+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, June 25, 2010

ကလေးအတွေး

“ဒုက္ခသည်လို့ကြားလိုက်ရင် ဒုက္ခတွေကိုသယ်ဆောင်လာတဲ့သူလို့ တွေးမိကြပါတယ်။
ကိုယ့်တိုင်းပြည်မှာ လူမျိုး၊ ဘာသာ၊ ယုံကြည်ချက်နဲ့ နိုင်ငံရေးခံယူချက်တွေကြောင့် အသက်အန္တရာယ် ကြုံရမှာသေချာလို့ ထွက်ပြေးလာတဲ့သူတွေလို့ မြင်ရမဲ့အစား ကိုယ့်တိုင်းပြည်မှာ လာနေထိုင်တဲ့ဝန်ထုပ်ဝန်ပိုး တွေလို့ အထင်ဆိုးတွေတင်ဟပ်ခံနေရတာ လက်တွေ့ပါဘဲ။
ကိုယ့်နိုင်ငံရင်း အစိုးရက မောင်းထုတ်၊ လက်ရှိ ခိုလှုံနေရတဲ့နိုင်ငံနဲ့ လူမှုအသိုင်း အ ဝိုင်းကလဲ မကြည်ဖြူတာကို ရင်ဆိုင်ရတာ ဒုက္ခသည်တွေပါဘဲ။”

အောင်မျိုးမင်း
ဒါရိုက်တာ
လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ)


ကလေးအတွေး
(မင်းစိုးစံ)

ရိက္ခာဖြတ်မယ့်သတင်း
စခန်းအတွင်းဂယက်ရိုက်
ငါတို့ရ,တဲ့ပဲ
တလစာ နို့ဆီဘူးနှစ်လုံး
သုံးလ,မှာ ငရုပ်သီးခြေက်တခစ်
ဆီတလစ်ကို တလ
ဆန်ကျတော့ ကီလိုမပြည့်
ငါးပိဆိုလည်းလျော့သေး။



သူတို့ပေးတဲ့ဂျုံမှုန့်တွေ
မုန့်လုံးရေပေါ်လုပ်လို့မရ
အရှုတ်ဆုံးက,မီးသွေးပြဿနာ
မလောက်တာအားလုံးအသိ
သကြားကြည့်တော့အသုံးလို
အခုဆိုရိက္ခာဖြတ်မယ်တဲ့။



ပထမဖြတ်မယ့်ရိက္ခာ
ပဲဆိုတာသိရပြီမို့
KWB ဆိုတဲ့စကား
ငါတို့အတွက်လားကွယ်တို့
ရယ်(ရီ)အားထက်ငိုအားသန်
KWB ကိုဘာသာပြန်လိုက်တဲ့အခါ
Kid without border ဆိုပဲ။


အဲဒီစကားဟာ
နိုင်ငံခြားမှာအခြေချသူတွေအဘို့
ဝမ်းသာလုံးဆို့စေတဲ့အဖြစ်
ဘာအပြစ်မှမရှိတဲ့ငါတို့အတွက်
KWB ဆိုတဲ့အတိုကောက်စာသား
Kid without beans ဖြစ်သွားတဲ့အထိ
လှုပ်ရှားတဲ့သူတွေမိအောင်
တရားခံရှာကြည့်ချင်လိုက်တာ။


မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

ဓါတ်ပုံများကို www.google.com မှကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။

0 comments:

Post a Comment