+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, March 16, 2010

ဘီဘီစီနဲ့ နန့်ဘွားဘွားဖန် မေးမြန်းခန်း

Photo by; www.bbcburmese.com

ဘီဘီစီမြန်ပိုင်းဌာနနှင့် နန့်ဘွားဘွားဖန် တို့၏ အမေးအဖြေများ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှည် Tomas Ojea Quintana က မြန်မာနိုင် ငံမှာ လူသားထုအပေါ်ကျူးလွန်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းပေးဘို့ကော်မီရှင်တရပ်ဖွဲ့စည်းရေး ထောက်ခံတာကို ဒီကနေ့ဂျီနီဗာ(Geneva)မှာဆွေးနွေးကြမှာမို့ လူ့အခွင့်အရေးကောင်စီအနေနဲ့ စုံစမ်း စစ်ဆေးရေးကော်မီရှင်ဖွဲ့စည်းခွင့်ပြုဘို့ EKN (European Karen Network) ခေါ် ဥရောပအခြေစိုက် ကရင်တိုင်းရင်းသားများကွန်ယက်အဖွဲ့က, တိုက်တွန်းထားပါတယ်။
ဒါဆိုရင် Mr. Quintana ရဲ့တင်ပြချက်တွေအပေါ်မှာ ခိုင်လုံအောင် EKN အဖွဲ့ဘက်က, လှုပ်ရှားမှုတွေရှိ ပါသလားလို့ ဦးမောင်မောင်သန်းက EKNအဖွဲ့ရဲ့ Board အဖွဲ့ဝင်တဦးဖြစ်တဲ့ နန့်ဘွားဘွားဖန် (Nant Bwa Bwa Phan) ကို မေးကြည့်ပါတယ်။

March 09, 2010ရက်နေ့တုန်းက ကျွန်မတို့ Karen Community World Wide က တောင်းဆိုထား တာရှိတယ်။ အဲဒီတောင်းဆိုတာထဲမှာ ယူအင်န်က Mr. Quintana တောင်းဆိုထားတဲ့ ဥစ္စာတခုလည်း ပါတယ်လေ။ ဒါကြောင့်သူက Recommend လုပ်တယ်ဆိုတော့ ဒီ Recommendation ကို ကျွန်မတို့ က,ကြိုဆိုနေတယ်ပေါ့။


မေး။ ။မြန်မာနိုင်ငံမှာလူ့အခွင့်အရေးချိုးဖေါက်တာတွေ နောက် လူသားတွေအပေါ်မှာကျူးလွန်ထားတဲ့ Crimes against humanity အဲဒါတွေစုံစမ်းပေးဘို့တောင်းဆိုတယ်ပေါ့နော်၊ ဒီ March 09,နေ့တုန်းက ရည်ရွယ်ချက်ကကော ဘာကြောင့်မို့တောင်းဆိုတာလည်း ဒါမှမဟုတ်ဘယ်ကိစ္စပေါ်မှာ အခြေခံပြီး တော့ အခုလိုတောင်းဆိုတာလည်း


ကျွန်မတို့ကရင်ပြည်နယ်မှာဆိုရင် နော် အနှစ်ခြောက်ဆယ်ကာလ,အတွင်းမှာ ကရင်လူထုတွေကို တ အားကိုနှိပ်စက်ထားတာရှိတယ်၊ ဒါပေမယ့် လုပ်တိုင်းUNကရော ဘယ်သူမှသူတို့ကို ထိထိရောက် ရောက်အရေးမယူဘူး၊ ဒါကြောင့်သူတို့လုပ်ချင်တာကိုလုပ်နေတာပဲ၊ အဲဒါကို ကျွန်မတို့ကရင်လူထုတွေ ကတော့မရတော့ဘူးလေ ဘာဖြစ်လို့လည်းဆိုတော့စစ်အစိုးရက, Break International law ပေါ့နော် ဒါကြောင့်မို့သူတို့လုပ်ထားတာတွေကို ပြန်ပြီးတော့ International Court ထဲမှာရောက်အောင် ကျွန်မ, တို့လုပ်ရ,မယ်၊ အခြားတိုင်းရင်းသားတွေလည်း တအားကိုခံရ,ပါတယ်၊စစ်အစိုးရဟာ သူတို့ကျူးလွန် ထားတဲ့ Crimes တွေကိုခံရမယ်၊ အဲဒါကိုကျွန်မ,တို့တောင်းဆိုထားပါတယ်။

မေး။ ။အဲဒီတော့ Mr. Quintana ကတော့ သူ့ရဲ့အစီရင်ခံစာအရ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို စစ် ရာဇဝတ်မှုပြစ်မှုမျိုးရောက်မရောက် ကုလသမ္မဂ္ဂက,စုံစမ်းပေးဘို့ပြောတယ်၊ ဒါပေမယ့် ကုလသမ္မဂ္ဂက စုံစမ်းမှုကော်မီရှင်လွှတ်ဘို့ဆိုရင်လည်း ဒီ လုံခြုံရေးကောင်စီ သွားရ,မယ်ပေါ့နော်၊ ဒီလို Karen Community က တောင်းဆိုတာရော နောက်ပြီးတော့လူ့အခွင့်အရေးကိုယ်စားလှည်ထောက်ခံတာရော ဒီလုံခြုံရေး ကောင်စီကျရင် လက်တွေ့မှာကော ဖြစ်နိုင်ခြေရှိလား။
photo by; www.karencommunityassociation.blogspot.com

ဟုတ်ကယ့် ဖြစ်နိုင်ခြေရှိမရှိတာက အဲဒီ အဓိက,မဟုတ်ပါဘူး၊ ဒါကြောင့်မို့ပေါ့ ကျွန်မ,တို့တောင်းဆို ထားတာ၊ Human right council ရဲ့ အစည်းအဝေးတွေကို Mr. Quintana, Recommend လုပ်တယ် ကျွန်မ,တို့ကလည်း တောင်းဆိုတာကို Inquiry Committee တခုခုကိုတည်ထောင်နိုင်ဘို့အတွက် တအားကိုတိုက်တွန်းတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီဥစ္စာမရှိရင် စစ်အစိုးရ,က သူတို့ဘာ လုပ်လုပ် လုပ်လို့ရ,တယ်လို့သူတို့ထင်နေတယ်။

မေး။ ။ဒီလိုနိုင်ငံတကာတရားရုံးအထိ တရားစွဲမယ်ဆိုရင်စစ်တပ်က ကျူးလွန်တဲ့အချက်တွေကို သက် သေပြဘို့တို့ နောက်ပြီးတော့ အထောက်အထားတွေပြဘို့ အဲဒီလိုတွေလိုအပ်လာမယ်ဆိုရင် ကော ဘယ်လိုဆောင်ရွက်မလည်း။
photo by; www.karencommunityassociation.blogspot.com

ဟုတ်ကယ့် အဲဒီသက်သေက မရှားပါဘူး၊ ကျွန်မ,တို့ UKမှာရောက်နေတဲ့ ကရင်လူထုတွေရှိတဲ့နေရာ မှာပဲ သက်သေအများကြီးရှိပါတယ်၊ တချို့ဆိုရင် သူတို့အမေတွေရော မောင်နှမတွေရော သူတို့အမျိုး တွေမုဒိန်းကျင့်ခံရ,တာရှိတယ်၊ အဲဒါကိုက သက်သေပဲ၊ ကျွန်မ,တို့ဆိုပြေးရ,တယ်၊ အဲဒါ ကျွန်မ,တို့က လည်းသက်သေပဲ၊စစ်အစိုးရ,က ကျွန်မတို့တိုင်းရင်းသားနေရာမှာ Media မရ,အောင်၊ သတင်းမရ, အောင် သူတို့တအားပိတ်ထားတယ်ပေါ့၊ ဒါပေမယ့် ကျွန်မ,တို့ဘာသာကျွန်မ,တို့သက်သေပဲ။

မြန်မာသက္ကရာဇ် ၁၃၇၁ ခု၊ တန်ခူးလဆန်း ၁ရက်၊ ခရစ်သက္ကရာဇ်၂၀၁၀ ခု မတ်လ ၁၅ရက် တနင်္လာ နေ့ မနက်ဘက် ဘီဘီစီ မြန်မာပိုင်းအစီအစဉ်က ထုတ်လွှင့်သွားတာကို နားဆင်ပြီး ပြန်လည်ရေးသား ဖေါ်ပြထားခြင်းဖြစ်ပါတယ်။

မေးမြန်းသူ
ဦးမောင်မောင်သန်း
www.bbcburmese.com

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment