆုနဲ့ ဆု အများဆုံး ရရှိတဲ့ နံပါတ် ၁ နိုင်ငံ ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံက ဆုအများဆုံးရတဲ့ ဇယားမှာ နံပါတ် ၂၁ ချိတ်ပါတယ်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မြ၀တီမြို့စီးပွားရေးရပ်ဝန်းပြန်လည် လှုပ်ရှားလာ


မြန်မာ-ထိုင်းနယ်စပ် မြ၀တီ မြို့သို့ နယ်စပ်စီးပွားရေး ကုန်သွယ်လမ်းကြောင်းပေါ်တွင် ယာဉ်တန်းပြန်လည် ပြေးဆွဲပြီး ကုန်စည် စီးဆင်းမှု ပုံမှန် လည်ပတ်နေပြီ ဖြစ်၍ နေရပ်ပြန် စီးပွားရေး လုပ်ငန်းရှင်များ ပြန်လည် ရောက်ရှိလာကာ မြ၀တီမြို့ရှိ စီးပွားရေးရပ်ဝန်း တစ်ခုလုံး ပြန်လည် လှုပ်ရှားလာပြီ ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့တွေ နေရပ် ပြန်ကြတယ် ဆိုပေမယ့် စီးပွားရေး လုပ်ကွက်က နယ်စပ်မြ၀တီမှာပဲဆိုတော့ အခြေအနေအေးချမ်းပြီး ကုန်သွယ်မှုလမ်းကြောင်း ပြန်ကောင်း လာတာနဲ့ ချက်ချင်းဆိုသလို အားလုံးပြန်လာနေကြပြီ။ ကုန်စည်ပို့ ဆောင်ရေး လက်ကားဒိုင်တွေ၊ ကုန်သည်တွေလည်း ရောင်းဝယ်ဖောက်ကားမှု ပြန်လုပ်နေကြပါပြီ''ဟု နယ်မှလာပြီး မြ၀တီမြို့မှာ အခြေချ၍ စီးပွားရေးလုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။

နယ်ခြားဖြတ်ကျော် လှေဂိတ်များ ပြန်လည်ဖွင့်ခဲ့ပြီး မြ၀တီမြို့ ကုန်ပစ္စည်းဝင်ရောက်မှု ယခင်ထက် များနေသော်လည်း ထိုင်းဘတ်ငွေ ဈေးငြိမ်ပြီး ပစ္စည်းကယ်ရီခ မူလအတိုင်း ပြန်လည်ကျဆင်းမှု မရှိသည့် အတွက် ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းခြင်း မရှိဘဲ ဈေးမာနေကြောင်း သိရသည်။

မြ၀တီမြို့ပေါ် ရပ်ကွက်များ စားသုံးမှု ဈေးကွက်တွင် ယခင်ထက် အားနည်းနေသော်လည်း ကုန်သွယ်မှုလမ်းကြောင်းပေါ်မှ စီးဆင်းလျက်ရှိသော ဈေးကွက်တွင် အရောင်းအ၀ယ် သွက်လျက်ရှိပြီး ပြန်လည် စည်ကားနေပြီ ဖြစ်ကြောင်း သိရသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မြန်မာ့ကျောက်မျက်ရတနာ ပြပွဲသို့ ပြည်တွင်း၊ ပြည်ပမှ ရတနာကုန်သည် ၆၀၀၀ ကျော်တက်ရောက်ခဲ့

နေပြည်တော်တွင် ကျင်းပသောနှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲသို့ ပြည်တွင်း၊ ပြည်ပမှ ရတနာကုန်သည် ၆၀၀၀ ကျော်တက်ရောက်ခဲ့

၂၀၁၀ ပြည့်နှစ် နေပြည်တော်တွင် ပထမဦးဆုံးအကြိမ် ကျင်းပခဲ့သော နှစ်လယ် ကျောက်မျက်ရတနာပြပွဲသို့ ပြည်တွင်း၊ ပြည်ပမှ ရတနာကုန်သည် ၆၀၀၀ ကျော်တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိပါသည်။

အဆိုပါ ၂၀၁၀ ပြည့်နှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲအား မဏိရတနာ ကျောက်စိမ်းခန်းမ အနီး ၂၁ ဒသမ ၇ ဧက ကျယ်ဝန်းသော မြေကွက်လပ်တွင် တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်း အတွဲ ၈၇၈၇ တွဲ၊ ဈေးပြိုင်စနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်းအတွဲ ၃၇၀ တွဲ စုစုပေါင်း ကျောက်စိမ်းအတွဲ ၉၁၅၇ တွဲ ခင်းကျင်းပြသထားကြောင်း သိရှိရသည်။

တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်မျက်အတွဲ ၂၂၄ တွဲ၊ ဈေး ပြိုင်စနစ်ဖြင့် ရောင်းချမည့် ကျောက် မျက်အတွဲ ၄၉ တွဲနှင့် တင်ဒါစနစ်ဖြင့် ရောင်းချမည့် ပုလဲအတွဲ ၂၄၆ တွဲ၊ ဈေးပြိုင်စနစ်ဖြင့်ရောင်းချမည့် ပုလဲ အတွဲ ၃၀ တို့ကိုလည်းကောင်း ခင်းကျင်း ပြသရောင်းချသွားမည် ဖြစ်ကြောင်း သိရှိရသည်။

နေပြည်တော်တွင် ပထမဦး ဆုံးအကြိမ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲအထိ အကြိမ်ပေါင်း (၇၉)ကြိမ်ရှိခဲ့ရာ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း ပြည်တွင်းပုလဲ ကုမ္ပဏီများ၏ ပုလဲအတွဲ ၇၂ တွဲအား တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရကြောင်း၊ ထို့အတူ နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းအထိ ပုလဲအတွဲ၆၅တွဲကို တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရကြောင်း သိရပါသည်။

Comments

+4 #8 Tmyint 2010-11-27 12:51
ကျွန်တော်တို့နိုင်ငံ အရမ်းချမ်းသာကြွ ယ်ဝပါတယ် . .
နိုင်ငံတစ်ခုမှာ ၀င်ငွေထွက်ငွေစာ ရင်းကို ပြည်သူတွေအား အသိပေးရမှာမဟုတ် ဘူးလား။
နိုင်ငံပိုင်ပစ္စ ည်းဆိုတာ နိုင်ငံသားတိုင်းပိုင်တာ မဟုတ်ဘူးလား။
. . . . ဒါတွေရှိနေတာသိလို့ဖယ်မပေးတာလား ။
စည်းကမ်းပြည့်ဝေ သာ ဒီမိုကရေစီရရင် အားလုံးညီတူမျှတူ ခံစားရမှာပါ။ ဖယ်ပေးလိုက်ပါဗျာ။
လစ်ဗျားနိုင်ငံမှာ ကဒါဖီ ဘာကြောင့်သက်ဆိုးရှည်နေသလဲ သိလား။
သူ့နိုင်ငံသားတွေက သူ့ကို အခုချိန်ထိ ထောက်ခံနေကြလို့ ။
ဘာကြောင့်ထောက်ခံတာလဲဆိုတော့ တိုင်းပြည်ကရတဲ့ ၀င်ငွေနဲ့ သူ့နိုင်ငံသားတွေကို ပြုစုထားလို့။
သူတို့ရဲ့ ပညာရေးစနစ်တွေ၊ ကျန်းမာရေး စောင့်ရှောက်ပေး တဲ့ စနစ်တွေလေ့လာကြည့် ......

လောဘကိုထိန်းထား ၊ အကုန်သိမ်ကျုံးမ ယူနဲ့ ၊ ပြည်သူတွေရသင့်တာပေး
ဘယ်သူအုပ်ချုပ် အုပ်ချုပ် ပြည်သူတွေ လက်ခံကြမှာပါ . . .
မတန်တဆယူရင်တော့ . . . တွေ့တဲ့အတိုင်းဘဲ။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, November 24, 2010

လမ်းတံတားကြေး ပိုကောက်သော ကုမ္ပဏီအချို့ လေလံဖျက်သိမ်းခံရ

လမ်းတံတားကြေး ပိုကောက်သော ကုမ္ပဏီအချို့ လေလံဖျက်သိမ်းခံရ


ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သက်ဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းများသို့ BOT စနစ်ဖြင့် လေလံတင် ငှားရမ်းထားသော လေလံစည်းမျဉ်းအတိုင်း ကောက်ခံခြင်းမရှိသော လမ်းတံတားများကို ထပ်မံတွေ့ရှိပါက လေလံဖျက်သိမ်း၍ လေလံပြန်တင်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။ယင်းသို့ ထုတ်ပြန်ခြင်းမှာ လေလံရယူထားသော ဆောက်လုပ်ရေးကုမ္ပဏီများသည် လမ်းတံတားကြေးများကို သတ်မှတ်နှုန်းထက် ပိုကောက်ခံ နေခြင်းများကြောင့် ဖြစ်သည်ဟု ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များကပြောသည်။ နှင်းသဇင် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ ရရှိထားသော ချောက်-ဆိပ်ဖြူလမ်းပိုင်းရှိ အနော်ရထာ(ချောက်) တံတားဖြတ်သန်းခများကို မူလ သတ်မှတ်နှုန်းထားများထက် ပိုကောက်နေခြင်းအား စစ်ဆေးတွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ တင်ပြပြီး ယခုကဲ့သို့ သတင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လမ်းတံတားအသုံးပြုခ တိုးမြှင့်ကောက်ခံခြင်းသည် လူထုအား နစ်နာစေသဖြင့် လျှော့လျှော့ပေါ့ပေါ့ မစဉ်းစားရန် လေလံစည်းမျဉ်းအတိုင်း လေလံဖျက်သိမ်းပြီး တံတား အသုံးပြုခ လေလံပြန်တင်ရန် သက်ဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းများသို့ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။ ထို့အတူ ထိုကြေငြာချက်၌ ကျန်ဘီအိုတီလမ်းများတွင်လည်း လမ်း-တံတား အသုံးပြုခ ကောက်ခံနှုန်းများကို ပိုမိုကောက်ခံခြင်း မပြုရေး ညွှန်ကြားကြပ်မတ်သွားရန် ၀န်ကြီးရုံး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထပ်မံညွှန်ကြားထားသည်။ ထို့အပြင် ဘီအိုတီစနစ်ဖြင့် လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီ၊ လေလံလုပ်ငန်းရှင်များ အနေဖြင့် လမ်း-တံတား အသုံးပြုခများကို စာချုပ်ပါ သတ်မှတ်နှုန်းအတိုင်း ကောက်ခံသွားရန် ညွှန်ကြားထားကြောင်း သိရသည်။ လမ်းတံတားများတွင် ဖြတ်သန်းသွားလာလျက်ရှိသော ယာဉ်ကြီး၊ ယာဉ်ငယ်များအနေဖြင့် ပူးတွဲစာချုပ်ပါ သတ်မှတ်နှုန်းထားများအတွင်း လမ်း-တံတားအသုံးပြုခကို ပေးဆောင်သွားရန် ညှိနှိုင်းအပ်သည်ဟုလည်း ထည့်သွင်း ဖော်ပြထားသည်။

Credit: သိမ့်သိမ့်စိုး (7Day News Journal)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ချမ်းသာခြင်း၏ အရင်းမူလ ပဓာန

ချမ်းသာခြင်း၏ အရင်းမူလ ပဓာန

Posted by Popular News on Nov 24th, 2010 and filed under Articles.

လောဘထွန်းကားလာသဖြင့် ဆန်ရေစပါး ရှားပါး၍ အစားအစာ ငတ်မွတ်ခြင်းအား ဒုမ္ဘိကန္တရကပ်၊ ဒေါသလွန်ကဲသဖြင့် အချင်းချင်း သတ်ဖြတ်ကြသည့် လက်နက် ဘေးသင့်ခြင်း သတ္တန္တရကပ်၊ မောဟ လွန်ကဲသဖြင့် ရောဂါအမျိုးမျိုးကပ်ရောက်ခြင်း ရောဂန္တရကပ်ဆိုသော ကပ်ကြီးသုံးပါး ကျရောက်ရ၏။ လောဘကြောင့် မီးဘေး၊ ဒေါသ ကြောင့် ရေဘေး၊ မောဟကြောင့် လေဘေးများ သင့်ရ၏။ သီလနှင့် ပြည့်စုံသောသူမှာ ပြဆိုအပ်ပြီးသော ဘေးဒုက္ခအမျိုးမျိုးမှ လွတ်မြောက် နိုင်ကြ၏။
နတ်ပြည်သို့ တက်ရာတွင် သီလတည်းဟူသော စောင်းတန်း လှေကားဖြင့် တက်ကြရ၏။ နိဗ္ဗာန်မြို့တော်ကြီးသို့ဝင်ရာ၌လည်း သီလ တည်းဟူသော တံခါးမှသာလျှင် ဝင်ရောက်နိုင်၏။ သီလနှင့် ပြည့်စုံ သောသူကား လူ့ပြည်ချမ်းသာ၊ နတ်ပြည်ချမ်းသာဟူသော ဝေဒယိတ သုခ လောကီချမ်းသာမျိုးကို မဆိုထားဘိ၊ လောကီချမ်းသာ ထက် မနှိုင်းယှဉ်နိုင်လောက်အောင် သာလွန်ထူးမြတ်သော သန္တိသုခ နိဗ္ဗာန်ချမ်းသာကြီးကိုပင် ရရှိနိုင်ပါပေ၏။ထို့ကြောင့် ပစ္စက္ခဘဝ၌ပင်လျှင် ကပ်ကြီးသုံးပါးတို့မှ လွန်မြောက် လျက် နောင်တမလွန်ဘဝ၌ နတ်ပြည်ချမ်းသာ စသော လောကီ ချမ်းသာနှင့် အဆုံးဘဝ၌လည်း သန္တိသုခနိဗ္ဗာန်ချမ်းသာကို ရရှိလိုကြ သော ပညာရှိ သူတော်ကောင်းတို့သည် ချမ်းသာခြင်း၏ အရင်းမူလ ပဓာနဖြစ်သော သီလတရားကို ကြိုးစားအားထုတ် နိုင်ကြပါစေကုန် သတည်း။ ။


အဘိဓဇမဟာရဋ္ဌဂုရုစံကင်းဆရာတော်ဘုရားကြီး
၁၉၇ဝ ခုနှစ်ထုတ် သြဝါဒဓမ္မကထာ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ပြည်သူတွေ့ရဲ့ တကယ့်ရင်ထဲက အသံ



အနုပညာလှုပ်ရှားမှုများကို လောလောဆယ်ရပ်နားထားပြီး စီး ပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသူ သရုပ်ဆောင်လွင်မိုးရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး စိတ်ဝင်စားမှုတွေ အ ကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။
သရုပ်ဆောင်လွင်မိုးဟာ က မာရွတ်မြို့နယ်၊မြကန်သာ ၂ လမ်းWA MINN Co., Ltd (Export & Import) မှာ Vice Chairman အဖြစ် လုပ်ကိုင်နေပြီး မကြာမီက ဇေကမ္ဘာဦးခင်ရွှေနဲ့ မဲဆွယ်စည်းရုံး ရေးခရီးစဉ်ကို လိုက်ပါလေ့လာခဲ့ တယ်လို့လည်း သိရပါတယ်။ အဲဒီ အကြောင်းတွေနဲ့ ပတ်သက်ပြီး …
စီးပွားရေးကို ဟိုးအရင်က တည်းက ဝါသနာပါခဲ့တာလား။ လွင်မိုးဖြစ်လာပြီးမှ လေ့လာသင် ယူခဲ့တာလား။
စီးပွားရေးကို ကျွန်တော်က အစကတည်းက ဝါသနာပါတာ။ မင်းသားဘဝထဲမှာ နေနေကတည်း က တစ်ချိန်မှာ ပရိုဂျူဆာလုပ်မယ် လို့ စိတ်ကူးထားပြီးသားပါ။ ဒါပေမဲ့ ပရိုဂျူဆာလုပ်နိုင်ဖို့ ကျွန်တော့်မှာ ပိုက်ဆံရှိရမယ်လေ။ ပိုက်ဆံမရှိဘဲ ရုပ်ရှင်ကားကောင်းတစ်ကား ဘယ် လိုရိုက်မလဲ။ ဟုတ်တယ်မဟုတ် လား။ သရုပ်ဆောင် ဘဝ ကအသက် ကြီးလာရင် ရပ်ကိုရပ်ရမှာ။နောက် ပြီး ကျွန်တော်က ဘဝတစ်လျှောက် လုံး ကိုယ်ကပဲ ကိုယ့်ဘဝကို ဦး ဆောင်လာခဲ့တာလေ။ သူများဦး ဆောင်တာကို နောက်ကမလိုက် ချင်ဘူး။ သြဇာမညောင်းတော့တဲ့ ဘဝနဲ့ အနုပညာလောကထဲမှာ မနေချင်ဘူး။ ကိုယ့်ဘဝကို အဲဒီလို ခံယူထားတဲ့လူက စီးပွားရေးလုပ် တာ ဘာမှမဆန်းဘူး။ အပေါင်း အသင်းကောင်းတွေက ဖေးမတွဲခေါ် သွားနိုင်တဲ့အခြေအနေနဲ့ ကျွန်တော့် အတွေးအခေါ်တွေ အသုံးချနိုင်တဲ့ အခြေအနေ တွေရှိ နေမှတော့ စီး ပွားရေးလုပ် ဖြစ်ပြီပေါ့။
တစ်ချိန်မှာ ရုပ်ရှင်ပရိုဂျူဆာ အဖြစ်ရပ်တည်မှာတော့ သေချာ တယ်ပေါ့နော်။
အခုဆိုရင် ကျွန်တော်တို့ ကုမ္ပဏီမှာ ဆောက်လုပ်ရေးလုပ်ငန်း ရှိတယ်။ သတ္တုတူးဖော်တဲ့လုပ်ငန်း ရှိတယ်။ အထည်ချုပ်လုပ်ငန်းရှိ တယ်။ နောက်ထပ် ရုပ်ရှင်လုပ်ငန်း ကို ထပ်ပြီးလုပ်ဖို့ ကျွန်တော့်အ တွက် ဘာမှ မခက်ခဲပါဘူး။
အစ်ကို့အနေနဲ့ နိုင်ငံရေးကို လည်း စိတ်ဝင်စားတယ်။ မဲဆွယ် စည်းရုံးရေးတွေလည်း လိုက်ပါတယ် ကြားမိတော့ အမတ်လုပ်ဖို့ စိတ် ဝင်စားနေလား။
စီးပွားရေးလုပ်လာတဲ့အခါကျ တော့ နိုင်ငံရေးက အရေးပါလာ တယ်။ အစိုးရက တရားဝင်ပြောင်း လဲပေးတဲ့ အပြောင်းအလဲလေးတစ် ခုပေါ့။ မြန်မာနိုင်ငံ သမိုင်းကြောင်းမှာ အရှည်ကြီးသွားရမယ့်ကိစ္စဆိုတော့ စိတ်ဝင်စားတာပါ။ နိုင်ငံရေးသမား လုပ်မလားလို့ မေးလာမယ်ဆိုရင် တော့ ကျွန်တော့်အနေနဲ့ လေ့လာ အားတွေ၊ လိုအပ်တဲ့အရည်အချင်း တွေ လိုနေပါသေးတယ်။ အဲဒီလို လေ့လာနေရင်းနဲ့ ကျွန်တော့်စိတ် ဘယ်လိုပြောင်းလဲမလဲဆိုတာ ကြည့်ရပါဦးမယ်။ ဇေကမ္ဘာဦးခင်ရွှေ ကလည်း ကျွန်တော့်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေပါ။ အဲဒါကြောင့် ပြည်သူ တွေကြားထဲကို ဦးခင်ရွှေသွားတော့ အတွေ့အကြုံရအောင် လိုက်သွားခဲ့ တာ။ ပြည်သူတွေရဲ့ နိုင်ငံရေးအပေါ် မှာထားတဲ့ သဘောထားအမြင် လေးတွေ။ မဲဆွယ်စည်းရုံးသူရဲ့ နိုင်ငံ အပေါ်ထားတဲ့ သဘောထား တွေ သိရတာပေါ့။
လာမယ့် ရွေးကောက်ပွဲကို ဘယ်လိုပုံစံဖြစ်စေချင်မိလဲ။
ကျွန်တော်ဖြစ်စေချင်တာက တော့ အနှောင့်အယှက်ကင်းကင်း ချောချောမွေ့မွေ့ပြီးဆုံးသွားဖို့ပဲ။သူ တို့ကတံခါးလေးဟပေးနေပြီ။ တစ် ကိုယ်လုံး မဝင်နိုင်သေး ရင်တောင် ခြေလေးတစ်ချောင်းပဲ လှမ်းဝင်ရရင် ကျေနပ်သင့်တယ်။ ဒါကပြည်သူ တွေအခွင့်အရေးရလာတာပဲ။
နိုင်ငံရေးနဲ့ပတ်သက်ပြီး ပရိ သတ်တွေနဲ့ တွေ့ဆုံရမယ်ဆိုရင် ကိုလွင်မိုးပြောချင်တဲ့စကား။
နိုင်ငံတော်အစိုးရက မြန်မာ ပြည်သူပြည်သားတွေ နိုင်ငံရေးလုပ် ဖို့ကို စည်းနဲ့ဘောင်နဲ့ လုပ်ပိုင်ခွင့် ပေးလိုက်ပြီ။ ကိုယ်ပေးလိုက်တဲ့ မဲ နဲ့၊ ကိုယ်ရွေးချယ်လိုက်တဲ့လူရဲ့ လုပ်ဆောင်မှုနဲ့ မြန်မာနိုင်ငံစီးပွား ရေး အခြေအနေ တိုက်ရိုက်ကျနေပြီ။ တိုင်းပြည်ကောင်းဖို့၊ ရပ်ရွာကောင်း ဖို့၊ ရပ်ကွက်ကောင်းဖို့၊ မိသားစု ကောင်းဖို့ နိုင်ငံရေးကို စိတ်ဝင်စား ကြပါလို့။
နွေးနွေးစစ်အောင
်ရဲမေကြည် says:
November 12, 2010 at 8:16 am

ကိုလွင်မိုး
ကိုယ်ပေးလိုက်တဲ့ မဲနဲ့ ကိုယ်ရွေးချယ်လိုက်တဲ့လူကို တရားမဝင် ညစ်ပတ်စွာနဲ့ သတ်ချလိုက်တဲ့ ကိစ္စမျိုးတွေကျတော့ရော…….?????????
ကိုယ်ပေးလိုက်တဲ့ မဲ နဲ့၊ ကိုယ်ရွေးချယ်လိုက်တဲ့လူရဲ့ လုပ်ဆောင်မှုနဲ့ မြန်မာနိုင်ငံစီးပွား ရေး အခြေအနေ အမှန်တကယ်ပဲ တိုက်ရိုက်ကျနေပြီလား။ ကျနိုင်ပြီလား။
အဲဒါလေးတစ်ခုလောက်တော့ဖြေပေးပါဦး။
ကိုယ့်စီးပွားရေးတစ်ခုတည်း မကြည့်ပဲနဲ့  ပြည်သူတွေ့ရဲ့ တကယ့်ရင်ထဲက အသံကို နားထောင်ဖို့ ကြိုးစားပါဦး။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အခြေခံပညာကျောင်းအချို့ မှတ်ပုံတင်ပြမှသာ ၀င်ရောက်ခွင့် ပြု

အခြေခံပညာကျောင်းအချို့ မှတ်ပုံတင်ပြမှသာ ၀င်ရောက်ခွင့် ပြု

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းအချို့တွင် ကျောင်းအတွင်းဝင် ရောက်လိုသူများကို ကျောင်းသားကျောင်းသူများ၏ လုံခြုံရေးအတွက် မှတ်ပုံတင်ပြမှသာ ၀င်ရောက်ခွင့် ပြုသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

အခြေခံပညာကျောင်း အချို့တွင်လည်း မှတ်ပုံတင်မပါရှိပါက ကားလိုင်စင်(သို့မဟုတ်) အထောက်အထား တစ်ခုခုပြပါက ၀င်ရောက်ခွင့်ပြုလျက်ရှိပြီး အကြောင်းအရာတစ်ခုခု အထောက်အထား ပြသနိုင်ခြင်း မရှိပါက လုံး၀၀င်ရောက်ခွင့် မပြုကြောင်း သိရှိရပါသည်။

ကျောင်းအတွင်းသို့ မှတ်ပုံတင်ပါရှိမှသာ ၀င်ရောက်ခွင့်ပြုခြင်းနှင့် ပတ်သက်၍ အထက(၁)ဒဂုံမှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်ကိုကို က "ကျွန်တော်တို့ရဲ့ ကျောင်းအတွင်းထဲကို ကျောင်းသူ ကျောင်းသားတွေရဲ့ မိဘတွေပဲဖြစ်ဖြစ်၊ တခြားကိစ္စတွေ ရှိလို့ပဲဖြစ်ဖြစ် ကျောင်းဝင်းအတွင်း ထဲကို ၀င်မယ်ဆိုရင် ဧည့်သည်မှတ် တမ်းမှာ အမည်၊ မှတ်ပုံတင်နံပါတ် နဲ့ နေရပ်လိပ်စာကို အတိအကျ ရေးသားရမယ်။ ဒါ့အပြင် မှတ်ပုံတင်ပြသရမယ်။ အကယ်၍ မပါခဲ့ဘူးဆိုရင် ကားလိုင်းစင်(သို့)အထောက် အထားတစ်ခုခုကို ပြသရပါမယ်။ ဒီလိုလုပ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျောင်းသားကျောင်းသူ တွေရဲ့ လုံခြုံရေးအတွက်ပဲ ဖြစ်ပါတယ်"ဟု သုံးသပ်ပြောကြားခဲ့သည်။

အလားတူ ကြည့်မြင်တိုင်မြို့ နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦး ကလည်း "ကျွန်မတို့ရဲ့ ကျောင်းအတွင်းကို သူစိမ်းတွေ ၀င်ထွက်ခွင့် မပြုဘူး။ ကျောင်းအချိန်အတွင်းမှာ ကျောင်းဝင်ပေါက်၊ ထွက်ပေါက်နှစ်ပေါက်မှာ လုံခြုံရေးတဲကိုထားထား ပါတယ်။ အဲဒီမှာ တာဝန်ကျလူတွေကို စောင့်ကြည့်ခိုင်းထားပါတယ်။ အကယ်၍ သူစိမ်းတွေ ၀င်ရောက်လာရင် စစ်ဆေးမေးမြန်းပြီးတော့ အကြောင်းအရာမခိုင်လုံရင် လုံးဝ ၀င်ထွက်ခွင့်မပြုပါဘူး"ဟု ပြောကြားခဲ့သည်။

မြန်မာတစ်နိုင်ငံလုံး၌ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသူကျောင်းသား စုစုပေါင်း ရှစ်သန်းကျော်ရှိကြောင်း သိရသည်။

အရေးမပါတာလျောက် ပြောတတ်တယ်နော်..
စစ်တပ်က ဘယ်တုန်းကမှ အဲလို မလုပ်ဘူးသေချာတယ်..
အရေးမပါတာလေလျာက်မပြောနဲ့ ..
ကိုယ့်အပြစ်တွေကို တပ်မတော် ကို ပုံချချင်နေတာပါ့ လား..
ကျွတ်ကျွတ်ကျွတ် ...သနားစရာ ...တိုင်းပြည်အတွက် လုံးဝလုံးဝအသုံး မ၀င်တဲ့ ပြည်ဖျက်တွေကြော င့်သာ တိုင်းပြည်သည်လုံခြုံရေးတင်းကြပ်နေရချင်းဖြစ်လေ သည်...
ဖြစ်ခဲ့သမျှ ဗုံခွဲမူတွေဘယ်ေ ခွးတွေလက်ချက်လည်း..ပိုက်ဆံရပြီးရော ဆိုပြီး..
လုပ်နေတဲ့ (မိမိကိုယ်ကိုယ် ကျောင်းသားဆိုပြီး..အသက်က40ကျော်နြေ ပီ..ကလေးစိတ်မပြောက် သေးတဲ့ လောက်ကောင်ကောင် တွေပဲလုပ်ခဲ့တယ် ဆိုတာ..တစ်တိုင်းပြည်လုံးသိတယ်..ဟ
သိပ်ပြီးပြောမနေ နဲ့ ...ငါဆဲလိုက်ရ...*********ဘမ်းမှာဆိုးလို့ပေါ့ကွာ...



ဒီစာရေးတဲ့လူကို တစ်ခုပဲပြောချင် ပါတယ်
ဖော်လန်ဖား
နားလည်မှာပါ စာဖတ်အားကောင်းသူတိုင်းသိပါတယ်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သံလွင်တံတား ကုန်တင်ယာဥများကို B.O.T စနစ်ဖြင့် ကောက်ခံ

သံလွင်တံတား ကုန်တင်ယာဥများကို B.O.T စနစ်ဖြင့် ကောက်ခ

သံလွင်တံတား(ဘားအံ)ကို ဖြတ်သန်းသွားလာကြသည့် ကုန်တင်ယာဉ်ကြီးများကို B.O.T စနစ်ဖြင့် လမ်း၊ တံတားကြေး ကောက်ခံရာ၌ ယခင် ကာလများနှင့်မတူ ကောက်ခံကြေး ထက်ဝက်ကျော် လျော့နည်းမှု ရှိလာခဲ့ပြီး ကုန်တင်ယာဉ်ကြီးများ၏ ၀င်ရိုးများကို တစ်တန်းချင်း စစ်သည့် ကတ္တားများဖြင့် ချိန်တွယ် စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

''သံလွင်တံတား ဖြတ်သန်းခ က ၁၂ ဘီး တစ်စီးဆိုရင် ကျပ် ၂၀၀၀၀ ၀န်းကျင်လောက်ပဲ ကုန်ကျတော့တယ်။ လမ်းတံတားကြေး ကောက်ခံမှု လျော့နည်းလာတာဟာ ကုန်ဈေးနှုန်း ရိုက်ခတ်မှုကို သက်ရောက်ခြင်း မရှိနိုင်တော့ဘူးပေါ့။ တံတားကို ဖြတ်သန်းတဲ့ နေရာမှာလည်း သတ်မှတ် စံချိန်စံညွှန်းနဲ့အညီ ကုန်ပစ္စည်းကို တင်ဆောင်ပြီး ဖြတ်သန်းရတာပါ။ အခုလို လမ်းတံတားကြေး လျော့နည်းကောက်ခံနေတာကိုတော့ ကြိုဆိုရမှာ ဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်း ဒေသကြီးနှင့် ချိတ်ဆက် မောင်းနှင်နေသည့် မြို့ခံ ကုန်တင်ယာဉ်မောင်း တစ်ဦးက ပြောကြားသည်။

ယခုအခါ သံလွင်တံတား (ဘားအံ)တွင် ဖြတ်သန်းမောင်းနှင်မည့် ကုန်တင်ယာဉ်ကြီးများ၏ ၀င်ရိုးအလိုက် တင်ဆောင်ရမည့် ကုန်အလေးချိန်များကို ကတ္တားဖြင့် ချိန်တွယ် စစ်ဆေးလျက်ရှိပြီး သတ်မှတ်အလေးချိန်ထက် ပိုမိုတင်ဆောင်သည့် ကုန် တင်ယာဉ်များကို အလေးချိန် တစ်တန်လျင် ကျပ် ၃၀၀ ဒဏ်ကြေး ပေးဆောင်ရမည် ဖြစ်ကာ လက်ရှိ ကုန်တင်ယာဉ်ကြီးများကို ကုန်အလေးချိန် တန် ၂၅ အထိ ဖြတ်သန်းခွင့် ပြုထားကြောင်း သိရှိရသည်။

''ကုန်တင်ယာဉ်တွေ အနေနဲ့ သတ်မှတ် ကုန်အလေးချိန်ကိုသာ တင်ဆောင်ရတဲ့အတွက် တန်ဆာခ ကတော့ အနည်းအကျဉ်း အပြောင်းအလဲတော့ ဖြစ်ပေါ်လာတာပေါ့။ လမ်းတံတားကြေးတွေက အခုနောက်ပိုင်း ထက်ဝက်ကျော်ကျော် ကျဆင်းလာတဲ့ အတွက် တန်ဆာခကိုလည်း ခုသာ ခံသာရှိအောင် လျော့ပေါ့ ကောက်ခံရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ကုန်ဈေးနှုန်းအပေါ် ရိုက်ခတ်မှုလည်း သက်သာနိုင်မှာပါ''ဟု မြို့ခံကုန်သည်တစ်ဦး ကပြောပါသည်။

အဝေးပြေး ကုန်တင်ယာဉ်များအား အာဆီယံ စံချိန်စံညွှန်းနှင့်အညီ ကုန်တင်ဆောင်ခြင်း အစီအစဉ်ကို စက်တင်ဘာလ ဒုတိယအပတ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သံလွင်တံတား(ဘားအံ) တွင် ၀င်ရိုးလေးတန်းပါ ၁၂ ဘီး ကားတစ်စီးလျင် ယာဉ်နှင့်ကုန်စုစုပေါင်း အလေးချိန် ၂၅ တန်အထိသာ ဖြတ်သန်းခွင့် ပြုထားကြောင်း သိရှိရသည်။


ဒီတံတားကနေ စပြီးတော့မြ၀တီအ ထိ လမ်းတွေကို အေကေကလုပ်စားနေတာ ၂နှစ်နီးပါးရှိေ နပါပြီ
ကောက်လိုက်တဲ့ပိုက်ဆံဆိုတာလည်းသောက်သောက်လဲ လမ်းတံတားကျတော့ မပြင်ပေးဘူးအေကေရေ မင်းတို.မှမကြီးပွါးရင် ကြီးပွါးမဲ့သူ မရှိတော့ဘူး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Missino Impossible IV ဇာတ်ကားအတွက် ရုပ်ရှင်မင်းသား တွမ်ခရုစ် ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အုံ ထိပ်ဖျားတွင် ကိုယ်တိုင် စတန့်လုပ်


Missino Impossible IV ဇာတ်ကားအတွက် ရုပ်ရှင်မင်းသား တွမ်ခရုစ် ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အုံ ထိပ်ဖျားတွင် ကိုယ်တိုင် စတန့်လုပ်

Mission Impossible IV ဇာတ်ကားအတွက် ရုပ်ရှင်မင်းသား တွမ်ခရုစ်သည် ကမ္ဘာ့အမြင့်ဆုံး မိုးမျှော် အဆောက်အအုံ ဖြစ်သော ယူအေအီးနိုင်ငံ၊ ဒူဘိုင်းရှိ ဘာ့ဂ်ျခါလီဖာတာဝါထိပ်ဖျားသို့တက်ပြီး ကိုယ်တိုင်စတန့်လုပ် သရုပ်ဆောင်ခဲ့ကြောင်း သိရသည်။

၂၇၁၇ ပေမြင့်ပြီး အထပ် ၁၂၄ ထပ်ရှိ ဘာ့ဂ်ျခါလီဖာ အဆောက်အအုံထိပ်ဖျားတွင် ရှိသော မျှော်စင်ထိပ်ဖျားပေါ်တွင် တက်ပြီး သရုပ်ဆောင်မှုကို နိုဝင်ဘာလ ၁၉ ရက်နေ့က ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် အပတ်က သတင်းစာ ရှင်းလင်းပွဲတွင် ခရုစ်က ဘာ့ဂ်ျခါလီဖာ အဆောက်အအုံတွင် ရက်ပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့ပြီး ဖြစ်ကြောင်း၊ အဆောက်အအုံထိပ်ဖျားတွင် သရုပ်ဆောင်မည် ဆိုခြင်းကိုမူ ပြောနိုင်ကြောင်း ပြောကြားခဲ့သည်။ ခရုစ်၏ ပြောခွင့်ရ အမျိုးသမီးက'' တွမ်က ဒီစတန့်အတွက် အချိန်ယူပြီး ပြင်ဆင်ခဲ့ရတာပါ။ သူကိုယ်တိုင် စတန့်လုပ်မယ် ဆိုရင် သူ့ရဲ့ဇာတ်ကောင်စရိုက်ကို ပရိသတ်က ပိုပြီး ယုံယုံကြည်ကြည် ရှိလိမ့်မယ်လို့ သူ ယူဆထားတယ်''ဟု ပြောကြားခဲ့သည်။ ခရုစ်သည် Mission Impossible ဇာတ်ကားတွင် ပါဝင်မည့် အဖွဲ့သား ၇၅ ဦးနှင့်အတူ ဒူဘိုင်းသို့ သွားရောက်ခဲ့ခြင်း ဖြစ်ပြီး ဗြိတိန် သရုပ်ဆောင် ဆိုင်မွန်ပက်ဂ်၊ ဂျရီမီးရန်နာ တို့လည်း ပါဝင်ခဲ့သည်။ ဇနီးဖြစ်သူ ကေတီဟုမ်းမှာမူ အမေရိကန်တွင် သမီးငယ် ဆူရီနှင့်အတူ ကျန်ရစ်ခဲ့ပြီး Jack and Jill ဇာတ်ကား ရိုက်ကူးနေသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကွန်ပျူတာကို အချိန်ကြာမြင့်စွာသုံးစွဲခြင်းကြောင့် အရိုးပါးရောဂါနှင့် ကျီးပေါင်းရောဂါများ ဖြစ်ပွားမှုပိုမို


ကွန်ပျူတာကို အချိန်ကြာမြင့်စွာသုံးစွဲခြင်းကြောင်အရိုးပါးရောဂါနှင့် ကျီးပေါင်းရောဂါများ ဖြစ်ပွားမှုပိုမို

ကွန်ပျူတာကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်းနှင့် စိတ်ဖိစီးမှုများပြားခြင်း စသည့်အချက်များကြောင့် အသက်အရွယ်ကြီးပြင်းလာချိန်၌ အရိုးပါးရောဂါနှင့် ကျီးပေါင်းရောဂါများ ဖြစ်ပွားမှုပိုမိုလာကြောင်း သတင်းရရှိသည်။

ထို့ပြင် ယနေ့ခေတ် လူငယ်ယောက်ျားလေးများ၏ ၂၅ ရာခိုင် နှုန်းနှင့် မြီးကောင်ပေါက်အရွယ် မိန်းကလေးများ၏ ၁၀ ရာခိုင်နှုန်းသည် မျှတသည့် အစားအစာ မစားတတ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်လက်လှုပ်ရှားမှု မပြုခြင်း၊ အရက်၊ ဆေးလိပ်စွဲလန်းခြင်း၊ ကိုယ်ခန္ဓာအချိုးအစား ကြုံလှီသေးသွယ်မှု ကို လိုလားခြင်း စသည့်အကြောင်းအရာများကြောင့်လည်း ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။

အရိုးပါးရောဂါဆိုသည်မှာ အရိုးအဖွဲ့စည်းတစ်ခုလုံး၏ ဇီဝဖြစ်စဉ်တွင် အရိုးထုထည်ပမာဏနှင့်ဝန် ခံနိုင်ရည်စွမ်းအား လျော့ကျလာပြီး အရိုးပုံသဏ္ဌာန်ပျက်ခြင်းနှင့် အရိုးကျိုး လွယ်လာခြင်းကို ဆိုလိုသည်။ လူတစ်ယောက်၏ သတ်မှတ်အသက်အရွယ် ၂၀မှ ၂၅ နှစ်အတွင်း အရိုး ဖွံ့ဖြိုးမှု အကောင်းဆုံး အခြေအနေတွင် ရှိသင့်သည့် အရိုးထုထည် ပမာဏထက် စံနှုန်း ၂ ဒသမ ၅ SD ကျဆင်းသွားလျှင် အရိုးပါးရောဂါရှိနေပြီး ၎င်းစံနှုန်းဖြင့် အရိုးပါကျိုးပြီဆိုလျှင် အဆိုးဆုံး အခြေအနေရောက်နေပြီ ဟု သတ်မှတ်နိုင်ကြောင်း သိရသည်။

အသက် ၆၀ မှ ၇၀ အတွင်းရှိ အမျိုးသမီးများ၏သုံးပုံတစ်ပုံမှာ အရိုးပါးရောဂါကို ခံစားကြရပြီး အသက် ၈၀ကျော် အမျိုးသမီးများ၏ သုံးပုံနှစ်ပုံခန့်၊ အသက် ၅၀ ကျော် အမျိုးသမီးများ၏ ၂၀ မှ ၂၅ရာခိုင်နှုန်းခန့်သည် ကျောရိုးပြားပြီး ကျိုးသည့် အရိုးဝေဒနာကို တစ်ကြိမ်ကြိမ်မှာ ခံစားဖူးရကြောင်း၊ တစ်ကမ္ဘာလုံး အတိုင်းအတာအရ အမျိုးသမီးသန်း ၂၀၀ခန့် အရိုးပါးရောဂါဖြစ်ပွားနေကြကြောင်း သိရပါသည်။ အမျိုးသားများသည်လည်း အသက်အရွယ်ရလာလျှင် အရိုးပါးရောဂါဖြစ်ပွားခြင်းမှ မလွတ်ကင်းနိုင်ဘဲ ရောဂါဖြစ်လာပါက ဝေဒနာပိုမိုခံစားရကြောင်း သိရသည်။
လူတစ်ယောက်၏ သတ်မှတ်အသက်အရွယ် ၂၀မှ ၂၅ နှစ်အတွင်း အရိုး ဖွံ့ဖြိုးမှု အကောင်းဆုံး အခြေအနေတွင် ရှိသင့်သည့် အရိုးထုထည် ပမာဏထက် စံနှုန်း ၂ ဒသမ ၅ SD ကျဆင်းသွားလျှင် အရိုးပါးရောဂါရှိနေပြီး ၎င်းစံနှုန်းဖြင့် အရိုးပါကျိုးပြီဆိုလျှင် အဆိုးဆုံး အခြေအနေရောက်နေပြီ ဟု ..

"အရိုးပါးရောဂါကို Disease of Life style and Productive Issue or Public Health Problem တစ်ခုအနေနဲ့ အလေးထားရမယ့်ရောဂါ အမျိုးအစားတစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆော်သြလျက်ရှိပါတယ်။ ဒီရောဂါက အသက်အန္တရာယ် ကို တိုက်ရိုက်ခြိမ်းခြောက်နိုင်တဲ့ ရောဂါမဟုတ်ပေမယ့် ရောဂါခံစားနေရသူ တစ်ဦးအတွက် ဘ၀တစ်ခုရဲ့ကိုယ်ရည်ကိုယ်သွေး ကျဆင်းပြီးနောက် ဆက်တွဲဆိုးကျိုးဝေဒနာတွေ ခံစားရမယ်။ ဖြစ်ပွားမှုနှုန်း များတာကြောင့် ကျန်းမာရေး အသုံးစရိတ်များပြီး လူ့စွမ်းအားအရင်းအမြစ် ကျဆင်းတဲ့ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်"ဟု မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး အရိုးရောဂါပညာဌာနမှ ပါမောက္ခ ဒေါက်တာဦးမြင့်သောင်းက ရှင်းပြခဲ့သည်။

၁၉၉၅-၁၉၉၆ ခုနှစ် စာရင်းများအရ အမျိုးသမီးများတွင် ဖြစ်ပွားသော အရိုးပါးရောဂါသည် အခြား Life style Disease ဖြစ်သည့်သွေးတိုး၊ နှလုံး၊ လေဖြတ်၊ ရင်သားကင်ဆာ ရောဂါများထက် ဖြစ်ပွားမှုနှုန်း ၃ ဆခန့်ပိုများကြောင်း၊ အရိုးပါးရောဂါကြောင့် တင်ပါးဆုံရိုးကျိုးလူနာများကို ခွဲစိတ်ကုသရနှုန်းမှာ တစ်ကမ္ဘာလုံးတွင် ၁၉၉၀ ပြည့်နှစ်က ၁ ဒ သမ ၆၆ သန်း ရှိလာပြီး လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ၆ ဒသမ ၂၆ သန်းအထိ တိုးလာဖွယ်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။

အမျိုးသမီးများတွင် အသက် အရွယ်ရလာချိန်တွင် အရိုးကျိုးခဲ့ဖူးခြင်း၊ မိသားစုအတွင်း အသက်ကြီး မှ အရိုးကျိုးခဲ့ဖူးခြင်း၊ ကိုယ်အလေးချိန်နည်းသူများ (၁၂၇ပေါင်အောက် ရှိသူများ)၊ ဆေးလိပ်သောက်သုံးနေဆဲရှိသူများ၊ စတီးရွိုက်ဟော်မုန်း ဆေးများ ၃ လကျော် ပုံမှန်သုံးစွဲနေသူများ၊ ကိုယ်လက်လှုပ်ရှားမှု မရှိသလောက်နည်းပါးသူများ၊ စောစီးစွာ သွေးဆုံးကြသူများနှင့် သားအိမ်၊ သားဥအိမ် ထုတ်ထားသူများတွင် အရိုးပါးရောဂါအန္တရာယ် ဖြစ်နိုင်ခြေ များကြောင်း သိရသည်။ အမျိုးသားများတွင် အသက်ကြီးမှ တစ်ချိန်ချိန်တွင် အရိုးကျိုးခဲ့ဖူးသူများ၊ ဓာတ်မှန်တွင် အရိုးပါးလက္ခဏာရှိကြသူများ၊ စတီးရွိုက်ဟော်မုန်းဆေးများ ၆ လ ကျော် ပုံမှန်သုံးစွဲနေသူများ၊ မျိုးပွား အင်္ဂင်္ါအစိတ်အပိုင်း ခွဲစိတ်ထုတ်ထားသူများ၊ လည်ပင်းအကျိတ်ရောဂါရှိ သူများ၊ ကျောက်ကပ်၊ အသည်းရောဂါ နာတာရှည်ဝေဒနာရှင်များ၊ ဆေးလိပ်၊ အရက် အလွန်အကျွံသောက်သုံးသူများနှင့် ကိုယ်လက်လှုပ်ရှားမှု မရှိသလောက်နည်းပါးသူများတွင် ရောဂါဖြစ်ပွားနိုင်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ခန့်မှန်းတွက်ချက်မှု မရှိသေးသော်လည်း အရိုးကျိုးပြီဆိုလျှင် လူမှုရေး၊ စီးပွားရေး၊ ဆေးကုသစရိတ် အလွန်ကုန်ကျများပြားသည်မှာ မြင်သာနိုင်ကြောင်းသိရသည်။

"နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု နှေးကွေး လေးလံလာမယ်။ အင်အား ချိနဲ့လာမယ်။ အရိုးနာမယ်ကိုက်မယ်။ အရပ်နိမ့်ပြီး ခါးကုန်းလာမယ်။ သာမန်ထိခိုက်ရုံနဲ့ အလွယ်တကူအရိုးကျိုးလာမယ်။ ဒါတွေက အရိုးပါးရောဂါ ရဲ့လက္ခဏာတွေပါ။ အရိုးပါးရောဂါ မဖြစ်အောင် ဒါမှမဟုတ် ရောဂါဖြစ်ပြီးပြင်းထန်တဲ့ ဝေဒနာမခံစားရအောင်၊ အရိုးမကျိုးအောင် ကာကွယ်နိုင်ပါတယ်"ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။

ငယ်ရွယ်စဉ်မှအစပြု၍ ကျန်းမာရေးအသိပညာ အမူအကျင့်၊ အလေ့အထကောင်းများ မွေးမြူခြင်း၊ ကျန်းမာသော အနေအထိုင် အစားအသောက် လေ့ကျင့်ခန်း၊ ကိုယ်လက် လှုပ်ရှားမှုများကို ပုံမှန်ပြုလုပ်ပေးခြင်း၊ ဆေးလိပ်၊ အရက်လွန်ကျူးစွာ မသုံးစွဲခြင်း၊ ထိခိုက်ဒဏ်ရာမှ ကာကွယ်ခြင်း၊ အစားအသောက် အာဟာရ ဖြည့်တင်းပေးခြင်းတို့ဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း သိရသည်။

ထို့ပြင် အရိုးပါးရောဂါကို ခေတ်မီနည်းစနစ်ဖြင့် တိုင်းတာနိုင်သော ကိရိယာပစ္စည်းများ လိုအပ်နေခြင်း၊ အရိုးပါးခြင်းကြောင့်ဖြစ်သော အရိုးကျိုးရောဂါကို ခွဲစိတ်ကုသရန် ပိုမိုခေတ်မီသောပစ္စည်းကိရိယာများ လိုအပ်နေခြင်း၊ အရိုးပါးရောဂါ ကုထုံးနည်းစနစ်များကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် လျော်ညီအောင် ပြဋ္ဌာန်းကျင့်သုံးရန်လိုအပ်ခြင်း၊ ပြည် သူလူထု၏အသိပညာ တိုးမြှင့်ပေးရန် လိုအပ်ခြင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ဆေးပညာရှင်များအား လုံးဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ခြင်း၊ အရိုးပါးရောဂါ သုတေသနလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ပါသည်။ ပွင့်ဖြူဖြူလွင်

ကွန်ပျူတာကို အချိန်ကြာမြင့်စွာ သုံးစွဲခြင်းနှင့် စိတ်ဖိစီးမှုများပြားခြင်း စသည့်အချက်များကြောင့် အသက်အရွယ်ကြီးပြင်းလာချိန်၌ အရိုးပါးရောဂါနှင့် ကျီးပေါင်းရောဂါများ ဖြစ်ပွားမှုပိုမိုလာကြောင်း သတင်းရရှိသည်။

ထို့ပြင် ယနေ့ခေတ် လူငယ်ယောက်ျားလေးများ၏ ၂၅ ရာခိုင် နှုန်းနှင့် မြီးကောင်ပေါက်အရွယ် မိန်းကလေးများ၏ ၁၀ ရာခိုင်နှုန်းသည် မျှတသည့် အစားအစာ မစားတတ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်လက်လှုပ်ရှားမှု မပြုခြင်း၊ အရက်၊ ဆေးလိပ်စွဲလန်းခြင်း၊ ကိုယ်ခန္ဓာအချိုးအစား ကြုံလှီသေးသွယ်မှု ကို လိုလားခြင်း စသည့်အကြောင်းအရာများကြောင့်လည်း ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါသည်။

အရိုးပါးရောဂါဆိုသည်မှာ အရိုးအဖွဲ့စည်းတစ်ခုလုံး၏ ဇီဝဖြစ်စဉ်တွင် အရိုးထုထည်ပမာဏနှင့်ဝန် ခံနိုင်ရည်စွမ်းအား လျော့ကျလာပြီး အရိုးပုံသဏ္ဌာန်ပျက်ခြင်းနှင့် အရိုးကျိုး လွယ်လာခြင်းကို ဆိုလိုသည်။ လူတစ်ယောက်၏ သတ်မှတ်အသက် အရွယ် ၂၀မှ ၂၅ နှစ်အတွင်း အရိုး ဖွံ့ဖြိုးမှု အကောင်းဆုံးအခြေအနေတွင် ရှိသင့်သည့် အရိုးထုထည်ပမာဏထက် စံနှုန်း ၂ ဒသမ ၅ SD ကျဆင်းသွားလျှင် အရိုးပါးရောဂါရှိနေပြီး ၎င်းစံနှုန်းဖြင့် အရိုးပါကျိုးပြီဆိုလျှင် အဆိုးဆုံး အခြေအနေရောက်နေပြီ ဟု သတ်မှတ်နိုင်ကြောင်း သိရသည်။

အသက် ၆၀ မှ ၇၀ အတွင်းရှိ အမျိုးသမီးများ၏သုံးပုံတစ်ပုံမှာ အရိုးပါးရောဂါကို ခံစားကြရပြီး အသက် ၈၀ကျော် အမျိုးသမီးများ၏ သုံးပုံနှစ်ပုံခန့်၊ အသက် ၅၀ ကျော် အမျိုးသမီးများ၏ ၂၀ မှ ၂၅ရာခိုင်နှုန်းခန့်သည် ကျောရိုးပြားပြီး ကျိုးသည့် အရိုးဝေဒနာကို တစ်ကြိမ်ကြိမ်မှာ ခံစားဖူးရကြောင်း၊ တစ်ကမ္ဘာလုံး အတိုင်းအတာအရ အမျိုးသမီးသန်း ၂၀၀ခန့် အရိုးပါးရောဂါဖြစ်ပွားနေကြကြောင်း သိရပါသည်။ အမျိုးသားများသည်လည်း အသက်အရွယ်ရလာလျှင် အရိုးပါးရောဂါဖြစ်ပွားခြင်းမှ မလွတ်ကင်းနိုင်ဘဲ ရောဂါဖြစ်လာပါက ဝေဒနာပိုမိုခံစားရကြောင်း သိရသည်။

"အရိုးပါးရောဂါကို Disease of Life style and Productive Issue or Public Health Problem တစ်ခုအနေနဲ့ အလေးထားရမယ့်ရောဂါ အမျိုးအစားတစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆော်သြလျက်ရှိပါတယ်။ ဒီရောဂါက အသက်အန္တရာယ် ကို တိုက်ရိုက်ခြိမ်းခြောက်နိုင်တဲ့ ရောဂါမဟုတ်ပေမယ့် ရောဂါခံစားနေရသူ တစ်ဦးအတွက် ဘ၀တစ်ခုရဲ့ကိုယ်ရည်ကိုယ်သွေး ကျဆင်းပြီးနောက် ဆက်တွဲဆိုးကျိုးဝေဒနာတွေ ခံစားရမယ်။ ဖြစ်ပွားမှုနှုန်း များတာကြောင့် ကျန်းမာရေး အသုံးစရိတ်များပြီး လူ့စွမ်းအားအရင်းအမြစ် ကျဆင်းတဲ့ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်"ဟု မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး အရိုးရောဂါပညာဌာနမှ ပါမောက္ခ ဒေါက်တာဦးမြင့်သောင်းက ရှင်းပြခဲ့သည်။

၁၉၉၅-၁၉၉၆ ခုနှစ် စာရင်းများအရ အမျိုးသမီးများတွင် ဖြစ်ပွားသော အရိုးပါးရောဂါသည် အခြား Life style Disease ဖြစ်သည့်သွေးတိုး၊ နှလုံး၊ လေဖြတ်၊ ရင်သားကင်ဆာ ရောဂါများထက် ဖြစ်ပွားမှုနှုန်း ၃ ဆခန့်ပိုများကြောင်း၊ အရိုးပါးရောဂါကြောင့် တင်ပါးဆုံရိုးကျိုးလူနာများကို ခွဲစိတ်ကုသရနှုန်းမှာ တစ်ကမ္ဘာလုံးတွင် ၁၉၉၀ ပြည့်နှစ်က ၁ ဒ သမ ၆၆ သန်း ရှိလာပြီး လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ၆ ဒသမ ၂၆ သန်းအထိ တိုးလာဖွယ်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။

အမျိုးသမီးများတွင် အသက် အရွယ်ရလာချိန်တွင် အရိုးကျိုးခဲ့ဖူးခြင်း၊ မိသားစုအတွင်း အသက်ကြီး မှ အရိုးကျိုးခဲ့ဖူးခြင်း၊ ကိုယ်အလေးချိန်နည်းသူများ (၁၂၇ပေါင်အောက် ရှိသူများ)၊ ဆေးလိပ်သောက်သုံးနေဆဲရှိသူများ၊ စတီးရွိုက်ဟော်မုန်း ဆေးများ ၃ လကျော် ပုံမှန်သုံးစွဲနေသူများ၊ ကိုယ်လက်လှုပ်ရှားမှု မရှိသလောက်နည်းပါးသူများ၊ စောစီးစွာ သွေးဆုံးကြသူများနှင့် သားအိမ်၊ သားဥအိမ် ထုတ်ထားသူများတွင် အရိုးပါးရောဂါအန္တရာယ် ဖြစ်နိုင်ခြေ များကြောင်း သိရသည်။ အမျိုးသားများတွင် အသက်ကြီးမှ တစ်ချိန်ချိန်တွင် အရိုးကျိုးခဲ့ဖူးသူများ၊ ဓာတ်မှန်တွင် အရိုးပါးလက္ခဏာရှိကြသူများ၊ စတီးရွိုက်ဟော်မုန်းဆေးများ ၆ လ ကျော် ပုံမှန်သုံးစွဲနေသူများ၊ မျိုးပွား အင်္ဂင်္ါအစိတ်အပိုင်း ခွဲစိတ်ထုတ်ထားသူများ၊ လည်ပင်းအကျိတ်ရောဂါရှိ သူများ၊ ကျောက်ကပ်၊ အသည်းရောဂါ နာတာရှည်ဝေဒနာရှင်များ၊ ဆေးလိပ်၊ အရက် အလွန်အကျွံသောက်သုံးသူများနှင့် ကိုယ်လက်လှုပ်ရှားမှု မရှိသလောက်နည်းပါးသူများတွင် ရောဂါဖြစ်ပွားနိုင်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ခန့်မှန်းတွက်ချက်မှု မရှိသေးသော်လည်း အရိုးကျိုးပြီဆိုလျှင် လူမှုရေး၊ စီးပွားရေး၊ ဆေးကုသစရိတ် အလွန်ကုန်ကျများပြားသည်မှာ မြင်သာနိုင်ကြောင်းသိရသည်။

"နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု နှေးကွေး လေးလံလာမယ်။ အင်အား ချိနဲ့လာမယ်။ အရိုးနာမယ်ကိုက်မယ်။ အရပ်နိမ့်ပြီး ခါးကုန်းလာမယ်။ သာမန်ထိခိုက်ရုံနဲ့ အလွယ်တကူအရိုးကျိုးလာမယ်။ ဒါတွေက အရိုးပါးရောဂါ ရဲ့လက္ခဏာတွေပါ။ အရိုးပါးရောဂါ မဖြစ်အောင် ဒါမှမဟုတ် ရောဂါဖြစ်ပြီးပြင်းထန်တဲ့ ဝေဒနာမခံစားရအောင်၊ အရိုးမကျိုးအောင် ကာကွယ်နိုင်ပါတယ်"ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။

ငယ်ရွယ်စဉ်မှအစပြု၍ ကျန်းမာရေးအသိပညာ အမူအကျင့်၊ အလေ့အထကောင်းများ မွေးမြူခြင်း၊ ကျန်းမာသော အနေအထိုင် အစားအသောက် လေ့ကျင့်ခန်း၊ ကိုယ်လက် လှုပ်ရှားမှုများကို ပုံမှန်ပြုလုပ်ပေးခြင်း၊ ဆေးလိပ်၊ အရက်လွန်ကျူးစွာ မသုံးစွဲခြင်း၊ ထိခိုက်ဒဏ်ရာမှ ကာကွယ်ခြင်း၊ အစားအသောက် အာဟာရ ဖြည့်တင်းပေးခြင်းတို့ဖြင့် ကြိုတင်ကာကွယ်နိုင်ကြောင်း သိရသည်။

ထို့ပြင် အရိုးပါးရောဂါကို ခေတ်မီနည်းစနစ်ဖြင့် တိုင်းတာနိုင်သော ကိရိယာပစ္စည်းများ လိုအပ်နေခြင်း၊ အရိုးပါးခြင်းကြောင့်ဖြစ်သော အရိုးကျိုးရောဂါကို ခွဲစိတ်ကုသရန် ပိုမိုခေတ်မီသော ပစ္စည်းကိရိယာများ လိုအပ်နေခြင်း၊ အရိုးပါးရောဂါ ကုထုံးနည်းစနစ်များကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် လျော်ညီအောင် ပြဋ္ဌာန်းကျင့်သုံးရန်လိုအပ်ခြင်း၊ ပြည် သူလူထု၏အသိပညာ တိုးမြှင့်ပေးရန် လိုအပ်ခြင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ဆေးပညာရှင်များအား လုံးဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ခြင်း၊ အရိုးပါးရောဂါ သုတေသနလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ခြင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ခဲ့ပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အမှတ် (၂)တွင်
နတ် ရှင်သူ့ကြောင့် တစ်ရေး မှောင့်ခဲ့နှင့် အဆုံး သတ်ခဲ့ပါသည်။

နှောင်ထုံးကေမင်
လျော့ဖြေချင်လည်း
နတ်ရှင်သူ့ကြောင့်
တစ်ရေးမှောင့်ခဲ့
မဖြောင့်ပျံ့လွင့်
နှောင်ကြိုးဝင့်သည်
ခုဖြင့် ဖြေခက်သည် တကား။ ။

မဖြောင့် ပျံ့လွင့်တွင် အသံတွေ မချောတော့သည်ကို တွေ့မည်။ရတု၏ သဘောမှာ ပိုဒ်စုံဆိုလျှင် သုံးပိုဒ် ရှိရသည်။ ထိုသုံးပိုဒ် စလုံးသည် အချီတူ အချတူ ဖြစ်ရပါသည်။ ထို့ပြင် ပါဝင်သော ပဒ (စာကြောင်း) ဦးရေလည်း မတိမ်းမယိမ်း ဖြစ်ရပါသည်။ ခေါင်းကြီး/၀မ်းပူ/ ခြေကားနေလျှင် အပြစ်ဟု ယူကြသည်။ ထိုအပြစ်ကို လွတ်ရန်အတွက် တက်သုတ် နှင်ရတော့မည် ဖြစ်သည်။ မင်/ ချင်/ရှင်ဟူသော သံလွင်ကာ ရန်တွဲအပြီးမှာ ကြောင့်/မှောင့်/ ဖြောင့် ကာရန် တွဲဝင်လာခြင်းက အလွန်လှသည်။ တက်သံ အလွင်ကို သက်သံ (အောက် မစ်သံ)ဖြင့် ပြန်ထိန်းလိုက်သည်။ သို့သော် ဆက်လာသော လွင့်/၀င့်/ဖြင့်တို့မှာ သက်သံပဲ ဖြစ်နေပြန်သည်။အသံ နာသွားပြီ။

ထို့ထက် ဆိုးသည်ကား ဤသို့ ကာရန်၂ တွဲကို ကူးပေး သော မဖြောင့်ပျံ့လွင့် ဆိုသည့် ပါဒဖြစ်သည်။ အသံတွေက အောင့်လွန်းသည်။ ချုပ်လွန်းသည်။ ပျံ့လွင့်ဆိုသော စကား လုံးနှင့် လွင့်ပျံ့ဆိုသော စကားလုံးတို့ ဂယက် အနက်နှင့် ခံစားမှု ရသအနက် connotation and sennotation မတူခြင်းကို တွေ့နိုင်ပါသည်။ ပျံ့ဆိုသော စကားလုံးကလည်း အောက်ခြေတွင် ၀ပ်နေသည်။ လွင့်ဆိုသော စကားလုံးကလည်း ထို့အတူပင်။ အောက်မြစ်သံ (သက်သံ) တို့၏ သဘောမှ ထိန်းချုပ်ခြင်း ရပ်ဆိုင်းခြင်းကို အသံဖြင့် အနက် ပေးတတ်သောကြောင့် အဝေးကြီး မရောက် အမြင့်ကြီး မရောက်သော သဘောရှိသည်။
လွင့်ဝဲ ဆိုလျှင် အနီးကပ်၍ ဝေ့၀ိုက်ကာ ပြန်ကျလာခြင်းကို ပြသည်။ လွင့်ဝေးဆိုလျှင် လေးလံသော လွမ်းဆွေးသော သဘောကို ပြသည်။ ဝေးပြီဆိုလျှင် အဝေးကြီး ထွက်ခွာ သွားခြင်းကို ပြသည်။ ဝေးပြီပေါ့ဟု ဆိုလျှင် ဝေးသွားသူကို လိုက်မမီတော့သော သဘော၊ ရပ်ကျန်ခဲ့ရသော သဘော၊ ခံစားမှုကို ထိန်းချုပ်လိုက် ရသော သဘောကို ပြသည်။

ကဗျာကို စာလုံးများဖြင့် ရေးရပါသည်။ လွယ်လွယ်တော့ မဟုတ်ပါ။ စာလုံး ရွေးချယ်မှု အလွန် အရေးကြီးသည်။ တချို့က ရင်တွင်းမှ စီးဆင်းလာသော ခံစားမှုကို ချရေးလိုက်လျှင် ကဗျာ ဖြစ်သည်ဟု ဆိုကြ၏။ ဤသို့ဆိုလျှင် ရေးသမျှ ကဗျာ ဖြစ်နေကြ လိမ့်မယ်။ ပါရမီရှင် ကဗျာ ဆရာကြီးများတွင်ပင် ရေးသမျှ ကဗျာ မဖြစ်ပါ။ ခံစားမှုမှ စီးဆင်းလာသော စကားလုံးများ၏ အသံ အင်အားကို ပညာဖြင့် စိစစ် ကြည့်ဖို့တော့ လိုမည် ထင်ပါသည်။ အသံလှအောင် တမင် ရေးထားလျှင်လည်း တမင် လုပ်ယူထားသော ကိစ္စ ဖြစ်နေ၍ ကဗျာ ပျက်ပါသည်။ ကိုယ်ပြချင်သော အနက်နှင့် ညီအောင် စာလုံး အလေးအပေါ့ကို ကိုက်ချိန် လွန်းပြန်ကလည်း ခံစားမှု ပျောက်သွား၍ ကဗျာအရာမှ လျောကျ သွားတတ်ပါသည်။ကဗျာ ရေးရတာ မလွယ်ပါ။ ကဗျာဆရာ ဖြစ်ဖို့ကျတော့ အလွန် ခက်ပါသည်။
(၂)
ကျွန်တော်တို့ဆီမှာ တစ်ခု ခက်နေတာက အနုပညာနှင့် စတန့်ကို မခွဲခြားနိုင်ခြင်း ဖြစ်သည်။ E.E.Cummings ဆိုသော ကဗျာဆရာက သူ့ ကိုယ်သူe e cumming ဟု ရေးသည်။ ကျွန်ုပ်ဆိုသောI ကို အသေးဖြင့် i ဟု ရေးသည်။ ဘုရားသခင် God ကို လည်း ထို့အတူ သိဟု ရေးသည်။ လောကတွင် ဘာမှ အရေး မကြီးသည့် သဘော အနိစ္စနှင့် အနတ္တကို ပြချင်သည့် သဘောဟု ဖွင့်သူက ဖွင့်သည်။ နာမည် ကြီးချင်ရင် စာလုံးကြီးကြီးနဲ့ ဆိုင်းဘုတ်ရေးဆိုတာ မျိုးကို သတိရသည်။ ကဗျာ ဆိုတာ ရွတ်ရတာဖြစ်သည်။ ကဗျာကို ခံစားရာတွင် နည်း သုံးနည်း၊သို့မဟုတ် လမ်းသုံး သွယ်ရှိ၏။ အမြင်ဖြင့် ခံစား ခြင်း(မျက်မြင်ကဗျာ)၊ အကြားဖြင့် ခံစားခြင်း (နားကြား ကဗျာ)နှင့် နှလုံးသားဖြင့် ခံစားခြင်း(ဓမ္မာရုံ ကဗျာ)ဟု ရှိသည်။အာရုံ ခြောက်ပါးမှ နောက်ဆုံး အာရုံဖြစ်သော ဓမ္မာရုံကို ပြောခြင်း ဖြစ်ပါသည်။ ဆွမ်းလောင်းသင်းနှင့် မမှားပါနှင့်။

ကဗျာကို ဤလိုနည်း သုံးသွယ်ဖြင့် ခံစားသော အခါ တစ်နည်းမဟုတ် တစ်နည်းသုံး၍ တစ်ကြောင်းတည်းသော ခရီးဖြင့် သွားရန် မဟုတ်ပါ။ မျက်စေ့ဖြင့် ဖတ်ရုံ သက်သက်၊ နှုတ်ဖြင့်ရွတ်ဆိုရုံ သက်သက်၊ အတွေးဖြင့် ခံစားရုံသက်သက် ဆိုတာမျိုး ဖြင့် တစ်ခုတည်း ကိုင်စွဲလျှင် အလွန် ရှုံးသွား ပါလိမ့်မည်။ ကဗျာ အစစ်ကို ဤလိုလုပ်လျှင် ကဗျာဆရာက အလွန် စိတ်ဆိုးပါလိမ့် မည်။သူ၏ ဘာသာဗေဒ ကျွမ်းကျင်မှုနှင့် အနုပညာစွမ်းကို အပြည့်အ၀ မကြည့်ဟု စိတ်ဆိုးပါလိမ့်မည်။

