+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, July 19, 2009

ကရင့်ရိုးရာဝါခေါင်လ ခြည်ဖြူဖွဲ့ပွဲ မင်ဏီဆိုးတား၌ကျင်းပရန်ရှိခြင်း


မင်ဏီဆိုးတားပြည်နယ် စိန့်ပေါမြို့ အမှတ် 1620 Boys & Girls Clubs ခန်းမ၌ ကရင့်ရိုးရာ ဝါ ခေါင်လခြည်ဖြူဖွဲ့ပွဲတော်အား လာမည့် သြဂုတ်လ ၁ရက်၊၂၀၀၉၊ စနေနေ့တွင် ရိုးရာမပျက်ဆင် ယင်ကျင်းပကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ကရင့်ရိုးရာဒုံးအကများ၊ ကရင်တေးသီချင်းများအပြင် ဘောလုံးပွဲများကိုလည်းယှဉ်ပြိုင်ကျင်းပ, ကြမည်ဖြစ်သဖြင့် စုစုပေါင်းဘောလုံးအသင်း(၅)သင်းထက်မနည်း ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဟု သတင်းရရှိပါသည်။
အဆိုပါဘောလုံးအသင်းများအနက် Wasconsin မှဘောလုံးအားကစားဝါသနာရှင်များလည်း လာရောက်ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းပေးပို့သူ ဖူ့ယောင်ဟဲ့

ကရင့်ရိုးရာ ဝါခေါင်လခြည်ဖြူဖွဲ့ပွဲဘိတ်စာ

ခြည်ဖြူမှာတမ်း

မိုးကြီးလေကြမ်း ကလူစယ်
ငွေလှိုင်းနဒီ ဆိုးနွဲ့ဟန်ထည်
ထစ်ခြုဉ်းကာလျှပ်လက် သွန်းဖြိုး
ညှာတာမဲ့ လဝါခေါင်မိုး။
လမြတ်ဝါခေါင် ရေဖေါင်ဖေါင်
ဒို့ရိုးရာပွဲ မျိုးဂုဏ်ဆောင်
ခြည်ဖြူနှောင်ဖွဲ့ ယုံကြည်ချက်
ကြားစကား နားမယောင်နဲ့။
သစ်,ဝါးခေါင်းက မျိုးကရင်
မှားတာမြင်ရင် အမှန်ပြင်လော့
နတ်ပန်းညိုလို ရောက်လေရာ
ရှင်သန်ခြင်း ဂုဏ်ကိုဆောင်ပါ။
ထမင်းဆုပ်ကို စံနမူ
မခွဲခြားနဲ့ သူ့လူကိုယ့်လူ
မိမျိုးဖနွယ် မခွဲခြား
တအူတုံဆင်း ညီနောင်ဘွါး။
ကိုးနဒီ ဒို့တိုင်းလှဘို့
ကိုးသွယ်နေခြည် လံတော်လွှင့်စို့
လက်ချင်းယှက်သစ္စာတိုင်တည်
ညီညွတ်မှုနဲ့ အောင်ပွဲဆင်မည်။

စအိုင်ခန့်
၈-၀၁-၂၀၀၉ ခြည်ဖြူဖွဲ့ မင်္ဂလာပွဲသို့

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Saturday, July 18, 2009


ကဲ...သူငယ်ချင်းတို့ရေ. ...လက်တို့ပြီးတော့ ပြောရဦးမယ် သတင်းထူးလေးကို သြဂုတ်လမှ စတင်၍ အင်္ဂါဂြိုလ်ဟာ အထွန်းလင်း
အတောက်ပဆုံး ဖြစ်ပါလိမ့်မည်။ ၄င်းဂြိုလ်ဟာ ကြီးမားတောက်ပတဲ့ လတစ်စင်းပမာ အစွမ်းကုန် ထွန်းလင်း တောက်ပမှာပါ။ အဲဒါ
ကတော့ သြဂုတ်လ 27ရက်နေ့မှာ အင်္ဂါ ဂြိုလ်ဟာကမ္ဘာနဲ့ မိုင်ပေါင်း 34.65 M miles စတင် နီးကပ်လာမှာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်
တွေက ကြေငြာထား ပါတယ်။ဒါကြောင့်27th သြဂုတ်လ12:30AMမှာ ကောင်းကင်မှာ လနှစ်စင်း ပမာ ထွန်းလင်းတာကို တွေ့မြင်ကြ
ရမှာပါတဲ့။ဒီတစ်ကြိမ်မှာ မကြည့်လိုက် ရရင်တော့ အင်္ဂါဂြိုလ်ဟာ ကမ္ဘာနဲ့ နီးကပ်လာဖို့ကို နောက်နှစ် 2287ခုနှစ်ထိ စောင့်ကြရ မှာတဲ့
နော့်။ ကဲသူငယ်ချင်းတို့ရေ... တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီး သတင်းလေးကိုဖြန့်ဝေပေး လိုက်ပါဦး ။ကြုံတောင့်ကြုံခဲမို့
လို့ပါ။ တော်နေ ဒီအကြိမ် မကြည့်လိုက် ရရင်2287 ခုနှစ်ထိကို မသေချာပဲ စောင့်စား နေရမှာ စိုးလို့နော်။ ကဲ.. နွှဲလိုက်ကြစို့... အော်..
မေ့နေမှာစိုးလို့.....နေ့ရက်က 27ရက်၊ အချိန်က မနက် 12:30၊ နေရာကတော့ မိုးကောင်းကင်မှာပါ။
လနှစ်စင်းကို စောင့်ကြည့်ဖို့ မမေ့နဲ့နော်။

