+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, March 31, 2010

အိပ်ဆေးမိနေတဲ့အတွေး



အိပ်ဆေးမိနေတဲ့အတွေး
(မင်းစိုးစံ)

သတ်ဖြတ်နှိပ်စက် အကြမ်းဖက်
ရက်စက်ကြမ်းကြုတ် အစိုးရယုတ်
စက်ဆုတ်ဘွယ်ရာ နည်းဗျူဟာ
အသေခြာချမှတ် ကျင့်သုံးပြ
အဲဒါ ဗမာ့ စစ်အစိုးရ။ ။

ဖ.ဆ.ပ.လ, မ.ဆ.လ
န.ဝ.တ ပြီး န.အ.ဖ
လူတွေသတ်ပြ မုဒိန်းကျင့်ကြ
ကရင်ပြည်အလှ စုတ်ပြတ်သတ်။ ။

ရွာပုံးရွာရှောင် ကရင့်အရေး
ကင်းရှင်းဘို့ရာ မမြင်သေး။ ။

ဒုက္ခသည်အဖြစ် ထိုင်းကိုဝင်
ထိုင်းက,နှင်ထုတ် နောက်ပြန်ဆုတ်
အသက်တွေကို ဖက်နဲ့ထုပ်။ ။

နိုင်ငံတကာ ပြောကြတာ
စိုးရိမ်ဘွယ်ရာ စိတ်မကောင်းပါ
ဒါတွေနဲ့ပဲ အချိန်ကုန်လာ။ ။

ကဗျာရေးတဲ့ ဒီကကောင်
ဦးဏှောက်တွေချောင် အူကြောင်ကြောင်။ ။

ဆရာဝန်တောင် လက်ဖျားခါ
ထူးဆန်းထွေလာ စိတ်ရောဂါ။ ။

သတ်မှတ်ပြီးတော့ အိပ်ဆေးပေး
အိပ်ဆေးသောက်ပြီး ဘာမှမတွေး
ကရင့်အရေး ခပ်ရေးရေး။ ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment