+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, May 5, 2009

လောက၌ သားသမီး ၅မျိုးရှိ၏

လောက၌ သားသမီး ၅ မျိုးရှိ၏

ထိုသားသမီး ၅မျိုးတို့သည်ကား

(၁) အဖိုးတန်ကျောက်သံပတ္တမြားနှင့်တူသော သားသမီး။
(၂)ကျေးဇူးတရားကို အထူးသိတတ်သော သားသမီး။
(၃) ကျီး၊ငှက်တို့နှင့်တူသော သားသမီး။
(၄)မိဘကို ကိုယ်ကျိုးနဲစေသော သားသမီး။
(၅) ငှက်ပျောသီးနှင့်တူသော သားသမီး စသည်တို့ဖြစ်၏။

အဖိုးတန်ကျောက်သံပတ္တမြားနှင့်တူသော သားသမီးတို့သည် မိဘစိတ်တိုင်းကျ ပြီးပြည့်စုံအောင် ဆောင်ရွက်တတ်ကြသူများဖြစ်၏။ ထိုသူတို့သည် မိမိတို့၏ကိုယ်နှိုက်က ပညာဥစ္စာ ရတနာ စည်းစိမ်ဂုဏ်သိမ်များ ပြည့်စုံကုံလုံသည်သာမက ကောင်းသောဂုဏ်သတင်းကျော်ဇော မှုကြောင့် မိဘများသည်ပင်လျှင် လူခပင်းအကြား၌ ရိုသေလေးစားတန်ဘိုးထားခြင်းခံရလေ၏။
ထို့ကြောင့် ထိုသို့သောသားသမီးတို့၏ မိဘတို့သည် အဖိုးထိုက်တန်သောရတနာတပါးကို ရရှိပိုင်ဆိုင်ထားသူများဖြစ်ကြ၏။
အဖိုးအနဂ္ဂထိုက်သောရတနာတို့မည်သည် နေရောင်ဟပ်လိုက်သည်နှင့် ပတ်ဝန်းကျင်တခိုအား လင်းကနဲလက်ကနဲ ဖြစ်စေဘိသကယ့်သို့ ထိုအနှီသော သားသမီးတို့၏ ဂုဏ်သတင်းအရှိန်အဝါဖြင့်

မိဘ၊ ဆွေမျိုး၊ ရပ်ရွာ၊ တိုင်းနိုင်ငံ တို့သည် ကောင်းသောဂုဏ်သတင်းဖြင့် ကျက်သရေတိုးစေ၏

ကျေးဇူးတရားကို အထူးသိတတ်သော သားသမီးတို့သည် မိဘနှစ်ပါး စိတ်ဆင်းရဲ၊ ကိုယ်ဆင်း ရဲဖြစ်စေမည့်အရာ၊ အပြုအမူ၊ အနေအထိုင်၊ အပြောအဆိုမှန်သမျှ ပြုမူပြောဆိုနေထိုင်ခြင်း
မပြုသည့်အပြင် မိဘတို့၏သွန်သင်ဆုံးမမှုအတိုင်း တသွေမတိမ်းလိုက်နာဆောင်ရွက်လျှက် လောကနီတိကျမ်းအရ သားသမီးဝတ္တရား ငါးပါးနှင့်အညီ နေထိုင်ကျင့်ကြံသူများဖြစ်ကြ၏။

ကျီး၊ငှက်တို့နှင့်တူသောသားသမီးတို့သည်ကား အိုမင်းမစွမ်းဖြစ်နေသော မိအိုဘအိုတို့ကို
ရို သေလေးစားခြင်းမရှိသည်သာမက၊ မိဘတို့အား တလှည့်ပြန်လည် ကျွေမွေးပြုစုစောင့်ရှောက်
ယုယရန် ဝန်လေးတတ်ကြ၏။
ယခုခေတ်ယခုကာလများ၌ ထိုသို့သောသားသမီးများ များစွာပေါက်ဖွါးရှင်သန်လျှက်ရှိသည်ကို
တွေ့မြင်နေရ၏။
ကျီး၊ငှက်တို့သည် အတောင်စုံလာပါက၊ အသိုက်အမြုံကို စွန့်ခွါသွားကြသည့်နည်းတူ ထိုထိုသော သားသမီးအပေါင်းတို့သည် မိအိုဘအိုတို့ကို စွန့်ခွါထားရစ်ကြလေ၏။

