+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, December 13, 2009

အိတ်ရှုံ့ထဲမှ စက္ကူစုတ်ဟောင်းများ(ဇာတ်သိမ်း)

အိတ်ရှုံ့ထဲမှ စက္ကူစုတ်ဟောင်းများ
(မင်းစိုးစံ)

(ယခင်အပါတ်မှအဆက်)


အခန်း(၇)

“ကျွန်တော့်အတွေ့အကြုံအရ,ကျွန်တော်သိသလောက်ပြောရ,မယ်ဆိုရင်ကရင်နှစ်သစ်ကူးနေ့မရောက် ခင်အကြိုညမှာ ဖီ့ဘူးယော်ကိုပင့်ဖိတ်ရပါတယ်၊ညဥ့်ဦးယံပိုင်းကစ,ပြီး အာရုဏ်ကျင်းသည်အထိ ဖီ့ဘူး
ယော်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ပူဇော်ကန်တော့ကြပါတယ်၊ ကရင့်ရိုးရာဒူရိယာပစ္စည်းများနဲ့တွဲဖက်သီ ဆိုတီးမှုတ်ထားတဲ့ ရိုးရာတေး ကာလပေါ်တေးများကိုသာ အဓိက,ထားသီဆိုက,ခုန်ယှဉ်ပြိုင်ကြပါတယ်။ ပေါ်ဦးပေါ်ဖျားကောက်နှံစပါးကို လက်ဆုံနဲ့ထောင်း စကော(ဆန်ကော)နဲ့ ပြာပြီးဆန်ဖြစ်အောင် လုပ်ကြ
ပါတယ်၊ အဲဒါကိုတော့ ဖီ့ဘူးယော်အတွက် ဆောက်လုပ်ထားတဲ့တဲနန်းရှေ့မှာ လုပ်ကြရတာပါ။
နှစ်သစ်ကူးတဲ့မနက်မှာတော့ ဖီ့ဘူးယော်နတ်သမီးကိုပြန်ပို့ကြရပါတယ်၊ အနယ်နယ်အရပ်ရပ်က ရောက်လာကြတဲ့ဒုံးအဖွဲ့တွေအားလုံးဟာ ဖီ့ဘူးယော်တွက်သီးသန့်စပ်ဆိုထားတဲ့တေးသီချင်းနဲ့အတူ က,ကွက်တခုတည်းကို သံပြိုင်သီဆိုပြီး စည်းစနစ်တကျညီညီညာညာက,ကြရပါတယ်၊ ဒုံးဆရာမှန်ရင် အဲဒီတေးသီချင်းနဲ့ က,ကွက်ကို ဆိုတတ်က,တတ်ပါတယ်၊ အဲဒီလိုဖီ့ဘူးယော်နတ်သမီးကိုပြန်ပို့ပြီးပြီဆို
မှ ကရင်အမျိုးသားများဆင်းသက်လာပုံအကြောင်းတွေ ကရင့်အမျိုးသားနှစ်သစ်ကူးနေ့ဖြစ်ပေါ်ရရှိလာ ပုံအကြောင်းတွေ ရုန်းကန်လှုပ်ရှားခဲ့ရတဲ့အကြောင်းတွေကို လူကြီးသူမ,တွေက ပြောပြကြပါတယ်။”

ဖူ့ယောင်ဟဲ့သည် တက်ရောက်လာသူများကို အကဲခပ်ကြည့်လိုက်သည်၊ လူအတော်များများစိတ်ဝင် တစားရှိနေသည်ဟုထင်သည်၊ အဘယ်ကြောင့်ဆိုသော် ဒီဇင်္ဘာအားကစားပွဲမှလူလတ်ပိုင်းအချို့ ဖူ့
ယောင်ဟဲ့တို့ ဆွေးနွေးသည့်နေရာသို့ ခပ်ကုတ်ကုတ်ဝင်လာသည်ကိုတွေ့နေရသောကြောင့်ဖြစ်၏။

“အဲဒါတွေပြီးပြီဆိုရင် ခရု ဒါမှမဟုတ် ဖါး ရ,ရာတမျိုးမျိုးကို ပိန်းဥမျှစ်ချဉ်တွေနဲ့ရောချက်ထားတဲ့ဟင်းတ
မယ်ရယ်၊ မနေ့ညက,လက်ဆုံနဲ့ထောင်းလို့ရ,လာတဲ့ပေါ်ဦးပေါ်ဖျား ဆန်ကိုချက်ပြုတ်ပြီး တပျော်တပါး စုပေါင်းစားသောက်ကြရပါတယ်။
နေ့လည်ဘက်မှာတော့ ကရင့်ရိုးရာအားကစားနည်းတွေဖြစ်တဲ့ နဘန်းပွဲ၊ လက်ဝှေ့ပွဲ၊ ချောတိုင်တက်ပွဲ၊
စတဲ့ပျော်ပွဲရွှင်ပွဲတွေကို တနေကုန်အောင် ယှဉ်ပြိုင်ကစားကြပါတယ်။
ညဘက်မှာတော့ နေ့လည်ဘက်က အားကစားပြိုင်ပွဲတွေမှာ ဆုရတဲ့လူတွေ၊ ဆုရတဲ့အဖွဲ့တွေအပြင်
မနေ့ညက ဒုံးပြိုင်ပွဲမှာ ဆုရတဲ့ဒုံးအဖွဲ့၊ ရာဓနာ.(ဆုတောင်းသီချင်း)ဆုရရှိသူအဆိုရှင်၊စောင်းကောက်
ပြိုင်ပွဲ၊ ဗျတ်စောင်းပြိုင်ပွဲ၊ ပီဘာပြိုင်ပွဲ၊ ဟှိင်(ဂိန်) ပြိုင်ပွဲ၊ ဖွန်ဒွါပြိုင်ပွဲ၊ ပီခွန်ပြိုင်ပွဲတွေမှာ ဆုရတဲ့လူတွေ ကိုဆုပေးပါတယ်။
အဲဒီဆုရတဲ့ ဒုံးအဖွဲ့တွေ အဆိုရှင်တွေ အတီးအမှုတ်ရှင်တွေက၊လာရောက်ကြည့်ရှုအားပေးတဲ့ ပရိဿတ်
တွေကို ပြန်လည်ဖျော်ဖြေတင်ဆက်ကြပါတယ်။နောက်တော့ ဆ်ုအါင်လင် လို့ခေါ်တဲ့ ကရင့်ရိုး ရာ သြပွဲ
ပေါ့ဗျာ။
ဒီဘက်ပိုင်းမှာတော့သိကြမြင်ကြတဲ့အတိုင်း အနောက်တိုင်းခေတ်ပေါ်တေးဂီတတွေနဲ့ စတိတ်ရှိုးတွေ
ဘာတွေနဲ့ လုပ်လာကြတာများပါတယ်။
ဒါကတော့ ကျွန်တော်သိသလောက်ပြောပြတာပါ နေရာဒေသ,နဲ့အချိန်အခါ အခြေအနေပေါ်လိုက်ပြီး လုပ်ကြကိုင်ကြတာမျိုးလည်းရှိနိုင်ပါတယ်။”

ဖူ့ယောင်ဟဲ့ပြောအပြီး ထိုင်မည်ပြုလိုက်စဉ် လူတယောက်က

“အားတော့နာပါရဲ့ တခုတော့ရှိပါတယ် ဟိုဒင်းလေ နတ်ဆိုတော့ဗျာ ကျုပ်တို့စာသင်ကျောင်းရှေ့မှာ လုပ် ဘို့ကတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး၊ နတ်တို့ရိုးရာတို့ဆိုတာကို ကျုပ်တို့ကလိုလားတာမဟုတ်ဘူးဗျ၊ အဲဒီတော့ဗျာ အဲဒီအစီအစဉ်ကို ကျုပ်တို့သဘောမတူနိုင်ဘူး”

“အဲဒီအတွက်ဘာမှစိတ်မပူပါနဲ့၊ မစိုးရိမ်ကြပါနဲ့၊ ကျွန်တော်စောစောပိုင်းကပြောခဲ့သလို ယဉ်ကျေးမှုအ တီးအမှုတ်တွေနဲ့ ဖီ့ဘူးယော်ကို ပူဇော်ကန်တော့မှာဆိုတော့ ယဉ်ကျေးမှုစင်မြင့်ရှိတဲ့နေရာမှာ ပြုလုပ် မှာဖြစ်ပါတယ်။”

ထိုအခါ နိုင်ငံခြားဘာသာစကားကို အတော်အတန်ပြောနိုင် ရေးသားနိုင်သည့် လူတဦးက ဤသို့ဆိုပြန်
သည်။

“မောင်ကျော်ဖူ့ယောင်ဟဲ့ခင်ဗျား ဗမာလိုတော့ကျွန်တော်ကောင်းကောင်းမပြောတတ်ပါဘူး၊ ကျွန်တော့် ပထွေးဆိုရင်”

ဘေးနားကလူတယောက်က ဗမာဘာသာဖြင့် ပထွေးမဟုတ်ဘူး မွေးစားအဖေ ဟုပြောရန်သင်ပေးနေ
၏။

“အဲ…အဲ… မှားသွားလို့ ကျွန်တော့်မွေးစားအဖေဆိုရင် မကောင်းတဲ့အယူအဆ,ကိုစွန့်လွှတ်ပြီး ကောင်း
မွန်တဲ့ အယူအဆ,တွေနဲ့ အသက်တာကိုပြောင်းလွဲ အသက်ရှင်ဘို့အမြဲတမ်းဆိုဆုံးမ,လေ့ရှိပါတယ်၊
ဒီတော့ အခုလေးတင်ပြောသွားတဲ့ အယူအဆ,ဖြစ်တဲ့ နတ်တွေဘာတွေကို နားမထောင်တော့ပဲ ကျွန် တော်တို့ကရင်အမျိုးသားအမျိုးသမီးတွေ ခေတ်မှီတဲ့စနစ်ကလေးနဲ့သွားကြမယ်ဆိုရင် အမျိုးသားစည်း လုံးညီညွတ်ရေးအတွက် အလားအလာကောင်းတခု ဖြစ်လာနိုင်စရာအကြောင်းမရှိဘူးလားခင်ဗျာ။
ဘာကြောင့်လည်းဆိုတော့ ရိုးရာနတ်စားတာတို့ဘာတို့ဆိုတာက ဟောင်းနွမ်းနေတဲ့အယူအဆ,တွေ
မဟုတ်လား?”

ထိုပုဂ္ဂိုလ်ပြောသွားသည့်စကားများတွင် မိမိတို့ကရင်အမျိုးသားတို့၏ ဘဝဖြစ်စဉ်ကိုမျက်ခြေပြတ်နေသူ တဦးဖြစ်နေသည်မှာသေခြာလှသည်၊ သို့တည်းမဟုတ် မျက်ခြေပြတ်သွားရန်ကြိုးစားအားထုတ်ချင်ပုံ

ရ,သည်၊ အဘယ်ကြောင့်ဆိုသော် ဗမာများခေါ်ဆိုသည့် နတ်စားသည်ဆိုသည့်ဝေါဟာရကိုလည်း
ကောင်း ရိုးရာဟူသည့်ဝေါဟာရကိုလည်းကောင်း ကရင်တယောက်ဖြစ်ပါလျှက် ကရင်ဘာသာဖြင့်
ခေါ်ဆိုသုံးနှုံး သည့်အနက်ကိုလုံးဝနားမလည်သည့်အပြင် နားလည်ရန်ကြိုးစားလိုစိတ်လုံးဝမရှိသော
ကြောင့် ထိုသို့သောစကားမျိုးကို လူရှေ့သူရှေ့၌ ပြောဆိုနေခြင်းဖြစ်တန်ရာသည်။
တိုးတက်ခေတ်မှီခြင်းဆိုသည်ကို ထိုသူမည်သို့နားလည်သဘောပေါက်သည်ကိုတော့ ဖူ့ယောင်ဟဲ့ မ
တွေးတတ်၊ သေခြာသည်မှာ တိုင်းတပါးအမျိုးသားစာပေကို လေ့လာသင်ကြားထားလာရာမှ ထိုတိုင်း သားတို့၏ဓလေ့စရိုက်များကို မိမိတို့ကရင်အမျိုးသားထုအတွင်း ချွတ်စွပ်လိုက်နာကျင့်သုံးစေရေးအလို့
ငှာ မိုက်မဲခြင်းကြီးစွာဖြင့် ကြိုးစားပုံဖေါ်သွတ်သွင်းနေသည်ဟု ဖူ့ယောင်ဟဲ့ကောက်ချက်ချလိုက်မိသည်။
ဖူ့ယောင်ဟဲ့သည် အခြေအနေကိုအကဲခပ်လိုက်သည်၊ အားလုံးသည်ဖူ့ယောင်ဟဲ့ ပြန်လည်ချေပ,မည့်စ ကားလုံးများကို ကြားချင်နေပုံရ,သည်။

“ ဒီမိုကရေစီရဲ့သဘောသဘာဝအရ,ဘယ်သူမဆိုလွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်ရှိပါတယ်၊ ဒီ လိုပြောလိုက်တဲ့အတွက် ကျွန်တော်ဘာကိုဆိုလိုတယ်ဆိုတာ ခင်ဗျားသဘောပေါက်မှာပါ၊ ဒါကြောင့် တိုးတက်ခေတ်မှီတယ်ဆိုတဲ့အပိုင်းကိုလည်း ဆက်မဆွေးနွေးချင်တော့ပါဘူး၊ နှစ်သစ်ကူးအတွက် ဆွေးနွေးကြတာက ပိုကောင်းမယ်ထင်ပါတယ်”

“ ဟုတ်ပါတယ် အခုကျွန်တော်တို့ဟာက လမ်းကြောင်းလွဲမလိုလိုဖြစ်နေပါပြီ”

အဝေးရောက်အဖွဲ့ဝင်တဦးလည်းဖြစ် ကရင့်အမျိုးသားနှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေးကော်မီတီ၏ ဥက္ကဌလည်ြး့ဖစ်သူက
“ ဟုတ်ကဲ့ ဒီကနေ့အထိ ကျွန်တော်ဘက်က,ဆောင်ရွက်ပြီးစီးသွားတာတွေကို အစီရင်ခံတင်ပြရမယ်
ဆိုရင် အရေးကြီးပုဂ္ဂိုလ်များနှင့် အထူးဖိတ်ကြားခြင်းခံထားရသော ဧည့်သည်တော်များထံသို့ အခန်းအ နားအစီအစဉ်များနှင့်တကွ ဖိတ်စာများပူးတွဲပေးပို့မှု ပြီးစီးသွားခြင်း၊ အခြားဒေသ,မှပေးမည်ဟုဂတိပြု ထားသည့်ငွေကြေးများ အမြန်ဆုံးပေးပို့ရန် အကြောင်းကြားမှုပြီးစီးသွားခြင်း၊ ပွဲတော်ကို အေးအေးချမ်း ချမ်းပြုလုပ်နိုင်ရေးအတွက် ကြက်ဒူးဆစ်ရွာ အုပ်ချုပ်ရေးမှူးနှင့်တကွ ဆိုင်ရာပိုင်ရာများထံသို့ ကျင်းပ,
မည့်နေရာ အချိန် နေ့ရက် တို့ကို ပေးပို့ပြီးစီးသွားပြီဖြစ်ပါတယ်၊နေရာကတော့အခုကျွန်တော်တို့အစည်း အဝေးလုပ်နေတဲ့ စာသင်ကျောင်းမှာပဲဖြစ်ပါတယ်”

သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံဘက်သို့ ဖူ့ယောင်ဟဲ့ ငဲ့ကြည့်လိုက်ရာ ထိုပုဂ္ဂိုလ်သည် ငါ့အလုပ် ငါသိပါတယ်ကွာ ဟူသည့်အပြုံးမျိုးပြုံးလျှက် အစည်းအဝေးကာလတလျှောက် ရေးမှတ်ထားသည့်စာ ရွက်စာတမ်းများကို ၎င်း၏အိတ်ရှုံ့ထဲမှ ထုတ်ယူနေပါတော့သည်။

အခန်း(၈)

“သားကြီး ထမင်းစားမယ်ဟေ့ ”
အဖေက ဖူ့ယောင်ဟဲ့ကိုလှမ်းခေါ်ရင်း ထမင်းပူပူပေါ်သို့ ငါးပိရည်များဆမ်းနေ၏၊ အမေကမျှစ်ပြုတ်ကို အခွံနွှာနေရင်းမှ ဤသို့ဆိုလိုက်၏

“အင်ဥကြော်ရ,ပြီလားမသိဘူး၊ တချက်လောက်ကြည့်လိုက်ပါဦး၊ ရ,ရင်ပန်းကန်လုံးထဲခပ်ထည့်လိုက်”

မီဖိုပေါ်ရှိ ဒယ်အိုးထဲတွင် ကြက်သွန်နီနိုင်နိုင်ဖြင့်ကြော်ထားသည့် စားချင်စဘွယ်မွှေးကြိုင်နေသည့် အင်ဥကြော်ကို သစ်သားယောက်မ,ဖြင့်မွှေနေရင်းမှ ဖူ့ယောင်ဟဲ့သည် ကဗျာတပုဒ်ကို စိတ်ထဲမှ မှုန်းခြယ်လိုက်ရင်း ကဗျာခေါင်းစဉ်ကို စိတ်ကူးဖြင့်ပေးလိုက်၏ ခေါင်းစဉ်မှာ………

ဏိင်းထင်းသင့်ရာ.ဓနာ(နှစ်သစ်ကူးဆုတောင်း) ဖြစ်ပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment