+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, November 21, 2009

သူယုံကြည်ရာ ကဏ္ဍ

သူယုံကြည်ရာ ကဏ္ဍ VOA Burmese.com


ဗြိတိန်မှာနေတဲ့ မြန်မာ့တပ်မတော် အရာရှိဟောင်း ဦးအောင်ဆက်ပိုင်ရဲ့ ယုံကြည်တာလေးကို
VOA Burmese Section က,နေနားထောင်ပြီး ရေးတင်ထားလိုက်ပါတယ်။

ကျနော်ယုံကြည်တာကတော့ ကျနော့အနေနဲ့က မြတ်စွာဘုရားရှင်ရဲ့ အဆုံးအမ,တွေထဲမှာ
ပေါ့လေ မေတ္တာရဲ့စွမ်း အားကို ကျနော်အယုံကြည်ဆုံးဖြစ်ပါတယ်၊ အဲဒီတော့မေတ္တာရဲ့ စွမ်းအင်
ကြောင့်လည်း ကျနော်တို့တတွေသည် အရာရာကိုပြီးမြောက်အောင်မြင်နိုင်တယ်လို့ ကျနော်အထူးပင်သက်ဝင်ယုံကြည်ပါတယ်။
မေတ္တာဆိုတာက ကျနော်တို့ တကယ်ကိုယ်တိုင်ကိုယ်ကျပေါ့လေ လက်တွေ့ခံစားနိုင်သလို
လက်တွေ့လည်း လုပ်ကြည့်လို့ရ,တယ်၊ လုပ်ကြည့်ရင်တော့ ကျနော်တို့ သိလာပါလိမ့်မယ်၊
မေတ္တာရဲ့အခြေခံ လူတိုင်းသိပါတယ်၊ မိမိရင်မှဖြစ်တဲ့ တဦးတည်းသောသားကို မိခင်လုပ်တဲ့လူက ချစ်တဲ့အချစ်မျိုးပေါ့နော်၊ အဲဒီလိုထားတဲ့မေတ္တာမျိုး ကို လူတိုင်းအပေါ်မှာ သတ္တ၀ါတိုင်းအပေါ်မှာ
ကျနော်တို့ အယုတ်၊ အလတ်၊ အမြတ် မရွေးပေါ့နော်၊ အဲဒီလိုမျိုး ထားနိုင်မှ ထားခဲ့မှလည်း
ကျနော်တို့ မေတ္တာစစ်မေတ္တာမှန်ဖြစ်ပါတယ်။
အဲဒီတော့ အဲဒီလိုမျိုးစိတ်မျိုး ရောက်အောင်သွားဘို့ဆိုတဲ့နေရာမှာ ကျနော်အခုပြောချင်တာက
ကျနော်တို့ တိုင်းပြည်မှာဖြစ်နေတဲ့ ပြဿနာတွေက အမြောက်အများရှိတယ် မှန်တယ်၊ ဒါပေမယ့် ကျနော်တို့တတွေက အခု တဖက်နဲ့တဖက်ပေါ့ဗျာ၊ ဟို ဟိုဘက်ဆိုက်ဒီဘက်ဆိုက် ဒီလိုအချင်းချင်း ဒေါသ,တွေအင်မတန်စွက်နေကြ တယ်။
ကျနော့အနေနဲ့ကတော့ ဒါကို ကျနော်မဖြစ်စေချင်ပါဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ တကယ်တမ်း
ဆုံးရှုံးနစ်နာရ တာက နှစ်ဘက်စလုံးဆုံးရှုံးနစ်နာရ,တယ်။တည့်တည့်ပြောရင် တတိုင်းပြည်လုံး ဆုံးရှုံးနစ်နာရ,တယ်၊ အဲဒီတော့ ကျနော် ဒီလိုဖြစ်မယ့်အစား တဦးနဲ့တဦးမေတ္တာထားပြီးတော့ မေတ္တာနဲ့ဖြေရှင်းစေချင်တယ်၊ သဘောကို ကျနော် ဆိုလိုတာပါ။
အဲဒီတော့ ကျနော်တို့နိုင်ငံကိုကြည့်ရင် ကျနော်တို့နိုင်ငံမှာ များသောအားဖြင့် လူပုဂ္ဂိုလ်တွေမှာ
ဒေါသ,တွေ လောဘ,တွေ ကျနော်တို့ မာန်မာန,တွေ များနေတာကို တနည်းအားဖြင့် လွန်ကဲ
နေတာကို ကျနော်တို့တွေ့ရ တယ်ပေါ့လေ။
ပုထုဇဉ်မှန်သမျှတော့ ကျနော်တို့ ဒီတရားတွေမကင်းနိုင်သေးဘူးပေါ့လေ၊ ဒါပေမယ့် အလွန်အမင်း
များနေတာ ကို ကျနော်ဆိုလိုတာပါ ဘာဖြစ်လို့လည်းဆိုတော့ ထိပ်ပိုင်း ကျနော်တို့ အစိုးရပိုင်း
ဆိုင်ရာထိပ်ပိုင်း ပုဂ္ဂိုလ်တွေကို ကြည့်လိုက်ရင်ပေါ့လေ အဲဒီပုဂ္ဂိုလ်တွေမှာ လောဘ,တွေ
မာန်မာန,တွေ ဒါတွေနဲ့ပြည့်နေတာကို ကျနော်တို့ တွေ့ရ,တယ်၊ ဒီလိုပဲ ပြည်သူလူထုနဲ့အောက်ခြေ
လူတန်းစား အလွှာအသီးသီးကျတော့လည်း ကျနော်မြင်ရတာ က,တော့ ပေါ့ဗျာ ဒေါသ,တွေ
အလွန်အမင်း လွန်ကဲနေတာကိုတွေ့ရမှာပါ။
အဲဒီတော့ ပြီးခဲ့တဲ့ ၂နှစ်ပေါ့၊ ကျနောတို့ September သံဃာတော်တွေရဲ့ မေတ္တာပို့ဆုတောင်းပွဲ
လေးတွေကို ကျနော်တို့အနေနဲ့ ပြန်သုံးသပ်ကြည့်ရင်ပေါ့ဗျာ၊ ဒီနေ့အထိတော့ ကျနော်တို့ မအောင်မြင်သေးတာတွေ့ရတယ်၊ ဘာကြောင့်လည်းပေါ့လေ အဲဒီတော့ အဲဒီတုန်းက ဆရာတော်ကြီးတပါးက,နေပြီးတော့ မိန့်ဘူးတယ်ဗျ၊ အဲဒါက ဘာလဲဆိုတော့ လမ်းလျှောက်
မေတ္တာပို့တဲ့ ကျနော်တို့ ဦးဇင်းတွေသံဃာတော်တွေကိုကြည့်ပြီးတော့ ကိုရင်လေး တပါးက
ပြောဘူးတယ်တဲ့ အဲဒိတော့ ဦးဇင်းတွေမေတ္တာပို့နေတာ ဒေါသ,သံလေးတွေပါနေတယ်တဲ့
အဲဒီတော့ အဲဒီအချက်လေးက ဆရာတော်ကြီးဆုံးမသွားတာကို ကျနော် အလေးအနက်ထား စဉ်းစားစရာလေးဖြစ်သွား တယ်၊ တကယ်တော့ မေတ္တာဆိုတာက အားလုံးပဲသိပါတယ်ဗျာ၊ ပို့သ,တဲ့လူရဲ့မေတ္တာက တကယ်မှန်ကန်ပါမှ ကျနော်တို့ စူးရှထက်မျက်ပြီးတော့ စွမ်းအင်ရှိပါမှ
ထိရောက်မှာပါ။

ကျနော်စွပ်စွဲတာတော့မဟုတ်ပါဘူး ကိုရင်တပါးက သုံးသပ်တာပါ၊ ကျနော့စကားတော့မဟုတ်
ပါဘူး၊ ကိုရင်တ ပါးက သုံးသပ်တာပေါ့လေ။
ကျနော့ဘဝမှာတော့ ကျနော် ဒီ တပ်မတော်က ဖယ်ရှားခံရပြီးတဲ့နောက်မှာ ကျနော့မှာလည်း
အခက်အခဲ အမျိုး မျိုး ကျနော်ကြုံခဲ့ဘူးပါတယ်၊ နောက်ဆုံးကျတော့ ဘယ်သူမပြုမိမိမှုဗျ၊
အဲဒီတော့ ဒီ အနေအထားဖြစ်လာတဲ့အ တွက် ကျနော် အတိတ်က အကြောင်းအရာတွေကိုပေါ့
ကျနော် နောက်လာမယ့် သံသရာမှာ ကျနော် မယူသွား ချင်ဘူး မယူသွားချင်တဲ့အတွက်
ကျနော်ဖြတ်တယ်။
ဖြတ်တော့ ကျနော့အနေနဲ့ ဘာလုပ်သလဲဆိုတော့ ခုဏ တောင်တန်းသာသနာပြုဆရာတော်ကြီးရဲ့
မေတ္တာပို့ နည်းလေးတွေ ကျနော်ဆောင်ရွက်တယ်၊ နောက်တချက်က ကျနော်တို့ အားလုံးသိတဲ့အတိုင်း သာမညတောင် ဆရာတော်ဘုရားကြီး ကျင့်သုံးတဲ့မေတ္တာပို့နည်းလေးတွေ ရှိတယ်ဗျ၊ အဲဒါလေးတွေ ကျနော်လက်တွေ့လုပ် ကြည့်တယ် နောက် လက်တွေ့လုပ်ကြည့်ပြီးတော့ မေတ္တာပွါးကြည့်တဲ့အခါကျတော့ ကျနော့ရဲ့ရန်သူတွေဖြစ်နေ တဲ့ပုဂွှိုလ်တွေကို ကျနော်ခက်ခက်ခဲခဲ ကျနော်မေတ္တာပို့ရ,တယ်။
အဲဒီလိုပို့ရင်းပို့ရင်းနဲ့ နောက်ပိုင်းကျတော့လဲဗျာ အဲဒီရန်သူတွေနဲ့ ကျနော်ပြန်အဆင်ပြေသွားတဲ့ဟာကို
ကျနော် လက်တွေ့ခံစားရဘူးတာတွေ ရှိပါတယ်၊ အဲဒီတော့ကြုံနေရတဲ့အချိန်မှာတော့ အင်မတန် စိတ်ကိုထားနိုင်ဘို့ တော်တော်လေးခဲယဉ်းပါတယ်၊ ဒါပေမယ့် လက်တွေ့လုပ်ကြည့်တဲ့အချိန်မှာ ကျနော်က,မေတ္တာဈာန်တွေ ဘာတွေအထိ အောင်မြင်ပေါက်မြောက်တဲ့ ပုဂ္ဂိုလ်တော့မဟုတ်ပါဘူး။
ဒါပေမယ့် ထပ်ခါတလဲလဲလုပ်တဲ့အချိန်မှာ ထူးခြားတဲ့အကျိုးတခုခုကိုတော့ ရ,တယ်ဆိုတာ ကျနော့
ကိုယ်တွေ့ လည်း ကျနော်ကြုံဘူးပါတယ်၊ အဲဒီတော့ ဒါတွေကို ကျနော်ပြန်ပြီးတော့ ချုပ်ပြီးပြောရင်ပေါ့ဗျာ၊ ကျနော်တို့တိုင်း ပြည်မှာ အခု အခက်အခဲအကြပ်အတည်း အမျိုးမျိုးကြားမှာကြုံနေရ,တာဖြစ်တဲ့အတွက် ဒီဟာတွေအကုန်လုံးကို ဖြေရှင်းဘို့ဆိုရင် ကျနော်တို့ မေတ္တာတရားရှေ့ထားပြီးတော့ ဒါ တဦးနဲ့တဦး
ကျနော်တို့ မေတ္တာစိတ်လေးတွေ ထားပါ၊ ပြီးရင် လက်တွဲဆောင်ရွက်ပါ။
ကျနော်တို့အချင်းချင်းတွေဖြစ်တဲ့အတွက် ကျနော်တို့ပြည်ထောင်စုကြီး မပြိုကွဲအောင်ပေါ့ဗျာ၊
အချင်းချင်းညီညီ ညွတ်ညွတ်နဲ့ မေတ္တာစိတ်ထားပြီးတော့ ကျနော်တို့ လက်တွဲဆောင်ရွက်မယ်ဆိုရင်
ရေရှည်မှာ လာမယ့်အနာ ဂါတ်မှာ ကျနော်တို့တိုင်းပြည်ရဲ့ အနာဂါတ်က လှပ,လာမှာပါ၊ အားလုံးဧချမ်းသာယာလာလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။

ဦးအောင်ဆက်ပိုင်
မြန်မာ့တပ်မတော် အရာရှိဟောင်း
ဗြိတိန်

0 comments:

Post a Comment