+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, November 24, 2010

လမ်းတံတားကြေး ပိုကောက်သော ကုမ္ပဏီအချို့ လေလံဖျက်သိမ်းခံရ

လမ်းတံတားကြေး ပိုကောက်သော ကုမ္ပဏီအချို့ လေလံဖျက်သိမ်းခံရ


ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သက်ဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းများသို့ BOT စနစ်ဖြင့် လေလံတင် ငှားရမ်းထားသော လေလံစည်းမျဉ်းအတိုင်း ကောက်ခံခြင်းမရှိသော လမ်းတံတားများကို ထပ်မံတွေ့ရှိပါက လေလံဖျက်သိမ်း၍ လေလံပြန်တင်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။ယင်းသို့ ထုတ်ပြန်ခြင်းမှာ လေလံရယူထားသော ဆောက်လုပ်ရေးကုမ္ပဏီများသည် လမ်းတံတားကြေးများကို သတ်မှတ်နှုန်းထက် ပိုကောက်ခံ နေခြင်းများကြောင့် ဖြစ်သည်ဟု ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များကပြောသည်။ နှင်းသဇင် ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်မှ ရရှိထားသော ချောက်-ဆိပ်ဖြူလမ်းပိုင်းရှိ အနော်ရထာ(ချောက်) တံတားဖြတ်သန်းခများကို မူလ သတ်မှတ်နှုန်းထားများထက် ပိုကောက်နေခြင်းအား စစ်ဆေးတွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့ တင်ပြပြီး ယခုကဲ့သို့ သတင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လမ်းတံတားအသုံးပြုခ တိုးမြှင့်ကောက်ခံခြင်းသည် လူထုအား နစ်နာစေသဖြင့် လျှော့လျှော့ပေါ့ပေါ့ မစဉ်းစားရန် လေလံစည်းမျဉ်းအတိုင်း လေလံဖျက်သိမ်းပြီး တံတား အသုံးပြုခ လေလံပြန်တင်ရန် သက်ဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းများသို့ အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။ ထို့အတူ ထိုကြေငြာချက်၌ ကျန်ဘီအိုတီလမ်းများတွင်လည်း လမ်း-တံတား အသုံးပြုခ ကောက်ခံနှုန်းများကို ပိုမိုကောက်ခံခြင်း မပြုရေး ညွှန်ကြားကြပ်မတ်သွားရန် ၀န်ကြီးရုံး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထပ်မံညွှန်ကြားထားသည်။ ထို့အပြင် ဘီအိုတီစနစ်ဖြင့် လုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီ၊ လေလံလုပ်ငန်းရှင်များ အနေဖြင့် လမ်း-တံတား အသုံးပြုခများကို စာချုပ်ပါ သတ်မှတ်နှုန်းအတိုင်း ကောက်ခံသွားရန် ညွှန်ကြားထားကြောင်း သိရသည်။ လမ်းတံတားများတွင် ဖြတ်သန်းသွားလာလျက်ရှိသော ယာဉ်ကြီး၊ ယာဉ်ငယ်များအနေဖြင့် ပူးတွဲစာချုပ်ပါ သတ်မှတ်နှုန်းထားများအတွင်း လမ်း-တံတားအသုံးပြုခကို ပေးဆောင်သွားရန် ညှိနှိုင်းအပ်သည်ဟုလည်း ထည့်သွင်း ဖော်ပြထားသည်။

Credit: သိမ့်သိမ့်စိုး (7Day News Journal)

0 comments:

Post a Comment