+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, May 8, 2009

ဓါတ်ပုံမှပြောသော စကားများ

ဓါတ်ပုံမှပြောသော စကားများ
မောင့်သူငယ်ချင်းရဲ့ သမီးတွေ
ထီးဆောင်းပြီး ကျောင်းတက်နေချိန်မှာ

မောင်နဲ့မရဲ့သမီးလေးခမျာ
လမ်းဘေးမှာ
ပန်းရောင်းနေရရှာတယ်မောင်

ငါး၊ပုဇွန်ခွံတွေ မောင်ခွါနေခိုက်


စောင်းပိုက်ပြီး သီချင်းငြီးနေတာ
မောင့်သူငယ်ချင်းပါမောင်


မောင့်သူငယ်ချင်းရဲ့ ဇနီးမယား
ကမ္မဌာန်းတရား စီးဖြန်းနေချိန်မှာ

မောင့်ချစ်ဇနီး ကျမ
ဘိန်းမုန့်ရောင်းနေရတယ်
မောင့်မေမေ ကျမယောက္ခမ
လမ်းခွမှာအကြော်ကြော်နေတုန်း
ပျော်မဆုံးတဲ့ မောင့်သူငယ်ချင်းမိသားစု
ဘုရားဖူးထွက်ကြလေရဲ့
မောင့်သူငယ်ချင်းရဲ့သမီး
ဘွဲ့ယူမယ့်နေ့မှာတော့


မောင်နဲ့မတို့ရဲ့သမီးလေးခမျာ
သနပ်ခါး သွေးပေးနေရရှာတယ်မောင် လူသားတိုင်းကိုချစ်တော်မူသော ထာဝရဘုရားသ္ခင်
မညီမျှတဲ့လောကကြီးထဲမှာ မတူညီနိုင်ကြတဲ့ ဘဝတွေအတွက်
တန်ခိုးတော်အဟုန်နဲ့ အလုံးစုံပြုပြင်ပေးတော်မူပါ
တပည့်တော်ရင်ထဲ မပြုံးမရွှင်နိုင်တဲ့အဖြစ်
မရှိချင်တော့လို့ပါ။
မင်းစိုးစံ (အဝေးရောက် ကရင်ဒုက္ခသည်တဦး)

2 comments:

yayset said...

ဓာတ်ပုံမှပြောသော စကားများတင် မဟုတ်ပါဘူး ရင်ထဲကနေမျက်ရည်ကျ
မိတယ် ဒါကျွှန်တော့ ဘ၀ဘဲ ဘာတွေလုပ်မှ ကျွှန်တော်တို. ကရင်တွေ
သူတို.လို နေနိုင်ရမှာလဲ... စာတော့မေ၇းတက်ဘူး နှလုံးသားက ဒီပိုစ်.
ကို ဖတ်ဒါနဲ.တင် မျက်ရည်မဆယ်နိုင်အောင်ကျတယ်

မဆုမွန် said...

ဓာတ်ပုံတွေရော စာသားတွေရော ကြည့်ပြီး နာကျင်ခံစားမိပါတယ်ရှင်

Post a Comment