မင်ဏီဆိုးတားပြည်နယ် စိန့်ပေါမြို့တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကျင်းပ,ခြင်း
December 27 2009
ဖူ့ယောင်ဟဲ့
December 27 2009
ဖူ့ယောင်ဟဲ့
ယနေ့ December 27 2009 တနင်္ဂနွေနေ့တွင် မင်ဏီဆိုးတားပြည်နယ် စိန့်ပေါမြို့ 942 Edmund Avenue
ရှိ ကရင်မိသားစုဝင်များ ကရင့်ရိုးရာကောက်သစ်စားပွဲနှင့် ကရင်အမျိုးသားနှစ်သစ်ကူးအခန်းအနားကို
ကျင်းပ,ပြု လုပ်ကြကြောင်းသတင်းရရှိပါသည်။
အခန်းအနားအစီအစဉ်အရ, ဦးစွာ ကရင့်အမျိုးသားအလံတော်ကို အလေးပြုကြပြီး ကရင့်အမျိုးသားသီ
ချင်းဖြင့် အခန်းအနားကို ဖွင့်လှစ်ကြောင်းသီရှိရ,ပါသည်။
ထို့နောက် ဆရာမ,နော်မူးတူမှ တချိန်တခါတုန်းစီက ရိုးရာကောက်သစ်စားပွဲ ကျင်းပ,ပြုလုပ်ခဲ့ပုံများကို တခုတ် တရ,ရှင်းလင်းပြောကြားသွားပြီးနောက် ဆရာမ, နန်းတင်လှနှင့် ဆရာမ နန်းအေးအေးသိန်းတို့မှ အခန်းအနား တက် ရောက်လာကြသူများကို ကရင့်ရိုးရာစောင်းကောက်ဖြင့် ဏိင်းထင်းသင့်ရာဓနာ.(ဗမာဘာသာဖြင့် နှစ်သစ် ကူး ဆုတောင်း) အမည်ရ တေးသီချင်းကို သီဆိုတီးခတ် ဖျော်ဖြေသွားကြကြောင်း
ဆရာမ နန်းတင်လှ(ထိုင်)နှင့် ဆရာမ နန်းအေးအေးသိန်း(ရပ်)
Photo by; Nann Kyon Par Shoo.
ဆရာ မန်းဝင်းမိုးမှ ကရင့်ရိုးရာအသုံးအဆောင်ပစ္စည်းများ၏ တခုစီအမည်နာမ,များနှင့်တကွ အသုံးပြုပုံ
များအား မျိုးဆက်သစ်သားသားမီးမီးများကို အသေးစိပ်ရှင်းလင်းပြောကြားသွားသည့်အပြင် စိတ်ဝင် တစားမေးမြန်းလာ ကြသော သားသားမီးမီးများ၏ မေးခွန်းများကို စိတ်ရှည်လက်ရှည် ပြန်လည်ရှင်းပြ
ပြောဆိုပေးသွားပါကြောင်း
ရှင်းလင်းပြောဆိုနေသည့် ဆရာ ဝင်းမိုး
Photo by; Nann Kyon Par Shoo.
အဘွားဖြစ် သူ နန်းမ,နုမှ ကရင့်ရိုးရာလေမှုတ်ဒူရိယာပစ္စည်းများအနက် ဟှိင် (ဗမာအခေါ် သံဝင်
သို့မဟုတ် မိချောင်းလျှာ) ဖြင့် ဧည့်ပရိဿတ်များကိုမှုတ်ပြသွားသည့်အပြင် မမြင်မတွေ့ဘူး သေးသူ အယောက်စီတိုင်းအား ဟှိင် ဟုခေါ်ဆို သည့် လေမှုတ်ဒူရိယာပစ္စည်းကို အနီးကပ်ပြသ,သွားကြောင်း သိရှိရ,ပါသည်။
အဖွါး နန်းမ,နု
Photo by; Nann Kyon Par Shoo.
သွား သည့်အပြင် အခြားဗဟုဿုတ,ဖြစ်ဘွယ်ရာများနှင့် မှတ်သားဘွယ်ရာများကိုရှင်းလင်းပြောကြား
ရာ၌ ဖါးစည် တွင် ဆင်၊ ဖါး၊ ငှက်၊ငါး၊ စသည့်အရုပ်များပါရှိသည့်အပြင်၊ ဖါးစည်၏မျက်နှာပြင်ပေါ်တွင် တကောင်၏ နောက်ကို တကောင်က လက်ျာရစ် လိုက်သည့်ပုံသဏ္ဍန်ဖေါ်ပြထားကြောင်း၊
မင်ဏီဆိုးတား၌ ဖါးစည်တလုံးရှိကြောင်း၊ ဖါး စည်၏ခါးလည်တွင် ကြိုးဖြင့်ချိတ်ဆွဲလျှင် အလေးချိန်
ညီမျှသဖြင့် တသမတ်တည်းရှိကြောင်း အခြားပစ္စည်းများ ကယ်သို့ မဟုတ်ကြောင်းနီးစပ်ရာပုလိုင်းတ
လုံးကိုယူ၍ သရုပ်ဖေါ်ရှင်းလင်းပြသ,ပြောဆိုသွားကြောင်းသ တင်းရ,ရှိပါသည်။
ဆရာ မန်းနွဲ့ယဉ်
Photo by; Phu Young Hat
ဟင်းလျာနှင့် ထမင်းကို လင်ဗန်းတချပ်တွင်ထည့်ကာ လက်ရည်တပြင်စည်းစားသောက်ကြပြီး ငှက်ပျော အူနိုင်းချင်းဖြင့်ချက် ထားသည့် မုန့်ဟင်းခါး ကြက်သားဆန်ပြုတ် တို့ဖြင့်ကျွေးမွေးဧည့်ခံကြောင်းနှင့် လူထုပရိဿတ် ၁၀၀ နီးပါးခန့် တက်ရောက်လာသည့် အဆိုပါအခန်းအနားကို မွန်းလွဲ ၃း၀၀ နာရီတွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရ,ရှိပါ သည်။
လာမည့် January 09, 2010 ၌လည်း ကရင့်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို မင်ဏီဆိုးတားတွင်
စည် စည်ကားကားသိုက်သိုက်မြိုက်မြိုက် ပျော်ပျော်ရွှင်ရွှင်ဖြင့် တစုတစည်းကျင်းပ,ပြုလုပ်ကြမည်
ဖြစ်ကြောင်းသိရှိရ,ပါသည်။
ဖူ့ယောင်ဟဲ့
0 comments:
Post a Comment