+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, September 23, 2009

ဒုက္ခသည်စခန်းရှိလူသစ်အတွက် စားနပ်ရိက္ခာနှင့်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမည့်အစီအစဉ် ရွှေ့ဆိုင်း


မယ်လဒုက္ခသည်စခန်းရှိလူသစ်အတွက် စားနပ်ရိက္ခာနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမည့်အစီအစဉ်ရွှေ့ဆိုင်း
Posted on September 21, 2009 by sawmanthein
စက်တင်ဘာ ၂၁ ရက် ၂၀၀၉

ယခုလ(၂၈)နေ့တွင်မယ်လဒုက္ခသည်စခန်းရှိလူသစ်(၁)သောင်းခန့်ကိုစားနပ်ရိက္ခာနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမည့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက် သည်ဟုစခန်း ဒုဥက္ကဌကပြောသည်။

စခန်းဒုဥက္ကဌစောထွန်းထွန်းက”၂၀၀၈၂၀၀၉မှာရောက်ရှိလာတဲ့လူသစ်(၁)သောင်းကို ရိက္ခာလက်မှတ်ထုတ်ပေးဘို့ကိစ္စကို”တီဘီဘီစီ”အဖွဲ့ကရက်ရွှေ့လိုက်တယ်ဘယ် လောက်ကြာမှာလည်း တော့မသိသေး ဘူး”ဟုဖားစည်သံသို့ပြောသည်။

အဆိုပါလူသစ်များထဲတွင် မိမိအစီအစဉ်ဖြင့် စားနိုင်သောက်နိုင်သူများပါရှိပြီး အချို့မှာ ကိုယ်ပိုင်မော် တော်ဆိုင်ကယ်များနှင့် စခန်းအတွင်း ဈေးဆိုင်ဖွင့်ထားသူများပါရှိပြီး စစ်ဆေးမှုပြုလုပ်ပြီးလျှင်လူ(၆)ထောင်ခန့်ရိက္ခာနှင့် အသိအမှတ်ပြုလက်မှတ် ရရှိနိုင်မည် ဟုလည်းပြောသည်။

လက်ရှိမယ်လဒုက္ခသည်စခန်းတွင် ဒုက္ခသည်(၅)သောင်းခန့် နေထိုင်လျှက်ရှိရာ ဒုက္ခ သည်အဖြစ် တရားဝင်အသိအမှတ်ပြုခံရသူ(၃)သောင်းရှိပြီး ရိက္ခာလက်မှတ်ရရှိ သူ(၁) သောင်းနှင့် ရိက္ခာလက် မှတ်မရရှိသေး သူ(၁) သောင်းတို့ဖြစ်သည်။

မယ်လ၊အုန်းဖျန်၊နို့ဖိုး၊စသည့်ဒုက္ခသည်စခန်းများထဲတွင် ဒုက္ခသည်များလျှော့နဲသွားခြင်းမရှိဘဲ
အဆမတန်များပြားလာရခြင်းမှာဒုက္ခသည်စခန်းများမှတဆင့် တတိယနိုင်ငံ ထွက်ခွာခွင့်ရရှိ
သောကြောင့်ဖြစ်ပြီး အကျိုးဆက်အဖြစ် စခန်းအတွင်းအဂတိလိုက်စားမှုများနှင့်
ရှုတ်ထွေးမှုများစွာ မကြာခဏဖြစ်ပွားလျှက်ရှိသည်ဟုမယ်လစခန်းမှဘာသာရေး ဆရာတဦးကဖားစည်သံသို့ပြောသည်။

တတိယနိုင်ငံထွက်ခွာခွင့်ရရှိရန်အတွက် ဒုက္ခသည်စခန်းများတွင် တရားမ၀င်လာရောက်နေ
ထိုင်ကြသူများကို သက်ဆိုင်ရာခရိုင်အာဏာပိုင်များနှင့်စစ်တပ်က ၀င်ရောက်စစ် ဆေးမှုများ
ရှိသော်လည်း အဖမ်းခံရပြီးနောက်ရက်များတွင် ပြန်လည်ဝင်ရောက်လာကြသဖြင့်
အဓိကတာဝန်ရှိသူမှာ စခန်းအုပ်ချုပ်ရေးသာဖြစ်သည်ဟုလည်း ဆက်လက်ပြောကြားသည်။

ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာများကို ထိုင်းမြန်မာနယ်စပ် တလျှောက် ကူညီစောင့်ရှောက်ရေးညွန့်ပေါင်းအသင်း(တီဘီဘီစီ)က ကူညီထောက်ပံ့ ပေးပြီး လူဦးရေစိစစ်မှုကိုပါ
ပူးတွဲ လုပ်ဆောင်သည်။

ယခုလကုန်ပိုင်းတွင် (တီဘီဘီစီ)က လူသစ်များအတွက် ရိက္ခာနှင့်အသိအမှတ်ပြုလက် မှတ်ထုတ်ပေးရန် စိစစ်မှုကို အုန်းဖျန်နှင့်နို့ဖိုးစခန်းများတွင်ပြုလုပ်ပေးမည်ဖြစ်ပြီး မယ်လ စခန်းကိုမူရွှေ့ဆိုင်း ထားသည်ဟု
၎င်းအဖွဲ့၏ ၀န်ထမ်းတဦးကပြောသည်။

ထိုင်းမြန်မာနယ်စပ်တလျှောက်တွင်မြန်မာဒုက္ခသည်စခန်း(၉)ခုရှိပြီးမြန်မာဒုက္ခသည် (၁၄၀၀၀၀)ခန့်
နေထိုင်လျှက်ရှိသည် (တီဘီဘီစီ)အဖွဲ့၏စစ်တမ်းတွင်ဖေါ်ပြထားသည်။

ဖားစည်သံ
ဖါးစည်သံblog မှတိုက်ရိုက်ကူးယူဖေါ်ပြပါသည်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment