+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, December 22, 2009

ဆရာ ဗန်းမော်ညိုနွဲ့ဆိုတဲ့ လူ (အောင်ငြိမ်း)

ကဗျာဆရာ ဗန်းမော်ညိုနွဲ့ အမှတ်တရ
ကိုကျော်အောင်လွင်(VOA Burmese Section)

ကဗျာဆရာကြီး ဗန်းမော်ညိုနွဲ့ November 12 ရက်နေ့က ကွယ်လွန်သွားပြီဆိုတဲ့သတင်းကြောင့်
ဆရာဖြတ် သန်းခဲ့တဲ့ ပညာရေးအသိုင်းအဝိုင်း၊ နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ အနုပညာအသိုင်းအဝိုင်းက
လူတွေက ဆရာ့ကို လွမ်းလွမ်းဆွတ်ဆွတ်နဲ့ တမ်းတ,ကြပါတယ်။
ပုံမှန်အားဖြင့်ဆိုရင်တော့ ကဗျာဆရာတဦးကွယ်လွန်သွားပြီိဆိုရင် စာနယ်ဇင်းလောက,သားတွေက
မဂ္ဂဇင်း ဂျာနယ်တွေမှာ နာရေးသတင်းဖြစ်ဖြစ် အမှတ်တရ,ဆောင်းပါးဖြစ်ဖြစ် အနည်းဆုံးတော့
ဖေါ်ပြကြပါတယ်၊ ဒါပေမယ့် ကဗျာဆရာဗန်းမော်ညိုနွဲ့ကတော့ မြန်မာ့စာနယ်ဇင်းလောက,မှာ ဖေါ်ပြခဲ့တာမျိုးမတွေ့ရပါဘူး။
ဘာကြောင့်လည်းဆိုတော့ ကဗျာဆရာဗန်းမော်ညိုနွဲ့ဟာ အနုပညာဖန်တီးခွင့်ပိတ်ပင်ခံထားရတဲ့
ကဗျာဆရာတဦးဖြစ်လို့ပါပဲ၊မြန်မာပြည်ဒီမိုကရေစီအရေး တက်တက်ကြွကြွဆောင်ရွက်ခဲ့သူဖြစ်
ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှည်တဦးဖြစ်
ခဲ့တဲ့ ကဗျာဆရာဗန်းမော်ညိုနွဲ့ဟာ မြန်မာ့စစ်အစိုးရတက်လာပြီးတဲ့နောက်ပိုင်းကစ,လို့ သူကွယ်
လွန်ခဲ့တဲ့အချိန်အထိ သူဖန်တီးတဲ့အနုပညာတွေကို မြန်မာစစ်အ စိုးရ,က စာနယ်ဇင်းတွေမှာ ဖေါ် ပြခွင့်မပေးခဲ့ပါဘူး။
သူ့အကြောင်းကို တခြားစာပေလောက,သားတွေကလည်း ရေးသားဖေါ်ပြခွင့်မရ,ကြပါဘူး၊ ဒါကြောင့်
ဆရာဗန်း မော်ညိုနွဲ့ကွယ်လွန်ခဲ့တဲ့အကြောင်းနဲ့ သူ့ကိုအောင်းမေ့တသ,ကြတဲ့အကြောင်း ရေးသား ဖေါ်ပြချက်တွေကိုပါ စာနယ်ဇင်းတွေမှာ မတွေ့ရတာပါ။
ပြည်ပ,က စာနယ်ဇင်းတွေမှာတော့ ဆရာဗန်းမော်ညိုနွဲ့ကို တန်ဘိုးထားကြသူတွေက သူကွယ်လွန်တဲ့အ
ထိမ်းအမှတ်အဖြစ် ကဗျာတွေစာတွေနဲ့ တခန်းတနားတုံ့ပြန်ကြပါတယ်၊ အဲဒီအထဲက ကဗျာဖန်တီးသူ အောင်ငြိမ်းရဲ့ ဆရာဗန်းမော်ညိုနွဲ့ဆိုတဲ့ လူ ဆိုတဲ့ကဗျာကို တင်ဆက်ပေးချင်ပါတယ်။
ဒီကဗျာကို အရှေ့မိုးကောင်းကင် အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားတာပါခင်ဗျား။

ဆရာဗန်းမော်ညိုနွဲ့ဆိုတဲ့ လူ
(အောင်ငြိမ်း)


မြန်မာမင်းလက်ထက်
ကောင်းတုံလို့ခေါ်တဲ့
ဧရာဝတီတဖက်ကမ်း
ရှေ့တန်းကင်းစခန်းဖြစ်ခဲ့တဲ့
မြို့။

တပိန်မြစ်ကြောင်းလမ်း
ဧရာဝတီမြစ်ကြောင်းလမ်း
ကုန်းလမ်း ရေလမ်း
ရှမ်း၊ ကချင်၊ တရုတ်၊ ကုလား
သွားလာကူးသန်း
ပိုးလမ်းမ,ကြီးရဲ့တစိပ်တဒေသ
ကုန်သွယ်ရေးလမ်းမ,ပေါ်က
မြို့။

ဒုတိယကမ္ဘစစ်ကာလ
စစ်ရေးအချက်အခြာကျ
လီတိုလမ်းမ,ကြီးပေါ်က
မြို့။

အင်္ဂလိပ်တပ်၊ ဂျပန်တပ်
အမေရိကန်တပ်၊ တရုတ်တပ်
တပ်ပေါင်းစုံကျော်ဖြတ်နင်း
စစ်တလင်းဖြစ်ခဲ့တဲ့
မြို့။

ဒီမြို့ကလေးဟာ
မတော်တာဆိုရင်
ရှင်ဘုရင်ကိုပင်ခွ(ဂွ)တိုက်တဲ့
သာသနာ့အကျော်အမော်
ဗန်းမော်ဆရာတော်အစ
မြစ်ဧရာပေါ်က,သံမဏိလင်းယုံ
ဗန်းမော်တင်အောင်အဆုံး
နှလုံးရည်လက်နက်
ကလောင်ထက်တဲ့
မြို့။

လွတ်လပ်ရေးအတွက်
ရရင်ရ မရရင်ချဘို့
ဗိုလ်အောင်ဆန်းကိုယ်တိုင်
လာရောက်စည်းရုံး
လက်ရုံးတောင့်တဲ့
မြို့။

ကိုလိုနီခေတ်
ဖက်ဆစ်ဂျပန်ခေတ်
လွတ်လပ်ရေးခေတ်
ဒီမိုကရေစီတိုက်ပွဲခေတ်
ခေတ်ပြိုင်သမိုင်းအဆက်ဆက်
တော်လှန်ရေးမျိုးဆက်မပြတ်တဲ့
မြို့။

ဒီမြို့ကလေးမှာ
အသက် ၈၇ နှစ်အရွယ်
ကျောင်းဆရာ
ကဗျာဆရာ
ပြည်သူချစ်တဲ့ဆရာအိုတယောက်
ပေါက်ဖွါးနေထိုင်
ကြီးပြင်းထွက်ခွါ
လွမ်းစရာတွေကျန်ခဲ့တဲ့
မြို့။

စေတနာ၊ ဝါသနာ၊ အနစ်နာ
နာသုံးနာနဲ့ရပ်တည်
သစ္စာဝါဒီတဦး
တောရှင်းမြေပြင်
လယ်သစ်ထွင်တဲ့
မြို့။

ဓါးများကိုထက်စေသူ
ပန်းများကိုပွင့်စေသူ
ကျောက်သားလိုမာပြီး
မြေဆီမြေသားလို
နူးညံ့ပျော့ပျောင်းစွာ
မထင်မရှားနေထိုင်သွားခဲ့သူ
ဒီမြို့နဲ့ဒီလူ
ဘာကိုမှုမတုန်း
ဒီလူတွေရှိနေသရွေ့
ဒီမြို့နဲ့ဒီပြည်ဟာ
ဘယ်တော့မှမတိမ်ကောဘူး။

အောင်ငြိမ်း
November 2009

0 comments:

Post a Comment