+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, November 30, 2009

သားဖွါူးတဲ့နေ့

“သားဖွားတဲ့နေ့”
(ဆရာကြည်အောင်)

ရွာသူတွေ ဝိုင်းနေတယ်။
အပျိုဟိုင်းတွေမပါ။
အရွယ်ဟိုင်းတခုလပ်
လူ့ဇာတ်ဆိုတာ
သားဖွားအတတ်
ဝါးနှီးပြတ်နဲ့ အချင်းဖြတ်မယ့်
သတ္တိခဲ မိန်းမတွေ

ရေနွေးကျို၊ နနွင်းထောင်း
သားလောင်းကြိုမယ့် ထမီဟောင်း
သွေးဟောင်း၊ သွေးညစ်တွေကို
ညှစ်ဟဲ့၊ ဆေးဟဲ့
ကလေးက ယောက်ျားလေးတဲ့
အလှူကြီးပေးရမဟဲ့
ဒါနဲ့
သားဖွားမိခင်
တရားသဘောသိမြင်
နာကျင်မှုတွေ တပွေ့တပိုက်
ဓားမြှောက်ကစားမယ်
သားယောက်ျားဟေ့ ……
သားယောက်ျားဟေ့ … ။ ။

မစ္ဈိမ တွင် နှင်းပန်းအိမ်ရေးသားသည့်
အနာဂါတ်သို့ပျံသန်းခြင်း(သို့မဟုတ်) ဒုက္ခသည်များ၏ ဘဝ,ပုစ္ဆာများ
ဆောင်းပါးမှ ကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment