+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, December 25, 2011

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို စိန့်ပေါမြို့၌ ကျင်းပ,ပြီးစီးသွားခြင်း

မလေးရှားနိုင်ငံတွင် ကျင်းပပြီးစီးသွားသည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခန်းအနား 
(မှတ်တမ်းဓါတ်ပုံကို ကိုးဒီသွေး မှရယူပါသည်)


ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို စိန့်ပေါမြို့၌ 

ကျင်းပ,ပြီးစီးသွားခြင်း

ယနေ့ ကရင့်သက္ကရာဇ် ၂၇၅၁ခုနှစ် ပြာသိုလဆန်း (၁)ရက်နေ့ တွင်ကျရောက်သည့် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို အမေရိကန်ပြည်ထောင်စု မင်ဏီဆိုးတားပြည်နယ် စိန့်ပေါမြို့၌ နှစ်နေရာ ကျင်းပ ကြကြောင်း သတင်းရရှိပါသည်။

စိန့်ပေါမြို့ရှိ ဖုတာမိုက်ကျေးဇူးဟုအမည်ရသည့် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ကြသကဲ့သို့ တမြို့ထဲရှိ ဖုမန်းချစ်မောင်နှင့်ဖိနန်းမနုတို့ မိသားစုနေအိမ်၌လည်း ကျင်းပပြုလုပ်ကြောင်းသတင်းရ ရှိပါသည်။

ဖုမန်းချစ်မောင်နှင့် ဖိနန်းမနုတို့ နေအိမ်တွင် ကရင့်နှစ်သစ်ကူးနေ့ အခန်းအနားပြင်ဆင်နေစဉ်

လာမည့် ဒီဇင်္ဘာ ၃၁ရက်နေ့နှင့် ၂၀၁၂ခုနှစ် ဇန္န၀ါရီလ ၁ရက်(ကမ္ဘာ့နှစ်ဆန်း ၁ရက်)နေ့တို့တွင် ကရင့် အမျိုးသားယဉ်ကျေးမှု အကပဒေသာ အစုံအလင်ဖြင့် ကရင်အမျိုးသားတို့၏ နှစ်သစ်ကူးပွဲတော်ကို ၂ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ထပ်မံကျင်းပ,ကြလိမ့်ဦးမည်ဟု သိရှိရပါသည်။

အခန်းအနားအပြီး အမှတ်တရ ဓါတ်ပုံရိုက်နေစဉ်

မကြာမီရက်များအတွင်း ဖုမန်းချစ်မောင်နှင့် ဖိနန်းမနုတို့ မိသားစု၏ နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ရုပ်သံမှတ်တမ်းကို ဖေါ်ပြပေးသွားမည်ဖြစ်ပါသည်။

ဖုတာမိုက် (ဖူ့တာမိက်)

0 comments:

Post a Comment