(၃)
တကယ်တော့ ကဗျာဖတ်ပြီ ဆိုကတည်းက ထိုအလုပ် သုံးမျိုးစလုံးကို တစ်ပြိုင်နက် လုပ်လိုက်ကြသည်သာ ဖြစ်၏။ မျက်စိက စာလုံးများကို မြင်သည်။ (မမြင် ဘဲနှင့် ဖတ်မရပါ)။ စာလုံးတွေကို ကြည့်ပြီး စိတ်ထဲမှာ အသံထွက်သည်။ ဤလို စိတ်ထဲမှ အသံ ထွက်ခြင်းသည် နားတွင် တကယ် မကြားရပါ။ ဘေးလူ မကြားရခြင်းကို မဆိုလိုပါ။ ကိုယ်တိုင် မကြားရခြင်း ဖြစ်၏။ ကိုယ်တိုင် ကြားလိုလျှင် အသံထွက် ဖတ်ရသည်။ ဆောင်းပါးကောင်း ၀တ္ထု ကောင်းများ၏ အရသာကိုပင် အသံထွက် ဖတ်ကြည့်မှ ပိုရနိုင်သည်။ ကဗျာကျတော့ ထို့ထက် ပိုလိမ့်မည်။Page 2 of 2
ဖတ်ရာတွင်လည်း အရပ်အဖြတ် အနှေးအမြန် မှန်ဖို့ လိုသည့်ပြင် အသံထွက်ပါ မှန်ရပါ၏။stress ခေါ် အဖိအဖော့ကိုလည်း မှန်အောင် ဖတ်နိုင်ရမည်။ Intonation ခေါ် စာကြောင်းအလိုက် အထူး ပြုရန် အသံကိုပါ ဖိကတ်ဖော့ တတ်ရမည်။ ဤလိုမှ မဖတ်တတ်လျှင် ကဗျာ့ အရသာ ပျက်သွားလိမ့်မည်။ ပုံစံအဖြစ် “လယ်တောကပြန်/ပန်ချင်တယ် ခရေဖူး ဆိုလို့” ဆိုသော စာ ၂ကြောင်းကို အသံ အနိမ့်အမြင့် မရှိဘဲ (လွှစက်မှ တဂျီဂျီ ထွက်နေသော အသံလို) အသံတန်းတန်း ကြီးဖြင့် ရွတ်ကြည့်ပါ။ တွေ့သွားပါလိမ့်မည်။ သိပ္ပံ ရုပ်ရှင်ကားများတွင် စက်ရုပ် တွေထံမှ ထွက်လာသော လူစကားသံကို ကြားယောင်ကြည့်ပါ။ တွေ့ပါလိမ့်မည်။

(၅)
မြန်မာစကားတွင် တစ်ဝက်သံခေါ် “အသံအ” များရှိသည်။ အချစ်/အမုန်း/ အနတ္တ/အနဂ္ဃ/တစ်မျိုး/ထမင်း/မကြီး မငယ်နဲ့ကမျင်းဆိုသော စကားလုံးများ ကြည့်ပါ။ ရှေ့စာလုံးများကို အသံပြည့် မထွက်ပါ။ တွဲဆက်အသံ ထွက်သွားပါသည်။ မကြီးမငယ်နဲ့ ကမျင်း ကျတော့ တစ်ဝက်သံ သုံးလုံးပါသည်။ မကြီးမငယ် တို့တွေနဲ့ ကခုန်ဆိုသော စာသားနှင့် အသံချင်း ယှဉ်ကြည့်ပါ။ မ နှင့် က တို့ အသံပြည့်ပြီး မာ့ကြီး/မာ့ငယ်/ကာ့ခုန်ဟု အသ့ ထွက်ရတာ တွေ့ပါလိမ့်မယ်။

အချစ် ဆိုသော စာလုံးသည် ရှေ့ပေါ့ နောက်လေးစာလုံး ဖြစ်၏။ အာ့ချစ် (ဥပမာဘချစ်) ဟု ဖတ်လိုက်လျှင် ရှေ့ ရောနောက်ပါ လေးသည့် ရှေ့လေးနောက် လေး စာလုံးဖြစ်သွားမည်။ ရပ်ရွှေရပ်မျိုးလို စကားလုံးကျတော့ ရှေ့က လေးပြီး နောက်က ပေါ့သည် လေးပေါ့/လေးပေါ့ ပုံစံကို တွေ့မည်။

အင်္ဂလိပ်ကဗျာတွင် ကာရန် rhyme က သတ်သတ်၊ မီတာ metre က သပ်သပ်ဖြစ်သည်။ ထို့ပြင် intonation နှင့် tempo ကိုလည်း တွေ့နိုင်သည်။ ရစ်သမ် rhythm ကို ဆုံးဖြတ်သည်မှာ မီတာဖြစ်၏။Iamb, Spondee, Trochee, Anapest ဆိုသော ဖိသံစနစ် stress များ ရှိသည်။ မှိတ်တုတ်မှိတ်တုတ် ငယ်သော ကြယ်ကဗျာဖြင့် လွယ်လွယ် ပြပါမည်။

Twinkle, Twinkle, Little, Star- အပေါ်တွင် ရှေ့ပစ် (/) ပြထားသော အသံကို ဖိပြီးထွက်ရန် ဖြစ်သည်။ (–)နေရာ ကား ခဏရပ်ရန် pauseဖြစ်သည်။ ထို့ကြောင့် အဖိအဖော့ဖြင့် ကြည့်လျှင် လေးပေါ့/လေးပေါ့/လေးပေါ့/လေး-(နား) ဟု တွေ့မည်။ ထွင်ခယ်/ထွင်ခယ်/ လစ်တလ်/စထား- ဟု လိုင်းတားပြသော စာလုံးများကို ပြင်းပြင်းရွတ်၍ ဖတ်ကြည့်ပါ။ ဤလိုမီတာ စနစ်ကို ကဗျာ၏ ရစ်သမ်ဟု ခေါ်ပါသည်။

(၆)
မြန်မာကဗျာကို အထက်ကကဲ့သို့ မီတာစနစ်ဖြင့် ရစ်သမ် ယူကြရသည်ဟု တစ်ခါမျှ မကြားဖူးခဲ့ပါ။ ကာရန်ကို အဓိက ထားလာသော ဓလေ့ ရှိခဲ့ပြီး အဖိအဖော့ (ဃောသ/အဃောသ) က ရှိလို့ ရှိမှန်းမသိ လောက်အောင်ပင် အလိုလို ပျော်ဝင်ပြီးသား ဖြစ်နေ၍ ဖြစ်သည်။ သို့သော် ကမ္မ၀ါဖတ်ခြင်း မန္တန် ရွတ်ခြင်းများနှင့် နီးစပ်လျှင်တော့ ကောင်းကောင်းသိမည်။

သူတို့လို မီတာစနစ် ကျွန်တော်တိုမှာ မရှိတာ မဟုတ်ပါ။ အဖိအဖော့၊ သံပြင်း သံညှင်းနှင့် ဋ္ဌာန်ကရိုဏ်း ပယတ်တို့မှာ အထူး ပြောစရာ မလိုအောင် အလိုလို သုံး စွဲနေကျ ဖြစ်၍သာ ရှိမှန်း သတိ မထားမိ၍ ဖြစ်သည်။ အလေးအပေါ့ကို အဖြတ်အတောက်ဖြင့် ယူသွားပုံကို ကြည့်ပါ။

မဟာစေတီ (မဟာ/စေတီ)
မွေသရီ၏ (မွေ/သရီ/၏)
မြေညီခင်းပြန့် (မြေညီ/ခင်းပြန့်)
တလင်းသန့်ဝယ်(တလင်းသန့်/ ၀ယ်)

အသံ၏ အလှနှင့် စာလုံး၏ အဓိပ္ပာယ်ကို ပေါ်စေဖို့ အတွက် နှစ်လုံးဖြတ်၊ တစ်လုံးဖြတ်၊ သုံးလုံးဖြတ် ဆိုတာများ တွေ့ပါမည်။ ဤသို့ ဖြတ်လိုက်သော ၂ လုံးနှင့် ၃လုံးများတွင် ဘယ်စာလုံးကို အဖိအဖော့ ဘယ်လို ထည့်မလဲဆိုတာ အထူး သင်နေရသည် မဟုတ်။ နိုင်ငံခြားသားကို ဖတ်ခိုင်းလျှင်တော့ မဟာစေတီကို မာ့ဟာစေဒီးဟု ဖတ်ကောင်းဖတ်မည်။ ကဗျာဖတ်လျှင် အသံထွက်ဖတ် ကြည့်ကြပါ။ ကဗျာ ဆောင်းပါးကိုလည်း အသံထွက် ဖတ်ကြည့်ကြပါရန်။
ကျော်စောမင်း
(ပေဖူးလွှာ မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၀)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, November 23, 2010

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် သားငယ် ကိုထိန်လင်း (ခ) ကင်မ်အဲရစ်သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၂၃ ရက် နေ့ နံနက်ပိုင်းက လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။

ကိုထိန်လင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာမှုကို မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်ကြိုဆိုခဲ့သည်။ သားအမိနှစ်ဦး ယခုတွေ့ဆုံမှုမှာ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလက နောက်ဆုံး တွေ့ဆုံခွင့်ရခဲ့ကြောင်း သိရသည်။

အသက် ၃၃ နှစ်အရွယ်ရှိပြီ ဖြစ်သည့် ကိုထိန်လင်း (ခ) ကင်မ်အဲ ရစ်သည် ဒေါ်အောင်ဆန်းစုကြည် ၏သားနှစ်ယောက်အနက် အငယ်ဆုံးသားဖြစ်ပြီး ဗြိတိန်နိုင်ငံတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

၎င်းသည် မြန်မာနိုင်ငံတွင် နေထိုင်ခွင့် နှစ်ပတ်ရရှိခဲ့ကြောင်း သတင်း ဖော်ပြချက်များအရ သိရသည်။

သားကြီးဖြစ်သူ ကိုမြင့်ဆန်းအောင် (ခ) အလက်ဇန်းဒါးအဲရစ် အသက်(၃၈)နှစ်မှာ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။

သားငယ် မြန်မာနိုင်ငံသို့ ရောက်ရှိလာမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က အရမ်းဝမ်းသာမိကြောင်း သတင်းထောက်များ ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြောကြားခဲ့ကြောင်း သတင်း ဖော်ပြချက်များအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာပြီး ၁၀ ရက်အကြာတွင် သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်နှင့် ယခုကဲ့သို့ ပြန်လည်တွေ့ ဆုံခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သားဖြစ်သူကို ဒေါ်အောင်ဆန်းစုကြည် လေဆိပ်မှာကြိုဆို


Source Photo from http://www.bbc.co.uk/burmese

သားဖြစ်သူကို ဒေါ်အောင်ဆန်းစုကြည် လေဆိပ်မှာကြိုဆို

2010-11-23

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က (၁၀) နှစ်ကျော်ကြာ ခွဲခွါနေခဲ့ရတဲ့ သူ့သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်ကို ရန်ကုန် နိုင်ငံတကာ လေဆိပ်မှာ ဒီကနေ့ မနက်က ကိုယ်တိုင်သွားရောက် ကြိုဆိုခဲ့ပါတယ်။

သားအမိ နှစ်ယောက် ပြန်လည်ဆုံတွေ့ကြတဲ့ မြင်ကွင်းကို ပြည်တွင်း/ပြည်ပ သတင်းထောက်တွေကရော တာဝန်ကျ အစိုးရလုံခြုံရေး ၀န်ထမ်းတွေကပါ ဓါတ်ပုံ ဗွီဒီယို မှတ်တမ်း ရိုက်ယူကြတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ဖြစ်သူ ကိုထိန်လင်းတို့ ပြန်လည်ဆုံတွေ့တဲ့ မြင်ကွင်းကို ကြည့်ရင်း လေဆိပ်ထဲမှာရှိတဲ့ ခရီးသွားလာသူတွေရော၊ သတင်းသမားနဲ့ လုံခြုံရေးတွေပါ ၀မ်းသာ ကြည်နူးခဲ့ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် လိုက်ပါ ဆောင်ရွက်နေသူ တဦးက RFA ကို အခုလို ပြောပြပါတယ်။

"သားအမိ နှစ်ယောက်တွေ့ကြတော့ ကျနော်တို့ လည်း အရမ်းခံစားရပါတယ်။ လေဆိပ်လာကြိုတဲ့သူတွေရော အာလုံးဘဲ ၀မ်းသာကြပါတယ်။ သားအမိနှစ်ယောက် တွေ့ တဲ့ အတွေ့ ကိုပေါ့။ အနီးပတ်ဝန်းကျင်မှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း အရမ်းများနေတော့လေ။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း အားလုံး ၀ိုင်းဝန်း ကူညီပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ကို တွေ့တွေ့ချင်း သားငယ် ကိုထိန်လင်းက NLD ပါတီရဲ့ အလံပုံကို သူ့ဘယ်ဘက်လက်မောင်းမှာ ရေးထိုးထားတာကို ပြသခဲ့ကြောင်း သိရပါတယ်။

အသက် (၃၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုထိန်လင်းဟာ မိခင်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရနိုင်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရက်အတော်ကြာ ပြည်ဝင်ခွင့်ဗီဇာ စောင့်ဆိုင်းနေခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သားကိုထိန်လင်းကို သွားရောက်ကြိုဆိုတဲ့ မြင်ကွင်းနဲ့ ပတ်သက်ပြီး ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ လိုက်ပါသွားတဲ့ သူမအတွက် လုံခြုံရေး တာဝန်ယူထားသူ တဦးကို ကိုဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။


Copyright © 1998-2010 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, November 20, 2010

ဘယ်သူနိုင်ငံရေး သမားလဲ

ဘယ်သူနိုင်ငံရေး သမားလဲ

Written by လူထုစိန်ဝင်း
(ပေဖူးလွှာ မဂ္ဂဇင်း၊ အောက်တိုဘာလ ၂၀၁၀)

နိုင်ငံရေး မလုပ်တဲ့ သဘော မဟုတ်ဘူး

ဒီလို မယူဆတာက နိုင်ငံရေးကို စိတ်မ၀င်စားလို့ မဟုတ်ဘူး။ မနှစ်သက် လို့လည်း မဟုတ်ဘူး။နိုင်ငံရေးနဲ့ လုံးဝ ကင်းကင်းရှင်းရှင်း နေလို့လည်း မဟုတ်ဘူး။ သတင်းစာ အလုပ် လုပ်ရင်းနဲ့ နိုင်ငံရေး သတင်းတွေ ရေးသလို သုံးသပ် ဝေဖန်ချက်၊ ထင်မြင် ယူဆချက်တွေလည်း ရေးခဲ့တယ်။နိုင်ငံရေး သမား မျိုးစုံနဲ့လည်း ထိတွေ့ ဆက်ဆံခဲ့တယ်။ နိုင်ငံရေး ပါတီ တစ်ခုထဲ ပါဝင်ပြီး အချိန်ပြည့် နိုင်ငံရေး လုပ်သူ မဟုတ်တာကြောင့် နိုင်ငံရေး သမား မဟုတ်ဘူးလို့ ယူဆထားတာ ဖြစ်တယ်။ လုံးဝ နိုင်ငံရေး မလုပ်ဘူးဆိုတဲ့ သဘော မဟုတ်ပါဘူး။

လှေခါးထမ်း ကော်ပုံးဆွဲ

တကယ်ကတော့ အရွယ် မရောက်မီကတည်းက နိုင်ငံရေး လုပ်ခဲ့တာပါ။ ကောလိပ်ရောက်တော့ အသက် ၁၆နှစ် ပြည့်ခါစပဲ ရှိပါသေးတယ်။ မဲပေးနိုင်တဲ့ အရွယ် မရောက်သေးပါဘူး။ အဲဒီခေတ်က အစဉ်အလာတိုင်း ကောလိပ် ရောက်တာနဲ့ တပ်ဦး အဖွဲ့ဝင် တန်းဖြစ်သွားပြီး လှေခါးထမ်း ကော်ပုံးဆွဲ အလုပ်တွေ လုပ်ခဲ့ပါတယ်။ သတင်းစာတိုက် ရောက်တော့လည်း တကသ ရွေးကောက်ပွဲ သတင်းတွေ ရေးလိုက်၊ဖဆပလ၊ ပမညတ ဌာနချုပ်တွေ သွားလိုက်နဲ့ နိုင်ငံရေး ကိစ္စတွေနဲ့ ထွေးလုံး ရစ်ပတ် ဖြစ်နေခဲ့ရတယ်။ ကျောင်းနေဖက်တွေ ပမည တထဲ ရောက်သူရောက်၊ ဖဆပလထဲ ရောက်သူရောက်၊ ဗကပဖြစ်သူဖြစ်၊ အလံနီဖြစ်သူဖြစ် နောက်ဆုံး မဆလ ဖြစ်သူတွေ ဖြစ်သွားခဲ့ကြ ပေမယ့် ကိုယ်တိုင်ကတော့ ဘယ်ထဲမှ ရောက်မသွားခဲ့ဘူး။ စာနယ်ဇင်းလောက ထဲမှာပဲ ရှိနေခဲ့တယ်။

နိုင်ငံဝန် ထမ်းတာချင်း အတူတူ

ပါတီ ဆိုင်းဘုတ် တစ်ခုအောက် ရောက်သွားပြီး အချိန်ပြည့် နိုင်ငံရေးသမား မဖြစ်ပေမယ့် ကိုယ့်ဟာကိုယ်တော့ နိုင်ငံရေး လုပ်နေတယ်လို့ပဲ ခံယူထားတယ်။ စာနယ်ဇင်း လုပ်ငန်းဆိုတာ၊ နိုင်ငံရဲ့ လေးခုမြောက် မဏ္ဍိုင်မဟုတ်လား။ အုပ်ချုပ် ရေး၊ တရားစီရင်ရေး ဥပဒေပြုရေး ဆိုတဲ့ တခြား မဏ္ဍိုင်များ နည်းတူ နိုင်ငံ့ဝန်ကို အတူတကွ ထမ်းဆောင် နေရတာပဲ ဖြစ်တယ်။ အဲဒါကြောင့် စာနယ်ဇင်းသမား ဆိုတာလည်း အစိုးရ အဖွဲ့ထဲက ၀န်ကြီးဝန်ကလေးတွေလို၊ တရား လွှတ်တော်ချုပ် က တရားသူကြီးတွေလို၊ လွှတ်တော်ထဲက အမတ်တွေလို နိုင်ငံရေး လုပ်နေကြ သူတွေပဲလို့ ယူဆတယ်။ ခေတ်အဆက်ဆက်မှာ နိုင်ငံရေးသ မားတွေ ထောင်ထဲ ရောက်ကြသလို၊ စာနယ်ဇင်းသမားတွေလည်း ထောင်ထဲ ရောက်ကြရတာပါပဲ။

ကိုယ်ပိုင် ယုံကြည်ချက်ဖြင့် အလုပ် လုပ်တတ်စေချင်

အချိန်အခါ တစ်ခုက ကျောင်းဆရာ အလုပ်ကို နှစ်ပေါင်း နှစ်ဆယ်လောက် လုပ်ခဲ့ဖူးပါတယ်။ ဒီကျောင်းဆရာ အလုပ် လုပ်တာလည်း နိုင်ငံရေး လုပ်တယ်လို့ သဘောထားပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။ လူငယ်တွေကို ထမင်းစား ရေသောက် အင်္ဂလိပ်စကား တတ်ရုံလောက် သင်ပေးတာ မဟုတ်ဘဲ မျက်စိပွင့် နားပွင့်ပြီး အရာရာကို ကိုယ်ပိုင် ဦးနှောက်နဲ့ ခွဲခြမ်း စိတ်ဖြာဝေဖန် သုံးသပ်တတ်အောင် ကူညီပေးတာ ဖြစ်တယ်။

ဖော်ဂွတ်သွားသူတွေ

အဲဒီခေတ် အင်္ဂလိပ် စကားပြော သင်တန်းလာတက်လာသူ အများစုက နိုင်ငံရပ်ခြား တိုင်းပြည် အသီးသီးကို အပြီးတိုင် ပြောင်းရွှေ့ နေထိုင်ဖို့(Far good) သွားရောက်ကြမယ့် သူတွေများတယ်။ အခုခေတ်လို ကျောင်းတက်ဖို့၊ အလုပ်လုပ်ဖို့ ပတ်စပို့ ထုတ်ပေးလေ့ မရှိပါဘူး။အဲဒီလို အပြီးအပိုင် သွားကြမယ့် သူတွေကို မြန်မာနိုင်ငံရဲ့ ချစ်စရာ ကောင်းတဲ့ အချက်တွေ အသေးစိတ် ပြောပြပြီး "Home Sweet Home"ကိုယ့်အိမ်ကိုယ့်ယာထက် ကောင်းတဲ့နေရာ၊ ဘယ်မှာမှ မရှိဆိုတဲ့ ကဗျာကို တစ်သုတ်ပြီး တစ်သုတ် အဆက်မပြတ် သင်ကြား ပေးခဲ့တယ်။ သူတို့ နိုင်ငံခြား ထွက်တဲ့ အခါမှာလည်း "Home Sweet Home"ဆိုတဲ့ ကောက်ရိုး ပန်းချီကားကို လက်ဆောင် ပေးလေ့ရှိတယ်။ တချို့ တပည့်တွေရဲ့ အိမ်မှာ အခုချိန်ထိ အဲဒီ ပန်းချီကားလေးတွေ ချိတ်ဆွဲ ထားကြတာကို သူတို့က ဂုဏ်ယူစွာနဲ့ ဓာတ်ပုံ ရိုက်ပို့ကြတယ်။ အဝေးရောက်နေကြပေမယ့် မြန်မာပြည်ကို မမေ့ကြသေးပါလား ဆိုပြီး ကြည်နူးပီတိ ဖြစ်ရတယ်။

နိုင်ငံရေးသမား ဆိုတာ

နိုင်ငံရေး လုပ်တယ်ဆိုတာ နိုင်ငံရေး ပါတီဝင်မှ ရွေးကောက်ပွဲဝင်ပြီး အမတ် လုပ်မှ မဟုတ်ပါဘူး။ အများအကျိုးဆောင် ချင်တဲ့ ပရဟိတစိတ် ရှိသူမှန်သမျှ ဘယ်နေရာ ရောက်ရောက်၊ဘာအလုပ် လုပ်လုပ် နိုင်ငံရေးလုပ်လို့ ရပါတယ်။ စကားလုံး ကြီး ကြီးကျယ်ကျယ်တွေ ပြောဖို့ မလိုပါဘူး။ လူနားလည်ရခက်တဲ့ ဝေါဟာရတွေ မသုံးဘဲနဲ့ နိုင်ငံ အတွက်တို့၊၊ ပြည်သူ အတွက်တို့ ဆိုတဲ့ စကားမျိုးတွေ မပြောဘဲနဲ့ အများ အတွက် အလုပ်လုပ်တဲ့ သူမျိုးကိုမှ နိုင်ငံ ရေးသမားကောင်းလို့ ခေါ်နိုင်တာဖြစ်တယ်။ သူတော်စင် သူတော်ကောင်း ကျွတ်တမ်းဝင် ပုဂ္ဂိုလ်မြတ်များဟာ ကိုယ့်ကိုယ်ကိုယ် ရဟန္တာပဲလို့ ဘယ်တော့မှ ထုတ်ဖော်ပြောကြား လေ့မရှိပါဘူး။ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်ဆိုတဲ့ စကား အရှိသား မဟုတ်လား။

ညံ့တဲ့ စာရေးဆရာ

စာတွေပေတွေ ရေးတဲ့ အခါမှာလည်း အချစ်ဆိုတာ ဒါမျိုးပါ။ကျွန်တော် ဆိုလို တဲ့အချစ်ဆိုတာက ဒီလိုဟာမျိုး ဖြစ်ပါတယ်လို့ စာရေးဆရာက ရေးပြ နေရင်၊ အဲဒီ စာရေးဆရာဟာ တော်တော်ညံ့တဲ့ စာရေးဆရာ ဖြစ်တယ်။ ကျွမ်းကျင်တဲ့ စာရေးဆရာ ဆိုရင် အချစ်ဆိုတဲ့ စကားလုံး တစ်လုံးမှ မသုံးဘဲနဲ့ အချစ်အကြောင်း ပြောပြနိုင်ရမယ်။ ရှေးအခါက ဇာတ်သဘင် ပညာရှင်ကြီးများဟာ ခုခေတ်လို ပစ္စည်း ကိရိယာတွေရဲ့ အကူအညီ မပါဘဲနဲ့ အဆိုအပြော အမူအရာတွေနဲ့တင် ဇာတ်ရုပ်မျိုးစုံကို ပီပြင်အောင် သရုပ်ဆောင် သွားနိုင်ကြတယ်။ ဇောတိက သူဌေးကြီး အဖြစ် သရုပ်ဆောင်ရတဲ့ အခါမှာလည်း ဇာတ်သေတ္တာကြီးပေါ် ထိုင်ရင်းနဲ့ ပွဲကြည့် ပရိသတ်က သူဌေးကြီးအဖြစ် မြင်သွားအောင် သရုပ် ဖော်နိုင်ကြတယ်။ ခုခေတ်လို မော်တော်ကားကြီးတွေ၊ မော်တော်ဆိုင် ကယ်ကြီးတွေ ဇာတ်ခုံမှာ တင်ပြီး ပြစရာ မလိုပါဘူး။

စံပြုအပ်တဲ့ ပန်းသာမစာအု

ဆင်းရဲသား ကာက၀လိယ အဖြစ် သရုပ်ဆောင်တဲ့ အခါမှာလည်း တောင်ရှည် ပုဆိုးနဲ့ ဖဲအင်္ကျီလက်တို ၀တ်ပြီး အဆိုအပြောနဲ့ ဆင်းရဲသား သဏ္ဍာန် ထွက်အောင် သရုပ်ဆောင် သွားကြတယ်။ ခုခေတ်လို သရုပ်မှန်ဖြစ်ဖို့ ဆိုပြီး နံငယ်ပိုင်းနဲ့ စုတ်ပြတ် ဖာထေးထားတဲ့ အင်္ကျီဝတ်ပြီး သရုပ်ဆောင်ပြတာမျိုး မလုပ်ပါဘူး။ ခုခေတ်က ၀တ်တာ စားတာသာ ဆင်းရဲသားနဲ့ တူတာ၊ ပြောပုံဆိုပုံနဲ့ မျက်နှာပေးကတော့ ဆင်းရဲသား သရုပ်နည်းနည်းမှ မပေါ်ပါဘူး။ မှန်တာ ပြောရရင် ဒီခေတ်မှာ ဇာတ်ကောင် စရိုက် ပီပြင်အောင် ရေးနိုင်တဲ့ စာရေးဆရာ မရှိသလောက် ရှားတယ်လို့တောင် ဆိုနိုင်တယ်။ ရှေးက ဆရာသခင်ဘသောင်းရဲ့ “ပန်းသာမစာအု” ၀တ္ထုကြီးဟာ နိုင်ငံခြား ၀တ္ထုကို ဆီလျော်အောင် မြန်မာပြန် ထားတဲ့ ၀တ္ထုဖြစ်တယ်။ ဒါပေမယ့် ဇာတ်ကောင်စရိုက်တွေ ပီပြင်လွန်းလို့ ဖတ်သူတိုင်းက မြန်မာ ၀တ္ထုလို့ပဲ မှတ်ထင်ခဲ့ကြရတယ်။

ကြယ်နီ၊ အောင်စိုးတို့စာတွေ

အလားတူပဲ ကြယ်နီရဲ့ တံငါဝတ္ထုတွေထဲက ကိုဒေါင်းစိန် ဆိုရင်လည်း တကယ့်ကို တံငါလိုတွေး၊တံငါလို ပြောပြီး၊ တံငါလိုပဲ ပြုမူတာကြောင့် ဒီနေ့အထိ တံငါဝတ္ထုတွေထဲမှာ တံခွန်စိုက် နေနိုင်ခဲ့တယ်။ အညာသား စာရေးဆရာ အောင်စိုးရဲ့ ညောင်ဦးနယ် တက်မရွာက အဘဖိုးစံရုံနဲ့ ရွာသူရွာသားတွေရဲ့ ကုန်းခေါင်ခေါင် အညာဒေသက တောသူတောင်သားတွေရဲ့ စရိုက်တွေဟာလည်း ပီပြင် လွန်းတာကြောင့် ရှုမ၀ ခေတ်အခါက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲလို့ ဆိုကြရတဲ့ တင့်တယ်တို့ ၀တ္ထုတွေနဲ့ အပြိုင် စာဖတ် ပရိသတ်က စွဲမက်ခဲ့ကြရတယ်။

ဇာတ်ကောင်နဲ့ စရိုက်တခြားစီ

ခုခေတ် ၀တ္ထုတွေ ဖတ်ကြည့်လိုက်ရင်တော့ ဖတ်ပြီး စိတ်ပျက်ရတာ ပဲများတယ်။ကိုဒေါင်းစိန်တို့၊ ဖိုးစံရုံတို့လို ရင်ထဲမှ စွဲနေရစ်တာမျိုး မတွေ့ရဘူး။ ကျေးလက်က ဆင်းရဲသား လယ်သမား၊ ဒါမှမဟုတ် လယ်သူမလေး အကြောင်း ရေးတော့ ရေးတာပဲ။ ဒါပေမယ့် ဇာတ်ကောင်နာမည်က စပြီး ကျေးလက် မဆန်တော့ဘူး။ မြို့က တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေလို နာမည်ဆန်းဆန်း တွေဖြစ်ပြီး ပြောကြတဲ့ စကားတွေက လည်း ကဗျာဆန်ဆန်နဲ့ ရုပ်ရှင်ထဲက စကားတွေလို ဖြစ်နေတော့ ဇာတ်ကောင်နဲ့ စရိုက်က ဘာမှကို မဆိုင်တော့ဘူး။ အဲဒီတော့ ဘယ်လိုလုပ်ပြီး ရင်ထဲ စွဲတော့မှာလဲ။ နောက်ပြီး ပိုဆိုးတာက အချစ်အချစ် ဆိုတဲ့ စကားလုံးတွေ ဘုံးဘောလအော ပါနေ ပေမယ့် တကယ့် အချစ်ဆိုတာ မတွေ့ရခြင်း ဖြစ်တယ်။ စကား အနေနဲ့သာ အချစ်အချစ်နဲ့ ဇာတ်ကောင်တွေက ပြောနေကြတာ၊ စာရေးဆရာ ကိုယ်တိုင် အချစ်ဆိုတာ ဘာမှန်းသိပုံ မရဘူး။

ဘယ်သူ နိုင်ငံရေးသမား စစ်စစ်လဲ

စာရေးဆရာက သူတို့ သိပ်ဆင်းရဲ ကြပါတယ်လို့ တစ်ခွန်းမှ ၀င်မပြောဘဲနဲ့ ဆင်းရဲခြင်း အကြောင်းပေါ်အောင် ရေးနိုင်မှ အချစ်ဆိုတဲ့ စကားလုံး တစ်လုံးမှ မပါဘဲနဲ့ အချစ်အကြောင်း ပေါ်အောင် ဖွဲ့နိုင်မှ စာရေး ကောင်းလို့ သတ်မှတ်ပါတယ်။ အလားတူပါပဲ နိုင်ငံရေး လုပ်တဲ့နေရာမှာလည်း နိုင်ငံရေး စကားတွေ တစ်ခွန်းမှ မပြောဘဲနဲ့ နိုင်ငံရေး လုပ်တတ်ဖို့ လိုပါတယ်။ အခု ခေတ်မှာ နိုင်ငံရေးသမား နာမည်ခံပြီး နိုင်ငံရေး မလုပ်ဘဲ ကိုယ့်အရေးကိုသာ လုပ်တဲ့ သူမျိုးရှိသလို နိုင်ငံရေးသမား နာမည် မခံပေမယ့် ကိုယ့်အရေးကို လစ်လျူရှုပြီး လူအများ အရေး၊ နိုင်ငံအရေးကို လုပ်တဲ့သူ မျိုးတွေလည်း ရှိပါတယ်။ ဘယ်သူဟာ နိုင်ငံရေးသမား စစ်စစ်လဲဆိုတာ ဘေးက အကဲခတ်ကြည့်လိုက်ရင် သိသာပါတယ်။



လူထုစိန်ဝင်း
(ပေဖူးလွှာ မဂ္ဂဇင်း၊ အောက်တိုဘာလ ၂၀၁၀)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဗုံးပေါက်ကွဲမှုသတင်း နောက်ဆက်တွဲ

လူတွေဖမ်း မဲတွေလိမ် မြေတွေသိမ်း ငွေတွေအတင်းတောင်း ဗုံးတွေဖေါက် ဘုန်းကြီးကျောင်းတွေချိတ်ပိတ်
(xxx)ရုံတွေဖွင့် ဖဲဒိုင်လောင်းကစားဒိုင်တွေထောင် အကောက်ကောက် လဒ်တွေစား အဲဒါက မြို့ပြနဲ့နိုင်ငံအနှံ့က ဗမာစစ်အုပ်စုရဲ့ လမ်းပြမြေပုံ တွေထဲက ဆောင်ရွက်ချက်တွေ။
နယ်စပ်နဲ့တိုင်းရင်းသားဒေသမှာတော့ လူတွေသတ် ရွာကိုမီးတင်ရှို့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်
အဲဒါကတော့ တိုင်းရင်းသားတွေအပေါ် ထားတဲ့စေတနာ။
လာပါပြီ။ အဲဒီလုပ်ရပ်တွေရဲ့အကျိုးပေးတွေ နအဖ အတွက်ခံစားစံစားဘို့။

