+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, September 20, 2009

မြေးဦးချီလောက်ပြီ

မြေးဦးချီလောက်ပြီ


လမင်းက ထိန်ထိန်သာ
ရေပြင်က ပြာလဲ့လဲ့
ခပ်သွဲ့သွဲ့လေပြေညှင်း
ပန်းယနံ့သင်းဖွဲ့။

ပန်းမင်းရယ်တဲ့ ငွေသဇင်
ပင်မြင့်မှာမွှေး
လေနုအေး ဆောင်ယူခဲ့တယ်
လွမ်းအောင်ထင့်လေး။

ရေပြင်နဲ့ လမင်းငယ်
လေညှင်းနဲ့ သဇင်ပန်း
သောင်ရင်းကို မိုးမခ,နမ်းတော့
ပြောင်းဆန်အောင်လွမ်း။

ငယ်ကြွမ်းဆွေမောင့်ချစ်ဦး
မြေးဦးတောင်ချီနေပြီ
ဗမာပြည်ဒီမိုကရေစီအရေးမို့
ကဗျာမပီ စာစီလိုက်တယ်
ခွင့်လွှတ်ဘို့ရည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment