+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, December 23, 2011

အကျဉ်းသား ၂၉၀၀ လွှတ်ပေးမည်

Cuba's President Raul Castro delivers a speech during a National Assembly meeting in Havana yesterday. Picture: AP Source: AP 

(ထောင်တွင်းမှ အကျဉ်းသားများကို ခေါ်ထုတ်လာစဉ်) 

ကျူးဘားတွင် အကျဉ်းသား ၂၉၀၀ လွှတ်ပေးမည် 

24 Dec, 2011

ဟဗားနား ။ ။ လာမည့် နွေဦးရာသီတွင် ပုပ်ရဟန်းမင်းကြီး Benedict XVI လာရောက်မည့် အထိမ်းအမှတ်အဖြစ် လူသားချင်း စာနာထောက်ထားသည့် အနေဖြင့် ကျူးဘားနိုင်ငံရှိ အကျဉ်းသား ၂၉၀၀ အား လာမည့်ရက်များအတွင်း လွတ်ငြိမ်းချမ်းသာ ခွင့် ပေးမည်ဖြစ်ကြောင်း ကျူးဘားအစိုးရမှ သောကြာနေ့က ပြောကြားလိုက်သည်။

ယင်းသို့ လွတ်ငြိမ်း ချမ်းသာခွင့် ပေးမည့်သူများထဲတွင် အမေရိကန် အစိုးရ၏ အစီအစဉ်ဖြင့် ကျွန်းအတွင်းတွင် အင်တာနက် ဆက်သွယ်ရေး ကိရိယာများ လျှို့ဝှက်စွာ တပ်ဆင်ရန် ကြိုးစားမှု ပြုလုပ်ခဲ့သူ အမေရိကန်နိုင်ငံသား Alan Gross ဆိုသူမှာမူ ပါဝင်လိမ့် မည် မဟုတ်ကြောင်းသိရသည်။ ထိုစဉ်က ဖြစ်ရပ်ကြောင့် အမေရိကန်နှင့် ကျူးဘားတို့အကြား ဆက်ဆံရေးမှာ တင်းမာမှုများ ဖြစ်ပွားခဲ့ရကြောင်းလည်း သိရသည်။

Gross မှာ ယင်းပြစ်မှုကြောင့် ထောင်ဒဏ် ၁၅ နှစ် ကျခံနေရခြင်း ဖြစ်သည်။ ယခုလို လွတ်ငြိမ်းချမ်းသာခွင့်ကို အမျိုးသားအဆင့် စုံညီအစည်း အဝေးတွင် သမ္မတ ဖြစ်သူ Raul Castro မှပြောကြားခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများအထဲတွင် နိုင်ငံ၏ လုံခြုံရေးကို ထိပါးစေသည့် ပြစ်မှုများ ကျူးလွန်ခဲ့သူများလည်း ပါဝင်ကာ ယင်းတို့ကို နိုင်ငံရေးပြစ်မှုဖြင့် အပြစ်ပေးထားခြင်းလည်း မ ဟုတ်ကြောင်း ပြောခဲ့သည်။

ကျူးဘားနိုင်ငံမှာ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်ကလည်း နိုင်ငံရေး အကျဉ်းသားပေါင်း တစ်ရာကျော်ကို လွှတ်ေ ပးခဲ့ဖူးပြီး ယင်းမှာ ကက်သိုလစ် ဘုရားကျောင်းမှ တိုက်တွန်းမှုဖြင့် ယင်းသို့လွှတ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

source : euronews

Credit http://www.mrtv4.net.mm

မှတ်ချက်

ဓါတ်ပုံက ဗမာပြည်ကအကျဉ်းစံတွေနဲ့ တာဝန်ကျသူတွေရဲ့ပုံဖြစ်ပါတယ်။
ကျူးဘား က မဟုတ်ပါဘူး

0 comments:

Post a Comment