+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, November 23, 2010

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် သားငယ် ကိုထိန်လင်း (ခ) ကင်မ်အဲရစ်သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၂၃ ရက် နေ့ နံနက်ပိုင်းက လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။

ကိုထိန်လင်း မြန်မာနိုင်ငံသို့ ရောက်ရှိလာမှုကို မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်ကြိုဆိုခဲ့သည်။ သားအမိနှစ်ဦး ယခုတွေ့ဆုံမှုမှာ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလက နောက်ဆုံး တွေ့ဆုံခွင့်ရခဲ့ကြောင်း သိရသည်။

အသက် ၃၃ နှစ်အရွယ်ရှိပြီ ဖြစ်သည့် ကိုထိန်လင်း (ခ) ကင်မ်အဲ ရစ်သည် ဒေါ်အောင်ဆန်းစုကြည် ၏သားနှစ်ယောက်အနက် အငယ်ဆုံးသားဖြစ်ပြီး ဗြိတိန်နိုင်ငံတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

၎င်းသည် မြန်မာနိုင်ငံတွင် နေထိုင်ခွင့် နှစ်ပတ်ရရှိခဲ့ကြောင်း သတင်း ဖော်ပြချက်များအရ သိရသည်။

သားကြီးဖြစ်သူ ကိုမြင့်ဆန်းအောင် (ခ) အလက်ဇန်းဒါးအဲရစ် အသက်(၃၈)နှစ်မှာ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက်ရှိသည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။

သားငယ် မြန်မာနိုင်ငံသို့ ရောက်ရှိလာမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က အရမ်းဝမ်းသာမိကြောင်း သတင်းထောက်များ ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြောကြားခဲ့ကြောင်း သတင်း ဖော်ပြချက်များအရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာပြီး ၁၀ ရက်အကြာတွင် သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ်အဲရစ်နှင့် ယခုကဲ့သို့ ပြန်လည်တွေ့ ဆုံခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment