+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, December 31, 2011

ကမ္ဘာ့နှစ်သစ်ကူးနေ့ကို လှိုက်လှဲစွာကြိုဆိုလိုက်ပါတယ်


ကမ္ဘာ့နှစ်သစ်ကူးနေ့ကို လှိုက်လှဲစွာကြိုဆိုလိုက်ပါတယ် 




ကမ္ဘာ့နိုင်ငံအသီးသီးကနှစ်သစ်ကူးတွေကတော့ တနိုင်ငံတမျိုးစီ ကြိုဆိုနေကြပုံများဘယ်လောက်မင်္ဂလာရှိ
လိုက်သလဲ။
ပဲရစ်မျှော်စင်ကို နောက်ခံထားပြီး အကြင်နာတွေပိုလိုက်ကြတာများ သူငယ်ပြန်ချင်စိတ်တောင်ပေါက်လာတယ်။

တကယ်ပြောတာ အခုက စိုင်းထီးဆိုင် ဆိုတဲ့သီချင်း တပုဒ်လို ရွှေသမင်ကသေနတ်သမားရှေ့မှာ အသေ အခြာရပ်နေပေမယ့် ကျည်ဆံလည်းကုန် ယမ်းလည်းကုန်နေတဲ့ဘ၀မျိုး။
ပျော်ချင်လို့ နောက်နေတာပါ။

မဟုတ်လျင် ဗမာပြည်က နှစ်သစ်ကူးပုံလေးကို မခံစားနိုင်လို့ အရည်မရ အဖတ်မရတဲ့ စကားမျိုးတွေပြောနေ
မိတာပါ။
 ဗမာစစ်အစိုးရရဲ့ နှစ်ကူးပုံလေးက အတော်ကြမ်းတယ်ဗျ။

တကယ်ဆိုတော့ ဗမာစစ်အစိုးရဆိုတာ မဟာဗမာပီပီ တိုင်းရင်းသားတွေကို အုပ်ချုပ်ချင်လို့မဟုတ်ဘူးဗျ။ အမျိုးဖြုတ်ချင်လို့ဆိုတာ သူတို့လုပ်ရပ်က သေသေခြာခြာကိုသက်သေပြနေတာ။

နှစ်တွေကြာလာတာနဲ့အတူ အားလုံးဟာ ဖြစ်ရိုးဖြစ်စဉ် လုပ်ရိုးလုပ်စဉ်လို့ သဘောပိုက်ပြီး ငြိမ်းချမ်းရေးအကြောင်း ပြောနေကြတာများလား မဆိုတတ်ပါဘူးဗျာ။
ဖြစ်ပြီးသားတွေကို ကလဲ့စားခြေဘို့ အညှိုးအတေးထားဘို့ မှတ်သားထားတာမဟုတ်ပါဘူး။

ဒါပေမယ့် နောက်နောင် မပြောကောင်းမဆိုကောင်း ငြိမ်းချမ်းရေး ရကြလို့ အတူယှဉ်တွဲနေထိုင်တော့မယ်
ဆိုလျင်တော့ ဒီလို ခါးသည်းဆိုးရွားလှတဲ့ပြဿနာမျိုး မဖြစ်အောင်တော့ မှတ်တမ်းမှတ်ရာ အသေအခြာထား
ဘို့တော့ လိုတယ်နော်။

အဲဒီတော့ အောက်က ဗမာစစ်အစိုးရရဲ့ နှစ်သစ်ကူးပုံလေးကို နားသောတ ဆင်ကြည့်တော်မူကြပါ။ ပြီးတော့ ပျော်ရွှင်တဲ့နှစ်သစ်ကူးမှာ အတတ်နိုင်ဆုံးပျော်ရွှင်နိုင်အောင် ကြိုးစားကြပါစို့။



Source Audio from http://www.bbcburmese.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

လက်ပြ ချန်ရစ် ၂၀၁၁


လက်ပြ ချန်ရစ် ၂၀၁၁

(ငြိမ်းဝေ)

ခြင်းလုံးတစ်လုံး ဆိုတော့လည်းပဲ 
နှစ်ထပ် ဖဝါးစာ မိသွားတဲ့ ၂၀၁၁ ဟာ
ခြင်းလုံးလို ခြာလပတ် လည်ပြီး 
ကျန်နေရစ်ခဲ့ရတာကိုပဲ 
ဝမ်းနည်း နေလေရော့ သလား။ 

၂၀၁၁ ဟာ 
ထောင်မြင်လို့ ရာ စွန့်ခဲ့တဲ့ 
၂၀၁၂ ရဲ့ ရေခင်းသံကို 
မျောက်မင်းအူသံဆိုပြီး 
သူ့နားမှာ ကြားခဲ့တယ်။ 

သူ့စင်ကို ကိုယ့်စင်လုပ်ရမယ်ဆိုတဲ့ 
မဟာ တက်ကနစ် 
သူ့အလံကို တိုက်ဖို့ 
သူ့အလံကို ကောက်ထောင်ရမယ်ဆိုတဲ့ 
မဟာ အလှည့်အပြောင်း 
( ၂၀၁၁ ရေ…) 
ခင်ဗျား ခေါင်းနဲ့ မဆန့်တဲ့
ရေစီးကြောင်းသစ် ၂၀၁၂ ဖြစ် 
မငြင်းနဲ့။ 

ငါတို့ မိုင် ခြောက်ထောင် ခရီးရှည် ချီတက်ခဲ့ပြီးပြီ 
ပင်လယ် တစ်ထောင် လက်ပစ်ကူးခဲ့ပြီးပြီ 
ဓါးတောင် ဟူသမျှ ကျော်ခဲ့ကြပြီးပြီ 
ဒါပေမယ့် 
တခါမှ ခေါင်းနဲ့ လမ်းလျှောက် မကြည့်ခဲ့ကြသေးဘူး။ 

ငါတို့ ခွန်အားကို ရှာဖွေခဲ့ကြတယ် 
ခွန်အားကို ယုံကြည်ခဲ့ကြတယ် 
ခွန်အားကို အသုံးပြုခဲ့ကြတယ် 
ခွန်အားကို အကြွင်းမဲ့ ကိုးကွယ်ခဲ့ကြတယ် 
ဒါပေမယ့် 
ပျော့ပြောင်းခြင်းဟာ 
ပိုပြီး ဝေးဝေးပြေးတယ် 
ပိုပြီး သန်မာတယ်ဆိုတာကို 
ဆုပ်ကိုင်ဖို့ရာ လက်လှမ်း မမီခဲ့ကြဘူး။ 

ကိုယ့်ကျတော့ နေချင်သလို နေပြီး 
ကိုယ်ဖြစ်ချင်သလို 
သူများကို ဖြစ်စေချင်တဲ့ ၂၀၁၁ 
နင့်ကို တလိုင်းတို့လက် 
ခွေးသေ ဝက်သေ
နေရစ်ခဲ့တော့ ဆိုတဲ့စကားနဲ့ 
ငါ မထားရစ်ခဲ့ချင်သော်ငြား… 

 ဘယ်ဟာမှ 
သေခန်း ရှင်ခန်း ပြတ်လို့မရလေဘူး 
အရာရာဟာ ဟေတုပစ္စယော ဆိုသော်ငြား… 
ငါကလည်း မထားခဲ့ချင် 
နင်ကလည်း မနေခဲ့ချင်သော်ငြား… 
နေရစ်ခဲ့တော့ ၂၀၁၁။ ။ 

(ငြိမ်းဝေ)
၃၁၊ ၁၂၊ ၂၀၁၁ 

Copy from http://moemaka.com/

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

၂၀၁၁များ


၂၀၁၁များ

(သစ်ကောင်းအိမ် )

လူပြက်တွေ
လူပျက်တွေဖြစ်သွားတဲ့ 
၂၀၁၁များ 

နိုဗယ်ဆုရှင်က
တိုဖယ် ဆင်းဖြေနေတဲ့ 
၂၀၁၁များ 

ကဗျာဆရာတွေ 
ကပြာကယာ မှတ်ပုံတင်နေတဲ့ 
၂၀၁၁များ

ဒါရိုက်တာတွေကိုလည်း 
ကာဗရိုက်တာ ပြင်ရဦးမယ့် 
၂၀၁၁များ 

မုန်တိုင်းက 
သိုးရေခြုံထားတာပါလို့ 
ငါ ဖော့တွေးခဲ့တဲ့ 
၂၀၁၁များ 

အဆိုတော်တွေက
ဘောလုံးပွဲနဲ့မှားပြီး 
ခွပ်ဒေါင်းအလံ ပါးမှာကပ်
သောင်းသောင်းဖျဖျ ကြိုဆိုကျေနပ်ခဲ့လေသူ 
၂၀၁၁များ 

ပုတ်သင်ညိုက
တောက်တဲ့ကို အရေဆုပ်ပြီး
ပျောက်ကျားဝတ်စုံဝတ်ထားတဲ့ 
၂၀၁၁များ 

ခွေးထက်မိုက်တဲ့သတ္တဝါ..တဲ့ 
ကဒါဖီထက်မိုက်တဲ့ကောင်တွေကိုပဲတွေ့ခဲ့ရ 
၂၀၁၁များ 

မြစ်ဆုံစီမံကိန်းကိုရပ်တန့်ပြီး 
သံဆူးဖိနပ်နဲ့ ပါးစပ်ကိုဆို့ ကျနော်တို့
နှုတ်ကိုလုံအောင်ပိတ်ခဲ့လေသူ 
၂၀၁၁များ 

ဆက်ရေးလည်း 
လက်ရေးပဲ ဖြစ်တော့မယ့် သွားလေသူ 
၂၀၁၁များ။ ။ 

သစ်ကောင်းအိမ် 
ဒီဇင်ဘာ ၃၁၊ ၂၀၁၁ 


Copy from http://moemaka.com/

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, December 30, 2011

ကြားဖြတ်ရွေးကောက်ပွဲ သတင်းများ

ဦးတင်အေး




ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဂျာနယ် အမှုဆောင်အယ်ဒီတာ ဦးကိုကိုနဲ့ ဆက်သွယ်မေးမြန်းချက်


Copyright © 1998-2011 Radio Free Asia. All rights reserved.




သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ် http://www.voanews.com/burmese/news/Burma-by-election-12-30-11-136427598.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စောင့်ကြည့်ပါ ပြောင်းလာပါလိမ့်မယ် နည်းနည်းတော့ကြာမယ်


 ဗမာစစ်အစိုးရ အမျိုးသားလူ့အခွင့်အရေးကော်မီရှင် 
လူလိန်ကြီး ဦးစစ်မြိုင်



Source Audio from http://www.bbcburmese.com



နိုင်ငံရေးအကျဉ်းသားဟောင်း သတင်းစာဆရာကြီး ဦးဝင်းတင်



Source Audio from http://www.voanews.com/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မေးဖြေရာမှာ သတိထားစရာ

မေးဖြေရာမှာ သတိထားစရာ

(မင်းစိုးစံ)

ကျုပ်က ကရင်လူမျိုးစစ်စစ်တယောက်ပါ။
ဗမာစကားကို လိမ့်ပတ်လည်အောင်ပြောတတ်သူတယောက်မဟုတ်သလို ဗမာစာကိုလည်း ဟုတ္တိပတ္တိ သင်ကြားခဲ့ရသူတယောက်လည်း မဟုတ်ပါဘူး။

အဲဒါတွေအပြင် ဘယ်သူတဦးတယောက်ကိုမျှ မေးခွန်းတွေမမေးခဲ့ဘူးသလို ဘယ်သူတဦးတယောက်မျှရဲ့ အ မေးကိုလည်း မဖြေခဲ့ဘူးပါဘူး။
ဆိုလိုချင်တာကတော့ လေလှိုင်းပေါ်ကနေ အမေးအဖြေ မလုပ်ခဲ့ဘူးပါဘူး။

ဒါကြောင့် ၀ါရင့်သမ္ဗာရင့် သတင်းသမားတွေရဲ့ မေးဖြေခန်းတွေနဲ့ပတ်သက်လို့ ကောင်းကောင်းနားမလည်တာနဲ့ ဒီအကြောင်းအရာကို တင်ဆက်ဖြစ်တာပါ။
အဲဒီအတွက် အမှားတစုံတရာပါသွားခဲ့လျင် နားလည်ခွင့်လွှတ်ပေး ဘို့တောင်းပန်ပါတယ်။

တဆက်တည်းပြောလိုတာက အကြောင်းအချင်းရာကို အဓိကထားတာမဟုတ်ပဲ မေးပုံဖြေပုံလေးတွေကိုသာ အ ဓိကထားတာဖြစ်တဲ့အပြင် မေးမြန်းသူတွေနဲ့ဖြေဆိုသူတွေရဲ့ အကျိုးစီးပွါးကို ထိခိုက်စေလိုတဲ့ဆန္ဒ စိုးစဉ်းမျှမပါ
သလို ကျုပ်ရဲ့သေးမွှားလွန်းတဲ့ ဥာဏ်လေးနဲ့ လိုက်မမှီနိုင်တဲ့ အကြောင်းအရာကို သိလိုတဲ့စိတ်တခုပဲရှိပါတယ်
ဆိုတာ ရိုးသားစွာဝန်ခံပါတယ်။

မေးတဲ့သူက အခုလိုမေးလာပါတယ်။
ဦးတင်အေးတို့ဘက်က ရွေးကောက်ပွဲရက်ကို ဘယ်တော့လောက်လုပ်မယ်ဆိုတာကိုပြောပါသလား။
ဖြေပြီးသွားတာနဲ့ အောက်ကအမေးကို ဆက်ပါတယ်။

ဘယ်တော့လောက်များသိနိုင်မယ်လို့ပြောပါသလဲ။

မိတ်ဆွေသာ ဖြေသူရဲ့နေရာမှာဆိုလျင် ဘယ်လိုပြန်ဖြေမှာပါလဲ။
တကယ်လို့များ မိတ်ဆွေသာ မေးမြန်းစုံစမ်းသူတယောက်ဆိုလျင် ဖြေဆိုသူရဲ့အဖြေကို ကြေနပ်အားရ ပါရဲ့လား။ မိတ်ဆွေသာ အဲဒီအမေးအဖြေနဲ့ပတ်သက်ပြီး ထင်မြင်ချက်ပေးရမယ့် သူတယောက်ရဲ့နေရာမှာဆိုလျင် ဘယ်လို ထင်မြင်ယူဆမှာပါလဲ။



မေးတဲ့သူက အခုလိုမေးလာပါတယ်။
အန်ကယ်တို့အခု အင်းစိန်ထောင်ကိုသွားတဲ့အခါမှာ အစာငတ်ခံဆန္ဒပြတဲ့လူတွေရဲ့အခြေအနေကိုရော ဘယ်လိုတွေ့ခဲ့ရသလဲရှင့်။
ဖြေပြီးပြီးခြင်းအောက်ကအမေးကို ဆက်ပါတယ်။

သူတို့တောင်းဆိုခဲ့တဲ့အချက်တွေကျတော့ အာဏာပိုင်တွေနဲ့ဘယ်လိုညှိနှိုင်းခဲ့ကြသလဲရှင့်။

မိတ်ဆွေသာ ဖြေဆိုသူရဲ့နေရာမှာဆိုလျင် ဘယ်လိုပြန်ဖြေမှာပါလဲ။
တကယ်လို့များ မိတ်ဆွေသာ မေးမြန်းစုံစမ်းသူတယောက်ဆိုလျင် ဖြေဆိုသူရဲ့အဖြေကို ကြေနပ်အားရ ပါရဲ့လား။ မိတ်ဆွေသာ အဲဒီအမေးအဖြေနဲ့ပတ်သက်ပြီး ထင်မြင်ချက်ပေးရမယ့် သူတယောက်ရဲ့နေရာမှာဆိုလျင် ဘယ်လို ထင်မြင်ယူဆမှာပါလဲ။



ကျုပ်အဓိကထားပြောချင်တာကတော့ ကရင့်အမျိုးသားရေးကို အားကြိုးမာန်တက်ဆောင်ရွက်လုပ်ကိုင်နေကြ
တဲ့ ကရင်ခေါင်းဆောင်တွေအချို့အနေနဲ့ သတိထားတတ်ဘို့ဖြစ်ပါတယ်။

မတော်တဆ တွေ့ဆုံမေးမြန်းခန်းတွေ ဖြစ်ဖြစ် ဆက်သွယ်မေးမြန်းခန်းတွေဖြစ်ဖြစ် မလွှဲသာမရှောင်သာလို့ လုပ်ရတော့မယ်ဆိုလျင် ပေါ့ပေါ့တန်တန်သ ဘောမထားပဲ အလေးအနက်ထားပြီးဖြေဆိုစေချင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့ဟာ ကရင်ပြည် သူလူထုအရေးကို ကိုယ်စားပြုဆောင်ရွက်နေကြရလို့ဖြစ်ပါတယ်။

ကရင်လူမျိုးတယောက်ဖြစ်တဲ့အတွက် လူမျိုးခြားစကားကိုမပီတာ၊ နားမလည်နိုင်တာတွေဟာ ရှက်စရာမဟုတ်ပါဘူး။ သိမ်ငယ်စရာလည်းမလိုပါဘူး။ (အသေအခြာနားလည်လျင် ကောင်းသည်)

အထူးသဖြင့် တဘက်နဲ့တဘက် အခြေအတင်ဆွေးနွေးကြရတဲ့အခါမျိုး၊ အကြိတ်အနယ်ပြောဆိုရမယ့် အခြေအနေ မျိုးရောက်လာလျင် ကြုံလာလျင် ကိုယ်နားမလည်တဲ့ ဘာသာစကားမျိုးဖြစ်ခဲ့လျင် ယုံကြည်စိတ်ချရတဲ့ ဘာ သာပြန် ကိုသုံးဘို့အရေး ၀န်မလေးကြပါနဲ့။

အားလုံးကို ကျေးဇူးတင်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

မြန်မာစစ်အစိုးရ အမျိုးသားလူ့အခွင့်အရေးကော်မီရှင် လိန်နေသည်

ထောင်တွင်းက အကျဉ်းသားစိတ်ဓာတ်အခြေအနေများကို လစဉ်အစီရင်ခံ 
ဓါတ်ပုံ မိုးမခ၊ ဒီဇင်ဘာ ၂၈၊ ၂၀၁၁ 


ဦးစစ်မြိုင်ရဲ့ အဖြေ 


ကိုတိတ်နိုင်ရဲ့ မှတ်ချက် 


နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ကိုယ်တွေ့အဖြစ်အပျက်

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, December 28, 2011

ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွား

ပေါက်ကွဲမီးလောင်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ကျင်းချိုင့်တစ်ခု 

မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင်

ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွား 

Thursday, 29 December 2011
 
(ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်) ထပ်မံသိရှိရသော သတင်းများအရ မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နေဆဲဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော ဒဏ်ရာရသူမှာ ၈၀ ဦး ရှိကြောင်းသိရသည်။ သေဆုံးသူများမှာ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးအပါအ၀င် ကျား ၁၀ ဦး မ ၅ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။

ဒီဇင်ဘာ ၂၉ ရက်။ 9:00 AM (Update)

နံနက် (၉)နာရီတွင် သိရှိရသော သတင်းအရ ဒဏ်ရာရရှိသူ (၇၈) ဦး ရှိပြီး၊ သေဆုံးသူ (၁၇)ဦးရှိကြောင်း သိရှိပါသည်။ ဒဏ်ရာရသူ (၇၈)ဦးတွင် (၃၃)မှာ မီသတ်တပ်ဖွဲ့ဝင်များဖြစ်ပြီး သေဆုံးသူ (၁၇)ဦးအနက် (၆)ဦးမှာ မီသတ်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်းသိရှိရသည်။ အခင်ဖြစ်ပွားရာနေရာ၌ ပစ္စည်းသိုလှောင်ရုံ (၃၇)လုံး ရှိသည့်အနက် (၁၆)လုံးမှ မီးလောင်ကျွမ်းမှုတွင် ပါဝင်သွားခဲ့ကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှုတွင် မီးသတ်ယာဉ် (၂)စီးလည်း ပါဝင်ခဲ့ကြောင်းသိရသည်။ 9:15 AM (Update) မီးလောင်ကျွမ်းမှုသည် ၀ါယာရှော့ပ်ဖြစ်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ပြောကြားမှုမျာရှိသော်လည်း ကြီးမားသောပေါက်ကွဲမှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ တရားဝင် သတင်းအတိအကျ ထုတ်ပြန်ခြင်းမရှိသေးပါ။

12:15 PM (Update)

"ကျွန်တော်တို့ အင်ဂျင်နီယာပိုင်းဆိုင်ရာ စစ်ဆေးတွေ့ရှိမှုတွေအရ ဒါဟာ ၀ါယာရှော့လုံးဝမဟုတ်ပါဘူး။ လုံခြုံရေးမီးတစ်လုံးပဲ ရှိတဲ့နေရာကနေ ၀ါယာရှော့ဖြစ်ဖို့ မဖြစ်နိုင်ပါဘူး။ မီးလောင်ရင်တော့ ၀ါယာတွေမီးလောင်မှာပါပဲ။ လူတွေက အပြစ်လျော့အောင်လို့သာ ၀ါယာရှော့လို့ပြောနေကြတာပါ။ တကယ်တော့ ဒီမီးလောင်ကျွမ်းမှုဟာ ၀ါယာရှော့ကြောင့်မဟုတ်တာ အထောက်အထားတွေရှိပါတယ်"

ဟု အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မင်္ဂလာတောင်ညွန့်မြို့နယ် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာမှုး ဦးတင်ထွန်း က ပြောပါသည်။

Credit http://www.news-eleven.com


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဖူ့ချစ်မောင်နှင့် ဖီ့မနု မိသားစုတို့၏ နှစ်ကူးပွဲ ရုပ်သံမှတ်တမ်း


ဖူ့ချစ်မောင်နှင့် ဖီ့မနု မိသားစုတို့၏

နှစ်ကူးပွဲ ရုပ်သံမှတ်တမ်း

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, December 27, 2011

သံယာတော်များနှင့် Passport အခက်အခဲ


သံယာတော်များ နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်ကြရာတွင် 

အခက်အခဲအချို့နှင့်ကြုံတွေ့နေရ 

Wednesday, 28 December

သံဃာတော်များသည် နိုင်ငံကူးလက်မှတ် (Passport) ပြုလုပ်ကြရာတွင် သတ်မှတ်ထားသော ထောက်ခံစာများ ရှိနေမှသာ နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်ခြင်းနှင့် အဟောင်းများကို သက်တမ်းတိုးမှုများ ပြုလုပ်၍ရသောကြောင့် အချိန်ကြန့်ကြာမှု အခက်အခဲ များနှင့် ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

သံဃာတော်များ နိုင်ငံကူးလက်မှတ်အသစ်များ ပြုလုပ်ခြင်းနှင့် အဟောင်းများကို သက်တမ်းတိုးရာတွင် မိမိလက်ရှိ သီတင်းသုံးသော ကျောင်းထိုင်ဆရာတော်၏ ထောက်ခံစာ၊ မြို့နယ်သံဃနာယက ဆရာတော်၏ ထောက်ခံစာနှင့် မြို့နယ်ရဲစခန်း၏ ထောက်ခံစာ တို့ကိုယူဆောင်ပြီး အထက်သာသနာရေးဌာနရုံးကို တင်ပြရသည်။

၎င်း သာသနာရေးဌာနရုံးမှ နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့်စာရရှိမှသာ နိုင်ငံကူးလက်မှတ် ပြုလုပ်ရေးဌာနသို့ သွားရောက်ပြုလုပ်နေရကြောင်းလည်း သိရသည်။

''နာဂစ် မဖြစ်ခင်တုန်းကဆိုရင် ဦးဇင်းတို့ Passport လုပ်ရတာ တော်တော်လေး အဆင်ပြေပါတယ်။ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ ရုံးတစ်ခုထဲမှာတင် အပြီးလုပ်လို့ ရတယ်။ အခုဆိုရင် ကျောင်းထိုင်ဆရာတော်ရဲ့ ထောက်ခံစာ၊ မြို့နယ်သံဃာ့နာယက ဆရာတော်ရဲ့ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာတို့ကို အရင်သွားယူရတယ်။ ပြီးတော့မှ အဲဒါတွေကို အထက်သာသနာရေးရုံးကို တင်ပြရတယ်။ အထက်သာသနာရေးရုံးက ပြုလုပ်ခွင့်စာကျမှသာ နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ရုံးကို သွားပြီးတော့ ပြုလုပ်ခွင့်ရတာပါ။ အဲဒီလိုပြုလုပ်ရ တာတွေက ဦးဇင်းတို့အတွက်ရော၊ တခြားသံဃာတော်တွေအတွက်ရော အခက်အခဲတွေ ကြုံတွေ့နေရသလို အချိန်လည်း အကြာကြီး စောင့်ရပါတယ်။ အဲဒါတွေကို ပြန်လည်ပြုပြင် ပေးစေလိုပါတယ်''
ဟု ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ပန်းပင်ကုန်း(၅)ရပ်ကွက်ရှိ ကမ္ဘာ့ဗုဒ္ဓ၀ိပဿနာ ဗိမာန်ကျောင်းတိုက်မှ ရဟန်းတစ်ပါးက မိန့်ကြားခဲ့သည်။

Copy from http://www.news-eleven.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, December 25, 2011

၂၇၅၁နှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အလှူဒါန


၂၇၅၁နှစ်မြောက် 

ကရင်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် 

အလှူဒါန ပြုမည် 

by ဇွဲကပင်မျိုးချစ်လူငယ် (စင်္ကာပူ)

ဇွဲကပင် မျိုးချစ် ကရင်လူငယ်အဖွဲ့ (စင်္ကာပူ)က ကရင် အမျိုးသား နှစ်သစ်ကူး ပွဲတော် အထိမ်းအမှတ်အဖြစ် နှစ်စဉ် ပြုလုပ် လှူဒါန်းနေကျဖြစ်သော ဆွမ်းကျွေးအလှူကို ခရစ်နှစ် ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့ (တနင်္ဂနွေနေ့) တွင် စင်္ကာပူနိုင်ငံ Kallang MRT အနီး၊ No: 59, Lor 4 Geylang Singapore 399297 တွင် တည်ရှိသော ရွှေတိဂုံအသင်းတော် “ဓာတ်တော်တိုက်” မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ဘုရားအမှူးရှိသော သံဃာတော် အရှင်မြတ်များအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းမည်ဖြစ်သည်။

အဆိုပါ အလှူပွဲ ကျင်းပရေးကိစ္စကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့က ကျင်းပခဲ့သော အထူးအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုခဲ့ခြင်း ဖြစ်သည်။ စင်္ကာပူနိုင်ငံရောက် မျိုးချစ် ကရင်ညီအကို မောင်နှမ အားလုံးအားလည်း ကြွရောက် သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန်လည်း နှိုးဆော်ထားကြောင်း သတင်းရရှိပါသည်။

(သတင်း - ကရင်လေးမောင်ထင်)

Credit http://www.zwekabinyouth.co.cc/2011/11/blog-post_19.html#comment-form

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို စိန့်ပေါမြို့၌ ကျင်းပ,ပြီးစီးသွားခြင်း

မလေးရှားနိုင်ငံတွင် ကျင်းပပြီးစီးသွားသည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခန်းအနား 
(မှတ်တမ်းဓါတ်ပုံကို ကိုးဒီသွေး မှရယူပါသည်)


ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို စိန့်ပေါမြို့၌ 

ကျင်းပ,ပြီးစီးသွားခြင်း

ယနေ့ ကရင့်သက္ကရာဇ် ၂၇၅၁ခုနှစ် ပြာသိုလဆန်း (၁)ရက်နေ့ တွင်ကျရောက်သည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို အမေရိကန်ပြည်ထောင်စု မင်ဏီဆိုးတားပြည်နယ် စိန့်ပေါမြို့၌ နှစ်နေရာ ကျင်းပ ကြကြောင်း သတင်းရရှိပါသည်။

စိန့်ပေါမြို့ရှိ ဖုတာမိုက်ကျေးဇူးဟုအမည်ရသည့် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ကြသကဲ့သို့ တမြို့ထဲရှိ ဖုမန်းချစ်မောင်နှင့်ဖိနန်းမနုတို့ မိသားစုနေအိမ်၌လည်း ကျင်းပပြုလုပ်ကြောင်းသတင်းရ ရှိပါသည်။

ဖုမန်းချစ်မောင်နှင့် ဖိနန်းမနုတို့ နေအိမ်တွင် ကရင့်နှစ်သစ်ကူးနေ့ အခန်းအနားပြင်ဆင်နေစဉ်

လာမည့် ဒီဇင်္ဘာ ၃၁ရက်နေ့နှင့် ၂၀၁၂ခုနှစ် ဇန္န၀ါရီလ ၁ရက်(ကမ္ဘာ့နှစ်ဆန်း ၁ရက်)နေ့တို့တွင် ကရင့် အမျိုးသားယဉ်ကျေးမှု အကပဒေသာ အစုံအလင်ဖြင့် ကရင်အမျိုးသားတို့၏ နှစ်သစ်ကူးပွဲတော်ကို ၂ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ထပ်မံကျင်းပ,ကြလိမ့်ဦးမည်ဟု သိရှိရပါသည်။

အခန်းအနားအပြီး အမှတ်တရ ဓါတ်ပုံရိုက်နေစဉ်

မကြာမီရက်များအတွင်း ဖုမန်းချစ်မောင်နှင့် ဖိနန်းမနုတို့ မိသားစု၏ နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ရုပ်သံမှတ်တမ်းကို ဖေါ်ပြပေးသွားမည်ဖြစ်ပါသည်။

ဖုတာမိုက် (ဖူ့တာမိက်)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, December 24, 2011

၂၅ ဒေါ်လာတန် ကွန်ပြူတာ

ဗွီဒီယို ဂိမ်းထုတ်လုပ်သူ David Braben

၂၅ ဒေါ်လာတန် ကွန်ပြူတာ ထုတ်လုပ်နိုင်တော့မည် 

24 Dec, 2011

Raspberry Pi ဟုအမည်ရသည့် နေအိမ်သုံး ကွန်ပြူတာများမှာ တစ်ခုလျင် ဒေါ်လာ ၂၅ ဒေါ်လာသာ ကျသင့်မည်ဖြစ်ပြီး ယင်းကို ထုတ်လုပ်ရောင်းချနိုင်ရန်အတွက် အနည်းငယ်သော အချိန်သာလိုတော့ကြောင်း သိရသည်။

ယခုလို ထုတ်လုပ်နိုင်ခြင်းဖြင့် နည်းပညာ လုပ်ငန်းအတွင်း မျိုးဆက် သစ်များအတွက် အခွင့်အလမ်းကောင်းများလည်း ပွင့်လန်းလာတော့မည် ဖြစ်သည်။ အဆိုပါ Pi ကွန်ပြူတာမှာ Arm Chip ကိုအသုံးပြုထားပြီး ယင်းစနစ်မှာ မိုဘိုင်းဖုန်းများတွင် သုံးစွဲသည့် ပုံစံမျိုးဖြစ်ကာ linus အော်ပရေးရှင်းစနစ်ဖြင့် အသုံး ချနိုင်မည် ဖြစ်သည်။

ယခုကွန်ပြူတာအတွက် စမ်းသပ်အဆင့် ထုတ်လုပ်မှုများကို ပြုလုပ်နေပြီဖြစ်ပြီး လာမည့် ဇန်နဝါရီလတွင် ထုနှင့် ထည်နှင့် ဖြန့်ချိ သွားနိုင် ရန် ပြုလုပ်နေကြောင်း လည်း သိရသည်။ ယခုလို ကွန်ပြူတာ ထုတ်လုပ်ရန် အကြံအစည်ကို ဗွီဒိယို ဂိမ်းထုတ်လုပ်သူ David Braben မှစဉ်းစားမိ ခဲ့ခြင်းဖြစ်ပြီး ငယ်ရွယ်သူ လူငယ်များအတွက် နည်းပညာနှင့်ဆိုင်သည့် နယ်ပယ်တွင် စောစီးစွာဖြင့် လုပ်ငန်းစနိုင်ရန် လမ်းဖွင့်ပေးသည့် လုပ်ဆောင်ချက်တစ်ရပ် လည်း ဖြစ်သည်ဟုသိရသည်။

This is the Raspberry Pi beta board

source : BBC news


Credit http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, December 23, 2011

အကျဉ်းသား ၂၉၀၀ လွှတ်ပေးမည်

Cuba's President Raul Castro delivers a speech during a National Assembly meeting in Havana yesterday. Picture: AP Source: AP 

(ထောင်တွင်းမှ အကျဉ်းသားများကို ခေါ်ထုတ်လာစဉ်) 

ကျူးဘားတွင် အကျဉ်းသား ၂၉၀၀ လွှတ်ပေးမည် 

24 Dec, 2011

ဟဗားနား ။ ။ လာမည့် နွေဦးရာသီတွင် ပုပ်ရဟန်းမင်းကြီး Benedict XVI လာရောက်မည့် အထိမ်းအမှတ်အဖြစ် လူသားချင်း စာနာထောက်ထားသည့် အနေဖြင့် ကျူးဘားနိုင်ငံရှိ အကျဉ်းသား ၂၉၀၀ အား လာမည့်ရက်များအတွင်း လွတ်ငြိမ်းချမ်းသာ ခွင့် ပေးမည်ဖြစ်ကြောင်း ကျူးဘားအစိုးရမှ သောကြာနေ့က ပြောကြားလိုက်သည်။

ယင်းသို့ လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည့်သူများထဲတွင် အမေရိကန် အစိုးရ၏ အစီအစဉ်ဖြင့် ကျွန်းအတွင်းတွင် အင်တာနက် ဆက်သွယ်ရေး ကိရိယာများ လျှို့ဝှက်စွာ တပ်ဆင်ရန် ကြိုးစားမှု ပြုလုပ်ခဲ့သူ အမေရိကန်နိုင်ငံသား Alan Gross ဆိုသူမှာမူ ပါဝင်လိမ့် မည် မဟုတ်ကြောင်းသိရသည်။ ထိုစဉ်က ဖြစ်ရပ်ကြောင့် အမေရိကန်နှင့် ကျူးဘားတို့အကြား ဆက်ဆံရေးမှာ တင်းမာမှုများ ဖြစ်ပွားခဲ့ရကြောင်းလည်း သိရသည်။

Gross မှာ ယင်းပြစ်မှုကြောင့် ထောင်ဒဏ် ၁၅ နှစ် ကျခံနေရခြင်း ဖြစ်သည်။ ယခုလို လွတ်ငြိမ်းချမ်းသာခွင့်ကို အမျိုးသားအဆင့် စုံညီအစည်း အဝေးတွင် သမ္မတ ဖြစ်သူ Raul Castro မှပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများအထဲတွင် နိုင်ငံ၏ လုံခြုံရေးကို ထိပါးစေသည့် ပြစ်မှုများ ကျူးလွန်ခဲ့သူများလည်း ပါဝင်ကာ ယင်းတို့ကို နိုင်ငံရေးပြစ်မှုဖြင့် အပြစ်ပေးထားခြင်းလည်း မ ဟုတ်ကြောင်း ပြောခဲ့သည်။

ကျူးဘားနိုင်ငံမှာ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်ကလည်း နိုင်ငံရေး အကျဉ်းသားပေါင်း တစ်ရာကျော်ကို လွှတ်ေ ပးခဲ့ဖူးပြီး ယင်းမှာ ကက်သိုလစ် ဘုရားကျောင်းမှ တိုက်တွန်းမှုဖြင့် ယင်းသို့လွှတ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

source : euronews

Credit http://www.mrtv4.net.mm

မှတ်ချက်

ဓါတ်ပုံက ဗမာပြည်ကအကျဉ်းစံတွေနဲ့ တာဝန်ကျသူတွေရဲ့ပုံဖြစ်ပါတယ်။
ကျူးဘား က မဟုတ်ပါဘူး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

KNU ခေါင်းဆောင် ဒေးဗစ်ထောနှင့် DVB တို့ ဆက်သွယ်မေးမြန်းခန်း


KNU ခေါင်းဆောင် ဒေးဗစ်ထောနှင့် DVB တို့ ဆက်သွယ်မေးမြန်းခန်း 




Source Image from http://www/moemaka.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

NLD ဥက္ကဌ ဦးတင်ဦးနှင့် BBC တို့ ဆက်သွယ်မေးမြန်းခန်း



NLD ဥက္ကဌ ဦးတင်ဦးနှင့် 

BBC မြန်မာဌာနတို့ ဆက်သွယ်မေးမြန်းခန်း 


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Thursday, December 22, 2011

ခေါင်းနှစ်လုံးနဲ့ လူသား

Conjoined twins Jesus and Emanuel. Dahas says it is too early to tell how the twins will develop.
She says one of the boys is having respiratory problems and requires "special care." 
The boys are named Jesus and Emanuel. 
Calls to the hospital for more details went unanswered. 
Source Photo from http://www.nypost.com

Read more: 
http://www.nypost.com/p/news/internation
/two_headed_tot_fzEBc9VoUz6cNFDhepwe0J#ixzz1hKzfHaJT 

ဘရာဇီးနိုင်ငံတွင် ဦးခေါင်းနှစ်လုံး ခန္ဓာကိုယ် တစ်ခုနှင့် နှလုံးသားတစ်ခုသာ ပါသည့် ကလေးငယ် တစ်ယောက်ကို မွေးဖွားပေးခဲ့ကြောင်း သိရကာ ကျောရိုးမကြီးလည်း နှစ်ချောင်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ ထူးခြားလှသည့် ဖြစ်စဉ်မှာ ဘရားဇီးရှိ အသက် ၂၅ နှစ်အရွယ် မိခင်တစ်ဦးတွင် ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။ ယခုကိုယ်ဝန်ကို စတင်ဆောင်စဉ်က အမွှာနှစ်ဦးအဖြစ် ဆောင်ခဲ့သော်လည်း နှစ်ဦးထဲမှတစ်ဦးမှ ခန္ဓာကိုယ် ဖြစ် ထွန်းကြီး ထွားမှု မရှိတော့သဖြင့် ယခုလို ပေါင်းစပ်ပြီး ထွက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကလေးငယ်နှစ်ဦးကို ဆရာဝန်များက Jesus နှင့် Emanuel ဟု အမည်ပေးထားကြပြီး နှစ်ဦးပေါင်းမှသာ ၏ခန္ဓာကိုယ် တစ်ခုတွင် လိုအပ်သည့် ကိုယ်တွင်း အင်္ဂါများ ပြည့်စုံခြင်းကြောင့် လောလောဆယ်တွင် ခွဲစိတ်ရန် မဖြစ်နိုင်သေးကြောင်းလည်း သိရသည်။
၎င်းတို့နှစ်ဦးလုံးကို အထူးကုဆရာဝန်များက မည်သို့ကြီးထွားလာမည့်ကို စိတ်ဝင်စားစွာဖြင့် စောင့်ကြည့်နေကြောင်း လည်း သိရသည်။ ၎င်းတို့နှစ်ဦးကို စောင့်ကြည့်ပေးနေရသူ Dr Neila Dahas မှပြောရာ၌ လက်ရှိ အနေအထားအရ ခွဲစိတ်ရန်မည်သို့မျှ မဖြစ်နိုင်သေးကြောင်း ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ဦးနှောက်နှစ်ခုလုံးမှာ ကောင်းစွာ အလုပ်လုပ်နေခြင်းကြောင့် ဖြစ်ပြီး မည်သည့် ဦးခေါင်းကို ရွေးချယ်ရမည်ဆိုသည့် ကိစ္စအတွက် အခက်တွေ့နိုင်ဖွယ်ရှိကြောင်း ပြောကြားသွားခဲ့သည်။

source : BBC news


Source Photo from http://www.google.com/images


Credit http://www.mrtv4.net.mm/


ခေါင်းနှစ်လုံးနဲ့အမေရိကန်သူ အသက်ရှင်လှုပ်ရှားနေရပုံပါ။
အရွယ်ရောက်လို့ အိမ်ထောင်ရက်သားကျတဲ့အခါ ဘယ်လိုနေမလဲ မသိဘူး။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ထိုင်းဝန်ကြီးချုပ်ရဲ့ မှတ်တမ်း


ထိုင်းဝန်ကြီးချုပ်ရဲ့ မှတ်တမ်း 

ဘီဘီစီမြန်မာပိုင်းဌာနက ဓါတ်ပုံတွေကို ကူးယူဖေါ်ပြထားတာပါ

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, December 21, 2011

ကုလားထိုင်တစ်ခုကို ယွမ်ငွေလေးသန်း


တစ်ချိန်က မိမိတို့မိသားစုမှာ အလွန်ပင်ဆင်းရဲခဲ့ဟု 

ဂျက်ကီချန်းပြော 

22 Dec, 2011

ဘေဂျင်း။ ။ ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်သူ အာရှတိုက်သား ဂျက်ကီချန်းမှာ လွန်ခဲ့သည့် စနေနေ့က ဘေဂျင်းရှိ ရန်ပုံငွေ အလှုပွဲ တစ်ခုတွင် ပြောကြားခဲ့ရာ၌ ၎င်းအနေဖြင့် ယခုလို မရှိဆင်းရဲသား များအား ပေးကမ်း စွန့်ကြဲခြင်း အလုပ်ကို အလွန်ပင် စိတ်ပါဝင်စား ရှိကြောင်းနှင့် အတိတ်ကာလ ကလည်း ယင်းသို့ ဖြစ်ခဲ့ ဖူးသဖြင့် ယခုလို စိတ်ဝင်စားရခြင်း ဖြစ်သည်ဟုလည်း ပြောကြားသွား ခဲ့သည်။

များစွာသော လူများမှာ မိမိအနေဖြင့် ပေးကမ်း လှုဒါန်းမှု များ ပြုလုပ်တိုင်း အဘယ်ကြောင့် လုပ်ရသနည်းဟု မေးမြန်းခဲ့ကြောင်း ၊ ယခုလို ပြုလုပ်ရခြင်းမှာ မိမိငယ်စဉ်က မိမိတို့ မိသားစုမှာ အလွန်ဆင်းရဲ ခဲ့ကြောင်း မိမိ၏ ဖခင်မှာ မိမိအား ရောင်းစား ရတော့မည့် အခြေအနေသို့ ရောက်အောင်ပင် ဆင်းရဲခဲ့ကြောင်း ပြောကြားသွား ခဲ့သည်။

သို့ရာတွင် ကံကောင်းအကြောင်း လှစွာပင် မိမိ နေထိုင်ခဲ့သည့် ပတ်ဝန်းကျင်တွင် လှုဒါန်းမှုကို စိတ်ဝင်စားသူများ ရှိနေခဲ့သဖြင့် ယနေ့လို ဘဝမျိုးကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း ထို့ကြောင့် မိမိအနေဖြင့် လူ့အဖွဲ့အစည်းသို့ ပြန် လည် ပေးဆပ်ရမည် ဖြစ်ကြောင်းလည်း ဂျက်ကီချန်းမှ ပြောကြားသွား ခဲ့သည်။ အသက် ၅၇ နှစ် အရွယ်ရှိပြီ ဖြစ်
သည့် ဂျက်ကီမှာ လွန်ခဲ့သည့် စနေနေ့က ၎င်း၏ တန်ဖိုးကြီး ကုလားထိုင် တစ်ခုကို လေလံတင်ပြီးလှုဒါန်းခဲ့ကြောင်း လည်း သိရသည်။

အဆိုပါ ခုံမှာ ယွမ်ငွေ လေးသန်း ရရှိခဲ့ကြောင်းလည်း သိရသည်။

source : channelnewsasia

Credit http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အမျိုးသားများစားသုံးသင့်တဲ့ သစ်သီးဝလံ၈-မျိုး


အမျိုးသားများစားသုံးသင့်တဲ့ သစ်သီးဝလံ၈-မျိုး 


၁-သစ်တော်သီး
ဆေးလိပ်သောက်သူတွေအတွက်အကျိုးရှိလို့၊တစ်ပတ်၃-လုံးစားပါ။

၂- ဆီးသီး
အရက်သောက်သူတွေနဲ့ညဉ့်လုံးပေါက်အိပ်ရေပျက်ခံရသူတွေအတွက်အကျိုးရှိလို့၊တစ်နေ့ ၃-၄လုံးစားပါ

၃-သလဲသီး
သုက်ရည်ဂလင်းအတွက်အကျိုးရှိလို့၊ သလဲသီးရည်ခဏခဏသောက်ပါ

၎-လိမ္မော်သီး
ဗောက်တွေရှိလို့၊စိတ်ညစ်နေသူတွေအတွက်အကျိုးရှိလို့၊တစ်နေ့တစ်လုံးစားပါ

၅-ကိဝီသီး
မျက်လုံးနဲ့အသည်းအတွက်အကျိုးရှိလို့၊မကြာခဏစားပါ

၆-ပန်းသီး
သွားသန့်ရှင်းရေးအတွက်အကျိုးရှိလို့၊ တစ်နေ့တစ်လုံးစားပါ

၇-ဖရဲသီး
စိတ်တင်းကျပ်မှုဖိအားများစွာခံနေသူတွေအတွက်အကျိုးရှိလို့၊တစ်ပတ်၃-ခါစားပါ

၈-ချယ်ရီသီး
ကျန်းမာရေးလေ့ကျင့်ခန်းကိုအကြောင်းအမျိုးမျိုးကြောင့်မလုပ်နိုင်တဲ့သူတွေအတွက်အကျိုးရှိလို့၊တစ်ပတ်
ဂရမ်-၁၀၀ စားပါ

Credit http://myanmar.cri.cn

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အကောင်းဆုံး ထမင်းချက်နည်း


အကောင်းဆုံး ထမင်းချက်နည်း

အကောင်းဆုံး ထမင်းချက်နည်းဟာ ဆင့်ထဲမှာ ဘုံပိုင်ထဲက ဘုံပိုင်ရေ ကို မထည့်ဘဲ ရေနွေးထည့်ခြင်းပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဘုံပိုင်ရေထဲမှာ များသောအားဖြင့် ကလိုရင်းဓါတ်ငွေ့ ပါဝင်လို့ ထမင်းချက်တဲ့အခါ ဆန်ထဲမှာ ပါတဲ့ ဗီတာမင် ဘီ-၁ ကို ပျက်ပြယ်စေတတ်တယ်။

ရေနွေးနဲ့ထမင်းကိုချက်တယ်ဆိုရင်တော့ ဗီတာမင် ဘီ-၁ကို ထိန်းသိမ်း ထားနိုင်ပါတယ်။ တကယ်လို့ ထမင်းသိုးသွားရင် ထမင်းပေါ်မှာ ပေါင်နမုန့်ဘေးသား တစ်ချပ်ကို ထည့်လိုက်ပါ။

ထမင်းအိုးကို စလောင်းဖုံးနဲ့ ၅-မိနစ်လောက် ဖုံးထားပါ၊ ၅-မိနစ်ပြီးတော့ ပေါင်မုန့်ရဲ့ဘေးသားဟာ အဲဒိသိုးနံ့ကို စုပ်ယူသွာ်းပါလိမ့်မယ်။


ရေသောက်တဲ့အခါ သတိပြုပါ

နံနက် စောစောအိပ်ရာထပြီးတော့ ရေ တစ်ခွက်ကို အရင်သောက်လိုက်ပါ၊
အဲဒါဟာ ကျောက်တည်ရောဂါကို ကြိုတင်ကာကွယ်နိုင်ပါတယ်။
နေ့စဉ် ရေ အနည်းဆုံး ၈-ခွက်သောက်သင့်တယ်။
နေ့စဉ် ရေ ၁၀-ခွက်သောက်ရင် ဆီးအိမ်ကင်ဆာဖြစ်မှုကိုကြိုတင်ကာကွယ်နိုင်တယ်။
နေ့ခင်းမှာ ရေများများသောက်ပြီး ညမှာတော့ ရေနည်းနည်းသောက်ပါ။

ညအချိန်မှာတော့ ရေနွေးကြမ်းကို မသောက်သင့်ပါဘူး။
ဖျားနာတဲ့အခါမှာလည်း ရေနွေးကြမ်း မသောက်သင့်ပါဘူး။
အစာအိမ်ရောင်နာရောဂါသည်တွေက ရေနွေးကြမ်း မသောက်သင့်ဘူး။
အမျိုးသမီးများ မီးယပ်လာချိန်မှာလည်း ရေနွေးကြမ်း မသောက်သင့်ဘူးတဲ့။
ဘာမှမစားဘဲနဲ့ ရေနွေးကြမ်း မသောက်သင့်ပါဘူး။

Copy from http://myanmar.cri.cn

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဇာတ်လမ်းတစ်ခု အင်တာနက်မှာ ပျံ့နှံ့


မြန်မာရုပ်ရှင်ဆင်ဆာအဖွဲ့ကို တိုက်ရိုက်ဝေဖန်တဲ့ 

ဇာတ်လမ်းတစ်ခု အင်တာနက်မှာ ပျံ့နှံ့


2011-12-21

မြန်မာအစိုးရ ရုပ်ရှင် တည်းဖြတ်ရေး ဆင်ဆာအဖွဲ့ အဂတိ လိုက်စားမှုတွေကို ဝေဖန် ထောက်ပြ သရော်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတို တစ်ပုဒ် အခု ရက်ပိုင်းအတွင်း Youtube အင်တာနက် ဗွီဒီယို စာမျက်နှာတွေက တစ်ဆင့် ပျံ့နှံ့ခဲ့ပါတယ်။ ဒါဟာ မြန်မာ အစိုးရ အဆက်ဆက် သြဇာ အာဏာကြီးတဲ့ ဆင်ဆာအဖွဲ့ကို နှစ်ပေါင်း ၅၀ ကျော်အတွင်း တိုက်ရိုက် ဝေဖန်တဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်လမ်းလည်း ဖြစ်ပါတယ်။

ဒီဇာတ်လမ်းဟာ ရှေ့နှစ်ဆန်း ဇန်န၀ါရီလ ၁ ရက်ကနေ ၄ ရက် အထိ ကျင်းပမယ့် အနုပညာ လွတ်လပ်ခွင့်လို့ အဓိပ္ပါယ်ရတဲ့ Freedom of Art အမည်နဲ့ ကျင်းပမယ့် မှတ်တမ်းနဲ့ ဇာတ်လမ်းတို ရုပ်ရှင် ပြိုင်ပွဲဝင်မှာပါ။ ဒါကြောင့် အဲဒီဇာတ်ကားကို ဆင်ဆာတင်စရာ မလိုကြောင်း၊ ဒါပေမယ့် ဒီဇာတ်ကား အင်တာနက် ယူကျူ့မှာ ဘယ်လို ရောက်သွားရသလဲ ဆိုတာ မသိတဲ့ အကြောင်း၊ အဲဒီ ဇာတ်ကားထဲမှာ ပါဝင် သရုပ်ဆောင်သူ တစ်ဦးဖြစ်တဲ့ လူရွှင်တော် အရိုင်းက ပြောပါတယ်။

ဒါ့အပြင် ဒီဇာတ်ကားကြောင့် တုံ့ပြန်လာမှာ အားလုံးကို ရင်ဆိုင်မယ်လို့ ကိုအရိုင်းက ပြောပါတယ်။ အဲဒီဇာတ်လမ်းထဲမှာ ဆင်ဆာအဖွဲ့မှာ အဓိက လုပ်ပိုင်ခွင့်ရှိတဲ့ ဗိုလ်မှူးနဲ့ ဌာနဆိုင်ရာ အရာရှိတချို့က ရုပ်ရှင်တစ်ကားကို ကြည့်ရှု စိစစ်ကြရာမှာ ဆင်းရဲသား ပြကွက်တွေ၊ အမျိုးသမီး ဘောင်းဘီတို ၀တ်တာတွေ၊ ၀န်ထမ်းတွေကို လာဘ်ထိုးတာတွေ၊ ဥပဒေ စိုးမိုးမှု မရှိတာတွေ စတဲ့ အခန်းတွေကို ဆင်ဆာအဖွဲ့ဝင် လူကြီးတွေက စိတ်ဆိုးမာန်ဆိုးနဲ့ ဖြတ်တောက်ခိုင်းနေတာတွေကို ဟာသပုံစံနဲ့ သရော်ထားပါတယ်။

ဇာတ်လမ်းထဲက မီးပျက်တဲ့ ပြကွက်ကို ဆင်ဆာအဖွဲ့ ဦးဆောင် ဗိုလ်မှူးက ဖြတ်တောက်ခိုင်းနေတုန်း ရုံထဲမှာ တကယ်မီးပျက်သွားတဲ့ အခန်းလည်း ပါပါတယ်။ အဲဒီဇာတ်ကားကို ပြည်တွင်းက ဟာသနဲ့ ဇာတ်ရံ အမျိုးသား အမျိုးသမီး သရုပ်ဆောင်တွေ ပါဝင်ထားကြပြီး အင်္ဂလိပ်စာတန်း ထိုးထားပါတယ်။

ဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ကိုအရိုင်းကို ဆက်သွယ်ပြီး အာရ်အက်ဖ်အေ ၀ိုင်းတော်သား ကိုခင်မောင်စိုးမင်း စုစည်း တင်ပြထားတာကို နားဆင်နိုင်ပါတယ်။



Copyright © 1998-2011 Radio Free Asia. All rights reserved.


နမူနာလေး ကြည့်ကြဗျာ တော်တော်ကို ကောင်းတဲ့ဇာတ်လမ်းပါ။ သရုပ်ဆောင်တွေ အားလုံးတော်ကြပါပေတယ်။ ကျုပ်ကတော့ သူတို့အားလုံးကို ကျေးဇူးတင်တယ်။ လေးစားတယ်။ ဂုဏ်ယူတယ်။(စွမ်းအင်ဝန်ကြီးမပါ)

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်ထားကြပုံ


KNLA( Karen National Liberation Army) 



Source Audio from http://www.rfa.org/burmese


CNf (Chin National fornt) 



Source Audio from http://www.rfa.org/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, December 20, 2011

ဝ,ကို စေ့တိုအောင်လုပ်တာကိုး ၀,အားကီးစေ့ဆိုးလယ်

နေပြည်တော်၌ပြုလုပ်ခဲ့သော ကျောက်စိမ်းအရောင်းပြပွဲတစ်ခုတွင်
ပြသထားသည့် ကျောက်စိမ်းတုံးများကို တွေ့ရစဉ် 

တရုတ်နိုင်ငံမှ အခွန် ၃၃ ရာခိုင်နှုန်းကျော် ကောက်ခံ၍ မြန်မာနိုင်ငံ၏ 
နံပါတ်နှစ် ပို့ကုန် ကျောက်စိမ်း ယခုနှစ်တင်ပို့မှု အမေရိကန်ဒေါ်လာ 
သန်း ၆၀၀ ကျော်အထိ ကျဆင်း 

Wednesday, 21 December 2011

နှစ်စဉ်မြန်မာနိုင်ငံ ပို့ကုန်ကဏ္ဍတွင် ဒုတိယတင်ပို့မှု အမြင့်ဆုံးဖြစ် သည့်ကျောက်စိမ်းတင်ပို့မှုမှာ ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ကျဆင်းသွားခဲ့ရကြောင်းသိရသည်။ မြန်မာနိုင်ငံမှ တင်ပို့သည့် ကျောက်စိမ်းများအပေါ် တရုတ်နိုင်ငံမှ ယခင်နှစ်များက အခွန်ကောက်ခံမှုမပြုခဲ့ဘဲ ယခုနှစ်တွင်တင်ပို့သမျှ ကျောက်စိမ်းများအားလုံးကို အခွန်နှုန်း ၃၃ ဒသမ ၉၉ ရာခိုင်နှုန်း ကောက်ခံသည့်အတွက် ယခုကဲ့သို့ တင်ပို့မှု ကျဆင်းရခြင်းဖြစ်ကြောင်း
သိရသည်။

တရုတ်နိုင်ငံမှ ကျောက်စိမ်းလုပ်ငန်းရှင်များအနေဖြင့် အခွန်တိုးကောက်သည့်အတွက် မြန်မာနိုင်ငံ မှ ကျောက်စိမ်း များအား ယခင်ကကဲ့သို့ ၀ယ်ယူနိုင်စွမ်း မရှိတော့ကြောင်း၊ ယခုအခါမြန်မာနိုင်ငံမှ ကျောက်စိမ်းလုပ်ငန်းရှင်များ အနေဖြင့် ကျောက်စိမ်းအချောထည်များအဖြစ် ပြုလုပ်တင်ပို့သည့်ဘက်သို့ ဦးတည်နေရကြောင်း သိရသည်။

တရုတ်နိုင်ငံမှ အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးဝင်းမြင့်က

''ကျောက်စိမ်းကို တရုတ်နိုင်ငံက ၃၃ ဒသမ ၉၉ ရာခိုင်နှုန်း အခွန်ကောက်တယ်။ အဲဒီအတွက် ကျောက်စိမ်းကို ကုန်ချောလုပ်ပြီး One Stop Services နဲ့ ပို့ဖို့လုပ်ပါတယ်''

ဟု ဒီ ဇင်ဘာလ ၁၁ ရက်နေ့က ကျင်းပသည့်တွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။

''၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်နဲ့ အခုဘဏ္ဍာရေးနှစ်ရဲ့ ကာလတူကို နှိုင်းယှဉ်မယ်ဆိုရင်တော့ ဒီနှစ်မှာ မနှစ်ကထက် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်လောက် လျော့ကျနေပါပြီ။ နောက်ထပ်ဘဏ္ဍာရေးနှစ် ကုန်ဖို့ကလည်း သုံးလလောက်ပဲ ကျန်တော့တဲ့အတွက် မနှစ်ကပမာဏမျိုး မီဖို့ကတော့ ခက်သွားပြီလို့ ပြောရမှာပါ''

ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

''ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပို့ကုန်ကဏ္ဍမှာတော့ ဒီဘက်နောက်ပိုင်းနှစ်တွေမှာ ကျောက်စိမ်းက ဒုတိယ အများဆုံးပို့တဲ့ ပို့ကုန်ပါ။
ဒီနှစ်မှာတော့ သတ္တုတွင်းထွက်ကဏ္ဍက လက်ရှိအချိန်မှာ ဒုတိယအများဆုံး ပို့တဲ့ပို့ကုန် ဖြစ်နေတယ်။ သဘာဝဓာတ်ငွေ့ကဏ္ဍကတော့ ထုံးစံအတိုင်း နံပါတ်တစ်ပါ။ လက်ရှိမှာအမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံလောက်တော့ သဘာဝဓာတ်ငွေ့ တင်ပို့မှုက ရရှိထားပါတယ်။
 ကျောက်စိမ်းတင်ပို့မှု အတွက် ကတော့ ကျွန် တော်တို့ဆီမှာ Form-D တို့ Form-E တို့ ရှိတယ်။
အဲဒါတွေနဲ့ ပို့တဲ့အခါ အခွန်သက်သာခွင့် ရလေ့ရှိတယ်။
အခု အဲဒါနဲ့ ပို့ကြည့်မယ်။
ပို့ကြည့် တဲ့အခါ တရုတ်နိုင်ငံက အခွန်သက်သာခွင့် မပေးဘူးဆိုရင်တော့ သက်ဆိုင်ရာ နှစ်နိုင်ငံအစည်း
အဝေးတွေမှာ အရင်တုန်းက MoU ထိုးထားတဲ့အကြောင်း သက်သာခွင့်ပြုဖို့အကြောင်း ညှိနှိုင်းသွားဖို့တော့ စီစဉ်ထားပါတယ်''

ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

Copy from http://www.news-eleven.com/

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကမ္ဘာနှင့်ပုံစံတူသော ဂြိုဟ်နှစ်လုံး သိပ္ပံပညာရှင်များရှာဖွေတွေ့ရှိ

The Earth-size planet Kepler-20e is seen in an undated handout image. 
REUTERS/NASA/Ames/JPL-Caltech/Handout 
 Source Photo from
http://www.newsdaily.com 


An artist's concept of the new Earth-size planet Kepler-20f.
 Source Photo from
http://news.nationalgeographic.com 

ကမ္ဘာနှင့် ပုံစံတူသော ဂြိုဟ်နှစ်လုံး 

သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ 

21 Dec, 2011

သိပ္ပံပညာရှင်များမှာ ကမ္ဘာနှင့် အရွယ်အစား တူညီသော ဂြိုဟ်နှစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂြိုဟ်များမှာ ကမ္ဘာနှင့် အလင်းနှစ် ၉၅၀ ဝေးကွာပြီး ကမ္ဘာ့နှင့် ပုံစံတူဖြစ်သော်လည်း ဓါတ်ငွေများ ပိုမိုများပြားကြောင်း သိရသည်။

ယင်း ဂြိုဟ်များမှာ ကမ္ဘာကဲ့သို့ပင် နေနှင့်ပုံစံတူသည့် ကြယ်တစ်လုံးကို လှည့်ပတ်နေကြောင်း လည်း သိရသည်။ သို့ရာတွင် အလွန်လျှင်မြန်စွာ လည်ပတ်နေကာ အပူချိန်မှာလည်း အလွန်ပင်မြင့် မားကြောင်း သိရသည်။

၎င်းတို့မှာ ကမ္ဘာရှိအရာဝတ္ထုများနှင့် ယှဉ်ပါက အလွန်ပင်ပူလောင်လှကြောင်း MIT မှ ဂြိုဟ်သစ်ရှာဖွေရေး သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ မှ ပြောခဲ့သည်။
အဆိုပါ ဂြိုဟ်သစ်နှစ်လုံးကို Kepler အာကာသကြည့် မှန်ပြောင်းမှတွေ့ရှိခဲ့သဖြင့် Kepler 20e နှင့် Kepler 20f ဟုအမည်ပေးထားကြောင်းလည်း သိရသည်။

သိပ္ပံပညာရှင်များ၏ အပြောအရ အလွန်ပင်ပူလောင်လှသည့် ပတ်ဝန်းကျင်ကြောင့် ကမ္ဘာကဲ့သို့ သက်ရှိများ
ရှင်သန်နေထိုင်နိုင် မည့် လမ်းစများမှာမူ အလွန်ပင်နည်းပါးကြောင်းလည်း ယင်းသိပ္ပံပညာရှင်များမှ ပြောကြား သွားခဲ့သည်။

source : Washington post

Credit from http://www.mrtv4.net.mm

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ကိုသူရနဲ့ အာရ်အက်ဖ်အေ ဆက်သွယ်မေးမြန်းခန်း

Source Photo from http://www.google.com/images 

ထိုင်းနိုင်ငံကနေ ကမ်ဘောဒီးယားနိုင်ငံကို ရောက်နေတဲ့ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ကိုသူရနဲ့ အာရ်အက်ဖ်အေ မြန်မာပိုင်းဌာနတို့ ရဲ့ မေးမြန်းခန်းလေး နားသောတဆင်တော်မူကြပါ 



Source Audio from http://www.rfa.org/burmese

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရေး ပဏာမဆွေးနွေး



အင်္ဂါ, 20 ဒီဇင်ဘာ 2011

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရေး ပဏာမဆွေးနွေး

By မသင်းသီရိ

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်လမ်း ရိုက်ကူးရေးကိစ္စအတွက် ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေး
 ကော်မတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာလ ၂၀ ရက်၊ အင်္ဂါနေ့မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

ဇာတ်ညွန်းရေးဖို့ အပါအဝင် ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်မယ့် ဇာတ်ဆောင်ကို ရွေးချယ်ရေးကိစ္စတွေ၊ ရိုက်
ကူးရေး နည်းပညာပိုင်းဆိုင်ရာတွေကို ပဏာမ ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။

ဒီအခြေအနေ အပြည့်အစုံကိုတော့ ဇာတ်ကားဖြစ်မြောက်ရေး ပါဝင်လုပ်ဆောင်နေကြသူတွေနဲ့ ဆက်သွယ်မေးမြန်း ထားတဲ့  မသင်းသီရိ က တင်ပြပေးထားပါတယ်။

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်ကူးဖို့ အနုပညာရှင်တွေနဲ့ ဒေါ်အောင်
ဆန်းစု ကြည်တို့ တွေ့ဆုံခဲ့ကြပြီးတဲ့နောက် ဖွဲ့စည်းလိုက်တဲ့ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးကော်မတီ နဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ ဒီဇင်ဘာ၂၀ ရက်၊ အင်္ဂါနေ့ နေ့လည်ပိုင်းက ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေ အိမ်မှာ တွေ့ခဲ့ကြတာပါ။

ကော်မတီအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းကြောင်းတွေကို ပြည့်ပြည့်စုံစုံ သိရအောင် စာအုပ်စာပေတွေ ထဲမှာသာမက သမိုင်းပညာရှင်တွေရဲ့ အချက်အလက်စုဆောင်းပေးမှုတွေကိုလည်း လေ့လာနေပြီး ဇာတ်
ညွန်းရေးနိုင်ဖို့ စီစဉ်နေကြတယ်လို့ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကား ဖြစ်မြောက်ရေးကော်မတီက ပြောပါတယ်။

ဒီလိုဇာတ်ညွန်းကိစ္စအပြင် ဗိုလ်ချုပ်နဲ့ဒေါ်ခင်ကြည်တို့ နေရာကနေ သရုပ်ဆောင်ဖို့ ရွေးချယ်ရမယ့် မျက်နှာသစ် သရုပ်ဆောင်ကိစ္စတွေအတွက် ဆွေးနွေးခဲ့ကြတယ်လို့ ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကားဖြစ်မြောက်ရေးကော်မတီ က ပြန်ကြားရေးတာဝန်ခံ ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြူသျှင် ကပြောပါတယ်။

 ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြူသျှင်

“ဇာတ်ညွှန်းအတွက်ကို ဗိုလ်ချုပ်ရဲ့သမိုင်းကြောင်း၊ ကော်မတီဝင်တွေအားလုံးသိဖို့လိုတယ်ဆိုပြီးတော့ သမိုင်းကြောင်းနဲ့ပတ်သက်တဲ့ စာအုပ်တွေ၊ ဝယ်လို့ရတဲ့စာအုပ်တွေရော၊ ဝယ်လို့မရတဲ့ ပုံနှိပ်ပေါ်ကို မရောက်လာတဲ့ တကယ့် ဗိုလ်ချုပ်ရဲ့အကြောင်း အတ္ထုပ္ပတ္တိကို သမိုင်းပညာရှင်များအနေနဲ့ ရှာပေးတယ်။
ရှာပေးပြီးတဲ့အခါမှာ မိတ္တူဆွဲပြီးတော့ ကော်ပီတွေ တယောက်တအုပ်ယူကြတယ်။ တယောက်တအုပ်ယူပြီးတဲ့အခါမှာ ကိုယ့်အိုင်ဒီယာနဲ့ကိုယ် gist (အကျဉ်းချုပ်) တွေ ထုတ်ရမယ်။
 ထုတ်ပြီးတော့ ဆွေးနွေးရမယ်။ ဆွေးနွေးပြီးတဲ့အခါမှာ ဇာတ်ညွှန်းပေါ့လေ- အကြိမ်ကြိမ်ရေးမှတ်မယ်လို့ ဆုံးဖြတ်ထားကြတယ်။
ဆုံးဖြတ်ပြီးတော့ ဒီနေ့တွေ့တဲ့အခါမှာ အန်တီစုကို အဲဒီအကြောင်း ပြောပြတယ်။
ပြောပြပြီးတဲ့အခါမှာ အန်တီစုက သရုပ်ဆောင်ကိုစိတ်ပူတယ်။
 ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနေရာက သရုပ်ဆောင်က မျက်နှာသစ်ဖြစ်မယ် ဒေါ်ခင်ကြည် နေရာ ကလည်း မျက်နှာသစ်ဖြစ်မယ်။
မျက်နှာသစ် ၂ ယောက်က လုပ်နိုင်ဖို့အတွက်ပေါ့လေ၊ ကြိုတင်ပြီးတော့ ရှာထားဖို့ရယ်၊ ဗိုလ်ချုပ်အောင်ဆန်းနေ
ရာက သရုပ်ဆောင်မယ့်သူကို သေချာ train လုပ်ဖို့ရယ်ကို အန်တီစုက စိတ်ပူတဲ့အတွက်ကြောင့်မို့လို့ ဇာတ်ညွှန်းမ ပီးခင်၊ ဇာတ်ညွှန်းစပြီးတော့ အကောင်အထည်ဖော်နေတဲ့အချိန်မှာကိုပဲ သရုပ်ဆောင်လေ့ကျင့်မှုအပိုင်းကို လုပ်စေချင်တဲ့ အကြောင်း ပြောတယ်”

ဇာတ်ကားရိုက်ကူးရေးအတွက် ရုပ်ရှင်သရုပ်ဆောင် ကျော်သူက သူတို့ပိုင်တဲ့ အမျိုးသားရုပ်ရှင်ကို လုပ်ငန်းတွေနဲ့ ရိုက်ကူးရေးအတွက် လှူဒါန်းခဲ့သလို ဇာတ်ကားအတွက် လိုအပ်မယ့် နိုင်ငံခြားဆီက နည်းပညာပိုင်းဆိုင်ရာတွေ ကိစ္စတွေအတွက်လည်း တိုင်ပင်ခဲ့ကြပါတယ်။

“ဦးကျော်သူပေါ့လေ။ ဦးကျော်သူက သူတို့ရဲ့အမျိုးသားရုပ်ရှင်ကို ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရိုက်ကူးရေးအတွက် သူက လှူတယ်လို့ အန်တီစုကိုပြောတယ်။ ဆွေးနွေးရင်းကနေပြီးတော့မှ ကော်မတီထဲမှာ ဆွေးနွေးကြတာကတော့ ဦးကျော်သူက ဒုတိယဥက္ကဋ္ဌအနေနဲ့ ပါဝင်သွားပြီပေါ့လေ။ ပါဝင်တဲ့သူတွေနဲ့ နောက်တခုက နိုင်ငံခြားပေါ့လေ၊ နိုင်ငံခြားဘက်က အကူအညီလာမယ်ဆိုတဲ့အခါမှာလည်း အင်္ဂလန်နိုင်ငံပါဖြစ်လာမယ်။ ဂျပန်ပါဖြစ်လာမယ်။ဒါကြောင့် အင်္ဂလန်ပြည်က အကူအညီလိုတယ်။
ဂျပန်ပြည်က အကူအညီလိုတယ်။ စက်ပစ္စည်းပိုင်းဆိုင်ရာ အကူအညီဆိုရင်လည်း ကိုယ့်ရဲ့ဘက်က ဘာတွေ
လိုအပ်လဲ။
လိုအပ်တဲ့အရာကို သေချာပြောပေါ့။ ဟိုဘက်က ကူညီမယ့်အရာတွေကလည်း ဘာတွေကူညီမှာလဲ။
အဲဒါတွေကို နည်းနည်းထပ်ပြီးတော့ ကော်မတီနဲ့ နိုင်ငံခြားဘက်က ကူညီမယ့်သူတွေနဲ့တွေ့ဆုံပြီးတော့မှ ထပ်ပြီးနောက်တဆင့်ဆွေးနွေးရမယ်ပေါ့။
အဲဒါနဲ့ပတ်သက်ပြီးတော့လည်း အကြမ်းဖျင်းလေးပြောကြတယ်”

ဒါရိုက်တာ ကြည်ဖြူသျှင်ပါ။

ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်ဖို့နဲ့ ဇနီးဖြစ်တဲ့ ဒေါ်ခင်ကြည်ရဲ့နေရာတွေအတွက် မျက်နှာသစ် သရုပ်ဆောင်တွေကို မကြာခင် ကြေညာကာ စတင်ရွေးချယ်ဖို့ စီစဉ်နေပြီလို့ ကော်မတီဝင်တဦးဖြစ်တဲ့ ဒါရိုက်တာ ၀ိုင်းက ပြောပါတယ်။ ဘာကြောင့် လက်ရှိ သရုပ်ဆောင်တွေထဲက မရွေးဘဲ မျက်နှာသစ်တင်ကာရိုက်ဖို့ စီစဉ်သလဲဆိုတာနဲ့ပတ်သက်လို့တော့


ရုပ်ရှင်ဒါရိုက်တာ ၀ိုင်း

“လောလောဆယ်လက်ရှိသရုပ်ဆောင်တွေထဲမှာပေါ့နော်-ဗိုလ်ချုပ်အောင်ဆန်းနဲ့ အသွင်သဏ္ဍန်တူတဲ့သူ မရှိပါဘူး။ ၁-အချက်၊ ၂-အချက်က သူနဲ့တော်တော်လေး ရုပ်တူတဲ့သူရွေးပြီးတော့ သူ့ရဲ့လေသံကအစ၊ အပြောအဆိုကအစ တူမှ ဗိုလ်ချုပ်လို့ ကျနော်တို့ ဗမာပြည်သူပြည်သား တွေက လက်ခံပြီး ခံစားနိုင်မယ်။
ကျနော်တို့အတွက် သင်ရတာက အခက်အခဲရှိသော်ငြားလည်း ကျနော်တို့ တနှစ်လောက်အချိန်ရတဲ့အတွက် သူ့ကို ကျနော်တို့ ဗိုလ်ချုပ်နဲ့တူအောင် လေ့ကျင့်ပေးနိုင်ပါတယ်။
တပတ် နှစ်ပတ်အတွင်းမှာ ရုံးခန်းလိပ်စာ အတည်တကျဖြစ်ရင် မျက်နှာသစ်သရုပ်ဆောင်ရွေးတာနဲ့ပတ်သက်ပြီး ဂျာနယ်တွေမှာ ဖောင်ပုံစံကိုတင်ပေးပါမယ်။
 ဗမာတနိုင်ငံလုံး အတိုင်းအတာနဲ့ရွေးမှာပါ။ အသက်အပိုင်းအခြားလေး ၂၀ ကနေ၊ ၃၀ ကြား ကန့်သတ်ထားတာတခုပဲရှိပါတယ်”

ရုပ်ရှင် ဒါရိုက်တာ ၀ိုင်းပြောပြခဲ့တာပါရှင်။ လာမယ့် ၂၀၁၅ ဟာ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် ဖြစ်တဲ့အတွက် အဲဒါအမှီ ဗိုလ်ချုပ် အထ္ထုပ္ပတ္တိ ရိုက်ကူးဖို့ မြန်မာ့ရုပ်ရှင်အနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စီစဉ်နေကြတာဖြစ်ပြီး ဒီဇာတ်ကားဖြစ်မြောက်ရေး ကော်မတီရဲ့ နာကယအဖြစ်လည်း ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူထားတာ ဖြစ်ပါတယ်။



သတင်းကို အောက်ပါလိပ်စာမှာ ရယူနိုင်ပါတယ် 
http://www.voanews.com/burmese/news/----12_20_11_my-news-burma----135968053.html

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....