မိဘကိုကိုယ်ကျိုးနည်းစေသော သားသမီးတို့သည်ကား ပျင်းရိပျင်းတွဲဖြင့်နေထိုင်လေ၏၊
မိမိ​ဝမ်းစာကိုပင် ကိုယ်တိုင်ရှာဖွေစားသောက်ခြင်းမပြုသည့်အပြင် မိဘတို့၏ချွေးနှီးစာအား
နည်းမျိုးစုံဖြင့် မိဘနှစ်ပါးစိတ်ဆင်းရဲ ကွယ်လွန်ရသည်အထိ သုံးဖြုဉ်းပစ်လေ၏။

ငှက်ပျောသီးနှင့်တူသော သားသမီးတို့သည်ကား မိဘကိုမျှမက တပါးသောသူများအပေါ်၌ပါ
ဆိုးသွမ်းမိုက်မဲ ယုတ်ကန်းသောသူများဖြစ်၏။ ထိုသားသမီးတို့၏ အပြုအမူများကြောင့် မိဘတို့သည် အမှုအခင်းများကိုဖြေရှင်းကြရသည့်အပြင် ကျေးဇူးတရားမသိ၊ လောကပါလတရားကို နားမလည်
နိုင်ကြသဖြင့် ထိုသားသမီးတို့အတွက်ဖြင့် အသက်ဆုံးရှုံးရလေ၏။
ငှက်ပျောသီးသည် အပင်ကို သေစေသကယ့်သို့ ထိုထိုသောသားသမီးတို့သည် မိဘနှစ်ပါးကို မရည်ရွယ်ပဲနှင့်ဖြစ်စေ၊ ရည်ရွယ်ချက်ဖြင့်ဖြစ်စေ ဆင်းရဲဒုက္ခမြောက်များစွာကို ခံစားစေကာ၊
ကြေကွဲမှု ယူကြုံးမရဖြစ်မှုတို့ဖြင့် လူ့ဘဝကိုပင်ပမ်းခြင်းကြီးစွာ စွန့်ခွါစေသောသူများဖြစ်လေ၏။


ဖေါ်ပြပါ သားသမီးငါးမျိုးအနက် စာရှုသူတို့သည် မည်သို့သော သားသမီးများဖြစ်ကြသည်
ဆိုသည်ကို မိမိကိုယ်ကို မညှာမတာဆန်းစစ်လျှက် ပြုမူနေထိုင်ကျင့်ကြံသွားကြစေလိုသော
ဆန္ဒဖြင့် ရေးသားအသိပေးလိုက်ခြင်းဖြစ်ပါ၍ သတိတရားများဖြင့် လောကတခိုအား
အလုပ်အကျွေး ပြုနိုင်ကြပါစေဟု။
သားသမီးဝတ္တရားငါးပါး
ကျွေးမွေးမပျက် ဆောင်ရွက်စီမံ

မွေခံထိုက်စေ လှူမျှဝေ၍
စောင့်လေမျိုးနွယ် ဝတ်ငါးသွယ် ကျင့်ဘွယ်သားတို့တာ။
တတိယအကြိမ်မြောက် အားမာန်သစ်မဂ္ဂဇင်းမှ ကျဝ်မိင်လးယှူး(ကျော်မိန်လားရှူး) ကရင်ဘာသာ
ဖြင့် ရေးသားထားသည်ကို ဗမာဘာသာဖြင့်ဆီလျှော်အောင်ပြန်ဆိုလိုက်ခြင်းဖြစ်ပါသည်။
မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

1 comments:

မဆုမွန် said...

ကောင်းလိုက်တဲ့ စာပေစကားလုံးတွေပါပဲ..
ကူးယူဖော်ပြချင်ရင် အဆင်ပြေမလား မသိဘူးရှင်။။

Post a Comment