မြင်တတ်ဘို့လိုပြီ
စားဖိုမှူးရေ
မင်းလက်ထဲကဓါး
သိပ်ထက်ကြောင်းမကြွားပါနဲ့။
စဉ်းတုံးမပါရင်
ခုတ်ထစ်ချင်တဲ့အသား
ပြတ်ပါ့မလားကွ။
စဉ်းတုံးကခပ်ပွပွ
သားတစ်ကျ မသေးမကြီး
ဓါးမကြီးနဲ့ ခုတ်တယ်ထား
စုတ်ပြတ်နေတဲ့ သားတစ်ကြား
စဉ်းတုံးသားစတွေ ရောပါရင်
မင်းဓါးထက်ကြောင်းကြွားလိုက်တိုင်း
သိသူတွေက ဟားတိုက်လိမ့်မယ်။
စဉ်းတုံးကခပ်ကျစ်ကျစ်
သားတစ်ကမကြီးမလတ်
ဓါးမကြီးက ခပ်ထက်ထက်
လိုတဲ့ပုံစံခုတ်တိုင်းရ
ဟန်ကျပန်ကျ ဖြစ်မယ်မှမကြံ
စဉ်းတုံးကိုချန်ထား
ဓါးထက်ကြောင်းပဲ မကြွားနဲ့ဟေ့။
စဉ်းတုံးမယူ အကြွားသန်
ဘက်မတန်သလို ဘေးထုတ်
စဉ်းတုံးကို မီးစာလုပ်ရင်း
တဖြုတ်ဖြုတ်နဲ့ အချိန်တွေကုန်ခဲ့။
ခုတော့
ဓါးထက်ပေမယ့် စဉ်းတုံးမဲ့နေတဲ့ မင်း
ဟင်းစားချက်ဘို့ ခက်နေပြီလား။
မင်းစိုးစံ (အဝေးရောက် ကရင်ဒုက္ခသည်တဦး)
1 comments:
ကဗျာလေးကို ဖတ်ပြီးပြီးချင်း ကြက်သီးထသွားတယ်...
ဟင်းစားချက်ဖို့ မခက်အောင်..တစ်ခုခု တော့ ရှိမယ်လို့ ယုံကြည်တယ်..
Post a Comment