+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, June 17, 2010

အသားကင်ကြိုက်တတ်သူများအတွက်


အသားကင်များတွင် အဏုဇီဝပိုးများ ပါဝင်
(ခင်ဆက်ငြိမ်းချမ်း)

အကင်ဆိုင် များတွင်ရောင်းချ လျက်ရှိသော ဘာဘီကျူးများဖြစ်ကြ သည့် ကြက်ဘာဘီကျူး၊ ငါးဘာဘီ ကျူး၊ အမဲသားဘာဘီကျူးတွေမှာ E.coil အများဆုံးပါဝင်ပြီး ၀မ်းပျက် ၀မ်းလျှောရောဂါကို ဖြစ်ပွား စေသည့် Salmonella အုပ်စုများလည်း ပါဝင် နေသည် ကို တွေ့မြင်ရကြောင်း အဏုဇီဝ ပညာရှင် ဒေါက်တာစိုးစိုးထွေးက ပြောဆိုသည်။ “ရန်ကုန်တိုင်းအတွင်းက အကင်ဆိုင် တွေကိုလေ့လာကြည့်တဲ့အခါမှာ အကင်ဆိုင် တွေမှာရောင်းချနေကြတဲ့ ဘာဘီကျူးတွေမှာ အဏုဇီဝပိုးတွေကို တွေ့ရတယ်။ အဲဒါတွေကို စားသောက်တဲ့သူတွေမှာ အစားအစာကြောင့် ဖြစ်တဲ့ရောဂါတွေ ၀င်ရောက်လာတဲ့ အထောက် အထားတွေ တွေ့မြင်ရပါတယ်”ဟု အဆိုပါ အဏုဇီဝပညာရှင် ဒေါက်တာစိုးစိုးထွေးက ပြောသည်။ အဆိုပါဘာဘီကျူးများကို ကိုယ် ခံအားနည်းနေချိန်တွင် စားသုံးမိသူများအနေ ဖြင့် သက်ဆိုင်ရာရောဂါပိုးများ၏ တိုက်ခိုက်မှု ဒဏ်ကိုခံရသည့် သုတေသနပြုချက်များလည်း ရှိသည်ကို တွေ့ရကြောင်း၊ အချို့စားသုံးသူများ မှာ အစားအစာကြောင့်ဖြစ်သောရောဂါများ ဒဏ်ကိုခံစားရကြောင်း အဆိုပါပညာရှင်က ပြောသည်။


ဘာဘီကျူးအချို့တွင် ပါဝင်သော Pseudonymous ပိုးများမှာ နာတာရှည်ရော ဂါသည်တို့ အိပ်ရာထဲလဲနေစဉ်၌ ဖြစ်ပွားတတ် သည့် ကျောနှင့်တင်ပါးဆုံကဲ့သို့နေရာမျိုးများတွင် အနာများ ဖြစ်ပွားသကဲ့သို့ အဆိုပါ Pseudonymous ပိုးများကအနာဖြစ်စေနိုင်ကြောင်း သိရ သည်။ ဘာဘီကျူးများ၌ Shillelagh ပိုးက အများ
ဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ E.coil Salmonella တတိယအများဆုံးဖြစ်ပြီးစတုတ္ထ အများဆုံးကတော့ Pseudonymous ပိုးများ ဖြစ်သည်ဟု အဆိုပါ ပညာရှင်က သူမ၏ စာတမ်းတွင်ထည့်သွင်းခဲ့ကြောင်း ပြော ဆိုသည်။

ခင်ဆက်ငြိမ်းချမ်း

0 comments:

Post a Comment