+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, November 1, 2009

တော်လှန်ရေးလား ?တန်ပြန်လား?

တော်လှန်ရေးလား?တန်ပြန်လား?

စာရေးသူ၏အမှာစာ

ဤစာစုသည် ဖဆပလ၊ ပထဆ၊ မဆလ၊ ခေတ်တွေမှာ တော်လှန်တဲ့သူရဲကောင်းစစ်သည်တော်တွေအတွင်း
သေနတ်သံတချက်၊ စစ်မြေပြင်တရက်မှ မရောက်ဘူးပဲပူးကပ်အခွင့်ထူးခံကိုယ်ကျိုးရှာပြီး ဆယ်စုနှစ်များများ ပါဝင်သူတွေရှိတယ်။
ရန်သူ့မျိုးဖြုတ်သုတ်သင်ရေးထိုးစစ်ကြီးတွေ ဆင်လာတဲ့အခါမယ်အလျှိုလျှိုငွေထုတ်ပိုက်ပြီး ရန်သူ့ခြေဖဝါးအောက် ဒူးထောက်ရောက်ခဲ့သူတွေရှိတယ်။
မျက်မှောက်နဝတခေတ်မှာ ဒီလိုသစ္စာဖေါက်လောက်ကောင်တွေ ဆက်လက်မပေါ်ပေါက်လာနိုင်ခြင်းငှါ သတိရှိရှိစစ်သားမျက်စေ့ဖြင့်
အစဉ်စောင့်ကြည့်နေဘို့ စေတနာကောင်းဖြင့်ရေးသားလိုက်ရပါတယ်။
အကယ်၍များ ဤစာစုသည် တစုံတဦး သူတစုံတယောက်ကို မရည်ရွယ်ပါပဲ လေးစားရပါသော စာရှုသူများနှင့်ဆင်တူရိုးမှားအဖြစ်မျိုးရှိခဲ့ပါမူ များစွာဝမ်းနည်းရပါကြောင်း အနန္တမေတ္တာမွန်ဖြင့်
ခွင့်ပန်အပ်ပါတယ်ခင်ဗျား။

မန်း R.ဘဇန်
တော်လှန်ရေးလား? တန်ပြန်လား?
အပိုင်း(၇)
မန်းR,ဘဇန်

မင်း......
တော်လှန်ရေးသဘာဝလွန်လူသား
ဖြစ်နေတာ
ယိုးဒယားထီ၊ အင်္ဂလန်ထီပေါက်တာလဲ
တခါမှ
မကြားဘူးပါဘူး။

မင်း.....မိဘတွေဆို
တို့.....မိဘတွေလို
လယ်သမားတွေမှ
မဆလခေတ်
လယ်သမားတွေပါ။

မင်း.......ဘာကြောင့်
ဒီလောက်ချမ်းသာနေရ,သလဲဆိုတာ
တို့....ဦးဏှောက်နဲ့
လိုက်မမှီနိုင်လေတော့
ဓါတ်ခဲခြောက်သုံးတဲ့
Computer ထဲ
ဒီမေးခွန်းကို
ထည့်ပေးလိုက်တယ်။

ဒီ Computer ဟာ
ပင်လယ်ကွေ့စစ်ပွဲတုန်းက
အသုံးပြုခဲ့တဲ့
Computer ပါ။

အီရတ်ပစ်မှတ်တွေကို
လိုချင်သလို
ထိမှန်အောင်အလုပ်လုပ်ခဲ့တဲ့
Computer ဖြစ်တယ်။

ဒီမေးခွန်းကိုကျတော့
Computer မှာရှိတဲ့
မီးစိမ်းမီးနီတွေ
တခုပြီးတခုပြလို့
ဂဏန်းတွေလဲ
သုညကြီးပဲထွက်နေတယ်။

နောက်ဆုံးမှာတော့
တိတ်တိတ်နေ တဲ့။

မြတ်စွာဘုရား.........
ဒီကမ္ဘာလောက,ကြီးတော့
ကပြောင်းကပြန်တွေ
ဖြစ်ကုန်ပါပြီ။

Computer ဓါတ်ခဲနည်းလို့
ထင်တယ်
မမှန်တော့ဘူး။

စက်မှုနည်းပညာဟာ
လူသားတွေရဲ့
စွမ်းပကားကို
မကျော်လွှားနိုင်ပါဘူး။

ကိုလိုနီကျွန်ခေတ်
ပျက်သုဉ်းတဲ့
လူမျိုးခွဲခြားတဲ့
အသားအရောင်ခွဲခြားတဲ့
လူမှုစနစ်ချုပ်ငြိမ်းတဲ့
တပါတီ
အာဏာရှင်တွေ
ကျဆုံးတဲ့
စစ်ဝါဒီတွေ
ကြိုးစင်တက်ရ,တဲ့
ဒီမိုကရေစီ ခေတ်
အမျိုးသားဒီမိုကရေစီခေတ်ဆိုတာ
Computer ကို
တည်ထွင်တဲ့ပါရဂူတွေ
မေ့နေပြီထင်တယ်။

မန်းR,ဘဇန်
တော်လှန်ရေးလား?တန်ပြန်လား?
အပိုင်း(၇) ပြီး၏။
အပိုင်း(၈)သို့ ဆက်လက်ဖတ်ရှုပါရန်

0 comments:

Post a Comment