+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, December 20, 2011

ဝ,ကို စေ့တိုအောင်လုပ်တာကိုး ၀,အားကီးစေ့ဆိုးလယ်

နေပြည်တော်၌ပြုလုပ်ခဲ့သော ကျောက်စိမ်းအရောင်းပြပွဲတစ်ခုတွင်
ပြသထားသည့် ကျောက်စိမ်းတုံးများကို တွေ့ရစဉ် 

တရုတ်နိုင်ငံမှ အခွန် ၃၃ ရာခိုင်နှုန်းကျော် ကောက်ခံ၍ မြန်မာနိုင်ငံ၏ 
နံပါတ်နှစ် ပို့ကုန် ကျောက်စိမ်း ယခုနှစ်တင်ပို့မှု အမေရိကန်ဒေါ်လာ 
သန်း ၆၀၀ ကျော်အထိ ကျဆင်း 

Wednesday, 21 December 2011

နှစ်စဉ်မြန်မာနိုင်ငံ ပို့ကုန်ကဏ္ဍတွင် ဒုတိယတင်ပို့မှု အမြင့်ဆုံးဖြစ် သည့်ကျောက်စိမ်းတင်ပို့မှုမှာ ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ကျဆင်းသွားခဲ့ရကြောင်းသိရသည်။ မြန်မာနိုင်ငံမှ တင်ပို့သည့် ကျောက်စိမ်းများအပေါ် တရုတ်နိုင်ငံမှ ယခင်နှစ်များက အခွန်ကောက်ခံမှုမပြုခဲ့ဘဲ ယခုနှစ်တွင်တင်ပို့သမျှ ကျောက်စိမ်းများအားလုံးကို အခွန်နှုန်း ၃၃ ဒသမ ၉၉ ရာခိုင်နှုန်း ကောက်ခံသည့်အတွက် ယခုကဲ့သို့ တင်ပို့မှု ကျဆင်းရခြင်းဖြစ်ကြောင်း
သိရသည်။

တရုတ်နိုင်ငံမှ ကျောက်စိမ်းလုပ်ငန်းရှင်များအနေဖြင့် အခွန်တိုးကောက်သည့်အတွက် မြန်မာနိုင်ငံ မှ ကျောက်စိမ်း များအား ယခင်ကကဲ့သို့ ၀ယ်ယူနိုင်စွမ်း မရှိတော့ကြောင်း၊ ယခုအခါမြန်မာနိုင်ငံမှ ကျောက်စိမ်းလုပ်ငန်းရှင်များ အနေဖြင့် ကျောက်စိမ်းအချောထည်များအဖြစ် ပြုလုပ်တင်ပို့သည့်ဘက်သို့ ဦးတည်နေရကြောင်း သိရသည်။

တရုတ်နိုင်ငံမှ အခွန်ကောက်ခံမှုနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးဝင်းမြင့်က

''ကျောက်စိမ်းကို တရုတ်နိုင်ငံက ၃၃ ဒသမ ၉၉ ရာခိုင်နှုန်း အခွန်ကောက်တယ်။ အဲဒီအတွက် ကျောက်စိမ်းကို ကုန်ချောလုပ်ပြီး One Stop Services နဲ့ ပို့ဖို့လုပ်ပါတယ်''

ဟု ဒီ ဇင်ဘာလ ၁၁ ရက်နေ့က ကျင်းပသည့်တွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။

''၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်နဲ့ အခုဘဏ္ဍာရေးနှစ်ရဲ့ ကာလတူကို နှိုင်းယှဉ်မယ်ဆိုရင်တော့ ဒီနှစ်မှာ မနှစ်ကထက် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်လောက် လျော့ကျနေပါပြီ။ နောက်ထပ်ဘဏ္ဍာရေးနှစ် ကုန်ဖို့ကလည်း သုံးလလောက်ပဲ ကျန်တော့တဲ့အတွက် မနှစ်ကပမာဏမျိုး မီဖို့ကတော့ ခက်သွားပြီလို့ ပြောရမှာပါ''

ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

''ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ပို့ကုန်ကဏ္ဍမှာတော့ ဒီဘက်နောက်ပိုင်းနှစ်တွေမှာ ကျောက်စိမ်းက ဒုတိယ အများဆုံးပို့တဲ့ ပို့ကုန်ပါ။
ဒီနှစ်မှာတော့ သတ္တုတွင်းထွက်ကဏ္ဍက လက်ရှိအချိန်မှာ ဒုတိယအများဆုံး ပို့တဲ့ပို့ကုန် ဖြစ်နေတယ်။ သဘာဝဓာတ်ငွေ့ကဏ္ဍကတော့ ထုံးစံအတိုင်း နံပါတ်တစ်ပါ။ လက်ရှိမှာအမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံလောက်တော့ သဘာဝဓာတ်ငွေ့ တင်ပို့မှုက ရရှိထားပါတယ်။
 ကျောက်စိမ်းတင်ပို့မှု အတွက် ကတော့ ကျွန် တော်တို့ဆီမှာ Form-D တို့ Form-E တို့ ရှိတယ်။
အဲဒါတွေနဲ့ ပို့တဲ့အခါ အခွန်သက်သာခွင့် ရလေ့ရှိတယ်။
အခု အဲဒါနဲ့ ပို့ကြည့်မယ်။
ပို့ကြည့် တဲ့အခါ တရုတ်နိုင်ငံက အခွန်သက်သာခွင့် မပေးဘူးဆိုရင်တော့ သက်ဆိုင်ရာ နှစ်နိုင်ငံအစည်း
အဝေးတွေမှာ အရင်တုန်းက MoU ထိုးထားတဲ့အကြောင်း သက်သာခွင့်ပြုဖို့အကြောင်း ညှိနှိုင်းသွားဖို့တော့ စီစဉ်ထားပါတယ်''

ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ခဲ့သည်။

Copy from http://www.news-eleven.com/

0 comments:

Post a Comment