+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, December 28, 2011

ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွား

ပေါက်ကွဲမီးလောင်မှုကြောင့် ဖြစ်ပေါ်ခဲ့သည့် ကျင်းချိုင့်တစ်ခု 

မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင်

ပေါက်ကွဲမှုနှင့်အတူ မီးလောင်ကျွမ်းမှု ဖြစ်ပွား 

Thursday, 29 December 2011
 
(ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်) ထပ်မံသိရှိရသော သတင်းများအရ မီးလောင်ကျွမ်းမှုကို ငြိမ်းသတ်နေဆဲဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာသော ဒဏ်ရာရသူမှာ ၈၀ ဦး ရှိကြောင်းသိရသည်။ သေဆုံးသူများမှာ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦးအပါအ၀င် ကျား ၁၀ ဦး မ ၅ ဦး ရှိပြီဖြစ်ကြောင်းသိရသည်။

ဒီဇင်ဘာ ၂၉ ရက်။ 9:00 AM (Update)

နံနက် (၉)နာရီတွင် သိရှိရသော သတင်းအရ ဒဏ်ရာရရှိသူ (၇၈) ဦး ရှိပြီး၊ သေဆုံးသူ (၁၇)ဦးရှိကြောင်း သိရှိပါသည်။ ဒဏ်ရာရသူ (၇၈)ဦးတွင် (၃၃)မှာ မီသတ်တပ်ဖွဲ့ဝင်များဖြစ်ပြီး သေဆုံးသူ (၁၇)ဦးအနက် (၆)ဦးမှာ မီသတ်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်းသိရှိရသည်။ အခင်ဖြစ်ပွားရာနေရာ၌ ပစ္စည်းသိုလှောင်ရုံ (၃၇)လုံး ရှိသည့်အနက် (၁၆)လုံးမှ မီးလောင်ကျွမ်းမှုတွင် ပါဝင်သွားခဲ့ကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှုတွင် မီးသတ်ယာဉ် (၂)စီးလည်း ပါဝင်ခဲ့ကြောင်းသိရသည်။ 9:15 AM (Update) မီးလောင်ကျွမ်းမှုသည် ၀ါယာရှော့ပ်ဖြစ်ရာမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ပြောကြားမှုမျာရှိသော်လည်း ကြီးမားသောပေါက်ကွဲမှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ တရားဝင် သတင်းအတိအကျ ထုတ်ပြန်ခြင်းမရှိသေးပါ။

12:15 PM (Update)

"ကျွန်တော်တို့ အင်ဂျင်နီယာပိုင်းဆိုင်ရာ စစ်ဆေးတွေ့ရှိမှုတွေအရ ဒါဟာ ၀ါယာရှော့လုံးဝမဟုတ်ပါဘူး။ လုံခြုံရေးမီးတစ်လုံးပဲ ရှိတဲ့နေရာကနေ ၀ါယာရှော့ဖြစ်ဖို့ မဖြစ်နိုင်ပါဘူး။ မီးလောင်ရင်တော့ ၀ါယာတွေမီးလောင်မှာပါပဲ။ လူတွေက အပြစ်လျော့အောင်လို့သာ ၀ါယာရှော့လို့ပြောနေကြတာပါ။ တကယ်တော့ ဒီမီးလောင်ကျွမ်းမှုဟာ ၀ါယာရှော့ကြောင့်မဟုတ်တာ အထောက်အထားတွေရှိပါတယ်"

ဟု အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မင်္ဂလာတောင်ညွန့်မြို့နယ် လျှပ်စစ်ဓါတ်အားပေးရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာမှုး ဦးတင်ထွန်း က ပြောပါသည်။

Credit http://www.news-eleven.com


0 comments:

Post a Comment