+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, December 25, 2011

၂၇၅၁နှစ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အလှူဒါန


၂၇၅၁နှစ်မြောက် 

ကရင်နှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် 

အလှူဒါန ပြုမည် 

by ဇွဲကပင်မျိုးချစ်လူငယ် (စင်္ကာပူ)

ဇွဲကပင် မျိုးချစ် ကရင်လူငယ်အဖွဲ့ (စင်္ကာပူ)က ကရင် အမျိုးသား နှစ်သစ်ကူး ပွဲတော် အထိမ်းအမှတ်အဖြစ် နှစ်စဉ် ပြုလုပ် လှူဒါန်းနေကျဖြစ်သော ဆွမ်းကျွေးအလှူကို ခရစ်နှစ် ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့ (တနင်္ဂနွေနေ့) တွင် စင်္ကာပူနိုင်ငံ Kallang MRT အနီး၊ No: 59, Lor 4 Geylang Singapore 399297 တွင် တည်ရှိသော ရွှေတိဂုံအသင်းတော် “ဓာတ်တော်တိုက်” မြန်မာ ဘုန်းတော်ကြီးကျောင်းတွင် ဘုရားအမှူးရှိသော သံဃာတော် အရှင်မြတ်များအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းမည်ဖြစ်သည်။

အဆိုပါ အလှူပွဲ ကျင်းပရေးကိစ္စကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့က ကျင်းပခဲ့သော အထူးအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုခဲ့ခြင်း ဖြစ်သည်။ စင်္ကာပူနိုင်ငံရောက် မျိုးချစ် ကရင်ညီအကို မောင်နှမ အားလုံးအားလည်း ကြွရောက် သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ရန်လည်း နှိုးဆော်ထားကြောင်း သတင်းရရှိပါသည်။

(သတင်း - ကရင်လေးမောင်ထင်)

Credit http://www.zwekabinyouth.co.cc/2011/11/blog-post_19.html#comment-form

0 comments:

Post a Comment