+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, June 18, 2010

AirAsia မှ လေယဉ်ခ (၉) ဒေါ်လာခန့်ဖြင့် ရန်ကုန် နှင့် ကွာလာလန်ပူကို စတင် ပျံသန်းမည်


Air Asia မှ လေယဉ်ခ (၉) ဒေါ်လာခန့်ဖြင့် ရန်ကုန် နှင့် ကွာလာလန်ပူကို
စတင် ပျံသန်းမည်


မလေးရှားနိုင်ငံ အခြေစိုက် ဘတ်ဂျက် လေကြောင်းလိုင်းဖြစ်သော AirAsia မှ အရှေ့တောင် အာရှနိုင်ငံများသို့ ခရီးစဉ်တိုးချဲ့မှု အစီအစဉ်အရ လာမည့် ဇူလိုင်လတွင် ကွာလာလန်ပူ မှ ရန်ကုန်သို့ လေကြောင်းခရီးစဉ်သစ် စတင် ပျံသန်းမည်ဖြစ်သည်။



မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်သို့ ပထမဆုံး ခရီးစဉ် ကို ဇူလိုင် ၂၀ တွင် စတင်မည်ဖြစ်ပြီး ခရီးစဉ်သစ်ကို အရောင်းမြှင့်တင်ရေး အစီအစဉ်အဖြစ် ၂၉ ရင်းဂစ် (၉ ဒေါ်လာ ဝန်းကျင်) ဖြင့် စတင်ပြေးဆွဲမည်ဟု သိရသည်။ အရောင်းမြှင့်တင်ရေး အစီအစဉ်၏ Booking Period မှာ ဇွန်လ ၁၄ရက်မှ ၂၀ရက်နေ့ အထိဖြစ်ပြီး Travel Period မှာ ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၀၁၁ မေလ ၈ရက်နေ့အထိ ဖြစ်သည်ဟု AirAsia ဝဘ်ဆိုက် တွင် ဖော်ပြထားသည်။ အဆိုပါ လေကြောင်း ခရီးစဉ်သစ်အတွက် ခရီးသည် ၁၈၀ ဦး လိုက်ပါစီးနင်နိုင်သော Airbus A320 လေယဉ်များဖြင့် ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း AirAsia ၏ ထုတ်ပြန်ချက် တစ်ရပ်တွင် တနင်္လာနေ့က ဖော်ပြခဲ့သည်။

AirAsia ၏ ကုန်သွယ်ရေး ဌာန အကြီးအကဲ Kathleen Tan က ယခုကဲ့သို့ နေ့စဉ် တိုက်ရိုက်ပျံသန်းသော ကွာလာလန်ပူ – ရန်ကုန် လေကြောင်း ခရီးစဉ်သစ်ကြောင့် မြန်မာနိုင်ငံနှင့် ခရီးသွားလုပ်ငန်းတွင် ကြီးမားသော တိုးတက်မှု ရရှိမည်ဟု ယူဆပါကြောင်း ပြောကြားခဲ့သည်။

အရှေ့တောင်အာရှ၏ အကြီးမားဆုံး ဘတ်ဂျက် လေကြောင်းလိုင်းဖြစ်သော AirAsia သည် ခရီးသွားမျာအကြား ယဉ်စီးခလျော့ချပြီး ဝန်ဆောင်မှုပေးခဲ့သည့် အတွက် ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုများ ကြုံတွေ့ခဲ့သော်လည်း အလျင်အမြန် လုပ်ငန်း တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သော နှစ်က Air Asia သည် ရင်းဂစ် ၅၄၉ သန်း (အမေရိကန် ဒေါ်လာ ၁၆၆ သန်း) အမြတ်အစွန်း ရရှိခဲ့သည်ဟု သိရသည်။

0 comments:

Post a Comment