+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, December 20, 2011

ကမ္ဘာနှင့်ပုံစံတူသော ဂြိုဟ်နှစ်လုံး သိပ္ပံပညာရှင်များရှာဖွေတွေ့ရှိ

The Earth-size planet Kepler-20e is seen in an undated handout image. 
REUTERS/NASA/Ames/JPL-Caltech/Handout 
 Source Photo from
http://www.newsdaily.com 


An artist's concept of the new Earth-size planet Kepler-20f.
 Source Photo from
http://news.nationalgeographic.com 

ကမ္ဘာနှင့် ပုံစံတူသော ဂြိုဟ်နှစ်လုံး 

သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ 

21 Dec, 2011

သိပ္ပံပညာရှင်များမှာ ကမ္ဘာနှင့် အရွယ်အစား တူညီသော ဂြိုဟ်နှစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂြိုဟ်များမှာ ကမ္ဘာနှင့် အလင်းနှစ် ၉၅၀ ဝေးကွာပြီး ကမ္ဘာ့နှင့် ပုံစံတူဖြစ်သော်လည်း ဓါတ်ငွေများ ပိုမိုများပြားကြောင်း သိရသည်။

ယင်း ဂြိုဟ်များမှာ ကမ္ဘာကဲ့သို့ပင် နေနှင့်ပုံစံတူသည့် ကြယ်တစ်လုံးကို လှည့်ပတ်နေကြောင်း လည်း သိရသည်။ သို့ရာတွင် အလွန်လျှင်မြန်စွာ လည်ပတ်နေကာ အပူချိန်မှာလည်း အလွန်ပင်မြင့် မားကြောင်း သိရသည်။

၎င်းတို့မှာ ကမ္ဘာရှိအရာဝတ္ထုများနှင့် ယှဉ်ပါက အလွန်ပင်ပူလောင်လှကြောင်း MIT မှ ဂြိုဟ်သစ်ရှာဖွေရေး သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ မှ ပြောခဲ့သည်။
အဆိုပါ ဂြိုဟ်သစ်နှစ်လုံးကို Kepler အာကာသကြည့် မှန်ပြောင်းမှတွေ့ရှိခဲ့သဖြင့် Kepler 20e နှင့် Kepler 20f ဟုအမည်ပေးထားကြောင်းလည်း သိရသည်။

သိပ္ပံပညာရှင်များ၏ အပြောအရ အလွန်ပင်ပူလောင်လှသည့် ပတ်ဝန်းကျင်ကြောင့် ကမ္ဘာကဲ့သို့ သက်ရှိများ
ရှင်သန်နေထိုင်နိုင် မည့် လမ်းစများမှာမူ အလွန်ပင်နည်းပါးကြောင်းလည်း ယင်းသိပ္ပံပညာရှင်များမှ ပြောကြား သွားခဲ့သည်။

source : Washington post

Credit from http://www.mrtv4.net.mm

0 comments:

Post a Comment