+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, January 21, 2010

သူငယ်ချင်းအတွက်

သူငယ်ချင်းအတွက်
(မင်းစိုးစံ)

ပြည်သူ့ရင်ခွင်ထဲကိုဝင်
ပြည်သူ့နှလုံးသားကို ကိုင်လှုပ်
ပြည်သူအတွက် လုပ်ရင်။

မင်း…..ငတ်ပြတ်နိုင်တယ်
မင်း…...ဆင်းရဲနိုင်တယ်
မင်း…..ထောင်ကျနိုင်တယ်။

ဒီထက် မင်း…..
သတ္တိပြောင်ရင်
အသက်တောင် စွန့်ရ,နိုင်တယ်။


အာဏာရှင်နဲ့ပေါင်း
ခေါင်းကြီးပိုင်းတွေခိုင်းသမျှလုပ်
အမြီးကုတ်ပြီးနေသရွေ့။

မင်း…. ဝါးတီး မှန်မယ်
မင်း… လုပ်ပိုင်ခွင့်ရ,မယ်
မင်း… ချမ်းသာမယ်။

ဒီထက် မင်း…
မျက်နှာပြောင်တိုက်ရဲရင်
မင်း….ဖြဲချင်သမျှ
စိတ်တိုင်းကျ ရ,မယ်။

ပြည်သူနဲ့အာဏာရှင်
မင်းအမြင်နဲ့…မင်း
မင်းအထင်နဲ့…မင်း
ခင်ချင်တဲ့သူကို…. ခင်
ကြဉ်ချင်တဲ့သူကို… ကြဉ်။

သမိုင်းဝင်စာမျက်နှာပေါ်မှာတော့
မင်း….မသူတော်မဖြစ်ပါစေနဲ့။


မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

0 comments:

Post a Comment