+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, February 28, 2010

ဒါဖတ်ပြီးမှ သွားကြပါ

ဒါဖတ်ပြီးမှ သွားကြပါ
(မင်းစိုးစံ)

(ပ) “ဟေ့လူ ဘာလုပ်နေလဲဗျ၊”
(ဒု) “ဒီလိုပါပဲဗျာ မကြာခင်နွေပေါက်တော့မှာဆိုတော့ ငါးမျှားထွက်ဘို့ လိုအပ်တာတွေ ပြင်ဆင် နေတာ”

(ပ) “ငါးမျှားတော့ အိမ်အတွက် မီးဖိုချောင်စားရိတ်သက်သာတာပေါ့၊ ရေကန်ပေါင်း ၁၀၀၀၀ ကျော် ရှိတဲ့ ပြည်နယ်ဆိုတော့ ခင်ဗျားတော့ မင်ဏီဆိုးတား တံငါသည်ဖြစ်နိုင်လောက်ပါရဲ့”
(ဒု) “တံငါသည်ဖြစ်တာမဖြစ်တာတော့ မသိဘူး၊ ငါးလတ်လတ်ဆတ်ဆတ် စားရ,တာပေါ့”

(ပ) “ခင်ဗျားက ငါးလတ်လတ်ဆတ်ဆတ်စားချင်တယ်ဆိုရင် ဘိတ်စာတခုတွေ့တယ်ဗျ၊ ဘယ်လောက် မှ မကျဘူး”
(ဒု) “ဟုတ်လား ဘယ်မှာလည်းဗျ ဘယ်လောက်ကျလဲ၊ အလုပ်က အပမ်းဖြေခရီးခွင့် ရ,ရင်သွားချင် တယ်”

(ပ) “ဂျပန်မှာလေဗျာ ယန်း၁၃၅၀ ဆိုရင် ရေလည်အဆောက်အဦးပေါ်ကနေ ညနေ ၄း၀၀နာရီကနေ ည ၇း၃၀ အထိရေသတ္တဝါတွေကို ကြည့်ပြီး အပြတ်မှိန်းလို့ရ,တယ်ဆိုပဲ”
(ဒု) “ဟုတ်လား နောက်တော့ရော ဘာတွေရှိသေးလဲ?”

(ပ) “ဂျပန်ရောက် ကရင်တွေနဲ့မိတ်ဆွေဖြစ်ဦးမယ်၊ ရင်းနှီးမှုတွေပိုပြီးရ,လာမယ်လေဗျာ၊ ကြိုတင် နာ မည် စာရင်းသွင်းထားနော်၊ ဖုန်းနံပါတ်တွေ အများကြီးဆိုတော့ ဆက်သွယ်ရ,တာ လွယ်တယ်”
(ဒု) “အိုးဟိုး သိပ်ကောင်းတဲ့အစီအစဉ်ပဲ၊ အဲဒါမှ နိုင်ငံခြားရောက်နေတဲ့ကျုပ်တို့ကရင်တွေ စည်းရုံးမှုပိုရှိလာမှာဗျ”

(တ) “ခင်ဗျားတို့နှစ်ယောက် ဘာတွေ တီးတိုးတီးတိုး သဖန်းပိုးလုပ်နေကြတာလဲ”

(ဒု) “ငါးလတ်လတ်ဆတ်ဆတ်စားချင်တဲ့ကျုပ်ကို ဒီလူက ဂျပန်က,ဘိတ်စာအကြောင်း လာပြောနေ တာနဲ့ အခုလာမယ့် Juneလ,မှာ Vacation ယူပြီး သွားမလားလို့”
(တ) “အင်းပေါ့ဗျာ ဒါပေမယ့် တခုတော့ပြောချင်တယ်၊ Blog တခုပေါ်မှာရေးထားတဲ့ စာပိုဒ်လေးတခု ကို ဖတ်ကြည့်ပြီးမှ သွားရင် ပိုကောင်းမလားလို့ပါ”

(ပ+ဒု) “ဘာတွေရေးထားလို့လဲ ဆရာသမားရဲ့”

(တ) “သူရေးထားတာကတော့ အများသား၊ မှတ်မိသလောက်လေးပြောပြမယ်”
“ရွာကထွက်ပြေးလာတဲ့ ရွာသားတချို့ရဲ့ ပြောပြချက်အရ နအဖ စစ်တပ်ဟာ ကေအင်န်ယူတပ်ဖွဲ့ကိုထိပ် တိုက် ရင်မဆိုင်တော့ပဲ ရွာသားတွေကိုသာ လိုက်ပြီးပစ်ခတ်သတ်ဖြတ်နေတာကြောင့် ကိုယ့်လူမျိုးကို တတ်နိုင်တဲ့ဘက်က အကူအညီပေးကြဘို့ မေတ္တာရပ်ခံပါတယ်၊ ပိုက်ဆံ တဒေါ်လာဆိုတာ ခင်ဗျားအ တွက် အချိုရည်တဗူးတောင် ဝယ်သောက်လို့ မရ,ပါဘူးတဲ့ သူတို့မိသားစုအတွက်တော့ ညမနက်ထ မင်းစားလို့ရ,ပါတယ် ဆိုပြီးအဲဒီလိုကိုရေးထားတဲ့အပြင် ဓါတ်ပုံတွေပါပြထားတာ၊ ကျုပ်တောင် CD ထဲ ဓါတ်ပုံတပုံကူးထည့်ထားတယ်”
“အဲဒီတော့ အပေါ်ကစာကိုဖတ် အခုဓါတ်ပုံလေးကို ကြည့်ပြီး၊ ဂျပန်က မိတ်ဆုံစားပွဲမှာ တဝ,တပြဲ စားနိုင်သောက်နိုင်ပါစေဗျား”


(ပ+ဒု) “ခင်ဗျားဟာက သေခြာလို့လား”
(တ) “ဘာလဲ မယုံကြဘူးဆိုပါတော့၊ ဒါဆိုရင်http;//sawkyawlay.blogspot.com အဲဒီကိုသွားပေတော့”

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး


0 comments:

Post a Comment