ပေးပို့သူ---
Htoo Aye
သတင်းနှင့်ဓါတ်ပုံ ဟစ်တိုင် မှ ကူးယူထားခြင်းဖြစ်ပါသည်။

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

အာဇာနည်နေ့

ဓါတ်ပုံကို ခေတ်ပြိုင်ဂျာနယ်မှ ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်
ဘာလိုလိုနဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မျိုးချစ်အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့ရတာ ၆၂ နှစ်တင်းတင်းပြည့်ခဲ့ပြီပဲ။


ကြည် ပဲပြုတ်နဲ့နံပြားရရင် စားချင်တယ်။


ဗိုလ်ချုပ်အောင်ဆန်းရေးခဲ့တဲ့ အားလုံးသိနေတဲ့စာကြောင်းတိုလေးကို ရေးပြလိုက်ပါတယ်။
မြန်မာ့ဆိုရှယ်လစ်စနစ်ကျောင်းသုံးစာအုပ်ထဲမှာ သင်ခဲ့ရတဲ့စာကြောင်းလေးပါ။
အစည်းအဝေးမသွားခင် ရေးထားတဲ့စာဖြစ်ပါတယ်။
ဘယ်အစည်းကိုမသွားခင်ရေးတယ်ဆိုတာ မမှတ်မိတော့တဲ့အတွက် တောင်းပန်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Friday, July 17, 2009

မိကျောင်း ငိုတယ်

မိကျောင်း ငိုတယ်

သစ်ကောင်းအိမ်

ဇူလိုင် ၁၇၊ ၂၀၀၉


ဘယ်လို ကာလပျက်ကြီးလဲ

ကြပ်ပြေးကို တိရစ္ဆာန်ရုံပြောင်းတော့

ဆင်တွေက မျက်ရည်ကျသတဲ့၊


ခုလည်း ဘယ်လို ဟာသပျက်ကြီးလဲ

ကမ္ဘာ့စီးပွားပျက်ကပ်မှာ အမေရိကား တင်ပို့ခံရလို့

မိကျောင်းတွေ ငိုကြသတဲ့၊


ဟုတ်တယ် မိကျောင်းမင်းတွေ

ငိုခင်း ပြကြတယ် …


အပုပ်အစပ် အလွန်ကြိုက်တဲ့ မိကျောင်းဟာ

ဆူလွယ်နပ်လွယ် သူ့ကျက်စားနေကျ

ရေချို ရေငန်စပ်က

မိကျောင်းမြို့တော်ကို သတိရလို့ဆိုပြီး

မိကျောင်း ငိုတယ်၊


အဲဒီ မြို့တော်မှာ

မိချောင်းတရာဝီစကီ သောက်ရင်း

မိချောင်းမ တရာနဲ့ ပျော်ပါးဖူးတဲ့

မိကျောင်းမျက်ရည် ကာရာအိုကေဘား အကြောင်း

ရွှေထီးဆောင်း ညတွေကို

စားမြုံပြန် တမ်းတပြီး

မိကျောင်း ငိုတယ်၊


လိုက်ထိုးစရာ နောက်ကျော မကျန်တော့လို့

ကိုယ့်လက်ထဲက ဓားနဲ့

ကိုယ့်ရင်ဝကိုယ် ပြန်ထိုးဖို့ပဲ ကျန်တော့သမို့

မိကျောင်း ငိုတယ်၊


ကိုယ့်အရေခွံ ကိုယ်ဆုပ်ရောင်းပြီး

ခြုံစရာ အရေ မရှိတော့လို့

မိကျောင်း ငိုတယ်၊


ကိုယ့်အမြီး ကိုယ် ဖြတ်ရောင်းပြီး

ယမ်းစရာ အမြီး မရှိတော့လို့

မိကျောင်း ငိုတယ်၊


မိကျောင်း ငိုတယ်

နာဂစ် ဒေသက

မလောက်မငှဆန်ကွဲတွေ အလှူခံ

သူ့ဆီ ပြန်ပို့ပေးရမယ့် လက်ပေါက်နဲ့

မိကျောင်းငိုတယ်၊

ဘာဘွန်း ၀ီစကီခွက်ထဲမှာ

သွေးပျက်နေသလား မိကျောင်း …

မိန်းမနဲ့ ဖက်အိပ်ပြီး

လောကကို ခံတွင်းပျက်နေသလား မိကျောင်း

ကုလားအုပ်တံဆိပ် စီးကရက်သောက်ပြီး

ဘ၀အမောတွေ ဖောက်နေသလား မိကျောင်း …


မိကျောင်းထဲမှာတောင်
မင်းက မိကျောင်းမင်းလည်း ဖြစ်ပြန်ဆိုတော့

ငိုခင်းပြ ပိုကောင်းအောင်

ငမိုးရိပ်နဲ့လည်း မနီးလေတော့

ရေချိုးကြွေဇလုံထဲမှာသာ
နှာခေါင်းဖော် သေလိုက်ပါတော့ မိကျောင်း။ ။


(၁၆. ဇူလိုင်. ၂၀၀၉)
မိုးမခ သတင်းစဉ်မှ ကူးယူဖေါ်ပြပါသည်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Wednesday, July 15, 2009

SHARK WASHEAS UP AND DIES ON NY BEACH


Shark washes up and dies on NY beach
Jul 15, 2009 (8:27a CDT)

BABYLON, N.Y.
A 20-foot-long basking shark that washed ashore on a beach on New York's Long Island appears to have died from some kind of illness.

New York State Parks official George Gorman says researchers will examine the shark to determine a cause of death. After that, it will be buried in nearby sand dunes on the beach.

The basking shark, which are common in the waters off Long Island, washed ashore Tuesday on a town beach a few miles east of Jones Beach.

Basking sharks are not considered dangerous. They eat plankton.

Tracy Marcus of Cornell Cooperative Extension says the shark weighs about a ton. She says it is unusual for an ailing basking shark to come ashore. Usually they die in the ocean.

BY Qwest.live.com

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Tuesday, July 14, 2009

ချစ်တတ်စမ်းပါ

အမေရိကန်အမျိုးသမီးတဦး ကရင့်ရိုးရာခြည်ဖြူဖွဲ့ပွဲသို့ တက်ရောက်ခဲ့စဉ်
ချစ်တတ်စမ်းပါ
လမြတ်ဝါခေါင်
ရေတွေဖေါင်ခိုက်
ဖွဲ့နှောင်ခြည်ဖြူ
မင်းငါသူပေါ့
ညီတူဝတ်စုံ
င်ယင်ခြုံလွှမ်း
ဝမ်းမြောက်လန်းရွှင်
ပြုံးပန်းလွင်လျှက်။
မိရိုးဖလာ
ဒို့ရိုးရာဟေ့
စဉ်လာမြေးသား
မေ့မထားနဲ့
ဒို့များစာပေ
ယဉ်ကျေးမွေနှစ်
ဒို့တွေချစ်ကြ
ဖေါ်ထုတ်ကြလော့။
ဒို့မှမချစ်
ဘယ်သူချစ်လိမ့်
မျိုးချစ်ဒို့သာ
ချစ်ရမှာမို့
ကဗျာစာပေ
ဘိုးဘွားမွေကို
ရှာဖွေဆောင်းစု
ယဉ်ကျေးမှုများ
ပြုစုရေးသား
ဖေါ်ထုတ်သွားမှ
မျိုးသားတာဝန်
သင်….. ကျေမယ်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

လ်ုဝါ်လာခုဂ်


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

တန်ဘိုးမဖြတ်နိုင်သော မိဘ၏ဆုံးမစကား


တန်ဘိုးမဖြတ်နိုင်သော မိဘ၏ဆုံးမစကား

ရေးသားသူ Na May Ya Dar (သင်သည် ငါ့အတွက်)

၁။ ကျွှန်တော်ငယ်ငယ်က ကျွန်တော့မိဘများ ကျွန်တော့်ကိုပညာသင်ရန်ကျောင်းသို့ပို့သည့် အဓိကအချက်မှာ ကျွန်တော်၏လူမျိုးနှင့်တိုင်းပြည်အပေါ် အကျိုးပြုသူတယောက်ဖြစ်လာရန်ဖြစ်သည်။
ကျွန်တော့်အား စာကြိုးစားရန်၊ ပညာသင်ချိန်မြန်မြန်ပြီးရန် သို့မှသာကျောင်းမြန်မြန်ပြီးလျှင် အမျိုးသားရေး လုပ်ငန်းများကိုထမ်းဆောင်ရန် ရည်ရွယ်ထားကြပါသည်။


၂။ ကျွန်တော်သည် တော်လှန်ရေးနယ်မြေရှိ KNLA ကေအင်န်အယ်လ်အေသို့ ၁၉၅၇ ခုနှစ်တွင် ဝင်ရောက် အမှုထမ်းခဲ့ပါသည်၊ အဓိကရည်ရွယ်ချက်သည် ကျွန်တော့်လူမျိုးအကျိုးအတွက် အစေခံရန်ပင်ဖြစ်သည်၊ နောက်ပြီး ခေါင်းဆောင်ကြီးများ၏တာဝန်အမျိုးမျိုးကို အဘက်ဘက်မှကူညီပေးရန်ဖြစ်သည်။
ကြိမ်ဖန်များစွာ စစ်မြေပြင်တွင်အသက်ကိုစတေးလျှက် တိုက်ပွဲပေါင်းမြောက်များစွာကို ကျွန်တော်ပါဝင် ဆင်နွှဲခဲ့ပါသည်။
၃။ ကျွန်တော်၏မိဘများသည် ကျွန်တော့်ကိုယ်ကျိုးအတွက်ရှာဖွေရန်မပြောခဲ့ပါ၊ ကရင်လူမျိုးတို့၏ပြဿနာ ပေါင်းစုံကိုသာ ကူညီဖြေရှင်းရန်သွန်သင်ဆုံးမခဲ့သည်။
အခြေနေအကြောင်းအမျိုးမျိုးတို့ကြောင့် ဆင်းရဲဒုက္ခပေါင်းစုံကိုရင်ဆိုင်ကြုံတွေ့ရသော်လည်း မိမိလူမျိုးအပေါ် မလိမ်ညာမကောက်ကျစ်ပဲ သစ္စာရှိရှိချစ်မြတ်နိုးရန်လည်း ပြောဆိုခဲ့ပါသည်။


၎။ တနှစ်လျှင် မိဘများနှင့် ၃ကြိမ်ဆုံတွေ့ခွင့်ရသည့်အတွက် မိဘများကြည်းနူးဝမ်းသာကြပါသည်၊ မိဘများသည် ချမ်းသာကြွယ်ဝသူများဖြစ်ကြသည့်အတွက် တော်လှန်ရေးနယ်မြေသို့ ကျွန်တော် ပြန်လာသည့်အခါတိုင်း လိုအပ်သမျှဖြည့်ဆည်းပေးကြပါသည်။
မိခင်ကော်သူးလေ၏ငွေကြေးအပေါ် သစ္စာရှိရန်၊ အလွဲသုံးစားမလုပ်ရန်၊ မိမိချစ်သောလူမျိုးတို့၏
စည်းလုံးညီညွတ်ခြင်းအား စိတ်ဝမ်းကွဲဖျက်ဆီးခြင်းမပြုလုပ်ရန် အမြဲသွန်သင်ဆုံးမခဲ့ပါသည်။
၅။ ကျွန်တော်သည် ကရင့်အမျိုးသားတော်လှန်ရေး KNLA တွင် သစ္စာရှိရှိတာဝန်ထမ်းဆောင်ခဲ့ ပါသည်၊ ကျွန်တော်သည် တာဝန်ကိုအကောင်းဆုံးနှင့်ကျေပြွန်စွာ ထမ်းဆောင်ခဲ့သည့်အတွက် ရာထူးကြီးကြီးကို တဆင့်ပြီးတဆင့်ရရှိခဲ့ပါသည်။
ဘာသာရေး အရေးအခင်းကြောင့် အတ္တသမားကိုယ်ကျိုးရှာသစ္စာဖေါက်တို့သည် မိမိတို့လူမျိုး များကိုနစ်နာစေလျှက် ကိုယ်ကျိုးကိုသာရှာကြံပြီး၊ တဖက်သို့လည်စဉ်းခံအရှုံးပေးဝင်ရောက်ခိုလှုံ သွားကြပါသည်။
၆။ ကျွန်တော်သည် ကြီးမားသောတာဝန်များကိုထမ်းဆောင်ခဲ့ရသော်လည်း ညည်းညူခြင်းမရှိခဲ့ပါ၊ ကျွန်တော့်လူမျိုးလွတ်လပ်ရေးအတွက် အကောင်းဆုံးစီမံခန့်ခွဲမှုသာလျှင် ကျွန်တော့်၏စိတ်အလျှဉ်၌ ကိန်းအောင်းတည်ရှိနေသောကြောင့်ဖြစ်သည်။
သတ္တိနည်း၍ သိမ်ငယ်ညံ့ဖျင်းယုတ်ညံ့သောသစ္စာဖေါက်တို့သည် ကျွန်တော့်ကိုသွေးဆောင်နိုင်ခြင်း
မရှိခဲ့ပါ။
ကျွန်တော်၏ လူမျိုးအပေါ်ခိုင်မြဲသောချစ်မြတ်နိုးမှုနှင့် ခိုင်မာမြင့်မြတ်သောရည်ရွယ်ချက်တို့ကြောင့်
ဖြစ်သည်။
၇။ ကျွန်တော်သည်ဘယ်သောအခါမျှ ညည်းညူခြင်း ဆင်ခြေပေးခြင်းအမှုတို့ကိုမပြုခဲ့ပါ၊ မိဘစ ကားကိုအမြဲတမ်းသတိရနေသောကြောင့်ဖြစ်ပါသည်။
သူတို့သည်ကျွန်တော့်အား အမြဲမှာကြားခဲ့သည့်စကားမှာ ငါ့သား ဘယ်သောအခါမျှအရှုံးပေးပြီး လည်စဉ်းမခံနဲ့၊ အချို့ခေါင်းဆောင်များနဲ့အုပ်ချုပ်သူများ၏ မလျှော်ကန်မှားယွင်းစွာပြုလုပ်ခဲ့ သည်ကိုမြင်ရသော်လည်း အတုလိုက်မခိုးပါနဲ့။
၈။ အကောင်းဆုံးပြုလုပ်ပေးခြင်းနှင့် ကိုယ့်လူမျိုးအပေါ်ချစ်ခြင်းသည် သင်၏လွတ်လပ်ခြင်းပင်
ဖြစ်ပါသည်၊ ကျွန်တော်သည် မိဘစကားများကိုအမြဲကြားယောင်ပြီး လွတ်လပ်ခြင်း၏အဖြေကို အမြဲတမ်းရှာဖွေစူးစမ်းနေမည်ဖြစ်ပါသည်။
မိဘတို့၏စကားကိုဖြည့်ဆည်းပေးရန်နှင့် ကရင်နယ်မြေ၏လွတ်လပ်ရေးအတွက် ကျွန်တော်သည် ယုံကြည်ချက်အပြည့်ဖြင့် စွမ်းစွမ်းတမန်အလွန်အားရကြေနပ်စွာ အစွမ်းကုန်ခုခံကာကွယ် ခြင်းဖြင့် သက်သေပြသွားမည်ဖြစ်သည်။
၉။ ငါသည်အပြောသမားမဟုတ်ပါ၊ ယုံကြည်စိတ်ချရပြီးဂုဏ်ရှိစွာ လုပ်ကိုင်နေထိုင်ပြသွားမည်ဖြစ်သည်။
ယခု ကျွန်တော်သည်မိဘစကားများကိုမြေဝယ်မကျ အကောင်းဆုံးအမှန်အတိုင်းဖြည့်ဆည်းလုပ်ကိုင် နေသော်လည်း အပြစ်တင်ဝေဘန်ခြင်းများကိုခံခဲ့ရပါသည်၊ ကျွန်တော်သည် အုပ်ချုပ်ရေးမှုးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့ရသော်လည်း သူတို့နှင့်ထိုက်တန်သော ပြစ်တင်ရှုတ်ချ ဖိနှိပ်မှုများကို လုံးဝပြန်လည်ဆင်ခြေပေးမည်မဟုတ်ပါ၊ သူတို့၏ဖအေများဖြစ်ကြသော SOLRC သို့မဟုတ် SPDC တို့၏ လုပ်ဆောင်ချက်၊ စီမံချက်တို့ကို နားမလည်သောကြောင့်ဖြစ်သည်။
တနေ့ မှန်ကန်မျှတမှုသည်ထင်ပေါ်လာမည်ဖြစ်သည်။
၁၀။ အချို့သော အတ္တသမား၊တကိုယ်ကောင်းဆန်သူများသည် ကျွန်တော့်အပေါ် ကောက် ကျစ်စဉ်းလဲစွာကျင့်သုံးကြပါသည်၊ ကျွန်တော့်အပေါ် ထိုသူတို့၏အုပ်စိုးလွှမ်းမိုးခြင်းကို လုံးဝအ ခွင့်အရေးပေးမည်မဟုတ်ပါ၊ မှန်ကန်သောလုပ်ရပ်သည် အနာဂါတ်တွင်မှန်ကန်ကြောင်းကို သက်သေပြနေပေမည်။
ထိုအချိန်ရောက်လျှင် သူတို့ပြောလိမ့်မည် အာဟား ငါတို့၏သွေးသောက်သည် မှန်ကန်သောအမှုကို
ပြုခဲ့လေပြီ ဟု။
ကျွန်တော့်မိဘ၏ မှန်ကန်သော ရှေ့ဆောင်ကူညီစောင့်ရှောက်မှုဖြင့် တနေ့အောင်မြင်ခြင်းရရှိမည်ကို ကျွန်တော်အသေအခြာယုံကြည်ပါသည်၊ ထို့ကြောင့် ကျွန်တော်နှင့်ကျွန်တော်၏လူမျိုး များအတွက် ကျွန်တော်၏မိဘစကားများသည် တန်ဘိုးဖြတ်နိုင်ခြင်းမပြုနိုင်သောစကားများ ဟု
ဆိုလိုက်ရခြင်းဖြစ်ပါသည်။
Nar May Ya Dar
OKRSO မဂ္ဂဇင်း ၁၀နှစ်မြောက်အထူးထုတ် မှ ကူးယူဖေါ်ပြပါသည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

လာခုဂ်ခါင်.စူး မူ.ဏီ



2003,August,1 တတိယအကြိမ်မြောက် အားမာန်သစ်မဂ္ဂဇင်းမှ ကူးယူဖေါ်ပြပါသည်။
ကဗျာရှင်ခင်ဗျား ဒိကဗျာကိုဖတ်မိရင် ကျုပ်စီကိုဗမာလိုစကားပြေလေး ရေးပို့ပေးဘို့မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Monday, July 13, 2009

ကရင်အမျိုးသားနှင့်ငြိမ်းချမ်းရေးပြဿနာ

ဆရာ ဗန်းမော်တင်အောင်


ကရင်အမျိုးသားနှင့် ငြိမ်းချမ်းရေးပြဿနာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌ ရာစုနှစ်ပေါင်းများစွာက အခြေချနေထိုင်လာခဲ့ ကြသော ကရင်အမျိုးသားများသည် မိမိတို့ဘာသာဘာဝအလျှောက် ဘာသိဘာသာနှင့် အေး အေးချမ်းချမ်းလုပ်ကိုင် စားသောက်ကာ နေထိုင်ခြင်းပြုခဲ့ကြသော တိုင်းရင်းသားလူမျိုးစုကြီး တစုဖြစ်လေသည်။
မြန်မာနိုင်ငံတော်၏ သမိုင်းတိုးတက်မှုကိုလေ့လာသောအခါ အခြားသောတိုင်းရင်းသားလူမျိုးစုများ
ဖြစ်ကြသည့် မွန်၊မြန်မာ၊ရခိုင်နှင့်ရှမ်းတို့ အချင်းချင်း၏ပဋိပက္ခစစ်ပွဲများကိုသာ အများဆုံးတွေ့ရှိရလျှက် ကရင်လူမျိုးစုနှင့်ပတ်သက်သောပဋိပက္ခစစ်ပွဲများကို မတွေ့ရှိရသလောက်သာလျှင်ဖြစ်ပေသည်။
ပုဂံခေတ်ပထမမြန်မာနိုင်ငံကို ထူထောင်ခြင်းပြုခဲ့ကြသောအချိန်ကာလ ပေါ်ပေါက်ခဲ့သောလူမျိုးရေးဆိုင်ရာ ပဋိပက္ခစစ်ပွဲများကိုလေ့လာသောအခါ မွန်မြန်မာနှင့်ရှမ်းမြန်မာတို့၏ အရေးအခင်းသာဖြစ်သကဲ့သို့ တောင်ငူ၊ညောင်ရမ်းခေတ် ဒုတိယမြန်မာနိုင်ငံတော်ကိုမထူထောင်နိုင်မီ ကြားကာလသမိုင်းသည်လည်း ရှမ်းမြန်မာနှင့်မွန်ရှမ်းတို့၏အရေးအခင်းများသာ ဖြစ်သည်ကိုတွေ့ရှိရသည်။
တောင်ငူ၊ညောင်ရမ်းခေတ်သည်လည်း ရှမ်းမြန်မာနှင့်မွန်မြန်မာတို့၏အရေးအခင်းသာလျှင် လွှမ်းမိုးများပြားလျှက် နောက်ဆုံးကုန်းဘောင်ခေတ် တတိယမြန်မာနိုင်ငံတော်အား မွန်မြန်မာနှင့် ရခိုင်မြန်မာတို့၏ အရေးအခင်းများသာဖြစ်ကြောင်း တွေ့ရှိရလေသည်။
ယင်းသို့မြန်မာနိုင်ငံတော်၏ သမိုင်းဖြစ်ပေါ်တိုးတက်မှုတလျှောက်လုံး အခြားမည်သည့်တိုင်းရင်းသား လူမျိုးစုများနှင့် ပဋိပက္ခသော်လည်းကောင်း၊စစ်မက်သော်လည်းကောင်း ဖြစ်ပွါးခြင်း မရှိပဲ မိမိတို့၌ရှိသမျှကလေးနှင့်ရောင့်ရဲတင်းတိမ်ကာ အေးအေးချမ်းချမ်းနေထိုင်လာခဲ့ကြသော
ကရင်လူမျိုးများသည် ကျွန်ဘဝမှဤတိုင်းပြည်၏လွတ်လပ်ရေးကို ပြန်လည်ကြောငြာခြင်းပြုခဲ့သည့်
အချိန်မှစ၍ အဘယ့်ကြောင့်မငြိမ်မသက်ဖြစ်ကာ အပြင်းအထန်ဆုံးနှိမ်နင်းခြင်းကို ခံနေရသနည်း။

