+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, February 24, 2010

ပြင်သစ်သံရုံးအတွင်း လူတဦးပြေးဝင်

ပြင်သစ်သံရုံးတွင်းသို့ လူတဦးဝင်ပြေး

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၂၂ မိနစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်ထောင်စု ရိပ်သာလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးအတွင်းသို့ လူတဦးပြေးဝင်သွားပြီးနောက် ရဲများနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးများက သံရုံးရှေ့တွင် စောင့်ဆိုင်းမှုပြုနေကြသည်။

မြို့နယ်မှူးအဆင့် ရဲအရာရှိအပါအဝင် ရဲ နှစ်ဒါဇင်ကျော်က သံရုံးရှေ့တွင် စောင့်ဆိုင်းနေသည်။

တရားခံတဦး ပြေးဝင်သွား၍ စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ရဲအရာရှိတဦးက မဇ္ဈိမသို့ ပြောသည်။

မဇ္ဈိမက ဆက်သွယ်မေးမြန်းသောအခါ သံရုံးဝန်ထမ်းတဦးက အခင်းဖြစ်ပွားသည်မှာ ဟုတ်မှန်ကြောင်း ဖြေကြားသော်လည်း အသေးစိတ်ကို ပြောရန် ငြင်းဆန်ထားသည်။

မဇ္ဈိမ သတင်းဌာနမှ ကူးယူဖေါ်ပြသည်။

0 comments:

Post a Comment