ဒုက္ခသည်တွေရဲ့အစားအစာကို ဖြတ်စားကြတဲ့သူတွေအတွက် သတင်းဆိုးတပုဒ်
(မင်းစိုးစံ)
(မင်းစိုးစံ)
(Somali)ဆိုမားလီးယားနိုင်ငံကို WFP (World Food Programme)ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့က ထောက်ပံ့နေတဲ့အစားအစာအကူအညီတဝက် လောက်ဟာ လူသူတွေရဲ့လက်ထဲကိုမရောက်ပဲနဲ့ မသမာသူတွေရဲ့လက်ထဲကို ရောက်သွားတဲ့ သတင်း

ဆိုမားလီးယားနိုင်ငံကို ထောက်ပံ့နေတဲ့စားနပ်ရိက္ခာအကူအညီတွေရဲ့ တဝက်လောက်ဟာ အကျင့် ပျက်လဒ်စားတဲ့ ကံထရိုက်တာတွေ အစ္စလာမ်မိတ်လက်နက်ကိုင်တွေ ဒေသခံ ကုလသမဂ္ဂဝန်ထမ်း တွေရဲ့လက်ထဲ ရောက်ကုန်ကြတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာတစောင်မှာ ဖေါ်ပြထားပါတယ်၊ ဒီပြ ဿနာဟာ(WFP) ကုလသမဂ္ဂစားနပ်ရိက္ခာစီမံကိန်းအဖွဲ့ကြီးရဲ့ ကယ်ဆယ်ရေးအထောက်အပံ့ဖွံ့ဖြိုးရေး စံနစ် ကြီးကြောင့် ဖြစ်ရ,တာဆိုပြီး အဲဒီအစီရင်ခံစာထဲမှာပြစ်တင်ဝေဘန်ထားပါတယ်။
စားနပ်ရိက္ခာအထောက်အပံ့တွေကို တရားမဝင်ရောင်းချတဲ့လုပ်ငန်းရှင်အဖွဲ့တွေကို ကြီးကြပ်အုပ်ချုပ် နေသူ သြဇာကြီးမားတဲ့ လက်တဆုပ်စာလူတွေအပေါ်(WFP) အဖွဲ့က မျက်နှာသာပေးဆက်ဆံနေပုံကိုလည်း အဲဒီအစီရင်ခံစာထဲမှာ မီးမောင်းထိုးပြထားပါတယ်။
ဆိုမားလီးယားနိုင်ငံမှာ (WFP) အဖွဲ့လှုပ်ရှားဆောင်ရွက်နေပုံနဲ့ပတ်သက်လို့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေး မှုတွေလုပ်ဘို့ကိုလည်း အဲဒီအစီရင်ခံစာထဲမှာ အကြံပြုထားပါတယ်ရှင်။
သီတင်းကျေငြာသူ
ဒေါ်သီတာနွယ်
www.bbcburmese.com
မေလ ၁၁ရက် ၂၀၁၀ဘီဘီစီမြန်မာပိုင်းအစီစဉ်က ထုတ်လွှင့်တဲ့သတင်းကို နားဆင်ပြီး ပြန်ရေးသား တင်ပြထားတာဖြစ်ပါတယ်။
မင်းစိုးစံအဝေးရောက် ကရင်ဒုက္ခသည်တဦး
0 comments:
Post a Comment