+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, October 18, 2009

မရူးနဲ့တော့

မရူးနဲ့တော့

မင်းအခွင့်အရေးကို
သူများပေးမှ
ယူမလို့လား?။

မသေမချင်းမှတ်ထား
သူများပေးမှ
ရတဲ့အခွင့်ဆိုတာ
ဘာမှလွမ်းလောက်စရာမရှိဘူး။

အာဏာရူးတွေစီက
ဘာအခွင့်မှမရနိုင်ဘူးဆိုတာ
မင်းသိလာတဲ့တနေ့
အဲဒီနေ့ဟာမင်းအတွက်
ပြဿဒါးရက်ပဲ။

ဒါကြောင့်
အခွင့်အရေးဆိုတာ
တိုက်ယူဘို့လိုတယ်
စောင့်ယူလို့မရဘူး
မင်းရူးမနေနဲ့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment