+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, October 23, 2009

အမျိုးသားဒီမိုကရေစီတော်လှန်ရေး အောင်ရမည်

အမျိုးသားဒီမိုကရေစီတော်လှန်ရေး အောင်ရမယ်
ဖူးဝါးခို(ညောင်တုန်း)

ဒီနေ့အရင်းရှင်ဒီမိုကရေစီနဲ့ အမျိုးသားဒီမိုကရေစီတွေဟာ အလုပ်သမားလူတန်းစားပါတီ
ခေါင်းဆောင်မှုရှိရင် ပြည်သူ့ဒီမိုကရေစီအဆင့်ကို ချီတက်သွားနိုင်ပါတယ်။
အလုပ်သမားလူတန်းစားပါတီခေါင်းဆောင်မှု မရှိရင် ဓနရှင်လူတန်းစား အာဏာနိုင်ငံရေး
ခေါင်းဆောင်မှုနဲ့ဆိုရင် ဓနရှင်ကြီးကနေတဆင့်လက်ဝါးကြီးအုပ်ဓနရှင် ဗျူရိုကရက်
(ဓနရှင်၊အာဏာရှင်)စနစ်စီ ချီတက်သွားမှာဖြစ်ပါတယ်။
ဒါဟာနိုင်ငံတကာအတွေ့အကြုံအရ ဖြစ်ပါတယ်။
ကျနော်တင်ပြချင်တာကတော့ ပစ္စည်းမဲ့ဒီမိုကရေစီအကြောင်းမဟုတ်သလို၊ ပြည်သူ့ဒီမိုကရေစီအကြောင်းမဟုတ်ပါဘူး။
အဲဒီလိုပဲ ဓနရှင်ဒီမိုကရေစီ၊ ဓနရှင်ကြီးမှတဆင့်လက်ဝါးကြီးအုပ်ဓနရှင်၊ ဗျူရိုကရက်ဓနရှင်တွေရဲ့ အကြောင်းလည်းမဟုတ်ပါဘူး။ု
ကျနော်တို့ ကေအင်န်ယူ(KNU)ကရင့်တော်လှန်ရေးဟာ အမျိုးသားဒီမိုကရေစီတော်လှန်ရေး
လမ်းစဉ်ကို ချမှတ်ကျင့်သုံးတဲ့အတွက် အမျိုးသားဒိမိုကရေစီတော်လှန်ရေးအတွက် အမျိုးသား
ဒီမိုကရေစီ တော်လှန်ရေး အကြောင်းကိုသာ တင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအကြောင်းတင်ပြမယ်ဆိုရင် အမျိုးသားဒီမိုကရေစီတော်လှန်ရေးလမ်းစဉ်ဟာ
ဘယ်လူမျိုး၊ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့၊ ဘယ်ပါတီတွေကနေ စ,ခဲ့တယ်ဆိုတာကို တစေ့တစောင်း
သိထားဘို့ လိုလိမ့်မယ်လို့ထင်ပါတယ်။
ပုံစံအားဖြင့် အမေရိကန်အမျိုးသားပြညပင်ပမ်းဆင်းရဲဒုက္ခတွေကို မညီးမညူခံရင်း ပြည်သူတရပ်လုံး လွတ်မြောက်ရေးအတွက် ဗြိတိသျှနယ်ချဲ့သမားတွေကို မစေ့စပ်တမ်း၊ အညံ့မခံအရှုံးမပေးပဲ
ကိုယ်ကျိုးစွန့် အနစ်နာခံကြတယ်။
ဒီလူတွေဟာ ကမ္ဘာမှာထင်ရှားကျော်ကြားတဲ့ ဂျော့ဝါရှင်တန်၊ အင်ဗရာဟန်လင်ကွန်းတို့ဖြစ်
ကြပါတယ်။
သူတို့ရဲ့ တော်လှန်တဲ့မျိုးချစ်သဘောတရားအတွေးအခေါ်ကို မိမိရရကိုင်စွဲပြီး ဗြိတိသျှနယ်ချဲ့ကို ပြတ်ပြတ်သားသားဆန့်ကျင်ပြီး အဖိနှိပ်ခံအမျိုးသားတွေကို ဒီမိုကရေစီအပြည့်အဝ,ကျင့်
သုံးကြပါတယ်။ဒီနည်းနဲ့ တော်လှန်ရေးအောင်ပွဲခံစေခဲ့ပါတယ်။
ဒါကိုနိုင်ငံတကာက ဓနရှင်ဒီမိုကရေစီတော်လှန်ရေးလို့ သတ်မှတ်ကြသလိုဒီလိုခေါင်းဆောင်
ကြီးတွေဟာ တော်လှန်တဲ့မျိုးချစ် အတွေးအခေါ်ပိုင်ရှင်ဖြစ်တယ်လို့နိုင်ငံတကာက,အသိအမှတ်
ပြုကြပါတယ်။
နောက်တခုကတော့ တရုတ်ပြည်နယ်ချဲ့လက်ဝေခံ နောက်ဆုံးမန်ချူးမင်းဆက်ကို ဒေါက်တာဆွန်ယက်ဆင်ခေါင်းဆောင်တဲ့ ကိုမင်တန်အဖွဲ့ဟာ ဓနရှင်ဒီမိုကရေစီတော်လှန်ရေး
နည်းစနစ်နဲ့ တိုက်ခိုက်အောင်မြင်ခဲ့ပါတယ်။
အဲဒီဒေါက်တာဆွန်ယက်ဆင်ဟာလည်း တော်လှန်တဲ့မျိုးချစ်သဘောတရားအတွေးအခေါ်ပိုင်ရှင်
လို့ နိုင်ငံတကာက,အသိအမှတ် ပြုကြပါတယ်။
တရုတ်ပြည် နယ်ချဲ့လက်ဝေခံနောက်ဆုံးမန်ချူးမင်းဆက်ပြုတ်ကျသွားပြီးတဲ့နောက် ဒေါက်တာ
ဆွန်ယက်ဆင် ခေါင်းဆောင်တဲ့ ကိုမင်တန်အဖွဲ့ဟာ ပြည်သူ့ဒီမိုကရေစီစနစ်ကျင့်သုံးကြတယ်။ တရုတ်အမျိုးသားဓနရှင်၊ ဓနရှင်ပေါက်စ၊ အလုပ်သမား၊လယ်သမားနဲ့
လူတန်းစား(၄)ရပ်ရဲ့အကျိုးစီးပွါးကို ဦးတည်ချက်ရှိရှိလက်တွေ့အကောင်အထည်ဖေါ်ခဲ့တဲ့
အတွက် တရုတ်အမျိုးသားအတွင်း အများ စုရဲ့ထောက်ခံမှုကိုရခဲ့ပါတယ်။
ဒေါက်တာဆွန်ယက်ဆင်ကွယ်လွန်ပြီးနောက် ချန်ကေရှိတ်အစိုးရဟာ နိုင်ငံတော်လက်ဝါးကြီး အုပ်စနစ်ကိုကျင့်သုံးလာပါတယ်။
အမျိုးသားဓနရှင်ပေါက်စ၊ အလုပ်သမားလယ်သမားတွေကို ရက်ရက်စက်စက်ဖိနှိပ်သွေးစုတ်
တဲ့အတွက် ချန်ကေရှိတ်ခေါင်းဆောင်တဲ့ ဖေါက်ပြန်တဲ့ကိုမင်တန်အဖွဲ့နဲ့ ဒေါက်တာဆွန်ယက်ဆင် လမ်းကိုလိုက်တဲ့ တော်လှန်တဲ့ကိုမင်တန်ဆိုပြီး နှစ်ခြမ်းကွဲသွားရခြင်းဖြစ်ပါတယ်။
မော်စီတုံးခေါင်းဆောင်တဲ့ တရုတ်ကွန်မြူနစ်ပါတီဟာ တော်လှန်တဲ့ကွန်မင်တန်ပါတီနဲ့ပေါင်းပြီး လက်နက်အားကိုးနဲ့အကြမ်းဖက်ဖိနှိပ် တိုက်ခိုက်နေတဲ့ ဖေါက်ပြန်တဲ့ချန်ကေရှိတ်အစိုးရကို မလွှဲသာပဲ လက်နက်စွဲကိုင် ခုခံတော်လှန်ခဲ့ကြတဲ့အတွက် တရုတ်ပြည်တွင်းစစ်ကြီးဖြစ်လာပါတော့တယ်။
တရုတ်ပြည်တွင်းစစ်မှာ နယ်ချဲ့သမားပေါင်းစုံက ဖေါက်ပြန်တဲ့ချန်ကေရှိတ်အစိုးရကို လက်နက်၊ခဲယမ်း၊ ငွေကြေးကအစ,အားပေးကူညီထောက်ခံကြတယ်၊ တော်လှန်တဲ့ကိုမင်တန်နဲ့ကွန်မြူနစ်တွေကိုတော့ တရုတ်လူထုကြီးကအစွမ်းကုန်ကူညီအားပေးကြပါတယ်။
ဒါကြောင့်တရုတ်ပြည်တွင်းစစ်ပွဲကြီးဟာ အလွန်ပြင်းထန်လှပါတယ်။
နှစ်ဘက်စလုံးမှာ ကြီးမားတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့မတူတဲ့ နယ်မြေမျိုးဖြစ်ပေါ်လာပါတော့တယ်။
နယ်မြေတမျိုးကတော့ ချန်ကေရှိတ်ချုပ်ကိုင်ထားတဲ့နယ်မြေမှာ အာဏာရှင်ဗျူရိုကရက်တွေလွှမ်းမိုးပြီး လက်ဝါးကြီးအုပ်ချန်ကေရှိတ် (၄)ဦးဂိုဏ်းတို့ဟာ တရှိန်ထိုးကြွယ်ဝ,ချမ်းသာလာကြပါတော့တယ်။
နောက်နယ်မြေတမျိုးကတော့ တော်လှန်တဲ့ကိုမင်တန်ပါတီနဲ့ ကွန်မြူနစ်ပါတီတို့ဟာ လူတန်းစား(၄)ရပ်အာဏာစိုက်ထူပြီး လူတန်းစား (၄)ရပ်ရဲ့အကျိုးစီးပွါးကို တစထက်တစ ဖွံ့ဖြိုးတိုးတက်လာစေတဲ့
အတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဟာ တစတစ ကြီးထွားအားကောင်းလာပြီး ပြည်သူ့စစ်တပ်ဖွဲ့တွေ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို ဘက်ပေါင်းစုံက,ကူညီဘို့အသင့်
ဖြစ်နေကြတာနဲ့အမျှ လွတ်မြောက်ရေးနယ်မြေဟာလည်း ပိုမိုကျယ်ပြန့်လာပါတော့တယ်။

ဖူးဝါးခို(ညောင်တုန်း)
ဒေါနအောင်ပွဲ စာစောင်
အတွဲ(၁)၊ အမှတ်(၁)
၁၉၉၈ ခုနှစ်၊ မေလ။

ဆက်လက်ဖေါ်ပြပါမည်။

0 comments:

Post a Comment