+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, May 1, 2009

အလွယ်ကူဆုံးနဲ့ အခက်ခဲဆုံး

အလွယ်ကူဆုံးနဲ့ အခက်ခဲဆုံး
မနီလွိုင်မြန်မာကျောင်းသားများစခန်းမှ အမှတ်တရ
ဓါတ်ပုံ မင်းစိုးစံ


လူတစ်ယောက်ရဲ့ Address book မှာ နေရာတနေရာစာရဖို့ လွယ်ကူပါတယ်။
လူတစ်ယောက်ရဲ့ နှလုံးသားမှာ နေရာတနေရာရဖို့ ခက်ခဲပါတယ်။

သူများအမှား၊အပြစ်ကိုရှာဖို့ အင်မတန်လွယ်ကူပါတယ်။
မိမိ အမှားကို မှတ်ယူ၊ ရှောင်ကြဉ်ဖို့ ခက်ခဲပါတယ်။

မစဉ်းစားပဲ စကားလျှောက်ပြောဖို့ လွယ်ကူပါတယ်။
အမှားကင်းအောင် စကားပြောဖို့ ခက်ခဲပါတယ်။

မိမိကို ချစ်ခင်တဲ့လူကို စိတ်နာကျင်အောင်လုပ်ဖို.လွယ်ကူပါတယ်။
ထိုစိတ်နာကျင်မှုကို ပြန်လည်ကုစားဖို့ ခက်ခဲလှပါတယ်။

တပါးသူကို မိမိကခွင့်လွတ်ဖို. လွယ်ကူပါတယ်။
တပါးသူကို မိမိအားခွင့်လွတ်ဖို့ တောင်းဆိုရတာ ခက်ခဲပါတယ်။

စည်းကမ်း၊စည်းမျဉ်းတွေ ချမှတ်ရတာ လွယ်ကူပါတယ်။
လိုက်နာဖို့ ခက်ခဲပါတယ်။

အောင်နိုင်သူ ဖြစ်ရတာ လွယ်ကူပါတယ်။
သိက္ခာရှိရှိ ရှူံးနိမ့်သူဖြစ်ဖို့ ခက်ခဲပါတယ်။

ကျောက်တုံး နှင့်ခလုတ်တိုက်မိဖို့ လွယ်ကူပါတယ်။
ပြန်ထရတာ ခက်ခဲပါတယ်။

နေ့တိုင်း ဘ၀ကို ပျော်ပျော်ရွင်ရွင်ဖြတ်သန်းရတာ လွယ်ကူပါတယ်။
တန်ဖိုးရှိရှိ ဖြတ်သန်းဖို့ ခက်ခဲပါတယ်။

ဂတိတခု လွတ်ခနဲပေးဖို့ လွယ်ကူပါတယ်။
ဂတိအတိုင်း လိုက်လုပ်ဖို့ ခက်ခဲပါတယ်။

ချစ်တယ်လို့ပြောရတာ လွယ်ကူပါတယ်။
အမြဲတမ်းချစ်ပြနေဖို့ ခက်ခဲပါတယ်။

သူများကို ဝေဖန်ရတာ လွယ်ကူပါတယ်။
မိမိကိုယ်ကို တိုးတက်အောင် လုပ်ရာမှာ ခက်ခဲပါတယ်။

အမှားတခု လုပ်ရတာ လွယ်ကူပါတယ်။
အဲဒီအမှားကနေ သင်ယူဖို့ ခက်ခဲပါတယ်။

ပြီးဆုံးသွားတဲ့ အချစ်ဇာတ်လမ်းကို ပူဆွေးတောင့်တရတာလွယ်ပါတယ်။
အဲ့လို ပြီးဆုံးမသွားအောင် လုပ်ဖို့က ခက်ခဲပါတယ်။

တိုးတက်ကြီးပွားဖို့ စဉ်းစားရတာ လွယ်ပါတယ်။
စဉ်းစားတာတွေရပ်ပြီး လက်တွေ့အကောင်အထည်ဖေါ်ဖို့က ခက်ခဲပါတယ်။

ချစ်သူငယ်ချင်းရေလို့ နှုတ်ကပြောရတာလွယ်ပါတယ်။
ထိုကဲ့သို့ချစ်ချစ်ခင်ခင် ပေါင်းသင်းဖို့ ခက်ခဲပါတယ်။

တွမ်ဘိဏ်းဆိုဒ်
ကနေဒါ
ဟစ်တိုင်မှ ကူးယူဖေါ်ပြပါသည်။
မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

0 comments:

Post a Comment