+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, February 15, 2010

အချိန်မရလို့တဲ့လားကွယ်တို့

Photo By; Center for Victims of Torture

အချိန်မရလို့တဲ့လားကွယ်တို့

(မင်းစိုးစံ)

သိပ်သည်းမှောင်မဲ၊ တိမ်မဲပြေးလွှား
တလွှားကောင်းကင်၊ ဝေဟင်တိမ်အက်
လင်းလက်လျှပ်ပန်း၊ လေကြမ်းမွှေ့ဆင်
သစ်ပင်ထိုးယိမ်း၊ ရွက်စိမ်းမြေခ
ကျိုးကျသစ်ကိုင်း၊ မုန်တိုင်းတွေကြား
စွမ်းအားအပြည့်၊ မာန်အပြည့်နဲ့
အပြည့်ပေးဆပ်၊ မားမားရပ်ရင်း
စွဲမှတ်ယုံကြည်၊ ပန်းတိုင်ဆီသို့
တူညီလှမ်းမယ် ဆိုသူတွေ။

လှေခွက်ချည်းကျန်၊ အလံမလဲ
အားမာန်ဇွဲနဲ့၊ တိုက်ပွဲထောင်ရာ
ကြုံခဲ့ပါလည်း၊ ခိုင်မာမြံမြဲ
လက်ချင်းတွဲယှက်၊ အောင်ပွဲဆင်ကြ
တချိန်က။


အခုတော့လေ၊ ငယ်ပေါင်းဆွေတို့
ရေမြေဝေးခြား၊ နိုင်ငံခြား၌
ကွာခြားလူမှု၊ အခြေပြု၍
ချိန်လုဖွေရှာ၊ ငွေဒေါ်လာကြောင့်
ဘာညာဘယ်သို့၊ မည်ကယ့်သို့ဟု
ဤသို့ဖြစ်ကြောင်း၊ အကြောင်းကြောင်းနှင့်
အကြောင်းမျိုးစုံ၊ ပြမကုန်ကြ
သင်တို့ဘဝ။

ဒီပုံသာဆို၊ သိပ်မလိုဘူး
စစ်ဗိုလ်မောင်လှ၊ ဆောက်မယ့်ပြတိုက်
ဝင်ကြဘို့တော့ နီးလာပြီ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment