+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, May 9, 2010

ရွက်ကြွေများအကြောင်း


ရွက်ကြွေများအကြောင်း
(မင်းစိုးစံ)

နှင်းဖုံးတဲ့သစ်ကိုင်းမှာ
ငှက်ကလေးနားနေတယ်။



နှင်းမကျခင်
သစ်ပင်ပေါ်ကသစ်ရွက်
အကိုင်းအခက်ကိုခွါ
မြေမှာကြွေဆင်း
တပင်လုံးကိုရှင်းနေတယ်။

သစ်ပင်အတွက်
သစ်ရွက်တွေကြွေပေးတာ
ဓမ္မတာသဘာဝ
ပေးဆပ်ကြခြင်းပါ။


နှင်းပျောက်တဲ့အခါ
သစ်ကိုင်းမှာဖူးတံချီ
အရွက်တွေဝေစည်
နွေဦးကိုကြို
စိမ်းစိမ်းစိုစိုနဲ့
လောကကိုအလှဆင်ကြတယ်။


မိုးသက်လေထန်
နှင်းတွေပြန်မလာခင်
သစ်ရွက်နီတျာတျာ
အပင်ကိုနှုတ်ဆက်
မြေပြင်ပေါ်သက်ကြွေ
လေတိုက်လိုက်တိုင်း
သစ်ရွက်လှိုင်းတွေပြေးနေတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment