+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, June 21, 2010

သတ္တိမွေးကြစို့


သတ္တိမွေးကြစို့
(မင်းစိုးစံ)

မိုးမုန်တိုင်းကိုကြောက်မနေနဲ့
သောက်ရေငတ်သူတွေအတွက်
ကြောက်စိတ်ကိုဖျောက်လိုက်။


နေပူဒါဏ်မခံနိုင်ရင်လည်း
သရက်သီးတွေမှည့်ဘို့အတွက်
နေရောင်ရဲ့ဒါဏ်ပြုံးပြုံးကြီးခံလိုက်။


နေရဲ့အပူလှိုင်း
ဒုန်းစိုင်းပြီးရိုင်းပါစေ
ငါတို့တတွေရဲ့စာပေဟာ
ရင့်တဲ့သရက်သီးလိုဖြစ်ပါစေ
နွားနို့လိုမသိုးစေနဲ့။


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment