+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, September 8, 2009

အမင်္ဂလာအဓိပတိ


အမင်္ဂလာအဓိပတိ



ဦးဆောင်ရမယ်

ဟုတ်လား?
အကြောက်တရားနဲ့ယှဉ်တွဲတဲ့
နောက်လိုက်ကောင်း.....ဖြစ်ခဲရတယ်။

လူသတ်ရမယ်
ဟုတ်လား?
အမှားမရှိတဲ့....အပြစ်မဲ့သူတွေရဲ့သွေး
မင်းလက်မှာ..... စွန်းထေးခဲရတယ်။

အမိန့်ပေးရမယ်
ဟုတ်လား?
ညစ်စုတ်တဲ့လူနည်းစုအတွက်
ဖြူစင်တဲ့လူများစွာရဲ့ဘ၀ကို
မငဲ့တဲ့ရာဇသံမျိုး....... ပေးခဲရတယ်။

အချောင်သမားဗီဇ
ဝါးတီးမှန်သမျှအကုန်ဆွဲ
အရင်းမဆိုက်ပဲလှေထိုးလိုက်ဘို့ပြင်
သူ့မယားလိုချင်ရင် သူ့လင်ကိုလှံနဲ့ထိုး
ညစ်ညမ်းပုတ်သိုးတဲ့ အကျင့်ဆိုးနဲ့ခေါင်းဆောင်လုပ်
တော်တော်ယုတ်တဲ့..... လူမသမာ။

ပြည်သူဆိုတာ
အခြေခံလူထုကြမ်းခင်းဖြစ်ပေမယ့်

မင်းလို…….
ထမင်းတနပ်၊ချေး(ချီုး)တနပ်စားပြီး
လူလုပ်နေကြသူတွေမဟုတ်ဘူး။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
August 23 2009
ဲ

0 comments:

Post a Comment