+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, July 3, 2009

အထူးလျှို့ဝှက် စီမံချက်

နဖအ ရဲ့လူမျိုးစုမျိုးဖြုတ်ရေးနှင့် ခရစ်ယာန်တိုက်ဖျက်ရေး စီမံချက်
လူမျိုးစုံပြည်သူများရဲ့ဘုံရန်သူ နအဖစစ်အာဏာရှင်တွေရဲ့ ဗမာကလွဲပြီးကျန်လူမျိုးများ သုတ်သင်စီမံချက်များ ခရစ်ယာန်တိုက်ဖျက်ရေးစီမံချက်များအား လေ့လာခြင်းအားဖြင့် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော ဗမာမဟုတ်သည့် ကျန်ညီအကိုတော်များအတွက် အလွန်အန္တရာယ်ကြီးမားလှပေသည်။ အထက်ပါ စီမံချက်အ တိုင်း စနစ်တကျလုပ်ဆောင်ခဲ့သည်မှာ နှစ်ပေါင်း(၅၀)ကျော်ခဲ့ပြီ။
စာပေပျောက်ရင် လူမျိုးပျောက်တယ်
မြေမြိုလို့ လူမပြို
လူမြိုမှ လူပြိုတယ် ဆိုတဲ့ဆောင်ပုဒ်အတိုင်း လုပ်ခဲ့တယ် လုပ်နေတယ်။
ဗမာကလွဲပြီး ကျန်လူမျိုးများ မိမိတို့ရဲ့အမျိုးသားစာပေကို လွတ်လပ်စွာသင်ကြားခွင့်မရှိ ဘက်စုံဖိနှိပ်နေတယ်။
နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ဓါးမြတိုက်ယူထားတဲ့နအဖဟာ ၎င်းရဲ့စစ်တပ်ကို အောက်ပါအတိုင်း ညွန်ကြားထားတယ်။
-မင်းတို့မှာ စစ်နောက်ပိုင်းမရှိဘူး၊ ထောက်ပို့မရှိဘူး၊ ရောက်ရာအရပ်ဟာ မင်းတို့ရဲ့တပ်ထောက်ဘဲ၊ မင်းတို့  ရောက်တဲ့အရပ်မှာရှိတဲ့ ထမင်း၊ ဟင်း၊ ငွေ၊ ပေါ်တာ၊ မိန်းမတွေဟာ မင်းတို့ပစ္စည်းဘဲ။
-ဒို့တတွေအနေနဲ့  ရောက်ရာအရပ်ကနေ ပြန်ဆုတ်လာရတာတောင် ဒို့လူတွေမရှိပေမယ့် တို့သွေးတွေကျန်ရ မယ်ဆိုတာတွေဟာ လူမျိုးပြုန်းတီးအောင် သွေးနှောအောင် ကြိုက်သလို မုဒိန်းကျင့်ခွင့်၊ လူသတ်ခွင့်တွေ ပေး ထားတာဖြစ်တယ်။
ဒါကိုဘာနဲ့ သက်သေပြနိုင်သလဲဆိုတော့ -
ဘ၀တူညီအကိုတော်လူမျိုးတွေဖြစ်တဲ့ ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း၊ ရှမ်း၊ မွန်၊ ရခိုင်၊ ၀၊ ပအို့ ၊ ပလောင်၊ လားဟူ၊ နာဂ စတဲ့ဒေသတွေမှာ ကြိုက်သလိုလူမဆန်စွာ ဖိနှိပ်၊ သတ်ဖြတ်၊ မုဒိန်းကျင့်နေကြတယ်။ ဒီလိုလုပ်နေကြတာ အောက်ပါအထူးလျှို့  ၀ှက်စစ်ဆင်ရေးစီမံချက်တွေကြောင့်ဖြစ်တယ်။
အာဏာရှင်များရဲ့ လူမျိုးစု မျိုြးုဖုတ်ရေးစီမံချက်
ထိပ်တန်းအထူးလျှို့ ဝှက်
လ၀ - အမှတ်။ ဗလစ /ရ - ၀၁၃ / ၈၈။
ရှမ်းပြည်နယ်အတွင်းရှိ ဗမာရဲဘော်များအတွက် တိုက်တွန်းနှိုးဆော်လွှာ။
မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ အို - သခင်ဗမာရဲဘော်အပေါင်းတို့  - ငါတို့သည် ဗမာနိုင်ငံ၏ ဗမာလူမျိုးများသည် အသက်နှင့်ထပ်တူ ချစ်မြတ်နိုးကြသည့်အလျှောက် မိမိတို့လူမျိုးအား စောင့်ရှောက်သည့်အနေဖြင့် အမိတိုင်း ပြည်ကို ကူညီကြရမည်။ စီပွားရေး၊ လူမှုရေးအရ တိုက်စစ်ဆင်သောနည်းနာပေါင်းစုံနှင့် ငွေကြေးဖြင့်သော်၎င်း၊ ပစ္စည်းဖြင့်သော်၎င်း၊ အနုပညာ စာပေယဉ်ကျေးမှု အထင်ကြီးစေမှုဖြင့်သော်၎င်း၊ ငါတို့ ဗမာဘက်သို့ တစတစ ပါလာအောင် ဆွဲဆောင်သိမ်းသွင်းကြရမည်။
ဗမာရဲဘော်အားလုံးတို့သည် ငါတို့ဗမာလူမျိုးများအဘို့အမြတ်ထွက် အကျိုးပြုနိုင်စေရန် ပညာရေး၊ လူမှုရေး၊ အနုပညာ စာပေယဉ်ကျးမှုရေးရာ အဖြာဖြာကို တိုက်စစ်ဆင်နည်းများဖြင့် ဗမာနိုင်ငံအနှံ့ အပြားပြန့်ပွားလွှမ်း မိုးရေးအတွက် တရားနည်းလမ်းကျသော အသွင်သဏ္ဍန်အနေဖြင့်လည်း မြူဆွယ်မက်လုံးပေး၍ ကြိုးပမ်းလုပ် ဆောင်သွားကြရမည်။
ငါတို့ဗမာလူမျိုးတမျိုးတည်းသာ အဓွန့် ရှည်တည်တံ့ရေးဟူသည် အဓိကရည်မှန်းချက်ကြီး အထမြောက်အောင် မြင်စေရန် ဗမာပြည်ကြီးသားတို့ တိုးတက်စည်ပင်စေရန်အတွက် အလွယ်ကူဆုံးနည်းမှာ လူမျိုးရေးအ သွေးနှော စနစ် တိုက်စစ်ဆင်ရေးဖြစ်သည့် ဗမာမဟုတ်သောလူမျိုးခြားအမျိုးသမီးများကို သိမ်းပိုက်ရန်ပင်ဖြစ်ပေသည်။
ရှမ်းပြည်နယ်အတွင်းရှိ ငါတို့ဗမာရဲဘော်များလည်း ရနိုင်သမျှအမျိုးသမီးများကို အပိုင်သိမ်းပိုက်ရန်ဖြစ်သည်။ အမိဗမာပြည်မတွင် အလုပ်အကိုင်အဆင်မပြေပါက ရှမ်းပြည်နယ်သို့သွားရောက် အသက်မွေးဝမ်းကြောင်းပြုပြီး လျှင် အခြေအနေပေး၍အခွင့်အလမ်းကြုံသည်နှင့် ရှမ်းအမျိုးသမီးများအား ငါတို့ဗမာဘက်သို့ယိုင်နှဲ့လာစေရန် အ စွမ်းကုန်အားထုတ်သိမ်းသွင်းရပေမည်။
ရှမ်းအမျိုးသမီးများသည် အများအားဖြင့် ကိုယ်ကျင့်တရားစောင့်စည်းမှုတွင် လစ်ဟင်းပျက်ယွင်းလေ့ရှိခြင်း၊ ပြည် မကြီးသားဗမာယောက်ျားများအား အထင်ကြီးကြိုက်နှစ်သက်အားကိုးလိုခြင်းများ ဖြစ်လေ့ရှိသောကြောင့် ငါတို့ဗ မာ့နည်းဗမာ့ဟန်အတိုင်း ကျင့်ကြံအသုံးပြုခြင်းဖြင့် သေချာလွယ်ကူစွာသိမ်းသွင်းနိုင်မည်ဖြစ်သည်။
ဗမာရဲဘော်အပေါင်းတို့ အခုအချိန်မှာထိုသို့မပြုလုပ်နိုင်ပါက ရှမ်းပြည်နယ်သည် ငါတို့ဗမာလူမျိုးများအတွက် အ ဆိပ်အတောက်ဖြစ်နေပေတော့မည်။ ထို့ကြောင့် ငါတို့ဗမာလူမျိုးအားလုံး တစည်းတလုံးတည်းဖြစ်ကြရမည်။ တတ်နိုင်သည့်ဘက်မှ တတ်နိုင်သမျှခြေကုပ်ယူထားကြရမည်။ ငါတို့သည် ဤရှမ်းပြည်နယ်မှ တကိုယ်တည်းအ ပြီးပိုင်စွန့်ခွာထွက်သွားရသည့်တိုင်အောင် ငါတို့၏သွေးသားများ၊ ငါတို့၏ရင်နှစ်သည်းချာများ အမျိုးအနွယ်များ ဤ ရှမ်းပြည်နယ်တွင်ကျန်ရစ်ခဲ့ကြရမည်။
ဗမာလူမျိုးမဟုတ်သည့် လူမျိုးခြားအမျိုးသမီးများနှင့် ရှမ်းအမျိုးသမီးများသည် နောက်ဆုံး ဗမာယောက်ျား ဗမာလူ ပျိုများက အချိန်မရွေး ငွေပေးလျှင်(သို့မဟုတ်)ကကူကျယ်စယ် မြှူစွယ်ဖျားယောင်းလျှင် လွယ်လွယ်နှင့်ရနိုင်သော ပြည့်တန်ဆာမနီးပါးကဲ့သို့ ဖြစ်နေစေရမည်။
အိုဗမာရဲဘော်အားလုံးတို့ - အခုချိန်ကာလသမယကား ဆောင်ရွက်လှုပ်ရှားဘို့ရန် အကောင်းဆုံးအချိန်ဖြစ်သည့် အားလျှော်စွာ ရှမ်းပြည်နယ်တွင်ရှိနေသမျှကာလပတ်လုံး အခြားတိုင်းရင်းသူများနှင့် ရှမ်းအမျိုးသမီးများကို ငွေ ကြေးဖြင့်သော်၎င်း၊ ပစ္စည်းတမျိုးတဖုံဖြင့်သော်၎င်း၊ မက်လုံးတစုံတရာဖြင့်သော်၎င်း၊ နှလုံးသားရေးရာ အချစ်ရေး ရာဖြင့်သော်၎င်း သွေးသားရောနှောနိုင်စေရန် သွေးဆောင်သိမ်းသွင်းကြရမည်။
ရှမ်းအမျိုးသမီးများအား ရယူသိမ်းပိုက်နိုင်သူ ဗမာသားကောင်းရဲဘော်များအား အောက်ပါအတိုင်းလက်ဖွဲ့ပဏ္ဏာ အဖြစ် နိုင်ငံတော်ကလစဉ်ကူတော်ငွေ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်သည်။
၁။ ရိုးရိုးသာမန်အရပ်သူဖြစ်ပါက (၅၀၀)ကျပ်။
၂။ တိုက်နယ် မြို့ပြ မျက်နှာဖုံးဆွေကြီးမျိုး၏ သမီး/တူမဖြစ်ပါက (၁၀၀၀)ကျပ်။
၃။ ဘွဲ့ ရပြီးသား ပညာတတ်များဖြစ်ပါက (၁၅၀၀)ကျပ်။
၎။ ခေတ်ပညာတတ် စော်ဘွားများ၊ ဘွဲ့ရလူချမ်းသာ သမီး/တူမဖြစ်ပါက (၂၀၀၀)ကျပ်။
မွန်မြတ်များပြားသော အမျိုးမြင့်အနွယ်ကြီးဖြစ်သည့် ငါတို့ရဲဘော်များအားလုံး အထူးသတိပြု လိုက်နာကျင့်သုံး ဆောင်ရွက်ရန်မှာ လူကိုလူဖြင့် သိမ်းသွင်းအနိုင်ယူရန်ပင်ဖြစ်သည်။ ဗမာမဟုတ်သည့် လူမျိုးခြားကို သိမ်းသွင်းနိုင် မှသာလျှင် ရှမ်းပြည်အတွင်း၌ ငါတို့ဗမာရဲဘော်များ၏အောင်မြင်မှုသည် အဓွန့်ရှည်တည်တံ့နိုင်မည်ဖြစ်သည်။
ငွေရေးကြေးရေးကိစ္စတွင် ဗမာရဲဘော်များစိုးရိမ်ပူပန်ရန် လုံးဝမလိုပါ။ ရှမ်းပြည်နယ်အတွင်းရှိ ဗမာရဲဘော်များအ တွက် နိုင်ငံတော်ကသီးသန့်ငွေအဖြစ် တနှစ်လျှင်စတာလင်ပေါင် ငါးသန်းနှင့်ညီမျှသောကျပ်ငွေများကို အရံသင့် ထားရှိနေပါသည်။ အထက်ပါလမ်းညွန်မှုအတိုင်း ဗမာရဲဘော်တို့အောင်မြင်မှုရရှိစေမည့် ထောက်ပံ့ငွေအတွက် ဤ လက်ကမ်းစာစောင် ဖြစ်ဖျားခံလာရာအတိုင်းဆက်သွယ်ပါ။
ဗမာရဲဘော်တို့အား အရေးတယူကူညီနိုင်ရန်အလို့ငှာ အထက်မှစောင့်မျှော်လျှက်ရှိသည်။ ဤလျှို့ဝှက်ညွန်ကြား လွှာ လက်ကမ်းစာစောင်များကို အထူးသက်ဆိုင်သူများထံမှတဆင့် လုံးဝမပေါက်ကြားစေရဟု ဂတိဝန်ခံချက်ပေး သော ဗမာရဲဘော်များနှင့်ဗမာလူမျိုးများသို့သာ ဖြန့်ဝေပေးရမည်။
အမျိုး၊ ဘာသာ၊ သာသနာကို အသက်နှင်း၍ ဦးထိပ်ပန်ဆင် ချစ်ခင်မြတ်နိုးသော ဗမာ့အနွယ်ဝင်မျိုးဆက်များအ တွက် စတုတ္ထအကြိမ်အဖြစ် အထူးတိုက်တွန်းနိုးဆော်လိုက်ပါသည်။
ဗမာ့အရေးတော်ပုံအောင်ရမည်။
စတုတ္ထဗမာ့အင်ပါယာနိုင်ငံတော် စောင့်ရှောက်ရေးအဖွဲ့ 
အမိပြည်မ ၊ ဗမာနိုင်ငံ
၁၉၈၈ ခုနှစ် ၊ အောက်တိုဘာလ (၁၀)ရက်

ဤ အကြောင်းအရာပေးပို့သော စောလှသိန်းအား အထူးကျေးဇူးတင်ပါသည်။

မင်းစိုးစံ

အဝေးရောက် ကရင်ဒုက္ခသည်တဦး

2 comments:

saw aung zin said...

မဖေါ်ပြသင့်ဘူးလို့ထင်ပါတယ်.တိုင်းရင်းသားတွေအချင်းချင်းအပေါ်မှာအကွဲအပြဲတွေဖြစ်မှာကိုအားပေးနေသလိုဘဲ.အခုအချိန်မှာကျနော်တို့တွေဟာဒီမိုကရေစီမရသေးဘာဘူး.ရသိတိုင်အောင်လည်းမထုတ်ဖေါ်သင့်ဘာဘူး.History ဟာကိုယ်အတွက်အရေးပေါ်ဆေးတခွက်ဖြစ်ပါတယ်.ဒီစာဟာကျနော်ရထားတာကြာပါပြီ.အခုပြန်ကြည့်ပါ နအဖဟာ ကိုယ်ဗမာကိုယ်တောင်ထောင်ထဲပြန်ထည့်ထားတယ်..လူမျိုးရေးလား.ကိုယ့်အာဏ္ဍာတည်မြဲရေးလားဆိုတာကိုကြည့်ပါ.ကိုယ့်အားမရှိတဲ့အချိန်မှာတော့.တပ်သားတွေကိုအမျိုးမျိုးနဲ့လိုင်စင်ပေးထားမယ်.ဒါဟာလူငယ်တွေရဲ့အပြစ်မဟုတ်ဘူး.ခေါင်းဆောင်တွေရဲ့အပြစ်တွေဘာ

မင်းစိုးစံ said...

tway ဆိုတဲ့ရောင်းရင်းခင်ဗျား
ကျုပ်လည်းရောင်းရင်းလိုပါပဲ ဒီအကြောင်းအရာကို ရထားတာကြာပါပြီ။
ဟိုပြောင်းဒီရွှေ့နဲ့ အဲဒီစာရွက်ပျောက်သွားတယ်ဗျာ။ အခုလို E-mail ကနေ ရတုန်းရခိုက် ပျောက်သွားမှာစိုးလို့ အခုလို Blog အပေါ်တင်လိုက်ရတာပါ။
တိုင်းရင်းသားအချင်းချင်းစိတ်ဝမ်းကွဲအောင် စုစည်းမှုပြိုကွဲအောင်ဆိုတဲ့ စိတ်ထားမျိုးနဲ့ ဖေါ်ပြလိုက်တာမဟုတ်ပါဘူး။ ဤမှန်သောသစ္စာစကားကြောင့် tway လို သဘောထားကြီးပြီးစိတ်ထားမြင့်မြတ်တဲ့ နိုင်ငံချစ်သားကောင်းရတနာ များအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာ၍ အမိပြည်ထောင်စုမြန်မာနိုင်ငံတော် ကြီး လွတ်လပ်ငြိမ်းချမ်းရေးအတွက် ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါ စေ။
လေးစားစွာဖြင့်
ဖူ့တာမိက်

Post a Comment