အလှည့်ကျ မနွဲ့နဲ့နော်။


Source Audio from http://www.dvb.no/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဗုံးပေါက်ပြန်ပြီ မန္တလေးမှာ

၂၀၁၀ မကုန်သေးပါဘူး။ ဗုံးတွေလည်း နောက်ထပ်ပေါက်ဘို့ ကွဲဘို့ တပြင်ပြင်ဖြစ်နေပါတယ်။
မပြင်လို့လည်းမရ,တော့ပါ။
ကောင်းတဲ့ ကံအကျိုးပေးတွေ ကုန်နေပြီဖြစ်တဲ့ နအဖ အာဏာရူးဗမာ စစ်အုပ်စုဟာ ဒီနေ့ဒီအချိန်မှာ အဆိုးဘက်ကိုသာ လုပ်မိနေဘို့ အကြောင်းတွေကဖန်လာပါပြီ။
ကောင်းမယ်လို့ထင်ပြီး လုပ်တဲ့အရာတွေအားလုံးဟာ ဘာကိုပဲလုပ်လုပ်အဆိုးဘက်ကိုချည်း ရောက်နေပါပြီ။
ကံတူအကျိုးပေးဆိုတဲ့အတိုင်း ထိပ်ပိုင်းက ခေါင်းဆောင်ကြီးတွေ အကျိုးပေးကောင်းတဲ့ကံတွေ တယောက်မျှ မရှိတော့တဲ့အတွက် တချိန်တုန်းကသူတို့အတွက် ရွှေတွေဟာ ဒီနေ့မီးသွေးခဲဖြစ်ကုန်တဲ့ အခြေအနေမျိုး
ရောက်နေပါပြီ။
တချိန်တုန်းက သူတို့အတွက် ကျွန်သားပေါက်လို ခိုင်းစေခံခဲ့ရတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီကနေ့ သူတို့ကိုပြန်ပြီး ခိုင်းစေတော့မှာဖြစ်ပါတယ်။
သူတို့ကို ခံပြောတော့မှာဖြစ်သလို ကြက်ခေါင်းဆိပ်မခံ ပြန်အာခံတော့မှာပါ။
အခုလိုအချိန်မှာ သူတို့အတွက် ပြင်ဆင်ဘို့ဆိုတာ အရမ်းအရမ်းကို သိပ်သိပ်နောက်ကျသွားပါပြီ။
ဗုံးတွေထပ်ပေါက်မှာပါ။
နောက်ဆုံး ပြည်သူကိုခြိမ်းခြောက်ဘို့ သတ်ဖြတ်ဘို့ လုပ်လိုက်တဲ့ ဗုံးလက်နက်တွေမှန်သမျှ ခိုင်းစေသူ စီစဉ်သူအဲဒီလိုလူတွေရဲ့ အိပ်ရာအောက် ထိုင်ခုံအောက် စားပွဲခုံအောက် ရေအိမ်တွေထဲ သူ့အလိုလိုရောက်ပြီး ပေါက်ကွဲတော့မှာပါ။
အချင်းချင်း မယုံသင်္ကာဖြစ်ပြီး ဆော်ပလော်တီးကြပါတော့မယ်။
ဘာကြောင့်လည်းဆိုတော့ အပြစ်မဲ့ပြည်သူတွေရဲ့ မျက်ရည်၊ ငိုရှိုက်သံ၊ သွေးချွေး၊ အသွေးအသား၊ အရိုး၊ ပြာ၊ အဲဒါတွေဟာ ကမ္ဘာမြေကြီးထဲ မြစ်ချောင်းထဲ လေထုထဲ ရောက်နေတာမို့ ကမ္ဘာ့လေထုကို ရှူနေသမျှ၊ ကမ္ဘာမြေကိုနင်းနေသမျှ ကမ္ဘာ့ရေကို သောက်သုံးနေသမျှ မြေပေါ်ကထွက်တဲ့ အသီးအနှံကိုစားသောက်နေသမျှ စစ်အာရူးတွေအတွက် ကြမ္မာငင်နေပါပြီ။
သူတို့ကို လက်တွဲဖြုတ်ပါ။(သူတို့ခိုင်းတာ မလုပ်ဘို့)
ခင်ဗျား ဆက်ပြီးလက်တွဲမယ်ဆိုလျင် သူတို့နဲ့လိုက်ရမှာပါ။
ဒါပေမယ့် ခင်ဗျား ပြန်တွေးကြည့်လိုက်ပါ။ ခင်ဗျားကြောင့် လူတွေဘယ်လောက်ဘဝပျက်ခဲ့ရပြီလဲ။
ခင်ဗျားကြောင့် ဘယ်သူတွေ သန်းကြွယ်သူဌေးဖြစ်နေသလဲ။
ကျုပ်ပြောနိုင်တာတခုတော့ရှိတယ်၊ ခင်ဗျားနဲ့ ခင်ဗျားမိသားစုကတော့ ဒုက္ခသိပ်မရောက်သေးဘူးပေါ့၊ ဒါပေမယ့် သန်းကြွယ်သူဌေးမဖြစ်သေးတဲ့အတွက် ခင်ဗျားပြေးဘို့တော့ မလွယ်ဘူး။
ဟုတ်တယ်မှတ်လား။
ကျုပ်လျှောက်ပြောနေတာ မယုံနဲ့။
ခင်ဗျားကို လန့်အောင်ပြောနေတာမဟုတ်ဘူး အောက်က သတင်းကိုနားထောင်ကြည့်ပါ။
ခင်ဗျားရဲ့ မိတ်ဆွေတွေကိုလည်း လက်ဆင့်ကမ်းအကြောင်းကြားလိုက်ပါဦး။


Source Photo from http://http://www.irrawaddy.org/bur/


Source Audio from http://www.rfa.org/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၁၅၀ အောက်သာ ကျန်ရှိတော့၍ သိပ္ပံနည်းကျ စာရင်းကောက်ယူမှုများ ပြုလုပ်သွားမည်


မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၁၅၀ အောက်သာ ကျန်ရှိတော့၍ သိပ္ပံနည်းကျ စာရင်းကောက်ယူမှုများ ပြုလုပ်သွားမည်

မန်မာနိုင်ငံတွင် ကျားကောင်ရေ ၁၅၀ ၀န်းကျင်အောက်သာ ကျန်ရှိတော့ကြောင်း၊ ထို့ကြောင့် သိပ္ပံနည်းကျ စာရင်းကောက်ယူမှုများကို သစ်တောရေးရာဝန်ကြီးဌာန အနေဖြင့် ဆက်လက်ပြုလုပ်သွားရန် ရှိကြောင်း အဆိုပါဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ကျားအများဆုံး ရှိရာဒေသသည် ၂၀၁၀ ပြည့်နှစ် နှစ်လယ်ပိုင်းအတွင်းက ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသော ဟူးကောင်း ကျားထိန်းသိမ်းရေးနယ်မြေ ဖြစ်ပြီး အခြားကျား ထိန်းသိမ်းရေး နေရာများဖြစ်သည့် တမံသီဘေးမဲ့တောနှင့် တနင်္သာရီ သဘာဝကြိုးဝိုင်းတွင်လည်း ကျားမျိုးစိတ်အချို့ ကျန်ရှိနေသေးကြောင်း သိရှိရသည်။

သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက "မြန်မာနိုင်ငံမှာ ကျားထိန်းသိမ်းရေးကို WCS အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ကျားထိန်းသိမ်းမှုတွေ ပြုလုပ်နေသလို နည်းပညာအသုံးပြုပြီး ကျားထိန်းသိမ်းရေးနယ်မြေတွေမှာ ကျားခြေရာတွေကို GPSS စနစ်နဲ့မှတ်တမ်းတင်တာမျိုးတွေ ပြုလုပ်လျက်ရှိပါတယ်။ ပြီးတော့ ကျားမစင်လို့ယူဆရတဲ့ တိရစ္ဆာန်မစင်တွေကိုလည်း DNA နည်းနဲ့ ဓာတ်ခွဲခန်းတွေမှာ ဓာတ်ခွဲပြီး မျိုးစိတ်လေ့လာမှုတွေကိုလည်း ပြုလုပ်လျက်ရှိပါတယ်။ ထောင်ခြောက်ကင်မရာတွေနဲ့ ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်ပြီး ကျားကိုယ်ပေါ်မှာရှိတဲ့ အမွှေးအမျှင်တွေ နဲ့အစင်းတွေအပေါ် မူတည်ပြီး ခွဲခြားသတ်မှတ်မှုတွေ ပြုလုပ်နေပါတယ်။ ဆက်လက်ပြီးလည်း သိပ္ပံနည်းကျ စာရင်းကောက်ယူမှုတွေကို ဆက်လက်ပြုလုပ်သွာဖို့ အစီအစဉ်ရှိပါတယ်"ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကျားမျိုးစိတ် ၂မျိုးသာ ကျန်ရှိတော့ပြီး ဘင်္ဂလားကျားနှင့် အင်ဒိုချိုင်းနားကျား မျိုးစိတ်တို့သာ ကျန်ရှိတော့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်ရှိ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေး နယ်မြေဖြစ်သည့် ဟူးကောင်း ကျားထိန်းသိမ်းရေး နယ်မြေတွင်လည်း ကျားကောင်ရေ ၅၀ ၀န်းကျင်သာ ကျန်ရှိတော့ကြောင်း၊ ကျားမျိုးများ လျော့နည်း လာရခြင်းမှာ ကျားနေထိုင်ရန် သစ်တောများပြုန်းတီးလာခြင်း၊ ရာသီဥတု အခြေအနေနှင့် အမဲလိုက်ခံရခြင်းများကြောင့်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်တစ်ဦး က
ပြောကြားခဲ့သည်။
သတင်းရင်းမြစ်

http://www.news-eleven.com/index.php?option=com_content&view=article&id=5924:2010-11-17-08-55-16&catid=42:2009-11-10-07-36-59&Itemid=112

#7 papaaungko 2010-11-18 07:57
ဝ..အားစီးစိတ်ရစ်လယ်....ဗီမာပြီမှာလည်း ကျားမည်ရှိလော့ဘူး..ဘီလိုလုပ်ရမီလဲ....၀တို့ ပြည်ကီးနဲ့ ပတ်သတ်လို့ ကျန်တာဆိုလို့ဗီမာပြီမှာ ခွေးစိမ်းတွေပဲရှိလော့လယ်နဲ့ တူလယ်...မည်တတ်နိုင်လော့ ၀ူး..စူလို့ပဲဖမ်းပြီးဆေးဖော်လော့မယ်


ှSource Audiofrom http"//www.rfa.org/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

သိမှတ်စရာလေးပါ

ဗမာစာ ဗမာစကားကို နှိုက်နှိုက်ချွတ်ချွတ် မဟုတ်တောင်မှ သိမှတ်စရာကောင်းတာလေးတွေ ဗဟုဿုတဖြစ်စရာလေးတွေကို တိကျတဲ့အထောက်အထားလေးတွေနဲ့ လေ့လာသုံးသပ်တင်ပြထားတာ ဖြစ်ပါတယ်။

ကရင်စာ ကရင်စကားကော ဒီအတိုင်းပဲ ထားကြတော့မှာလား?
ဒီအတိုင်းပဲ ပြောဆိုသုံးနှုံးကြတော့မှာလား?
ကရင်အမျိုးသားတွေလွတ်မြောက်မှ ဒါတွေကိုလုပ်ကြမှာလား?
ဘယ်နေရာတွေမှာ မသုံးသင့်မသုံးထိုက်တဲ့ စကားလုံးတွေကို သုံးနေကြတယ်ဆိုတာ သိကြပါရဲ့လား?

ထွင်ပါ မှီငြမ်းပါ ဒါပေမယ့် အရိုးပေါ်အရွက်ဖုံးတာမျိုးတော့ မဖြစ်သင့်တဲ့အတွက် အတတ်နိုင်ဆုံး ရှောင်ရှားပြီးတည်ထွင်သုံးစွဲ မှီငြမ်းကြစေလိုကြောင်းပါခင်ဗျား။



Source Audio from http://www.bbc.co.uk/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ချောင်ပိတ်နေတဲ့ ဗမာစစ်အုပ်စုလုပ်ရပ်

ချောင်ပိတ်မိနေသော ခွေးသည် တွေ့ရာကို ကိုက်စွဲတတ်၏။

ထို့အတူ ရူးနေသောခွေးသည် အမြင်မှုံဝါးမသဲကွဲသဖြင့် သူ့အားထိမိသော အရာဝတ္ထု သို့တည်းမဟုတ် ထိနိုင်မည်ဟုထင်မြင်သည့် အရာမှန်သမျှကို ရမ်းသမ်း၍ ကိုက်စွဲတတ်ပါ၏။

နအဖ အာဏာရူးဗမာစစ်အုပ်စုသည် ချောင်ပိတ်မိနေသော ခွေးတကောင်ဖြစ်ပါ၏။
တနည်းဆိုရသော် ချောင်ပိတ်မိနေသော ခွေးရူးတကောင်ဖြစ်ပါ၏။

ထို့ကြောင့် ချောင်ပိတ်နေသောခွေးတကောင်ပမာ ချောင်ပိတ်မိနေသောခွေးရူးတကောင်ပမာ လုပ်ကိုင်ပြုမူကျင့်ကြံသည်သာဖြစ်ကြောင်း ၎င်းတို့၏လုပ်ရပ်များ စိတ်ဓါတ်များက သိသာထင်ရှားစွာ သက်သေခံနေပါသဖြင့် ခွေးရူးကို ချော့စရာ အကြောင်းမရှိပါ။

အသေရိုက်သတ်ရန်သာ ရှိပါတော့သည်။



Source Audio from http://www.bbc.co.uk/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စစ်အစိုးရကို ပကတိအတိုင်း မြင်အောင် ကြည့်ပြီး ဆွေးနွေးသင့်

စစ်အစိုးရကို ပကတိအတိုင်း မြင်အောင် ကြည့်ပြီး ဆွေးနွေးသင့်
2010-11-20

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ စေ့စပ်ဆွေးနွေးမှုတွေ လုပ်မယ်ဆိုတာဟာ ကောင်းမွန်တဲ့ ကိစ္စတရပ် ဖြစ်ပေမယ့် အမေရိကန် အစိုးရ တာဝန်ရှိသူတွေဟာ အကောင်းတွေကိုသာ ရွေးကြည့်ပြီး မဆွေးနွေးစေချင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
CNN ရုပ်မြင်သံကြားဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောကြားလိုက်တာပါ။

“စေ့စပ်ဆွေးနွေးတာကို ကျမ ယုံကြည်ပါတယ်၊ ဒါကို မဆန့်ကျင်ပါဘူး။ မြန်မာတွေ တော်တော်များများက အမေရိကန်ကတော့ သူတို့ကို ကျောခိုင်းသွားပြီးတော့ စစ်အစိုးရနဲ့ စေ့စပ်ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပြီလို့ အခု ပြောနေပါတယ်။ ကျမကတော့ ဒီလို မထင်ပါဘူး။ စေ့စပ်ဆွေးနွေးနေတာ ကောင်းတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်စကားပုံလို နေကာမျက်မှန်တပ်ပြီး သွားမဆွေးနွေးဘဲ ပကတိအတိုင်း မြင်အောင်ကြည့်ပြီး လက်တွေ့ကျကျ လုပ်စေချင်တယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ ဘာတွေ အမှန်တကယ် ဖြစ်နေသလဲဆိုတာ နိုးနိုးကြားကြားနဲ့ အမြဲ မျက်စိဖွင့်ကြည့်နေသင့်ပြီး စေ့စပ်ဆွေးနွေးတာဟာ ဘယ်ကို ဦးတည်နေပြီး ဘယ်လို အပြောင်းအလဲလုပ်ဖို့ တကယ် လိုအပ်နေတယ်ဆိုတာ ကြည့်နေသင့်တယ်လို့လည်း ပြောပါတယ်။

ပြန်ပြီး အဖမ်းအဆီးခံရမှာကို မစိုးရိမ်ဘူးလားလို့ CNN က မေးမြန်းတဲ့အခါ လူအတော်များများက ဒီမေးခွန်းကို မေးကြပြီး သူကတော့ မသိနိုင်ဘူး ဆိုတာပဲ ဖြေနိုင်တဲ့အကြောင်း၊ အရင်ကလည်း အဖမ်းဆီး ခံရဖူးတဲ့အတွက် ဒါကလည်း ဖြစ်နိုင်ကြောင်း။ သူတို့ ထပ်မဖမ်းဘူးဆိုတာ မပြောနိုင်တဲ့အကြောင်း၊ ဒါပေမယ့် ဒါကိုချည်း စဉ်းစားမနေနိုင်ဘဲ လုပ်စရာရှိတာ ဆက်လုပ်ရမှာ ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသွားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ဦးဆောင်ပြီး မြန်မာစစ်အစိုးရနဲ့ လွန်ခဲ့တဲ့ စက်တင်ဘာလက စတင်ပြီး ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ရရှိလာတဲ့ ရလာဒ်က စိတ်ပျက်စရာပဲလို့ သူက ပြောကြားခဲ့ပါတယ်။

Copyright © 1998-2010 Radio Free Asia. All rights reserved.

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗွီအိုအေ ရုပ်မြင်သံကြား သီးသန့်ဆွေးနွေးခန်း

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗွီအိုအေ ရုပ်မြင်သံကြား သီးသန့်ဆွေးနွေးခန်း

By ဗွီအိုအေမြန်မာ တီဗွီမဂ္ဂဇင်း
သောကြာ, 19 နိုဝင်ဘာ 2010

နိုဝင်ဘာ ၁၃ ရက်။ ၂၀၁၀၊ နေအိမ်အကျယ်ချုပ်လွတ်မြောက်သည့်နေ့ နေအိမ်ရှေ့မှာ ပြည်သူပေးသော ပန်းစည်းကို အပြုံးနှင့်လက်ခံနေသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင်တည်ရှိမှုဆိုတာ ပြည်သူကပဲ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်၊ ရုပ်မြင်သံကြားဌာနနဲ့ သီးခြား တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိတဲ့အကြောင်း လျှောက်ထားချက်ကို နေပြည်တော်တရားရုံးမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က စတင်ပြီးတော့ ကြားနာပါတယ်။ ရွေးကောက်ပွဲမှာ NLD ၀င်ရောက်ယှဉ်ပြိုင်တာမရှိတာနဲ့ တရားဝင်နိုင်ငံရေးပါတီအဖြစ်က ရုတ်သိမ်းကြောင်း ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ကြေညာပိုင်ခွင့် မရှိဘူးဆိုပြီး NLD ဘက်က ချေပ လျှောက်ထား ထားတာဖြစ်ပါတယ်။

“တရားဥပဒေအရ ရပ်တည်ပိုင်ခွင့် ရှိတယ်၊ မရှိတယ်ဆိုတာကို သူတို့ တရားရုံးက ဆုံးဖြတ်မှာပေါ့။ ဒါပေမဲ့ တကယ်ကို အဲန်အယ်လ်ဒီက ရပ်တည်နိုင်လား၊ မရပ်တည်နိုင်လားဆိုတာကိုတော့ ပြည်သူ လူထုကပဲ ဆုံးဖြတ်မှာပါ”

မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် NLD ပါတီ တခုတည်း ဆောင်ရွက်လို့ ရမှာ မဟုတ်သလိုဘဲ သူ တယောက်နဲ့လည်း ဆောင်ရွက်လို့မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

ရွေးကောက်ပွဲ မကျင်းပခင်ကာလမှာ နိုင်ငံရေးပါတီတွေ အများအပြားပေါ်လာခဲ့ပြီး NLD အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ပါတီက အဖွဲ့ဝင်တချို့လည်း အတိုက်အခံပါတီအဖြစ် သီးခြားရပ်တည်လာခဲ့ပါတယ်။

ဒီအဖွဲ့အစည်းတွေ အားလုံးနီးပါးက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့သတင်းကို ကြိုဆိုလိုက်ပြီး လက်တွဲ လုပ် ဆောင်ချင်တဲ့အကြောင်း ကမ်းလှမ်းထားပါတယ်။ ဒီအချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည် ဘက်က သူ့သဘောထားကို ထုတ်ဖော် ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဒီမိုကရေစီအတွက် လုပ်ပေးချင်တဲ့သူတွေကနေပြီးတော့ လက်တွဲချင်တယ်ဆိုရင် အန်တီတို့ဘက် ကနေ လက်တွဲဖို့ အဆင်သင့်ပါပဲ။ တချို့တွေနဲ့တောင်မှ တွေ့ဆုံဖို့ စီစဉ်ပြီးပြီလို့ ပြောပါတယ်။ ဒါကတော့ ရုံးကနေပဲ စီစဉ်နေတာပါ”

လတ်တလော နယ်စပ်တလျှောက်မှာဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပြဿနာအပေါ်မှာလည်း သူ့အနေနဲ့ စိတ်မကောင်းဖြစ်ရတယ်လို့ ပြောသွားပါတယ်။

“အခုလို ပုံစံက ပြန်ပြီးတော့ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်မလိုမြင်ရတာ အင်မတန်မှ ၀မ်းနည်းတယ်။ အန်တီတို့အနေနဲ့ ပြည်ထောင်စုစိတ်ဓာတ် ထူထောင်တဲ့နေရာမှာ မအောင်မြင်သေးဘူးလို့… အဲဒီလိုပဲ ပြောရ မှာပဲ။ ပြည်ထောင်စုစိတ်ဓာတ် အပြည့်အ၀နဲ့ ဒီနိုင်ငံဟာ ငါတို့နိုင်ငံ…ပေါ့နော်၊ ဒီမြေဟာ ငါတို့အတွက် သက် သာရာ၊ လုံခြုံရာ၊ ချမ်းသာရာမြေဆိုပြီးတော့ ပြည်ထောင်စု တိုင်းရင်း သားအားလုံးက အဲဒီလို စိတ်မျိုး မရှိနိုင်သရွေ့အန်တီတို့က မအောင်မြင်နိုင်သေးဘူးလို့ ပြောရမှာပဲ။ အခု နယ်စပ်မှာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ စစ်နည်းနဲ့ဖြေရှင်းမလိုလို ဖြစ် နေတာဟာ အန်တီတို့ နိုင်ငံအတွက် အင်မတန်မှ ၀မ်းနည်းစရာကောင်းတယ်။ ဒါက မဖြစ်သင့်တဲ့ ကိစ္စပဲ”

မြန်မာစစ်အစိုးရဘက်ကတော့ သူတို့ ချမှတ်ထားတဲ့ နိုင်ငံရေး လမ်းပြမြေပုံအတိုင်း ဆက်ပြီး ဆောင်ရွက်မယ် လို့ ပြောဆိုထားပါတယ်။ အခုဆိုရင် အဆင့်ခြောက်ဆင့်ကို ရောက်နေပြီလို့ ဆိုပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ စစ်အစိုးရရဲ လမ်းပြမြေပုံအတိုင်း သဘောတူလိုက်နာဆောင်ရွက်တဲ့ သဘောသက် ရောက်ပေမဲ့ NLD ကတော့ ရွေးကောက်ပွဲကိုသပိတ်မှောက်ပြီး ဒီ လမ်းပြမြေပုံ အစီအစဉ်တွေ ကို ဆန့်ကျင် ကျောခိုင်းထားပါတယ်။ ဒါကြောင့်လည်း ရှေ့ဆက်လက်တွဲဆောင်ရွက်ရေးဟာ ဖြစ်နိုင်ပါ့မလား ဆိုတဲ့ မေးခွန်း ထုတ်မှုတွေ ရှိနေပါတယ်။

“အမျိုးသားပြန်လည် ရင်ကြားစေ့ရေးက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးပဲလေ။ တခုရှိလို့ တခု မရှိရဘူး လည်းမဟုတ်ဘူး၊ တခုရှိလို့ တခုက အလိုလိုပါလာမှာလည်း မဟုတ်ဘူး။ ဒါဟာ အမျိုးသား ရင်ကြားစေ့ရေး ကတော့ တကယ်ကို လိုအပ်တဲ့ကိစ္စပဲ။ လမ်းပြမြေပုံဆိုတာကတော့ မြေပုံအမျိုးမျိုး ရှိနိုင်တာပေါ့။ အမျိုးသား ရင်ကြားစေ့ရေးဆိုတော့ မရှိမဖြစ် တိုင်းပြည်ရဲ့ ကောင်းကျိုးအတွက် လိုအပ် တဲ့ကိစ္စပဲ။ အဲဒီဟာတော့ ဆက်လုပ်သွားရမှာပဲ”

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် မြန်မာနိုင်ငံ အခြေအနေတိုးတက်မှုတွေ ရှိလာနိုင်တယ် ဆိုပြီး မျှော်လင့်သူတွေက မျှော်လင့်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူလွတ်မြောက်ရုံနဲ့ ဒါဟာ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပြီလို့ မသတ်မှတ်သင့်တဲ့အကြောင်း ပြောဆိုထားပါတယ်။ တခြား နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ အရေးကြီးတဲ့အကြောင်းနဲ့ ဒီလို လွတ်မြောက်ရေးအတွက် ဆက်ပြီး တောင်းဆိုပေးကြဖို့လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းကို မေတ္တာရပ်ခံပါတယ်။

“တခုတော့ အန်တီ ရှင်းရှင်းလင်းလင်း ပြောနိုင်တာက ကျန်နေတဲ့ ၂ ထောင်ကျော်သော နိုင်ငံရေး အကျဉ်း သားတွေ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် ကူညီဆောင်ရွက်ပေးပါ။ အဲဒါတွေအတွက်ကိုတော့ တောင်းဆို ပေးပါ ဆိုတာကိုတော့ အဲဒါတွေကိုတော့ အန်တီ ဒီအချိန်၊ ဒီနေရာမှာ ပြောချင်တယ်။ ကျန်တဲ့ကိစ္စတွေက တော့ ပြောစရာတွေက အများကြီးရှိပါသေးတယ်”

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက် သူ့ရဲ့ လုံခြုံရေးကို စိုးရိမ်တဲ့အကြောင်း ဒီမိုကရေစီ လိုလားတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေက ပြောဆိုနေပါတယ်။ သြစတေးလျ ၀န်ကြီးချုပ် Julia Gillard ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ စစ်အစိုးရဘက်က တာဝန်ယူသင့်တယ်လို့ ပြောဆိုထားပါတယ်။ ၂၀၀၃ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို ထောက်ခံသူတွေ တိုက်ခိုက်ခံခဲ့ရတဲ့ ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှုကြီးမျိုး နောက်တကြိမ် ပေါ်ပေါက်လာမှာကို စိုးရိမ်ပူပန်တဲ့အကြောင်း ထုတ် ဖော်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့လုံခြုံရေးအတွက် အန်အယ်လ်ဒီ လူငယ်တွေက အပြည့်အ၀ ကာကွယ်ပေးမယ်လို့ ယုံကြည်တဲ့အကြောင်းနဲ့ သူ့အနေနဲ့ ဘာမှ မစိုးရိမ်တဲ့ အကြောင်း VOA ကို အခုလို ပြောပါတယ်။

“လုံခြုံရေးနဲ့ ပတ်သက်လို့ကတော့ ဒီလိုပဲ အဖွဲ့ချုပ်က လူငယ်တွေက အစကတည်းကလည်း လုပ်ခဲ့ပါတယ်။ အခုလည်းလုပ်နေပါတယ်။ လုပ်နေတာပဲပေါ့နော်။ အဲန်အယ်လ်ဒီလို ပါတီတခုဆိုတာက လုံခြုံရေးနဲ့ ပတ် သက်တဲ့ကိစ္စတွေက အကန့်အသတ်နဲ့ ရှိပါ တယ်။ လက်နက်ကိုင်တပ်ဖွဲ့လည်း မဟုတ်ဘူး။ လုံခြုံရေးတပ်ဖွဲ့ လည်း မဟုတ်ဘူးဆိုတော့ ကလေးတွေကတော့ လုပ်နိုင်သမျှ လုပ်ပါတယ်။ သူတို့ အရင်တုံးကလည်း အကာအကွယ်ပေးခဲ့တာပဲ။ အခုလည်း သူတို့ အကာအကွယ်ပေးမယ်ဆိုတာကို ယုံကြည်ပါတယ်။ စိတ်ချပါ”

နိုဝင်ဘာလ ရ ရက်နေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မတရားမှုတွေ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုပြီး အတိုက်အခံပါတီတွေက ပြောဆိုနေပါတယ်။ ဒီလု မတရားမှုတွေကို စုံစမ်းစစ်ဆေးဖို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကော်မရှင်တရပ် ဖွဲ့စည်းထားပါတယ်။ NLD အနေနဲ့ ရွေးကောက်ပွဲမှာ မပါပေမဲ့လည်း ရွေးကောက်ပွဲမှာ ပေါ်ပေါက်ခဲ့တဲ့ မတရားမှုတွေကိုတော့ လစ်လျူရှုမှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့ ကော်မတီဖွဲ့ပြီးတော့ အစီရင်ခံစာရေးမယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လိုဖြစ်ခဲ့တယ် ဆိုတာကို ထည့်သွင်းပြီး ဖော်ပြပါလိမ့်မယ်”

မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုအတွင်း နေအိမ်အကျယ်ချုပ်အဖြစ် အထိမ်းသိမ်းခံခဲ့ရတဲ့သက်တမ်း နှစ် ပေါင်း ၁၅ နှစ်နီးပါး ရှိမယ်လို့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ခန့်မှန်းပါတယ်။ ဒီလို နှစ်တွေအကြာကြီး ကြံ့ကြံ့ခံရပ်တည်နိုင်ဖို့နဲ့ ဆက်ပြီး ရုန်းကန်တိုက်ပွဲဝင်နိုင်ဖို့ အင်အားတွေ ဘယ်လိုရခဲ့ပါသလဲဆိုတဲ့ မေးခွန်းကို လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြန်ဖြေပါတယ်။

“အဲဒါကတော့ အန်တီ့ကို ၀ိုင်းပြီး အကူအညီပေးတဲ့သူတွေကြောင့်လို့ပဲ ပြောရမှာပဲ။ ကိုယ် တယောက်တည်း လုပ်နိုင်တဲ့ကိစ္စမှ မဟုတ်ဘဲ။ အန်တီ့ကို ၀ိုင်းပြီးတော့ ကူညီပေးတဲ့သူတွေ၊ အားပေးတဲ့မိတ်ဆွေတွေ၊ သူငယ် ချင်းတွေ… နောက်ပြီးတော့ အန်တီလုပ်သမျှကို နားလည်မှုပေးတဲ့ အန်တီ့သားတွေ၊ ဒီဟာတွေ အားလုံးကို ပေါင်းလိုက်လို့ရှိရင် အင်အားဖြစ်သွားတယ်လို့ပဲ ပြောရမှာပဲ”

နိုင်ဝင်ဘာလ ၁၇ ရက်နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ တောင်ဒဂုံမြို့နယ်အတွင်းမှာရှိတဲ့ NLD လူမှု အထောက်အကူပြုအဖွဲ့က စောင့်ရှောက်ထားတဲ့ HIV/ AIDS ဝေဒနာသည်တွေကို တွေ့ဆုံပြီး ဝေဒနာသည် တွေကို အားပေးစကားပြောကြားခဲ့ပါတယ်။ တောင်ဒဂုံမြို့နယ်အတွင်း အန်လ်ဒီ လူမှုအထောက်အကူပြု အဖွဲ့က ဖွင့်လှစ်ထားတဲ့ ဂေဟာသုံးခုမှာ HIV/AIDS ဝေဒနာသည် တရာကျော်ရှိနေပါတယ်။ ဒီလူနာတွေဟာ အကူအညီအလိုအပ်ဆုံး သူတွေလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“အခုလက်ငင်းကတော့ အန်တီတို့ ဆေးတွေ လုံလုံလောက်လောက် ၀ယ်နိုင်ဖို့အတွက် ရံပုံငွေတွေ လိုပါ တယ်။ အလှူငွေတွေ လိုပါတယ်။ အဲဒါကြောင့် ဒီအခွင့်အရေးကိုသုံးပြီးတော့ အားလုံးကူညီနိုင်တဲ့သူတွေ ကူညီကြပါလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အန်တီတို့ အနေနဲ့ Antiretroviral Drug တွေ ၀ယ်ပေးဖို့ဆိုတာ တော်တော့်ကို လိုတယ်။ ဒီဆေးကလည်း သိတဲ့ အတိုင်းပဲ အပြတ်မခံဘူး။ ဆေးအတွက်ပဲ တော်တော်လိုတယ်။ နောက်ပီးတော့လည်း ဝေဒနာရှင်တွေရဲ့ စားရေး၊ သောက်ရေး လုံလုံလောက်လောက် ပေါ့နော်၊ ဖူလုံအောင် လုပ်ပေးနိုင်ဖို့လည်း ငွေလိုပါတယ်။ အဲဒါကြောင့်မို့လို့ ဒီ- ဗွီအိုအေကနေတဆင့် အန်တီ့ အနေနဲ့ မေတ္တာရပ်ခံပါရ စေ၊ အားလုံးပေါ့နော်၊ ကျမတို့ရဲ့ ကျမတို့ အချင်းချင်း၊ ကျမတို့ရဲ့ ညီအကိုမောင်နှမ တွေ၊ ကျမတို့ရဲ့ သားသမီး တွေဖြစ်တဲ့ အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်တွေကို ကူညီဖို့အတွက် ၀ိုင်းပြီးတော့ လှူကြပါ။ ၀ိုင်းပြီးတော့ ပံ့ပိုးပေးကြပါ …လို့ မေတ္တာရပ်ခံချင်ပါတယ်”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗွီအိုအေ မြန်မာပိုင်းအစီအစဉ် ရုပ်မြင်သံကြားကို သီးသန့်တွေ့ဆုံ ပြောပြခဲ့တာဖြစ်ပါတယ်။

Find this article at:
http://www.voanews.com/burmese/news/dassk_interview_11-19-10-109273849.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....