လွတ်လပ်ရေးကြေငြာပြီးကာစက တန်းတူရေးနှင့်ကိုယ်ပိုင်အုပ်ချုပ်ရေးကို တောင်းဆိုခဲ့ကြစဉ်ကလည်း တစ်ချက်ထိုးလျှင်နှစ်ချက်ပြန်ထိုးမည်ဟု ခြိမ်းခြောက်ခြင်းခံခဲ့ရပြီးလျှင် နောက်ပိုင်းတွင်မူကား ကရိုင်း များဟူ၍လည်းကောင်း၊ကရင်ဆိုးများဟူ၍ပင်လည်ကောင်း အမျိုးမျိုးချိုးဖဲ့ပြောဆိုခြင်းကို ခံခဲ့ကြရသည်၊ခံနေကြရတုံးလည်းဖြစ်သည်။
ကရင်အမျိုးသားများသည် ဤတိုင်းပြည်ကိုလွတ်လပ်ရေးကြေငြာသောအခါ ဤတိုင်းပြည်၌ရာစုနှစ် ပေါင်းများစွာက နေထိုင်လာခဲ့သောတိုင်းရင်းသားလူမျိုးစုကြီးအနေနှင့် ၎င်းတို့လည်းရသင့်ရထိုက်သော အခွင့်အရေးကို ဒီမိုကရေစီစည်းဝိုင်းကြီးအတွင်း၌နေထိုင်ကာ ဒီမိုကရေစီကျကျတောင်းဆိုခဲ့ကြသည်၊ တရားသဖြင့်မဟုတ်သောကိစ္စကိုလည်း ငန်းငန်းတက်မတောင်းဆိုခဲ့ကြချေ။
တိုးတက်ယဉ်ကျေးသောလူမျိုးများပီပီ မိမိတို့၏ကံကြမ္မာမိမိတို့ဘာသာပြဌာန်းခွင့်နှင့် အခြားတိုင်းရင်းသား များနည်းတူ တန်းတူအခွင့်အရေးပေးဘို့သာ တောင်းဆိုခဲ့ခြင်းပြုခဲ့ကြသည်၊သို့ရာတွင် ဤပြည်ထောင်စု တိုင်းရင်းသားများ၏ တရားသဖြင့်နှင့်ဒီမိုကရေစီကျကျတောင်းဆိုချက်ကို ထိုအချိန်ကအာဏာပိုင်များသည် မခန့်မငြားသဘောထားကာ မထိတရိပြုလုပ်နေခဲ့သည်။
၎င်းတို့၏တောင်းဆိုချက်ကို မပေးရုံမျှသာမက မထိတရိနှင့်မခန့်မငြားပြုလုပ်ခြင်းခံလာရသော အခါတွင် ကရင်အမျိုးသားများသည် လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်၊ မယုံမကြည်နှင့်မငြိမ်မသက်ဖြစ်လာကြသည်၊ ယင်းသို့ဖြစ်ပွါးလာသော ကရင်အမျိုးသားများ၏လှုပ်ရှားမှုနှင့်စိုးရိမ်မှုတို့ကို ပြေလည်သွားအောင် မှန်မှန် ကန်ကန်နှင့်အရေးတယူဖြေရှင်းပေးရမည့်အစား တလွဲဆံပင်ကောင်းနေခဲ့ကြသည်၊ ဤနည်းဖြင့် ကရင်အမျိုးသားတို့၏လက်နက်ကိုင်စစ်ပွဲကြီး ပေါက်ကွဲထွက်လာခဲ့ရသည်။
ယင်းသို့ ပြည်ထောင်စုအစိုးရနှင့် ကရင်အမျိုးသားလက်နက်ကိုင်နိုင်ငံရေးအင်အားစုများ ဖြစ်ပွါး လာခဲ့ကြသောလက်နက်ကိုင်ပဋိပက္ခသည် ယခုအခါတွင် ၁၃နှစ်ကျော်လွန်ကာ၁၄နှစ်အတွင်းသို့ ချင်းနင်းဝင်ရောက်လာခဲ့လေပြီ၊ သို့ရာတွင် ထိုလက်နက်ကိုင်ပဋိပက္ခသည် ပြေလည်ပြီးငြိမ်းချမ်းခြင်း မရှိသေးချေ၊ ပြင်းပြင်းထန်ထန်ဖြစ်ပွါးလျှက်ရှိနေတုံးသာဖြစ်သည်။
ထို့ကြောင့် ဖက်ဆစ်နှင့်ဒီမိုကရေစီဘယ်သင်းရွေးမလဲ ဟူ၍ မဲခေါ်ကာတက်လာခဲ့သော
ပထမအစိုးရသည် ၁၃နှစ်ကျော်ကျော်၁၄နှစ်ခန့်မျှ ကရင်အမျိုးသားများအပေါ်စစ်ပြုနေသော မိမိတို့ ၏လုပ်ငန်းကို ပြန်လည်စဉ်းစားသင့်လှပြီဟု တင်ပြလိုသည်။
မြန်မာနိုင်ငံတော်၏သမိုင်းတလျှောက်လုံး မည်သည့်တိုင်းရင်းသားလူမျိုးစုနှင့်မှ ပဋိပက္ခသော်လည်းကောင်း၊ စစ်မက်သော်လည်းကောင်း ဖြစ်ပွါးခဲ့ခြင်းမရှိသောကရင်အမျိုးသားများ၏ပြဿနာကို စစ်ပြု၍ ဖြေရှင်းနေခြင်းသည် ပြည်ထောင်စုကြီးတရပ်လုံး၏အရေးအနေနှင့်သော်လည်းကောင်း၊ မှန်ကန်သည် သို့မဟုတ် မှားယွင်းသည်ဆိုသောအချက်ကို လေးလေးနက်နက်စစ်ဆေးတွက်ချက်ဘို့ လိုအပ်လှပြီ ဟုထင်ပေသည်၊ သမိုင်းတလျှောက်လုံး မိမိတို့၌ရှိတတ်သမျှကလေးနှင့် အေးအေးချမ်းချမ်းနေထိုင်ခြင်း ပြုလာခဲ့သော ထိုတိုင်းရင်းသားလူမျိုးစုများ၏အရေးကို အဘယ့်အတွက် ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်း၍ မရနိုင်နိုင်မည်နည်း။
ထို့ကြောင့်နိုင်ငံတော်အစိုးရသည် ကရင်အမျိုးသားများအပေါ်၌ ၁၃နှစ်ကျော်မျှကျင့်သုံး၍ အောင်မြင်ခြင်း
လည်းမရသော လက်နက်အားကိုးဝါဒကိုအမြန်ဆုံးရပ်စဲကာ ကရင်အမျိုးသားများ၏ပြဿနာကို မှန်မှန်ကန်ကန်ဖြေရှင်းခြင်းပြုနိုင်ရန်အတွက် ကရင်အမျိုးသားအကြီးအကဲများ၊ ခေါင်းဆောင်များနှင့် စားပွဲဝိုင်းတွင်ထိုင်ကာ ပွင့်ပွင့်လင်းလင်းနှင့်ရင်းရင်းနှီးနှီး ဖြေရှင်းသင့်လှသည်ထင်ပေသတည်း။

ဗန်းမော်တင်အောင်
၁၉၆၂ခု ဖေဖေါ်ဝါရီလထုတ် ကရင့်ရှေ့ဆောင်ဂျာနယ်
ရှာဖွေတင်ပြရေးသားသူ
သင်သည်ငါ့အတွက်

2003, April လထုတ် OKRSO ၁၀နှစ်မြောက်အထူးထုတ်မဂ္ဂဇင်းမှဖေါ်ပြထားချက်ကို ထပ်ဆင့် တိုက်ရိုက်ကူးယူတင်ပြလိုက်ခြင်းဖြစ်ပါသည်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

Sunday, July 12, 2009

အဘိဓမ္မာမဲ့


အဘိဓမ္မာမဲ့

လက်ထဲက လေး
လေးမှန်း သိလျက်။

လက်ထဲက မြား
မြားမှန်း သိလျက်။

လေးနှင့်မြားကို
အင်အားတရပ်
မသုံးတတ်၍
ပစ်မှတ်မသိ
လေး၏တန်ဘိုး
မြားတန်ဘိုးတို့ မဲ့နေ၏။

စစံဗြော (တွံတေး)
2002,August ဒုတိယအကြိမ်မြောက် အားမာန်သစ်မဂ္ဂဇင်း
မှ
ကူးယူဖေါ်ပြပါသည်
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စတုတ္ထတန်း ကရင်ဖတ်စာအုပ်မိတ်ဆက်

စတုတ္ထတန်း ကရင်ဖတ်စာအုပ်၏ ရှေ့မျက်နှာဖုံး
စတုတ္ထတန်း ကရင်ဖတ်စာအုပ်၏ နောက်ကျောဖုံး

မိမိစာပေကို ချစ်မြတ်နိုးသူများနှင့် မိမိလူမျိုး၏ယဉ်ကျေးမှုတို့ကို နာယူသင်ကြားလိုသူများအတွက်

အလွန်လေ့လာဆည်းပူးသင့်သည့် စာကောင်းပေမွန်တအုပ်ဖြစ်ပါ၍ မဖြစ်မနေဖတ်ရှုလေ့လာသင့် ပါ၏။

မိမိတို့၏ စာပေအရေးအသားကို အရည်အသွေးတိုးမြှင့်တင်ပေးမည်သာမက တေးသီချင်းများ တေးလင်္ကာများ တေးကဗျာများကို မည်သို့ရေးသားစပ်ဆိုရမည်ဆိုသည်ကို သင်ယူနိုင်ပါသဖြင့် စိတ်ပါဝင်စားသူများအတွက် အကျိုးရှိစေမည်ဖြစ်ပါသည်။

စေတနာမွန်ဖြင့်

မင်းစိုးစံ

အဝေးရောက် ကရင်ဒုက္ခသည်တဦး


ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စတုတ္ထတန်း ကရင်ဖတ်စာအုပ် အပိုင်း(၁၆)






စတုတ္ထတန်း ကရင်ဖတ်စာအုပ် ဤတွင်ပြီး၏
စာပေချစ်မြတ်နိုးသော ရှေးကရင့်အမျိုးသားစာပေပညာရှင်များကို အစဉ်လေးစားဦးညွှတ်လျှက်
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စတုတ္ထတန်း ကရင်ဖတ်စာအုပ် အပိုင်း(၁၅)







စတုတ္ထတန်း ကရင်ဖတ်စာအုပ် အပိုင်း(၁၆)သို့ ဆက်လက်လေ့လာဖတ်ရှုပါရန်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စတုတ္ထတန်း ကရင်ဖတ်စာအုပ် အပိုင်း(၁၄)



စတုတ္ထတန်း ကရင်ဖတ်စာအုပ် အပိုင်း(၁၅) သို့ဆက်လက်လေ့လာဖတ်ရှုနိုင်ပါသည်။
ကျေးဇူးတင်လေးစားလျှက်
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စတုတ္ထတန်း ကရင်ဖတ်စာအုပ် အပိုင်း(၁၃)




စတုတ္ထတန်း ကရင်ဖတ်စာအုပ် အပိုင်း(၁၄)သို့ ဆက်လက်လေ့လာကြပါရန်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စတုတ္ထတန်း ကရင်ဖတ်စာအုပ်အပိုင်း (၁၂)






စတုတ္ထတန်း ကရင်ဖတ်စာ အပိုင်း(၁၃) သို့ဆက်လက်လေ့လာနိုင်ပါသည်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စတုတ္ထတန်း ကရင်ဖတ်စာအုပ် အပိုင်း(၁၁)







စတုတ္ထတန်း ကရင်ဖတ်စာအုပ် အပိုင်း (၁၂) သို့ဆက်လက်အားပေးဖတ်ရှုကြပါရန်။

လေးစားခြင်းများစွာဖြင့်
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စတုတ္ထတန်း ကရင်ဖတ်စာအုပ် အပိုင်း(၁၀)







စတုတ္ထတန်း ကရင်ဖတ်စာအုပ် အပိုင်း(၁၁) သို့ ဆက်ထက်ရှုစားလေ့လာနိုင်ပါသည်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....

စတုတ္ထတန်း ကရင်ဖတ်စာအုပ် အပိုင်း(၉)







စတုတ္ထတန်း ကရင်ဖတ်စာအုပ် အပိုင်း(၁၀) သို့ ဆက်လက်အားပေးဖတ်ရှုစေလိုပါသည်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဖတ်ဖို့ ရှေ့တွင်ရှိသေးသည်-နှိပ်ပါ....