+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, May 19, 2010

ဘန်ကောက်နဲ့နယ်တချို့ ညမထွက်ရအမိန့် ထုတ် (VOA NEWS)

Photo by www.bbcburmese.com

ဘန်ကောက်နဲ့ နယ်တချို့ ညမထွက်ရအမိန့်ထုတ်
ဗုဒ္ဓဟူး, 19 မေ 2010

ထိုင်းနိုင်ငံမှာ အစိုးရကို ဆန့်ကျင် ဆန္ဒပြနေသူတွေအပေါ် နှိမ်နင်းမှုတွေ လုပ်ခဲ့အပြီး မီးရှို့ ဖျက်ဆီးမှုတွေ၊ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဘန်ကောက်မြို့တော်နဲ့ တခြား ခရိုင်ဒေသ အနည်းဆုံး ၂၁ ခုမှာ အစိုးရက နေ၀င်မီးငြိမ်း ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

အကျီ င်္အနီဝတ် ဆန္ဒပြသူတွေရဲ့ ခေါင်းဆောင်တွေ လက်နက်ချ အဖမ်းခံခဲ့ကြပေမဲ့ ဆန္ဒပြ သမားတွေက ဒီကနေ့ မြို့တော်တခွင်မှာ အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးမှုတွေ လုပ်ခဲ့ကြတာပါ။

ထိုင်း စတော့ခ်ရှယ်ယာဈေးကွက်၊ အဓိက ကုန်တိုက်ကြီးတခု၊ ဒေသခံ ရုပ်မြင်သံကြားဌာန တခုနဲ့ ဘဏ်တွေမှာ မီးလောင်မှုတွေ ဖြစ်ပွားနေတာပါ။ တိုက်ခိုက်မှုတွေ ဘန်ကောက်မြို့မှာ သာမက တခြားနယ်မြို့တွေမှာပါ ဖြစ်ပွားနေပြီး ဥဒုံဌာနီ၊ ခွန်ခေး စတဲ့မြို့တွေမှာလည်း အစိုးရ အဆောက်အဦးတွေကို ဆန္ဒပြသူတွေက မီးတင်ရှို့ခဲ့ကြပါတယ်။

ဆန္ဒပြခေါင်းဆောင်တွေက နောက်ထပ် သွေးမြေကျမှုတွေကို ရှောင်ရှားနိုင်ဖို့ ဆန္ဒပြပွဲတွေကို အဆုံးသတ်တော့မယ်အကြောင်း ဒီကနေ့ပဲ ကြေညာခဲ့ကြတာပါ။ ဘန်ကောက်မြို့က ဆန္ဒပြ သူတွေ အကာအရံ အတားအဆီးတွေနဲ့ ယာယီစခန်းချထားရာ နေရာတွေကို ၀င်ရောက် ဖြိုခွင်းခဲ့တဲ့နောက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

ဒီကနေ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိမ်နင်းမှုတွေအတွင်း အီတလီ သတင်းထောက်တဦးလည်း သေဆုံးခဲ့ပြီး နောက်ထပ် နိုင်ငံခြားသားသတင်းထောက် ၂ ဦး လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။


Audio by www.voanews.com/burmese

Photo by www.voanews.com/burmese.com

0 comments:

Post a Comment