+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, February 15, 2010

ပေးဆပ်ခဲ့သူတို့၏ကိုယ်စား မေးခွန်းထုတ်ခြင်း

Photo by Phu Young Hat

ပေးဆပ်ခဲ့သူတို့၏ကိုယ်စား မေးခွန်းထုတ်ခြင်း

(မင်းစိုးစံ)

ဂိမ္မာန်နွေဦး လေပြေမြူးဆော့
အရူးပန်းလေး ညမှာမွှေးလျှက်
နွယ်ထွေးယှက်လန်း လူပျိုပန်း။

စိန်ပန်းနီတွေ မိုးဖွဲတွေနဲ့
လူတွေနင်းဘို့ တလင်းမြေမှာ
ခင်းကြွေရှာပေါ့ နီတျာတျာ။

ခရေပန်းလေး နှင်းလေအေးကြား
ပျံ့မွှေးထုံသင်း မြေတလင်းထက်
ဆင်းကြွေသက်ကြ ဖွေးလွလွ။


ခူးလိုက…ခူး
ပန်လိုက…ပန်
ချွေလိုက…ချွေ
နင်းလိုက…နင်း
ပန်းခင်းထဲက
ကြီးပြင်းလာခဲ့ကြသူတို့ရေ…..။

ခင်ဗျားတို့
ပန်းတွေကိုစံနမူထား
ပန်းတွေကြားက
ထွက်မသွားခင်
အမှန်တရားအတွက်
တာဝန်မကျေခဲ့ချင်တော့ဘူးလား။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment