+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, June 29, 2010

ဝမ်းသာချင်လို့ပါ


ဝမ်းသာချင်လို့ပါ
(မင်းစိုးစံ)

မင်းရဲ့သွေးပေါ်မှာ
သူ့သွေး
သူ့ရဲ့သွေးပေါ်မှာ
ငါ့သွေး
သောင်ရင်းဘေးတလျှောက်
တို့အုတ်ဂူတွေမှိုလိုပေါက်နေ။


အတ္တကိုခံတွင်းတွေ့
ဒေါသတွေပြင်းထန်ကြ
မောဟတွေလှိုင်းထန်ကြွ
သူတပြန်ကိုယ်တပြန်သတ်
ဟင်္သသာကိုးသောင်းဇာတ်ပွဲ
နွှဲပြီးရင်းနွှဲ
ကွဲပြီးရင်းကွဲ
အလဲလဲအပြိုပြို။


ကျောချင်းမကပ်ချင်တဲ့အပြင်
ရင်ချင်းအပ်ရင်း
သေနတ်မောင်းတွင်တွင်ဖြုတ်နေသမျှ
ဘဝတွေစုတ်ပြတ်သတ်
တို့အမျိုးပြုတ်ရတော့မယ်။


အချင်းချင်းမတိုက်ချင်ဘူး
အုတ်ဂူမြင်တဲ့အခိုက်
ပြောလိုက်တဲ့စကား
မေ့သွားဘို့မဟုတ်သလို
နှစ်ဘက်စလုံးလုပ်ဘို့လိုတယ်။



မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment